တောင်တန်း သာသနာပြုဆရာတော်ကြီး​ ဦးဥတ္တမသာရ မိန့်တော်မူခဲ့တဲ့ ပန်းနာရင်ကျပ်အမြစ်ပြတ်ဆေး













ခရက်ဒစ်

Unicode Version

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်မည်၊

မိတ္ထိလာမြို့မှ အဘိုးကြီးတစ်ဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါဖြစ်နေခဲ့ရာလူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက်

တစ်နေ့နို့ဆီဘူး တစ်လုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်နေ့စဉ်စားနေခဲ့သည်၊ စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊

ထို့ကြောင့် အားတက်၍နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံလက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏

တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်။စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီးဆားခပ်၍

ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။ နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊

အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။

နောက်တနည်း နတ်ဆေးဂမုန်းလက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊

နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး

နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့်နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊

ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါပျောက်ကင်း၏၊ ေ ညာင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝြဖိုးစိုပြည်လာသည်ကိုတွေ့ရပါလိမ့်မည်၊

ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြားသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ

ခရက်ဒစ်

Leave a Comment