ဆံပင်အုံ ပါးသူတွေ အတွက် ဆံပင်ပိုထူစေမယ့် နည်းလမ်းကောင်း မျှဝေပေးလိုက်ပါတယ်…













– ကြက်ဥ အနှစ် (၁) လုံး








Unicode Version

လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ဖို့ အမျိုးသမီးတိုင်း အိပ်မက်မက်ကြပါတယ်။

တကယ်တော့ သင့်ဆံပင်ဟာ တစ်လ လက်မဝက်ခန့် ကြီးထွားနေတာပါ။

ဒါပေမယ့် ဆံပင်ကြီးထွားမှုနဲ့ ဖွဲ့စည်းမှုပုံစံကပတ်ဝန်းကျင်အကြောင်းခံတွေနဲ့

ဗီဇအပါအဝင် များစွာသောအချက်တွေပေါ် မူတည်ပါတယ်။

သင့်ဆံပင်ဟာ သင့်ပုံမှန်စားသုံးတဲ့ အလေ့အကျင့်တိုင်း သန်စွမ်းမှုရှိပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့ ပုံမှန်အစားအသောက်က ရှည်လျားပြီး

ပိုးသားလို နူးညံ့ပျော့ပြောင်းတဲ့ဆံကေသာအတွက် အဓိကဖြစ်ပါတယ်။

ဒီဆေးနည်းက သင့်ဆံပင်ပိုမိုထူထပ်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ဆံပင်ပိုထူစေမယ့် ဆေးနည်း

လိုအပ်တဲ့ပစ္စည်းများ—–

– ကြက်ဆူဆီ ထမင်းစားဇွန်း (၂) ဇွန်း

– ကြက်ဥ အနှစ် (၁) လုံး

– ပျားရည် ထမင်းစားဇွန်း (၁) ဇွန်း ပါဝင်ပစ္စည်းအားလုံး အတူရောစပ်ပါ။

အဲဒီအရောအနှောနဲ့ ဆံပင်အမြစ်တွေ နှိပ်နယ်ပေးပြီး ကျန်တာနဲ့ ဆံပင်လိမ်းကျံပြီးဦးထုပ် သို့မဟုတ် ပလတ်စတစ်အိတ်လေးနဲ့ အုပ်ပေးရပါမယ်။

အဲဒီတိုင်း ၂- ၄ နာရီကြာ ထားပြီးနောက်ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

ဒီနည်းလမ်းအတိုင်း တစ်ပတ် ၁-၂ ကြိမ် နှစ်လ လုပ်ပေးရပါမယ်။

ပျိုမေတို့အားလုံး လှပသန်စွမ်းတဲ့ ဆံနွယ်ကို ပိုင်ဆိုင်နိင်ကြပါစေ……

Leave a Comment