ပန္းေသ၊ ပန္းညႇိုး၊ ဆီးႏွင့္ဆီးေက်ာက္ တည္ေသာ ေရာဂါတို႔အတြက္ မဥၥဴပန္း(ေခၚ) ေလးနာရီပန္းအစြမ္း
မဥၥဴပန္း(သို႔) ေလးနာရီပန္းကို ပန္းေလာက ပန္းသဘာဝတြင္ ထူးျခားေသာပန္းဟု ေရွးေဆး ဆရာျမတ္တို႔ ဘာေၾကာင့္ဆိုၾကသလဲ?
တစ္ေန႔ ကိုတိုးႏွင့္ လက္ဖက္ရည္ဆိုင္ထိုင္ရင္း မၾကည္မလင္ႏွင့္သက္ျပင္းႀကီး တဟင္းဟင္းခ်ေနေသာ
ကိုတိုးကိုၾကည့္ရင္းကိုတိုးဘာျဖစ္ေနတာလဲဗ်.။မၾကည္မလင္နဲ႔ ေနမေကာင္းတာလားမဟုတ္ပါဘူးဗ်ာ..ကိုယ္အေၾကာင္းနဲ႔ကိုယ္ပါ။
ပန္းေသ၊ပန္းညႇိုး ျဖစ္ေနတယ္ထင္ေၾကာင္း ေျပာျပေလသည္။ေရႊစိတ္ေတာ္ ညႇိုးေနသည့္ ကိုတိုးအတြက္မ ဥၥဴပန္း (၄)နာရီပန္းဥကို
ေဆးနည္းေရြးကာ ဓာတ္စာေလးေပးခဲ့ရာ ထူးျခားပါတယ္၊ ေအာင္ျမင္ပါတယ္ဆိုေသာ အေျဖတစ္ခုျဖင့္
အိမ္ေထာင္ေရးသုခကိုျပန္လည္ရရွိသည္ဟု ဆိုပါသည္။ မည္သို႔ဆိုေစ ကိုတိုးအတြက္ ဝမ္းသာမိပါသည္။
မဥၨဴပန္း – ႐ုကၡေဗဒအမည္မွာ (Mirabilis jalapa Linn) ျဖစ္သည္။ ပင္ေပ်ာ့ပင္ငယ္မ်ိဳး ျဖစ္သည္။
ညေန(၄)နာရီအခ်ိန္မွ (၄)နာရီအခ်ိန္အထ ိသာပြင့္ေသာေၾကာင့္ (၄)နာရီပန္းဟု ေခၚသည္ဟု ဆိုေလသည္။
အပြင့္အနီ၊ အဝါ၊ ခရမ္း၊ အျဖဴေရာင္စပ္ျဖစ္ၿပီး မိုးရာသီတြင္ ပြင့္ပါသည္။ပန္း၏ထူးျခားခ်က္မွာ အခ်ိန္ကိုက္ နာရီဆိုက္စြာ ျပန္လည္ပြင့္လန္းတတ္၍
ပန္းေလာကႏွင့္ ပန္းသဘာဝတြင္ ထူးျခားေသာပန္းပင္ျဖစ္သည္။ပန္းေသ၊ ပန္းညႇိုး၍ ကာမစိတ္နည္းသူတို႔အတြက္
မ ဥၥဴပန္းဥကို သန႔္စင္ေအာင္ေရေဆးၿပီး ဥ၏အေပၚအခြံအေျမႇးပါးေလးမ်ားကို မႏႊာရပါ။
ထိုေနာက္ပါးပါးလွီးၿပီး ဝက္သားႏွင့္(၅)ရက္တာ ခ်က္စားရန္ျဖစ္သည္။ ေဆးဥကို စားခ်ိန္တြင္ ပါးစပ္ေပၚတြင္ စပ္ရွားရွားတစ္မ်ိဳး အရသာခံစားရတတ္ပါသည္။
အႏၲရာယ္မရွိပါ။ယုံၾကည္စြာ မဥၥဴပန္းဥ စားျခင္းျဖင့္ ပန္းေသျခင္း၊ ပန္းညႇိုးျခင္းႏွင့္ ကာမစိတ္နည္းသူတို႔အတြက္အိမ္ေထာင္ေရးသုခကို ရရွိနိုင္ပါသည္။
အူက်၊ ေသြးမုတ္၊ ေလမုတ္ – ဥကို ေရစင္ေအာင္ေဆးၿပီး ဆန္ေဆးရည္တြင္ ဆားအနည္းငယ္ ထည့္ေသြးကာ
ေဝဒနာျဖစ္ေသာေနရာကို လိမ္းေပးျခင္းျပဳပါက သက္သာေပ်ာက္ကင္းေစပါသည္။ ျမန္မာ့ေဆးဝါးပင္မ်ား အဆိုအရ
အသုံးျပဳပုံမွာ – ျမန္မာေဆးက်မ္းမ်ားတြင္ မ ဥၥဴပန္းသည္ အရြက္သည္ခါး၍ အဖုအနာကို ေပ်ာက္ကင္းေစပါသည္။
ကာမအားကို ေပး၍ အပူကို နည္းေစသည္ဟု ဆိုသည္။မဥၥဴပန္း၊ ခ်င္းေျခာက္၊ င႐ုတ္ေကာင္း၊ ပိတ္ခ်င္းသီးတို႔ကို အမႈန႔္ျပဳ၍
ပ်ားရည္ႏွင့္ လ်က္ပါက ေညာင္းက်ေရာဂါေပ်ာက္သည္။ အရြက္ႀကိတ္ သတၱဳရည္ႏွင့္ အေရျပားေပၚေပါက္ေသာ
ယားဖုမ်ားအားလိမ္းေပးပါက ယားယံျခင္းေပ်ာက္သည္။အရိုးက်ိဳးျခင္း၊ အဆစ္လြဲျခင္း၊ အေၾကာထုံးဖြဲ႕ျခင္းအတြက္
အရြက္ကို ေရေအးႏွင့္ ႀကိတ္အုံေပးျခင္းျဖင့္ ေပ်ာက္ကင္းေစနိုင္သည္။အပင္၏ပ ဥၥ(၅)ပါးကို သၾကားႏွင့္ သုံးခြက္တစ္ခြက္တင္ က်ိဳေသာက္လၽွင္
ဆီးပူ၊ ဆီးကိုက္၊ ဆီးက်င္၊ဆီးပိတ္၊ ဆီးေက်ာက္တည္ေသာေရာဂါတို႔ ေပ်ာက္ကင္း၏။
Credit-ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)
Unicode Version
ပန်းသေ၊ ပန်းညှိုး၊ ဆီးနှင့်ဆီးကျောက် တည်သော ရောဂါတို့အတွက် မဥ္စူပန်း(ခေါ်) လေးနာရီပန်းအစွမ်း
မဥ္စူပန်း(သို့) လေးနာရီပန်းကို ပန်းလောက ပန်းသဘာဝတွင် ထူးခြားသောပန်းဟု ရှေးဆေး ဆရာမြတ်တို့ ဘာကြောင့်ဆိုကြသလဲ?
တစ်နေ့ ကိုတိုးနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရင်း မကြည်မလင်နှင့်သက်ပြင်းကြီး တဟင်းဟင်းချနေသော
ကိုတိုးကိုကြည့်ရင်းကိုတိုးဘာဖြစ်နေတာလဲဗျ.။မကြည်မလင်နဲ့ နေမကောင်းတာလားမဟုတ်ပါဘူးဗျာ..ကိုယ်အကြောင်းနဲ့ကိုယ်ပါ။
ပန်းသေ၊ပန်းညှိုး ဖြစ်နေတယ်ထင်ကြောင်း ပြောပြလေသည်။ရွှေစိတ်တော် ညှိုးနေသည့် ကိုတိုးအတွက်မ ဥ္စူပန်း (၄)နာရီပန်းဥကို
ဆေးနည်းရွေးကာ ဓာတ်စာလေးပေးခဲ့ရာ ထူးခြားပါတယ်၊ အောင်မြင်ပါတယ်ဆိုသော အဖြေတစ်ခုဖြင့်
အိမ်ထောင်ရေးသုခကိုပြန်လည်ရရှိသည်ဟု ဆိုပါသည်။ မည်သို့ဆိုစေ ကိုတိုးအတွက် ဝမ်းသာမိပါသည်။
မဥ္ဇူပန်း – ရုက္ခဗေဒအမည်မှာ (Mirabilis jalapa Linn) ဖြစ်သည်။ ပင်ပျော့ပင်ငယ်မျိုး ဖြစ်သည်။
ညနေ(၄)နာရီအချိန်မှ (၄)နာရီအချိန်အထ ိသာပွင့်သောကြောင့် (၄)နာရီပန်းဟု ခေါ်သည်ဟု ဆိုလေသည်။
အပွင့်အနီ၊ အဝါ၊ ခရမ်း၊ အဖြူရောင်စပ်ဖြစ်ပြီး မိုးရာသီတွင် ပွင့်ပါသည်။ပန်း၏ထူးခြားချက်မှာ အချိန်ကိုက် နာရီဆိုက်စွာ ပြန်လည်ပွင့်လန်းတတ်၍
ပန်းလောကနှင့် ပန်းသဘာဝတွင် ထူးခြားသောပန်းပင်ဖြစ်သည်။ပန်းသေ၊ ပန်းညှိုး၍ ကာမစိတ်နည်းသူတို့အတွက်
မ ဥ္စူပန်းဥကို သန့်စင်အောင်ရေဆေးပြီး ဥ၏အပေါ်အခွံအမြှေးပါးလေးများကို မနွှာရပါ။
ထိုနောက်ပါးပါးလှီးပြီး ဝက်သားနှင့်(၅)ရက်တာ ချက်စားရန်ဖြစ်သည်။ ဆေးဥကို စားချိန်တွင် ပါးစပ်ပေါ်တွင် စပ်ရှားရှားတစ်မျိုး အရသာခံစားရတတ်ပါသည်။
အန္တရာယ်မရှိပါ။ယုံကြည်စွာ မဥ္စူပန်းဥ စားခြင်းဖြင့် ပန်းသေခြင်း၊ ပန်းညှိုးခြင်းနှင့် ကာမစိတ်နည်းသူတို့အတွက်အိမ်ထောင်ရေးသုခကို ရရှိနိုင်ပါသည်။
အူကျ၊ သွေးမုတ်၊ လေမုတ် – ဥကို ရေစင်အောင်ဆေးပြီး ဆန်ဆေးရည်တွင် ဆားအနည်းငယ် ထည့်သွေးကာ
ဝေဒနာဖြစ်သောနေရာကို လိမ်းပေးခြင်းပြုပါက သက်သာပျောက်ကင်းစေပါသည်။ မြန်မာ့ဆေးဝါးပင်များ အဆိုအရ
အသုံးပြုပုံမှာ – မြန်မာဆေးကျမ်းများတွင် မ ဥ္စူပန်းသည် အရွက်သည်ခါး၍ အဖုအနာကို ပျောက်ကင်းစေပါသည်။
ကာမအားကို ပေး၍ အပူကို နည်းစေသည်ဟု ဆိုသည်။မဥ္စူပန်း၊ ချင်းခြောက်၊ ငရုတ်ကောင်း၊ ပိတ်ချင်းသီးတို့ကို အမှုန့်ပြု၍
ပျားရည်နှင့် လျက်ပါက ညောင်းကျရောဂါပျောက်သည်။ အရွက်ကြိတ် သတ္တုရည်နှင့် အရေပြားပေါ်ပေါက်သော
ယားဖုများအားလိမ်းပေးပါက ယားယံခြင်းပျောက်သည်။အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အကြောထုံးဖွဲ့ခြင်းအတွက်
အရွက်ကို ရေအေးနှင့် ကြိတ်အုံပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။အပင်၏ပ ဥ္စ(၅)ပါးကို သကြားနှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်လျှင်
ဆီးပူ၊ ဆီးကိုက်၊ ဆီးကျင်၊ဆီးပိတ်၊ ဆီးကျောက်တည်သောရောဂါတို့ ပျောက်ကင်း၏။
Credit-ရဲမျိုးသူ(ဗောဓိမြိုင်)