၂၀၂၁ခုနှစ် သောကြာသားသမီးများအတွက် (၁)နှစ်စာကံကြမ္မာဟောစာတမ်းနှင့်ဆောင်ရန် ရှောင်ရန်များ







တစ်နှစ်တာလုံးအတွက် သောကြာသားသမီးများဟာ အရင်နှစ်များက ဆုံးရှုံးသွားသော ငွေးကြေး၊




















ကံကောင်းစေသောနေ့များကတော့-သောကြာနေ့နှင့်အင်္ဂါနေ့



ဆရာကျော်ဇောဟိန်း ၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့


Unicode Version

၂၀၂၁ခုနှစ်အတွက်သောကြာသားသမီးများ၏ (၁)နှစ်စာကံကြမ္မာဟောစာတမ်းနှင့်ဆောင်ရန် ရှောင်ရန်များ

သောကြာသားသမီးများ ယခုနှစ်အပိုင်းအခြားမှာ အလုပ်အကိုင်ကိစ္စများတွင် အလုပ်အကိုင်များပွင့်လင်းလာပြီး

အလုပ်များစွာလုပ်ရတတ်ပြီး အလုပ်ပင်ပန်း လူပင်ပန်းဖြစ်နေတတ်ပါတယ်။

ဒီချိန်မှာအလုပ်ဟာ အကောင်းဘက်ကို ဦးတည်နေပါသောကြောင့် မလွဲမမှားဘဲ စည်းရှိရှိနဲ့ လုပ်ကိုင်သင့်ပါတယ်။

ဝန်ထမ်းများဟာ ဒီနှစ်အပိုင်းခြားမှာ အထက်လူကြီး၏ မျက်နှာပေးခံရခြင်း| ရာထူးတိုးပေးခံရခြင်းများ

ဖြစ်တတ်ပြီး ဝန်ထမ်းအချင်းချင်း မနာလိုမှုများဖြစ်ပေါ်တတ်ပါတယ်။

တစ်နှစ်တာလုံးအတွက် သောကြာသားသမီးများဟာ အရင်နှစ်များက ဆုံးရှှုံးသွားသော ငွေးကြေး၊

အလုပ်အကိုင်များ ပြန်လည်ဦးမော့အစဉ်ပြေလာနိုင်မယ့်နှစ်အပိုင်းခြားဖြစ်ပါတယ်။

လုပ်ငန်းအသစ်များ စတင်ရန်အကောင်းဆုံးအချိန်ခါဖြစ်သည်။ဝေးကွာနေသော သူငယ်ချင်း|မိတ်ဆွေဟောင်းများနှင့်

ပြန်လည်ဆုံတွေရတတ်ပါတယ်။ ရပ်ဝေးဘုရားဖူးခရီးသွားရခြင်းများ ကြုံတွေ့ပါမည်…။

ကျန်းမာရေးမှာ ရောဂါဟောင်း ဒဏ်ရာဟောင်းများ ပြန်လည်ပေါ်ပေါက်လာတတ်ပါတယ်။

သောကြာသားသမီးများချစ်သူရည်စား၏အူတိုမှု သဝန်တိုမှုများခံရတတ်ပါတယ်။

ပညာရေးမှာကြိုးစားသလိုနဲ့ စာဖက် စိတ်မပါဘဲ တခြားဖက်စိတ်ရောက်သွားလို့ အခက်ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေးမှာ အပြောင်းအလဲ အကွေ့အကောက်အလွန်များပြီး အကောင်းဘက်ကို ရောက်ရှိပါက

အင်မတန် ကောင်းသောအပိုင်းခြားဖြစ်ပြီး အဆိုးဘက်ရောက်က ပြုပြင်လို့မရအောင် ဆိုးဝါးသွားတတ်ပါတယ်။

ထို့ကြောင့်သောကြာသားသမီးများ အိမ်ထောင်ရေးမှာ အစွန်းနှစ်ဖက် ရောက်နေသလိုဖြစ်နေတတ်ပါတယ်

ယတြာ-သောကြာသားသမီးများ မိမိမွေးနေ့မှာ နှမ်းဆီနှင့်ဆီမီး(၉)ခွက် အိမ်ဘုရားလှူပေးပါ။

အလုပ်အကိုင်အဆင်ပြေစေလိုပါက-စာရွက်ပေါ်တွင်မိမိနာမည်နှင့် အလုပ်နာမည်ရေးပြီး

အဲဒီစာရွက်ပေါ်မှာ လိမ္မော်သီးတစ်လုံးတင်ပြီး နေအိမ်ဘုရားလှူပြီးဆုတောင်းပေးပါ။

အိမ်ထောင်းရေးအဆင်ပြေစေပါက-အိမ်ထောင်ရှင်နှစ်ဦးစလုံး၏

ပုံများကိုမျက်နှာချင်းဆိုင်ထပ်ပြီး ဓါတ်ပုံပေါ်မှာ ဆီးသီး(၆)လုံးတင်ထားပါ…

ငွေကြေးကိစ္စပြေလည်လိုပါက-ကလေးများကိုကြက်သားဆန်ပြုတ်ကျွေးပါ

ရာထူးတိုးလိုပါက-သမာဒေဝနတ်မင်းကြီးကို နို့ဆွမ်းကပ်လှူပေးပါ။

ကံကောင်းစေသောအရောင်-အစိမ်းနုရောင် ဆင်စွယ်ရောင် အပြာနုအရောင်များ။

ကံကောင်းစေသောဂဏန်း- (၃/၅/၆)

ကံကောင်းစေသောအချိန်-သောကြာနေ့ မနက်(၈)နာရီနဲ့ နေ့(၁၂)နာရီအတွင်း

ကံကောင်းစေသောနေ့များကတေ့ာ-သောကြာနေ့နှင့်အင်္ဂါနေ့

ကံကောင်းစေသောပန်းမြတ်မာလာ-သစ္စာပန်း။

သောကြာသားသမီးအပေါင်းတစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများပြည့်စုံကြပါစေ

ဆရာကျော်ဇောဟိန်း ၃၄လမ်း-၇၃လမ်းနှင့်ရ၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့

Ph09256029906 Ph09766470530

Leave a Comment