တင္ပါးယား၍ ကုတ္မိရာမွ ေန႔ခ်င္းညခ်င္း ဘဝေျပာင္းသြားရသည့္ မိန္းကေလး

တင္ပါးယား၍ ကုတ္မိရာမွ ေန႔ခ်င္းညခ်င္း ဘဝေျပာင္းသြားရသည့္ မိန္းကေလး

ကၽြန္မ၏ တင္ပါးကို ယားလြန္း၍ ကုတ္မိသည္။

သူငယ္ခ်င္း ႏွစ္ေယာက္ ေဘးမွာရွိသည္ ။

တစ္ေယာက္ က ေမာ္လီ တစ္ေယာက္က ခင္ျမရည္ ျဖစ္သည္ ။

က်မ ယားလို႔ တင္ပါးကုတ္မိတဲ့ အခါ သူငယ္ခ်င္း ေမာ္လီက ဓာတ္ပုံ ဖ်တ္ခနဲ ရိုက္ခ်လိုက္သည္။

ၿပီးေတာ့…၊ ပလြတ္ ဆိုၿပီး အင္တာနက္ ခ်ိတ္ၿပီး ေဖ့ဘုတ္ေပၚ တင္ခ်လိုက္သည္ ။

က်မ တို႔ သုံးေယာက္ အတူရွိသည္ ဆိုေတာ့ tag တြဲတင္လိုက္သည္ ။

ေဆးထိုးလိုက္ပီ ဟု ေမာ္လီ က ေရးတင္လိုက္သည္ ။

ခင္ျမရည္က အရင္ like ဝင္လုပ္သည္ ။

က်မ ေတြ႕ ေတာ့ သူတို႔ ႏွစ္ေယာက္ကို မ်က္ေစာင္းထိုးလိုက္႐ုံသာ အျပစ္ေပးမိသည္ ။

က်မ တို႔ လုပ္မိသည္က ေပ်ာ္ေစပ်က္ေစသေဘာသာ

ေဖ့စ္ဘုတ္ ကိုယ္စီပိတ္လို႔ က်မတို႔ မုန႔္ဆက္စားသည္ ။

မုန႔္စားေနစဥ္ နာရီဝက္အတြင္း မွာပင္ က်မတို႔ မ်ိဳးဖ်က္မ

ဘ၀ ေရာက္သြားလိမ့္မည္ ဟု လုံး၀ အမေတြးမထင္ထားမိ ။

ေဖ့စ္ဘုတ္ ျပန္ဖြင့္လိုက္ေတာ့ က်မပုံကို Share လုပ္ထားသူ ၂၀၀ ေက်ာ္ေနေပၿပီ။

ေကာမန႔္မ်ားတြင္ ျမန္မာအမ်ိဳးသမီး ျဖစ္ၿပီး အရွက္မရွိေၾကာင္း ၊တင္ပါးဆိုသည္မွာ

ကုတ္ရန္မဟုတ္ေၾကာင္း ၊အီးအီးပါရာတြင္ႏွင့္ ထိုင္ရာတြင္တာ သုံးသင့္ေၾကာင္း ၊က်မတင္ပါး ကုတ္လိုက္သျဖင့္…

ျမန္မာအမ်ိဳသမီးမ်ားအတြက္ မ်ားစြာ သိကၡာက် ေၾကာင္း ေရးသားထားၾကသည္ ကို ျမင္လိုက္ရသည္။

ျမတ္စြာဘုရား… ၊ က်မ တင္ပါး ကို ရိုးရိုးသားသား ယား၍ ကုတ္လိုက္ျခင္းသာျဖစ္သည္ ။

တစ္နိူင္ငံလုံး ကို ေစာ္ကားလိုစိတ္မရွိေၾကာင္း ေျပာရဲပါတယ္ ။

က်မ တင္ပါး က်မ ပိုင္သည္ ထင္သျဖင့္ အားရပါးရကုတ္လိုက္မိျခင္းသာျဖစ္သည္ ။

သူငယ္ခ်င္း ကလဲ က်မတင္ပါး က်မ ပိုင္သည္ ထင္ေသာေၾကာင့္ပဲ ရိုက္တင္လိုက္ျခင္းသာျဖစ္ေပလိမ့္မည္ ။

ေကာမန႔္ တစ္ခု ဖတ္ၿပီး က်မ ေတာ္ေတာ္ လန႔္သြားတယ္ ။

ဥပေဒ ျဖင့္ ထိေရာက္စြာ အေရးယူသင့္သည္တဲ့ ။အမေလး ! ! ! ျမတ္စြာဘုရား ကယ္ေတာ္မူပါ ။

သူ႔ ေကာမန႔္ကိုတင္ Like ႏွစ္ဆယ္ေက်ာ္ ဝိုင္းလုပ္သြားၾကသည္ ။က်မဟာက်လဲသံသယဝင္သြားသည္ ။

ငါ ကုတ္မိတာ လြန္သြားလား ။မထင္ပါ ။က်မ ကုတ္တုန္း က သတိပင္မထားမိပါ ။

သူငယ္ခ်င္း ပုံရိုက္လိုက္မွသာ က်မ ကုတ္လို႔ ကုတ္မိမွန္း သတိထားမိပါသည္ ။

က်မက ခႏၶာကိုယ္ လွသျဖင့္ ျမန္မာဝတ္စုံဝတ္တတ္ပါသည္ ။

မုန႔္စားေနရင္း တင္ပါးနားက ယားလွသျဖင့္ အားရပါးရ ကုတ္မိပါသည္ ။

ေမာ္လီမ ကို လွမ္းဆဲရင္း ပုံဖ်က္ဖို႔ ေျပာပါသည္။

ေမာ္လီေကာ၊ခင္ျမရည္ ေကာက်မကို ေတာင္းပန္ၾကပါသည္။

သို႔ေသာ္ သူတို႔ ႏွစ္ေယာက္လည္း အေျခအေနမေကာင္းေပ ။

က်မတင္ပါးကုတ္ေနသည့္ ပုံတင္မဟုတ္ ၊ သူတို႔ႏွင့္တြဲ၍ ရိုက္ထားေသာပုံပါ ပါသည္ ။

က်မတို႔ကို ဂိုဏ္း ဖြဲ႕ထားၿပီး ရည္ရြယ္ခ်က္ရွိရွိ လုပ္ၾကသည္ ဟု တခ်ိဳ႕ က ေရးသားထားၾကသည္ ။

က်မတို႔ မုန႔္စားရင္း ခ်က္ခ်င္းႀကီး တနိူင္ငံလုံး တံေတြးခြက္ထဲ ပက္လက္ေမ်ာလိမ့္မည္ ဟု မေတြးထားမိ ။

ခုေတာ့ က်မတို႔ သုံးေယာက္ ပက္လက္ေကာ ေမွာက္လ်က္ေကာ ေမ်ာေနေပၿပီ ။

က်မက တင္ပါးပါ ကုတ္သျဖင့္ ေဇာက္ထိုးပါ ေမ်ာေနေပၿပီ ။

တစ္ေယာက္ မ်က္ႏွာ တစ္ေယာက္ ၾကည့္၍ မ်က္ရည္ဝဲေနမိၾကေပၿပီ ။

က်မတို႔ သုံးေယာက္ အစားကို ဆက္မစားနိူင္က် ။

တူ ကို ပါးစပ္က ကိုက္ၿပီး ဒူးတုန္ေနၾကသည္ ။ကံဆိုးလွေပသည္ ။

က်မ တို႔ ပုံဖ်က္လိုက္ေသာ္လည္း မမွီေတာ့ ၊ က်မ တို႔ ပုံႏွင့္ တျခားေပ့ခ်္ မွာ တက္ေနေပၿပီ ။

ျမတ္စြာဘုရား like က 1 k ။ က်မ ကို friend request 200 ေလာက္ တက္လာသည္ ။

က်မ တင္ထားေသာ ေနာက္ဆုံးပုံေအာက္ မွာ အမ်ိဳးဖ်က္မ လို႔ လာမန႔္က်သည္ ။

က်မအေဖ ႏွင့္ တြဲရိုက္ေသာ ပုံေအာက္ မွာ က်မ ရဲ့ စပြန္ဆာ ဟု ေျပာသည့္ ေကာမန႔္တတ္လာသည္ ။

မၾကာပါေခ်… ၊ ေပခ်္တစ္ခု က ထပ္တက္လာၿပီး က်မကို ပယ္ပယ္နယ္နယ္ ဆဲက်သည္ ။

မျဖစ္ေခ်ဘူး… က်မ တုန႔္ျပန္မွရေတာ့မည္ ျဖစ္သည္ ။

က်မ တင္ပါး ကုတ္မႈသည္ အခ်ိန္မေရြး လူထုၾကားထဲ ျပန႔္ႏွံျ့ပီး

လႊတ္ေတာ္ထဲ အေရးႀကီးအဆို အျဖစ္ ေရာက္သြားနိူင္သည္မလား ။

ထိုအခါလူထုၾကားထဲ အမ်ိဳးသမီးမ်ား တင္ပါး ကုတ္ခြင့္ မကုတ္ခြင့္ မဲခြဲဆုံးျဖတ္ၾကလိမ့္မည္။

အကယ္၍ မကုတ္ခြင့္ တြင္ မဲအေရအတြက္ ၊ မ်ား သြားပါက ၊ တျခားအမ်ိဳးသမီး မ်ားကပါ က်မကို ဝိုင္းျဖဲလိမ့္မည္ ။

နင္ ယြလို႔ ၊ ငါတို႔ အခု ငါတို႔တင္ပါး ငါတို႔ မပိုင္ေတာ့ဘူး ဆိုၿပီး သတ္လိမ့္မယ္ ။

က်မတို႔ ပိုက္ဆံအျမန္ရွင္းၿပီး က်မတို႔အိမ္ကိုျပန္ေျပးၾကသည္ ။

က်မ ေျဖရွင္းဖို႔ စတင္ရပါၿပီ ။

အရင္ဆုံး က်မ အေမ့ဆီက အိမ္ေထာင္စု စာရင္းေတာင္းရသည္ ။

အေဖဆိုတာ ေသခ်ာေၾကာင္း အရင္ရွင္းရပါမည္ ။

ကံဆိုးခ်င္ေတာ့ အေဖ့နာမည္က ႏွစ္မ်ိဳး။

မွတ္ပုံတင္ ႏွင့္ အိမ္ေထာင္စု ႏွင့္ ကြဲေနသည္ ။

မျဖစ္ေခ် အမႈပိုႀကီးလိမ့္မည္ ။

အေမက အေဖ့ကို အားဘြားရွလူး ေနသည့္ပုံ ေခ်ာ့ေမာ့ရိုက္ခိုင္း ရသည္ ။

အဲ့ပုံႏွင့္ အေမတို႔ မဂၤလာေဆာင္ပုံ ႏွင့္ မိသားစု ငါးေယာက္ ပုံကို

တစ္ေပါင္းတည္း တင္ၿပီး အေဖ ျဖစ္ေၾကာင္း ရွင္းရသည္ ။

ခင္ျမရည္ကေျပာသည္ ၊ ဟဲ့ ငါတို႔ သုံးေယာက္ cover photo ကို

ဘုရားပုံ ျမန္ျမန္ခ်ိန္းရေအာင္ ဟု ေျပာလာသည္ ။

လိုလိုမယ္မယ္ သုံးေယာက္သား တစ္ေယာက္ တလွည့္ အိမ္ထဲမွာတင္

ေယာဂီအက်ီ ၤဝတ္ပီး ဓာတ္ပုံ ရိုက္လို႔ pofile pic ပါ ေျပာင္းလိုက္ၾကသည္ ။

မေျပာနိူင္ ၊ တင္ပါးကုတ္ရင္ ျမန္မာသိကၡာက်သည္ ဟု အေျပာခံရသလို

အခ်ိန္မေရြး က်မတို႔က isis အဖြဲ႕ က ျဖစ္သည္ဟု မစြပ္စြဲဘူးလို႔ မေျပာနိူင္ ။

က်မ တို႔ သုံးေယာက္ ဒူးေခါင္းခ်င္း တဂတ္ဂတ္ ျမည္ေအာင္ ရိုက္ရင္း ေၾကာက္ေခ်းပါေနၾကေပၿပီ ။

ေမာ္လီက ပိုေၾကာက္ေနသည္ ၊ သူစသည့္ ဇာတ္လမ္း မဟုတ္ပါလား ။

စပြန္ဆာ ျပႆနာ ရွင္းလိုက္နိူင္ေပမဲ့ တင္ပါးကုတ္ျခင္း ျပႆနာ က မၿပီးနိူင္ေသး ။

က်မ တင္ပါးကုတ္ေနပုံသည္ 4.1k အျဖစ္ေရာက္သြားေနေပၿပီ ။မျဖစ္ေခ် .မျဖစ္ေခ် ။

က်မ ပထမဆုံး သူငယ္ခ်င္း ႏွစ္ေယာက္ကို ၊ က်မတြင္ ေပြးနည္းနည္းရွိေၾကာင္း ဝန္ခံရသည္။

ဘယ္ေသာအခါ မွ တင္ပါးလွန္ျပၿပီး ေပြးကြက္ရွိေၾကာင္း ေတာင္းပန္ရလိမ့္မည္ဟု ႀကိဳမေတြးထားမိ ။

က်မ အျဖစ္က မႏွစ္ကႏွင့္ပင္ မတူ ။

ဇာတ္လမ္း က မွတ္တမ္း မဟုတ္။နိူင္ငံေက်ာ္ေပေတာ့သည္ ။

က်မ လိမ္းေသာ ညစ္ေဆးဘူး ႏွင့္ က်မတင္ပါးက ေပြးကြက္ေလး ကို ဓာတ္ပုံ ကပ္ရိုက္လိုက္သည္ ။

ေပြးကြက္ ျမင္႐ုံသာ ။က်မ စာရွည္ရွည္ေရးသည္ ။

က်မ ဘဝတြင္ ေပြးကြက္ စေပၚလာပုံ ။

က်မ ေပြးကြက္အေပၚ နာၾကည္းပုံ ။က်မဘာေတြစားလၽွင္မတည့္ပုံ ။

ရွည္လ်ား ေထြျပားစြာေရးၿပီး ဓာတ္ပုံႏွင့္ လူ ႏွစ္ဆယ္ ေလာက္ ကို tag တြဲတင္ လိုက္သည္ ။

အဟင့္ဟင့္… ရွက္လိုက္သည့္ ျဖစ္ျခင္း ။ေပြးကြက္ အေၾကာင္း စီကာပတ္ကုံးရွင္းျပၿပီး

အင္တာနက္ေပၚတင္ရသည့္ ဘ၀ ။သို႔ေသာ္ ကိုယ့္wall ေပၚကိုတင္႐ုံႏွင့္ မၿပီး ။

က်မ ပရိသတ္ အဲ့ေလ ေယာင္လို႔ က်မ တင္ပါးကုတ္ေနပုံ စေတးတပ္ေအာက္က

ေကာမန႔္ ပိုင္ရွင္တိုင္းကိုသိေအာင္ လုပ္ရေပမည္ ။ဒါမွ က်မ သတင္းကို ထိန္းနိူင္ေပမည္ ။

က်မ တင္ပါး မွာ ေပြးကြက္ရွိ၍ ကုတ္မိေၾကာင္း ၊ က်မ မွားမွန္း အခုသိၿပီ ျဖစ္ေၾကာင္း ၊

ေနာက္ေႏွာင္ ဆင္ျခင္ပါမည္ ဟု ကတိျပဳေၾကာင္း ေရးၿပီး ေကာမန႔္ မ်ားအား reply လိုက္ျပန္ပါသည္ ။

က်မ မ်က္ႏွာ ပူသည္ ဟု ဆိုရမလား၊ ေအးသည္ဟု ဆိုရမလားပင္ မသိေတာ့ပါ ။

က်မနာမည္ ႏွင့္ အေကာင့္ေပါင္းေျမာက္မ်ားစြာ၊ page ေျမာက္ျမားစြာေပၚလာပါသည္ ။

က်မ၏ ေတာင္းပန္မႈေၾကာင့္ က်မ ၏ တင္းပါကုပ္ျခင္း အမႈသည္ လႊတ္ေတာ္အထိ ေရာက္မသြား ။

ခံဝန္ကတိေလာက္ႏွင့္သာ ၿပီးသြားသည္ ဟု ဆိုရေပမည္ ။

က်မကို ေနာက္တစ္ေန႔ သတင္းမီဒီယာ တစ္ခုက အင္တာဗ်ဴးလိုေၾကာင္းေျပာလာသည္ ။

ယခုဆိုရင္ က်မ ဆယ္လီတစ္ေယာက္ ျဖစ္ေနေပသည္။

ေနာက္တစ္လ ထဲတြင္ ေပြးဝဲယားနာ လိမ္းေဆး ေၾကာ္ျငာတစ္ခု ရိုက္ရန္ပင္ လက္ခံထားပါေသးသည္ ။

ဘာပဲျဖစ္ျဖစ္ …က်မဘဝကို ေဖ့ဘုတ္က တစ္ဆစ္ခ်ိဳးေျပာင္းလဲ ေပးခဲ့ပါၿပီ ။

ၿပီး ပါ ၿပီ ။

Moe Zek…..အထူးသတိေပးခ်က္။ ။ တင္ပါးလိုက္မကုတ္ပါႏွင့္…..။

Unicode Version

တင်ပါးယား၍ ကုတ်မိရာမှ နေ့ချင်းညချင်း ဘဝပြောင်းသွားရသည့် မိန်းကလေး

ကျွန်မ၏ တင်ပါးကို ယားလွန်း၍ ကုတ်မိသည်။

သူငယ်ချင်း နှစ်ယောက် ဘေးမှာရှိသည် ။

တစ်ယောက် က မော်လီ တစ်ယောက်က ခင်မြရည် ဖြစ်သည် ။

ကျမ ယားလို့ တင်ပါးကုတ်မိတဲ့ အခါ သူငယ်ချင်း မော်လီက ဓာတ်ပုံ ဖျတ်ခနဲ ရိုက်ချလိုက်သည်။

ပြီးတော့…၊ ပလွတ် ဆိုပြီး အင်တာနက် ချိတ်ပြီး ဖေ့ဘုတ်ပေါ် တင်ချလိုက်သည် ။

ကျမ တို့ သုံးယောက် အတူရှိသည် ဆိုတော့ tag တွဲတင်လိုက်သည် ။

ဆေးထိုးလိုက်ပီ ဟု မော်လီ က ရေးတင်လိုက်သည် ။

ခင်မြရည်က အရင် like ဝင်လုပ်သည် ။

ကျမ တွေ့ တော့ သူတို့ နှစ်ယောက်ကို မျက်စောင်းထိုးလိုက်ရုံသာ အပြစ်ပေးမိသည် ။

ကျမ တို့ လုပ်မိသည်က ပျော်စေပျက်စေသဘောသာ

ဖေ့စ်ဘုတ် ကိုယ်စီပိတ်လို့ ကျမတို့ မုန့်ဆက်စားသည် ။

မုန့်စားနေစဉ် နာရီဝက်အတွင်း မှာပင် ကျမတို့ မျိုးဖျက်မ

ဘဝ ရောက်သွားလိမ့်မည် ဟု လုံးဝ အမတွေးမထင်ထားမိ ။

ဖေ့စ်ဘုတ် ပြန်ဖွင့်လိုက်တော့ ကျမပုံကို Share လုပ်ထားသူ ၂၀၀ ကျော်နေပေပြီ။

ကောမန့်များတွင် မြန်မာအမျိုးသမီး ဖြစ်ပြီး အရှက်မရှိကြောင်း ၊တင်ပါးဆိုသည်မှာ

ကုတ်ရန်မဟုတ်ကြောင်း ၊အီးအီးပါရာတွင်နှင့် ထိုင်ရာတွင်တာ သုံးသင့်ကြောင်း ၊ကျမတင်ပါး ကုတ်လိုက်သဖြင့်…

မြန်မာအမျိုသမီးများအတွက် များစွာ သိက္ခာကျ ကြောင်း ရေးသားထားကြသည် ကို မြင်လိုက်ရသည်။

မြတ်စွာဘုရား… ၊ ကျမ တင်ပါး ကို ရိုးရိုးသားသား ယား၍ ကုတ်လိုက်ခြင်းသာဖြစ်သည် ။

တစ်နိူင်ငံလုံး ကို စော်ကားလိုစိတ်မရှိကြောင်း ပြောရဲပါတယ် ။

ကျမ တင်ပါး ကျမ ပိုင်သည် ထင်သဖြင့် အားရပါးရကုတ်လိုက်မိခြင်းသာဖြစ်သည် ။

သူငယ်ချင်း ကလဲ ကျမတင်ပါး ကျမ ပိုင်သည် ထင်သောကြောင့်ပဲ ရိုက်တင်လိုက်ခြင်းသာဖြစ်ပေလိမ့်မည် ။

ကောမန့် တစ်ခု ဖတ်ပြီး ကျမ တော်တော် လန့်သွားတယ် ။

ဥပဒေ ဖြင့် ထိရောက်စွာ အရေးယူသင့်သည်တဲ့ ။အမလေး ! ! ! မြတ်စွာဘုရား ကယ်တော်မူပါ ။

သူ့ ကောမန့်ကိုတင် Like နှစ်ဆယ်ကျော် ဝိုင်းလုပ်သွားကြသည် ။ကျမဟာကျလဲသံသယဝင်သွားသည် ။

ငါ ကုတ်မိတာ လွန်သွားလား ။မထင်ပါ ။ကျမ ကုတ်တုန်း က သတိပင်မထားမိပါ ။

သူငယ်ချင်း ပုံရိုက်လိုက်မှသာ ကျမ ကုတ်လို့ ကုတ်မိမှန်း သတိထားမိပါသည် ။

ကျမက ခန္ဓာကိုယ် လှသဖြင့် မြန်မာဝတ်စုံဝတ်တတ်ပါသည် ။

မုန့်စားနေရင်း တင်ပါးနားက ယားလှသဖြင့် အားရပါးရ ကုတ်မိပါသည် ။

မော်လီမ ကို လှမ်းဆဲရင်း ပုံဖျက်ဖို့ ပြောပါသည်။

မော်လီကော၊ခင်မြရည် ကောကျမကို တောင်းပန်ကြပါသည်။

သို့သော် သူတို့ နှစ်ယောက်လည်း အခြေအနေမကောင်းပေ ။

ကျမတင်ပါးကုတ်နေသည့် ပုံတင်မဟုတ် ၊ သူတို့နှင့်တွဲ၍ ရိုက်ထားသောပုံပါ ပါသည် ။

ကျမတို့ကို ဂိုဏ်း ဖွဲ့ထားပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည် ဟု တချို့ က ရေးသားထားကြသည် ။

ကျမတို့ မုန့်စားရင်း ချက်ချင်းကြီး တနိူင်ငံလုံး တံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည် ဟု မတွေးထားမိ ။

ခုတော့ ကျမတို့ သုံးယောက် ပက်လက်ကော မှောက်လျက်ကော မျောနေပေပြီ ။

ကျမက တင်ပါးပါ ကုတ်သဖြင့် ဇောက်ထိုးပါ မျောနေပေပြီ ။

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ မျက်ရည်ဝဲနေမိကြပေပြီ ။

ကျမတို့ သုံးယောက် အစားကို ဆက်မစားနိူင်ကျ ။

တူ ကို ပါးစပ်က ကိုက်ပြီး ဒူးတုန်နေကြသည် ။ကံဆိုးလှပေသည် ။

ကျမ တို့ ပုံဖျက်လိုက်သော်လည်း မမှီတော့ ၊ ကျမ တို့ ပုံနှင့် တခြားပေ့ချ် မှာ တက်နေပေပြီ ။

မြတ်စွာဘုရား like က 1 k ။ ကျမ ကို friend request 200 လောက် တက်လာသည် ။

ကျမ တင်ထားသော နောက်ဆုံးပုံအောက် မှာ အမျိုးဖျက်မ လို့ လာမန့်ကျသည် ။

ကျမအဖေ နှင့် တွဲရိုက်သော ပုံအောက် မှာ ကျမ ရဲ့ စပွန်ဆာ ဟု ပြောသည့် ကောမန့်တတ်လာသည် ။

မကြာပါချေ… ၊ ပေချ်တစ်ခု က ထပ်တက်လာပြီး ကျမကို ပယ်ပယ်နယ်နယ် ဆဲကျသည် ။

မဖြစ်ချေဘူး… ကျမ တုန့်ပြန်မှရတော့မည် ဖြစ်သည် ။

ကျမ တင်ပါး ကုတ်မှုသည် အချိန်မရွေး လူထုကြားထဲ ပြန့်နှံြ့ပီး

လွှတ်တော်ထဲ အရေးကြီးအဆို အဖြစ် ရောက်သွားနိူင်သည်မလား ။

ထိုအခါလူထုကြားထဲ အမျိုးသမီးများ တင်ပါး ကုတ်ခွင့် မကုတ်ခွင့် မဲခွဲဆုံးဖြတ်ကြလိမ့်မည်။

အကယ်၍ မကုတ်ခွင့် တွင် မဲအရေအတွက် ၊ များ သွားပါက ၊ တခြားအမျိုးသမီး များကပါ ကျမကို ဝိုင်းဖြဲလိမ့်မည် ။

နင် ယွလို့ ၊ ငါတို့ အခု ငါတို့တင်ပါး ငါတို့ မပိုင်တော့ဘူး ဆိုပြီး သတ်လိမ့်မယ် ။

ကျမတို့ ပိုက်ဆံအမြန်ရှင်းပြီး ကျမတို့အိမ်ကိုပြန်ပြေးကြသည် ။

ကျမ ဖြေရှင်းဖို့ စတင်ရပါပြီ ။

အရင်ဆုံး ကျမ အမေ့ဆီက အိမ်ထောင်စု စာရင်းတောင်းရသည် ။

အဖေဆိုတာ သေချာကြောင်း အရင်ရှင်းရပါမည် ။

ကံဆိုးချင်တော့ အဖေ့နာမည်က နှစ်မျိုး။

မှတ်ပုံတင် နှင့် အိမ်ထောင်စု နှင့် ကွဲနေသည် ။

မဖြစ်ချေ အမှုပိုကြီးလိမ့်မည် ။

အမေက အဖေ့ကို အားဘွားရှလူး နေသည့်ပုံ ချော့မော့ရိုက်ခိုင်း ရသည် ။

အဲ့ပုံနှင့် အမေတို့ မင်္ဂလာဆောင်ပုံ နှင့် မိသားစု ငါးယောက် ပုံကို

တစ်ပေါင်းတည်း တင်ပြီး အဖေ ဖြစ်ကြောင်း ရှင်းရသည် ။

ခင်မြရည်ကပြောသည် ၊ ဟဲ့ ငါတို့ သုံးယောက် cover photo ကို

ဘုရားပုံ မြန်မြန်ချိန်းရအောင် ဟု ပြောလာသည် ။

လိုလိုမယ်မယ် သုံးယောက်သား တစ်ယောက် တလှည့် အိမ်ထဲမှာတင်

ယောဂီအကျီ င်္ဝတ်ပီး ဓာတ်ပုံ ရိုက်လို့ pofile pic ပါ ပြောင်းလိုက်ကြသည် ။

မပြောနိူင် ၊ တင်ပါးကုတ်ရင် မြန်မာသိက္ခာကျသည် ဟု အပြောခံရသလို

အချိန်မရွေး ကျမတို့က isis အဖွဲ့ က ဖြစ်သည်ဟု မစွပ်စွဲဘူးလို့ မပြောနိူင် ။

ကျမ တို့ သုံးယောက် ဒူးခေါင်းချင်း တဂတ်ဂတ် မြည်အောင် ရိုက်ရင်း ကြောက်ချေးပါနေကြပေပြီ ။

မော်လီက ပိုကြောက်နေသည် ၊ သူစသည့် ဇာတ်လမ်း မဟုတ်ပါလား ။

စပွန်ဆာ ပြဿနာ ရှင်းလိုက်နိူင်ပေမဲ့ တင်ပါးကုတ်ခြင်း ပြဿနာ က မပြီးနိူင်သေး ။

ကျမ တင်ပါးကုတ်နေပုံသည် 4.1k အဖြစ်ရောက်သွားနေပေပြီ ။မဖြစ်ချေ .မဖြစ်ချေ ။

ကျမ ပထမဆုံး သူငယ်ချင်း နှစ်ယောက်ကို ၊ ကျမတွင် ပွေးနည်းနည်းရှိကြောင်း ဝန်ခံရသည်။

ဘယ်သောအခါ မှ တင်ပါးလှန်ပြပြီး ပွေးကွက်ရှိကြောင်း တောင်းပန်ရလိမ့်မည်ဟု ကြိုမတွေးထားမိ ။

ကျမ အဖြစ်က မနှစ်ကနှင့်ပင် မတူ ။

ဇာတ်လမ်း က မှတ်တမ်း မဟုတ်။နိူင်ငံကျော်ပေတော့သည် ။

ကျမ လိမ်းသော ညစ်ဆေးဘူး နှင့် ကျမတင်ပါးက ပွေးကွက်လေး ကို ဓာတ်ပုံ ကပ်ရိုက်လိုက်သည် ။

ပွေးကွက် မြင်ရုံသာ ။ကျမ စာရှည်ရှည်ရေးသည် ။

ကျမ ဘဝတွင် ပွေးကွက် စပေါ်လာပုံ ။

ကျမ ပွေးကွက်အပေါ် နာကြည်းပုံ ။ကျမဘာတွေစားလျှင်မတည့်ပုံ ။

ရှည်လျား ထွေပြားစွာရေးပြီး ဓာတ်ပုံနှင့် လူ နှစ်ဆယ် လောက် ကို tag တွဲတင် လိုက်သည် ။

အဟင့်ဟင့်… ရှက်လိုက်သည့် ဖြစ်ခြင်း ။ပွေးကွက် အကြောင်း စီကာပတ်ကုံးရှင်းပြပြီး

အင်တာနက်ပေါ်တင်ရသည့် ဘဝ ။သို့သော် ကိုယ့်wall ပေါ်ကိုတင်ရုံနှင့် မပြီး ။

ကျမ ပရိသတ် အဲ့လေ ယောင်လို့ ကျမ တင်ပါးကုတ်နေပုံ စတေးတပ်အောက်က

ကောမန့် ပိုင်ရှင်တိုင်းကိုသိအောင် လုပ်ရပေမည် ။ဒါမှ ကျမ သတင်းကို ထိန်းနိူင်ပေမည် ။

ကျမ တင်ပါး မှာ ပွေးကွက်ရှိ၍ ကုတ်မိကြောင်း ၊ ကျမ မှားမှန်း အခုသိပြီ ဖြစ်ကြောင်း ၊

နောက်နှောင် ဆင်ခြင်ပါမည် ဟု ကတိပြုကြောင်း ရေးပြီး ကောမန့် များအား reply လိုက်ပြန်ပါသည် ။

ကျမ မျက်နှာ ပူသည် ဟု ဆိုရမလား၊ အေးသည်ဟု ဆိုရမလားပင် မသိတော့ပါ ။

ကျမနာမည် နှင့် အကောင့်ပေါင်းမြောက်များစွာ၊ page မြောက်မြားစွာပေါ်လာပါသည် ။

ကျမ၏ တောင်းပန်မှုကြောင့် ကျမ ၏ တင်းပါကုပ်ခြင်း အမှုသည် လွှတ်တော်အထိ ရောက်မသွား ။

ခံဝန်ကတိလောက်နှင့်သာ ပြီးသွားသည် ဟု ဆိုရပေမည် ။

ကျမကို နောက်တစ်နေ့ သတင်းမီဒီယာ တစ်ခုက အင်တာဗျူးလိုကြောင်းပြောလာသည် ။

ယခုဆိုရင် ကျမ ဆယ်လီတစ်ယောက် ဖြစ်နေပေသည်။

နောက်တစ်လ ထဲတွင် ပွေးဝဲယားနာ လိမ်းဆေး ကြော်ငြာတစ်ခု ရိုက်ရန်ပင် လက်ခံထားပါသေးသည် ။

ဘာပဲဖြစ်ဖြစ် …ကျမဘဝကို ဖေ့ဘုတ်က တစ်ဆစ်ချိုးပြောင်းလဲ ပေးခဲ့ပါပြီ ။

ပြီး ပါ ပြီ ။

Moe Zek…..အထူးသတိပေးချက်။ ။ တင်ပါးလိုက်မကုတ်ပါနှင့်…..။

Leave a Comment