(၁၆) နှစ်သားကောင်လေး ချစ်သူနဲ့ ချိန်းတွေ့မိတဲ့ ရည်းစားမထားဖူးသေးသော အသက်(၅၀) ကျော် အပျိုကြီးရဲ့ အဖြစ်…
ပဲ အရမ်းများတဲ့ အပျို ကြီး တယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့
အသက် (၅၀) ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူ မရှိတော့ဘူး
ဒါနဲ့ နောက်ဆုံး ရှားရှားပါးပါး (၁၆) နှစ်သားကောင်လေး ချစ်သူတယောက်ရလိုက်တယ်။
တိုတိုပြောရရင် ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့အတူ ကန်ဘောင်ပေါ်ကို အပျိုကြီးတယောက် ရောက်လာပါတော့တယ် ။
ဒါနဲ့ကန်ဘောင်မြက်ခင်းပေါ် စကားစပြော တယောက်နဲ့တယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့
ထီးလေးကွယ်ရင်း ကောင်လေးက အပျိုကြီးကို အနမ်းတွေပေးပြီး အရမ်းဖက်ထားတော့တယ်…
ပြသနာ က အဲ့မှာ စပြီ အပျိုကြီးတယောက် ရည်းစားမထားခဲ့ဖူးဘူးတော့ ရှက်သွေးတွေဖျာ နေတော့တယ် ။
အဆိုဆုံးက ညက အပျိုကြီးတယောက် TV ကြည့်ရင်း ပဲကြီးလှော်စားခဲ့တယ် ။
မနက်လာခါနီးတော့ ကြက်ဥပြုတ်လေးလည်း စားခဲ့မိတော့
အပျိုကြီးခမျာ ဗိုက်ကရစ်ပြီး လေလည်ချင်တော့တာပဲ ။ ကောင်လေးကလည်း အပျိုကြီးကို အတင်းဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး ။
ဒါနဲ့ အပျိုကြီးတယောက် မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက် တွေပါ ကျလာတော့တယ်။
ကောင်လေးကလည်း တင်းကြပ်စွာဖက်ထားတော့…
အပျိုကြီးတယောက် အံကြိတ်နှုတ်ပိတ်ယုံဖြင့်မကပဲ အခြေအနေမဟန်တော့မှန်း သိတော့
သူရဲ့ခြေမလေးပါ အားအကုန် ကွေးထားတော့တယ် ဒါကို ကောင်လေးက အလိုက်မသိပဲ ကွေးထားတဲ့
အပျိုကြီးရဲ့ခြေမလေးကို မြင်တော့…
“ချစ်မရယ် ဒီလောက်လှတဲ့ ခြေမလေးတွေကို ဘာလို့ ကွေးထားတာလဲပြောတော့” အပျိုကြီးခမျာ အံကြိတ် ချွေးသီချွေးပေါက် ကျရုံမကပဲ
မျက်လုံးပြူးပြီး ခေါင်းပါခါတော့သည်…
(ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ ) ဒါနဲ့ကောင်လေးက မပြောမဆိုနှင့်
ကွေးထားတဲ့ အပျိုကြီးရဲ့ ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်…
ဗူးးးးးးးးးးးးးးးးးး” ပွတ်
(သွားပီ လေလည်သံက အကျယ်ကြီးနှင့် အရှည်ကြီး အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည်)
အပျိုကြီးခမျာ အရှက် ဗြမ်းဗြမ်းကွဲပြီ ခေါင်းလည်းမဖော်ဝံ့တော့ပါ…
ဒါနဲ့ ကောင်လေးခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ
အပျိုကြီး မရှက်အောင်လို့ ဤသို့ပြောမိပြောရာ စကားတခွန်း ပြောထွက်လိုက်တော့သည်…
“စောရီး ချစ်မရီးရယ် မရှက်ပါနဲ့
ဒီခလုတ်က အီးခလုတ်မှန်း မသိလို့ မှားနှိပ်မိတာ နောက် မနှိပ်တော့ဘူးနော် ” ဟူ၍ ပြောချလိုက်လေတော့သတည်း…..။
မူရင်းပိုင်ရှင်.. ခရက်ဒစ် #Thet Moe Copy from Bo HtunWin သူရသော် ပြန်လည် မျှဝေသည်။
ဘဝအမောတွေ ခဏတာ ပြေပျောက်စေ။
Unicode Version