စိုက်ပျိုးဖြစ်ထွန်းဖို့ မြေချဉ် ငန် အလွယ် တိုင်းနည်း မိမိမြေက ဘာဖြစ်နေမှန်းမသိ ထည့်ချင်ရာထည့်မိနေတုန်းပဲလား

ေျမခ်ဥ္ငန္ အလြယ္တိုင္းနည္း မိမိေျမက ဘာျဖစ္ေနမွန္းမသိ ထည့္ခ်င္ရာထည့္မိေနတုန္းပဲလား

ေခါင္းစဥ္မွာ ေျပာသလိုပါပဲ လက္ရွိမွာ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္သူ ေျမပိုင္ရွင္ ေတြဟာဆိုရင္

မိမိေျမက ဘာအမ်ိဳးအစားမွန္းမသိ ေျမခ်ဥ္ငန္ဓာတ္က(pH)ဘယ္အေနအထားမွာရွိမွန္းမသိဘဲ

သူမ်ားကထံုးထည့္ရင္ ထံုးေတြလိုက္ထည့္ျပီး သူမ်ားက ဂ်စ္ပဆမ္ (ေက်ာက္မႈန္႔) ထည့္ရင္

ဂ်စ္ပဆမ္ေတြ ထည့္ေနၾကတာကို ေတြ႔လာရပါတယ္။အၾကမ္းအားျဖင့္ ေျမဆီလႊာအမ်ိဳးအစားက သဲေျမ ၊

ႏုန္းေျမ ႏွင့္ ရႊံ႕ေစးေျမ ဆိုျပီး ၃ မ်ိဳးခြဲလို႔ရပါတယ္ ။ ထိုမွတစ္ဆင့္ ေျမခ်ဥ္ငံဓာတ္ကို စစ္ေဆးျပီး အက္ဆစ္ ဆန္တဲ့

ေျမခ်ဥ္အမ်ိဳးအစားလား ဆားဓာတ္ပါဝင္မႈမ်ားတဲ့ ေျမငံလားဆိုတာကို ျပန္လည္ခြဲျခားစီစစ္ရပါမယ္ ။

ဒါမွသာ ခ်ဥ္ရင္ထံုးထည့္ ငံေနရင္ ဂ်စ္ပဆမ္ (ေက်ာက္မႈန္႔ထည့္) ဆိုျပီး ျပန္လည္ျပဳျပင္မႈေတြလုပ္ရမွာပါ ။

(သီးႏွံအလိုက္လိုအပ္တဲ့ ေျမခ်ဥ္ငံဓာတ္ဇယားကို ေကာမန္႔မွာေဖာ္ ျပေပးသြားပါ့မယ္) ။

ထို႔အျပင္ ထံုး၊ ဂ်စ္ပဆမ္ထည့္သြင္းသည့္အခါ အသံုးျပဳမယ့္ အမ်ိဳးအစား ၊ အခ်ိဳးအစားကို စနစ္တက်ေရြးခ်ယ္ရန္လို အပ္ေနပါေသးတယ္။

ဒီတစ္ပါတ္မွာေတာ့ ေတာင္သူ႕တံတားကေန အလြယ္တကူရ ႏိုင္တဲ့ပစၥည္းေတြနဲ႔ ေျမခ်ဥ္ငံဓာတ္ တိုင္းတာျခင္းအေၾကာင္းကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

နည္းလမ္း (၁)

ခရမ္းေရာင္ (သို႕) အနီေရာင္ရွိတဲ့ ေကာ္ဖီထုပ္ကို ႏုပ္ႏုပ္စဥ္းပါ

ျပီးေနာက္ေရေဆးပါ (သို႕ ) ေရစိမ္ထားပါ ထို႔ေနာက္မွာ ထိုအရည္ကိုစစ္ယူထားပါ

မိမိစမ္းသပ္လိုေသာေျမကြက္မွ ေျမ ထမင္းစားဇြန္း ၂ ဇြန္းယူပါ ေျမထဲကို ေကာ္ဖီထုပ္အရည္ထည့္ပါ

နာရီဝက္ၾကာတဲ့အခါ ခရမ္းေရာင္အတိုင္းရွိေနပါက pH – ၇ ဝန္းက်င္ပါ

ပန္းေရာင္သန္းပါက pH – ၇ ေအာက္ေရာက္ေနတဲ့ ေျမခ်ဥ္တဲ့ေျမပါ ပန္းေရာင္သမ္းေလေလ ခ်ဥ္ေလေလပါ

အစိမ္းေရာင္ဘက္သမ္းသြားရင္ေတာ့ ေျမငန္တဲ့ေျမပါ

နည္းလမ္း (၂)

ရွာလကာရည္နဲ႔ မုန္႔ဖုတ္ဆိုဒါ အသံုးျပဳျပီးတိုင္းတာမယ့္နည္းျဖစ္ပါတယ္

ေျမၾကီးတစ္ခြက္ ႏွင့္ ရွာလကာရည္ ခြက္တစ္ဝက္ကိုေရာၾကည့္ပါ အျမႈပ္တစီစီထြက္လာပါက ေျမခ်ဥ္ငန္ဓာတ္ ၇ – ၈ ရွိပါတယ္

အထက္ပါကဲ့သို႕စမ္းသပ္သည့္အခါ အျမဳပ္မထြက္ပါက ထိုေျမအမ်ိဳးအစားကိုပဲ ေျမတစ္ခြက္ ဆိုဒါ ခြက္တစ္ဝက္ကို ေရထည့္ျပီး ေမႊၾကည့္ပါ

အျမႈပ္ထြက္လာပါက ထိုေျမဟာ ေျမခ်ဥ္ငန္ဓတ္ – ၅-၆ ရွိပါတယ္

နည္းလမ္း (၃)

လစ္တမတ္စကၠဴျဖင့္စမ္းသပ္သည့္နည္းလမ္းျဖစ္ပါတယ္

မိမိစမ္းသပ္လိုေသာေျမကို ထမင္းစားဇြန္း ၂ ဇြန္းခန္႔ယူျပီး ခြက္တစ္ခုထဲမွာ အရည္ေဖ်ာ္ထားပါ ထိုေရထဲကို လစ္တမတ္စကၠဴထည့္သည့္အခါ အနီေရာင္ေျပာင္းသြားပါက

ထိုေျမဟာ အက္စစ္ဆန္ေသာေျမ ခ်ဥ္ေသာေျမျဖစ္ပါတယ္ အျပာေရာင္ဘက္ကိုေျပာင္းသြားရင္ေတာ့ ထိုေျမဟာ ေျမငန္ အမ်ိဳးအစားျဖစ္ပါတယ္

ေျမခ်ဥ္ငံဓာတ္တိုင္းဖို႔ ေျမနမူနာယူရာတြင္လည္း

၁။ နမူနာယူမည့္ ေျမကြက္၏ ကန္သင္းမွ အနည္းဆုံး (၆) ေပအကြာအတြင္းမွ မယူရပါ။

၂။ သီးႏွံ႐ိုးျပတ္မ်ား စုပုံထားေသာ ေနရာအနီးမွ မယူရပါ။

၃။ ႏြားေခ်းႏွင့္ သဘာဝေျမေဆြးပုံမ်ားအနီးမွ မယူရပါ။

၄။ ထုံး၊ ဂ်ပ္ပဆန္ ကဲ့သို႔ေသာ ပစၥည္းပုံမ်ားအနီးမွ မယူရပါ။

၅။ အေဆာက္အဦးအနီးမွ မယူရပါ။

၆။ သစ္ပင္ရိပ္အနီးမွ မယူရပါ။

ေတာင္သူ႔တံတား

Unicode Version

မြေချဉ်ငန် အလွယ်တိုင်းနည်း မိမိမြေက ဘာဖြစ်နေမှန်းမသိ ထည့်ချင်ရာထည့်မိနေတုန်းပဲလား

ခေါင်းစဉ်မှာ ပြောသလိုပါပဲ လက်ရှိမှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်သူ မြေပိုင်ရှင် တွေဟာဆိုရင်

မိမိမြေက ဘာအမျိုးအစားမှန်းမသိ မြေချဉ်ငန်ဓာတ်က(pH)ဘယ်အနေအထားမှာရှိမှန်းမသိဘဲ

သူများကထုံးထည့်ရင် ထုံးတွေလိုက်ထည့်ပြီး သူများက ဂျစ်ပဆမ် (ကျောက်မှုန့်) ထည့်ရင်

ဂျစ်ပဆမ်တွေ ထည့်နေကြတာကို တွေ့လာရပါတယ်။အကြမ်းအားဖြင့် မြေဆီလွှာအမျိုးအစားက သဲမြေ ၊

နုန်းမြေ နှင့် ရွှံ့စေးမြေ ဆိုပြီး ၃ မျိုးခွဲလို့ရပါတယ် ။ ထိုမှတစ်ဆင့် မြေချဉ်ငံဓာတ်ကို စစ်ဆေးပြီး အက်ဆစ် ဆန်တဲ့

မြေချဉ်အမျိုးအစားလား ဆားဓာတ်ပါဝင်မှုများတဲ့ မြေငံလားဆိုတာကို ပြန်လည်ခွဲခြားစီစစ်ရပါမယ် ။

ဒါမှသာ ချဉ်ရင်ထုံးထည့် ငံနေရင် ဂျစ်ပဆမ် (ကျောက်မှုန့်ထည့်) ဆိုပြီး ပြန်လည်ပြုပြင်မှုတွေလုပ်ရမှာပါ ။

(သီးနှံအလိုက်လိုအပ်တဲ့ မြေချဉ်ငံဓာတ်ဇယားကို ကောမန့်မှာဖော် ပြပေးသွားပါ့မယ်) ။

ထို့အပြင် ထုံး၊ ဂျစ်ပဆမ်ထည့်သွင်းသည့်အခါ အသုံးပြုမယ့် အမျိုးအစား ၊ အချိုးအစားကို စနစ်တကျရွေးချယ်ရန်လို အပ်နေပါသေးတယ်။

ဒီတစ်ပါတ်မှာတော့ တောင်သူ့တံတားကနေ အလွယ်တကူရ နိုင်တဲ့ပစ္စည်းတွေနဲ့ မြေချဉ်ငံဓာတ် တိုင်းတာခြင်းအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

နည်းလမ်း (၁)

ခရမ်းရောင် (သို့) အနီရောင်ရှိတဲ့ ကော်ဖီထုပ်ကို နုပ်နုပ်စဉ်းပါ

ပြီးနောက်ရေဆေးပါ (သို့ ) ရေစိမ်ထားပါ ထို့နောက်မှာ ထိုအရည်ကိုစစ်ယူထားပါ

မိမိစမ်းသပ်လိုသောမြေကွက်မှ မြေ ထမင်းစားဇွန်း ၂ ဇွန်းယူပါ မြေထဲကို ကော်ဖီထုပ်အရည်ထည့်ပါ

နာရီဝက်ကြာတဲ့အခါ ခရမ်းရောင်အတိုင်းရှိနေပါက pH – ၇ ဝန်းကျင်ပါ

ပန်းရောင်သန်းပါက pH – ၇ အောက်ရောက်နေတဲ့ မြေချဉ်တဲ့မြေပါ ပန်းရောင်သမ်းလေလေ ချဉ်လေလေပါ

အစိမ်းရောင်ဘက်သမ်းသွားရင်တော့ မြေငန်တဲ့မြေပါ

နည်းလမ်း (၂)

ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ အသုံးပြုပြီးတိုင်းတာမယ့်နည်းဖြစ်ပါတယ်

မြေကြီးတစ်ခွက် နှင့် ရှာလကာရည် ခွက်တစ်ဝက်ကိုရောကြည့်ပါ အမြှုပ်တစီစီထွက်လာပါက မြေချဉ်ငန်ဓာတ် ၇ – ၈ ရှိပါတယ်

အထက်ပါကဲ့သို့စမ်းသပ်သည့်အခါ အမြုပ်မထွက်ပါက ထိုမြေအမျိုးအစားကိုပဲ မြေတစ်ခွက် ဆိုဒါ ခွက်တစ်ဝက်ကို ရေထည့်ပြီး မွှေကြည့်ပါ

အမြှုပ်ထွက်လာပါက ထိုမြေဟာ မြေချဉ်ငန်ဓတ် – ၅-၆ ရှိပါတယ်

နည်းလမ်း (၃)

လစ်တမတ်စက္ကူဖြင့်စမ်းသပ်သည့်နည်းလမ်းဖြစ်ပါတယ်

မိမိစမ်းသပ်လိုသောမြေကို ထမင်းစားဇွန်း ၂ ဇွန်းခန့်ယူပြီး ခွက်တစ်ခုထဲမှာ အရည်ဖျော်ထားပါ ထိုရေထဲကို လစ်တမတ်စက္ကူထည့်သည့်အခါ အနီရောင်ပြောင်းသွားပါက

ထိုမြေဟာ အက်စစ်ဆန်သောမြေ ချဉ်သောမြေဖြစ်ပါတယ် အပြာရောင်ဘက်ကိုပြောင်းသွားရင်တော့ ထိုမြေဟာ မြေငန် အမျိုးအစားဖြစ်ပါတယ်

မြေချဉ်ငံဓာတ်တိုင်းဖို့ မြေနမူနာယူရာတွင်လည်း

၁။ နမူနာယူမည့် မြေကွက်၏ ကန်သင်းမှ အနည်းဆုံး (၆) ပေအကွာအတွင်းမှ မယူရပါ။

၂။ သီးနှံရိုးပြတ်များ စုပုံထားသော နေရာအနီးမှ မယူရပါ။

၃။ နွားချေးနှင့် သဘာဝမြေဆွေးပုံများအနီးမှ မယူရပါ။

၄။ ထုံး၊ ဂျပ်ပဆန် ကဲ့သို့သော ပစ္စည်းပုံများအနီးမှ မယူရပါ။

၅။ အဆောက်အဦးအနီးမှ မယူရပါ။

၆။ သစ်ပင်ရိပ်အနီးမှ မယူရပါ။

တောင်သူ့တံတား

Leave a Comment