(၇)ရက်သားသမီး ဟောစာတမ်း 07.1.2021 မှ 13.1.2021 အထိ
07.1.2021 မှ 13.1.2021 အထိ တစ်ပတ်စာ၇ ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး / ရာဟု
ကြာသပတေး
သောကြာ
စနေ
Unicode Version
07.1.2021 မှ 13.1.2021 အထိ တစ်ပတ်စာရ ရက်သားသမီးဟောစာတမ်း
တနင်္ဂနွေ
ယခုကာလအတွင်း ခံစားချက်ကိုဦးစားမပေးဘဲ မိမိရဲ့ဉာဏ်ပညာကိုအသုံးချနိုင်မှအဆင်ပြေပါလိမ့်မယ်။ သင်သည် မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲ၍ အမှားတွေ့တတ်ပါသည်။
စနစ်တကျ စီမံထားသောကိစ္စများ တစ်ပါးသူ ကတိပျက်၍ အလွဲလွဲအချော်ချော် ဖြစ်မည်။ သူတစ်ပါးကိစ္စများ၊ အဖွဲ့အစည်းကိစ္စ များကို
လိုက်လံဆောင်ရွက်ရင်း ဆုံးရှုံးမှုများ ကြုံတွေ့နေရတတ်သည်။လုပ်ငန်းရှင်များ မေတ္တာစိတ်နဲ့သဘောထားကြီးစွာဆောင်ရွက်လုပ်ကိုင်ပါ။
စပ်တူအလုပ်များငွေကြေးနဲ့ဆက်နွယ်ပြီးစိတ်ဝမ်းကွဲနေရတတ်ပါ တယ်။ကြီးမားတဲ့ဆုံးဖြတ်ချက်များ၊ကြီးမား တဲ့ အပြောင်းအလဲများကို လဲ ရှောင်သင့်ပါတယ်။
သံယောဇဉ်မထားမိသူကိုထားမိခြင်းကြောင့် လူမှုရေးအရှုပ် အထွေး များ ဖြေရှင်း ရမည်။တွဲဖက်လုပ်သော သူများ ငွေကြေးစာရင်းဇယားများ
အရှုပ်အထွေးပြုရာမှ ပြဿနာများ ဖြစ် ကာသူတစ်ပါး အလွဲသုံးစားပြုထား သောကိစ္စများကို ကိုယ်က စိုက်ထုတ်ပေးလျော်ရခြင်းများရှိမည်။
ပစ္စည်းများ ရောင်း မှား၊ ဝယ်မှားများ ဖြစ်တတ်သည်။ အနီးကပ်လူယုံ ဒုက္ခပေး၍ အမှုပြဿနာများ ကြုံတွေ့ဖြေရှင်းနေရ တတ် သည်။
လျှို့ဝှက်သတင်းများ ပြင်ပသို့ ပေါက်ကြားတတ်သည်။အချစ်ရေးမှာတော့ မထင်မှတ်ဘဲ အလွန်ကောင်းခြင်း အလွန်ဆိုးခြင်းများဖြစ်တတ်ပါတယ်။
အိမ်ထောင်ရေးအညံ့မရှိပေမယ့် သိပ်ပြီးနွေးထွေးမှုတော့မရှိနိုင်သေးပါ။ ပညာရှာနေသူများ ဆရာတွေသင်ပြမှုကို နားလည်မှုခက်ခဲနေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၃၊၅၊၇ အထူးဟော…..အရာရာဦးနှောက်နဲ့ ဆုံးဖြတ်ပါ။ ယတြာ…..ကြက်သားပေါက်ဆီ ဘုရားကပ်လှူလိုက်ပါ။
တနင်္လာ
ယခုကာလများအတွင်း သင်သည် ကတိစကားပျက်သောသူများနှင့် ထိပ်တိုက်တွေ့နေရမည်။ ဟိုဟာလုပ် ရနိုး ဒီဟာလုပ်ရနိုးနဲ့ ဝေခွဲမရအလွန်ဖြစ်ရတတ်ပါတယ်။
ကိုယ့်ကိစ္စ မဟုတ်ပဲ အခြားတစ်ပါးသူ ရေးရာများကို လိုက်လံတာဝန်ယူ ကူညီဆောင်ရွက်ပေးရင်း အမှုပြဿနာများ ဖြစ်တတ်ပါသည်။
နာမည်ဂုဏ်သိက္ခာ ထိခိုက်အောင် ပြုလုပ်သောသူများနှင့်တွေ့နေရတတ်သည်။နာမည်ဖြင့်ရပ်တည်သူများမိမိအမည်ကို အလွဲသုံးစားလုပ်၍
ကိုယ်ကျိုး ရှာ သူများနှင့် တွေ့နေ ရမည်။ မနာလိုသူများမှ မိမိမကောင်းကြောင်း လုပ်ဇာတ်ထွင်၍ ပြုလုပ်ခြင်းများကြောင့် စိတ် အနှောက်အယှက်များ ဖြစ်ရတတ်သည်။
ငွေကြေးပုံမှန်ဝင်နေတတ်ပါတယ်။ အလိုလောဘကြီးစွာငွေမရှာဖို့အထူးမှာ ကြားချင်ပါတယ်။ အသင်းကိစ္စ၊ အဖွဲ့အစည်းကိစ္စများတွင် လူလိမ်၊ လူရှုတ်များနှင့် တွေ့ရတတ်သည်။
မိမိထံမှ ပစ္စည်းတို့ကို ခဏဆိုပြီးလာငှားရင် သတိထားပါ။ယူသွားပြီးပျက်စီးသွားတာမျိုး ဖြစ်တတ်သည်။အထူးသဖြင့် ကား၊ ဆိုင်ကယ် မငှားပါနှင့်။
အတိတ်ကာလ မိမိအား ဒုက္ခပေးသူများကထူးခြားစွာလာရောက် တောင်းပန်တာမျိုး တွေဖြစ် ရတတ်ပါတယ်။
သေးငယ်တဲ့စီးပွားရေးများငွေကြေးအကျိုးအမြတ် ရသည့်အပြင် လူမုန်းများသောကိစ္စများ ဆောင် ရွက် ရလိမ့်မည်။ အချစ်ရေးကိစ္စ
အိမ်ထောင်ရေးကိစ္စများ သင့်ရုံသာကောင်းပါတယ်။ ပညာရေး အားကောင်းနေချိန် ဖြစ်ပါတယ်။
အကျိုးပေးဂဏန်း ၂/၄/၆ အထူးဟော …..ကံကောင်းတာတွေ၊ဆိုးတာတွေရောထွေးနေလိမ့်မယ်။ အထူးဟော….သရက်သီးအချဉ်ပေါင်းဘုရားကပ်လှူပေးပါ။
အင်္ဂါ
ယခုကာလအတွင်း သင်သည် မိတ်ကောင်း၊ ဆွေကောင်း၊ အထောက်အကူကောင်းများ ရရှိနိုင်မည်ဖြစ်သည်။ စီးပွားဥစ္စာများတိုးပွားခြင်းကြုံမည်။
ဆုံးဖြတ်ချက်များ မှန်ကန်မည်။ အလုပ်အဆင်ပြေပြီး အထူးတိုးတတ်မည်။ဝင်ငွေ တိုးပွားမည်။ ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ အကြံအစည်၊ စိတ်ကူးများ
လက်တွေ့ အကောင်အထည် ဖေါ်နိုင်မည်။ ဆောင်ရွက်လက်စ လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရမည်။အခြားတစ်ပါးသူတို့ ဆောင်ရွက်ရန် ခက်ခဲ မည်ဟု
သတ်မှတ်ထားသောလုပ်ငန်းကို လွယ်လင့်တကူ ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများ ရှိနေမည်။ လုပ်ကိုင် နေ သော အလုပ်တွင် နေရာကောင်းရရှိမည်။
အလုပ်တွင်တိုးတတ်ရန် အနေအထားမရှိဘူးထင်ပြီးစိတ်ဓာတ်ကျနေ မိတတ်သည်။မပူနဲ့မကြာမီ တိုးတတ်မည်။ လုပ်ငန်းခွင်တွင် ပုံမှန်လုပ်နေသော
လုပ်ငန်းများပင်လျှင် သာမန်ထက် ဝင်ငွေတိုးခြင်း၊ အကျိုးစီးပွားဖြစ်ထွန်းခြင်းများ ကြုံတွေ့နေရမည်။လူငယ်များအချစ်ရေး နဲ့ပတ်သက်ပြီး ထင်မှတ် မထားတာတွေ
ကြုံရတတ်ပါတယ်။ချစ်သူထံကလက်ဆောင်ကောင်းတွေရလာတတ်ပါတယ်။ စိတ်အပန်းပြေစေမဲ့ ကိစ္စတွေကိုလဲ ကြုံရပါလိမ့်မယ်။
ကျန်းမာရေးအတွက်အနည်းငယ် တော့ပူပန်ရတတ်ပါတယ်။ ပင်လယ်စာများ ၊မကျက်တကျက် အကင်များ အထူးရှောင်သင့်တဲ့နေ့ရက်တွေပါပဲ။
အိမ်ထောင်ရေးကောင်းပေမယ့် အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်ပါတယ်။
အကျိုးပေးဂဏန်း…. ၃/၅/၀ အထူးဟော …လုပ်ငန်းစီးပွားများ တိုးချဲ့နိုင်ပါလိမ့်မည်။ ယတြာ…..ပေါင်မုန့်ကြော် ဘုရားကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး / ရာဟု
ယခုကာလအတွင်း ကျန်းမာရေးအတွက်အနည်းငယ်စိတ်ပူရတတ်ပါတယ်။ အရေးပြာမှာအဖုအပိန့်ထွက် တာမျိုး အလွန်ဖြစ် လွယ်ပါတယ်။
ဆင်ကန်းတောတိုးလုပ်နေတာတွေက မကောင်းသောအကျိုးဆက် တွေပဲရလာ နိုင်ပါတယ်။စိတ်ရှည် သည်းခံမှအဆင်ပြေမဲ့နေ့ရက်တွေပါပဲ။
သင်သည်အရင်က ကြိုးပမ်းဆောင်ရွက်ထားသည်တို့မှ အသီးအပွင့် များ ရရှိမည်။ ဝေးကွာ နေသောသူများနှင့် ပြန်လည်ဆုံစည်းရမည်။
အရပ်ဝေးတွင် ရောက်ရှိနေသော သူ များထံမှသတင်းစကားကောင်းများ ၊လက်ဆောင်ကောင်းများရလိမ့်မည်။ ကာလအတန်ကြာ ရင်းနှီးမြှုပ်နှံထား သော
လုပ်ငန်း စီးပွားတို့မှ ငွေကြေးအကျိုး အမြက်များ ရရှိပိုင်ဆိုင်ခွင့်ရမည်။အလုပ်အကိုင်မှာ လုပ်စရာကိုင်စရာ များ ပြားနေတတ်ပါတယ်။ ဟိုစပ်စပ်ဒီစပ်စပ်မလုပ်ပါနဲ့။
အရေးကြီးတာတွေကို ဦးစားပေးဆောင်ရွက်လိုက်ပါ။ လူငယ် များမကောင်းသောအပေါင်းအသင်းတွေကိုပေါင်းမိရာက မိမိကဒုက္ခရောက် တတ်တဲ့နေ့ရက်တွေပါပဲ။
တစ် ပိုင်း တစ်စ ရပ်တန့်ထားသောလုပ်ငန်းများ ပြန် လည်ဆောင်ရွက်နိုင်မည်။ လူမျိုးကွဲ၊ လူမျိုးခြား အကျိုးပေးမည်။ ကိုယ် တိုင် တွင်လည်းကောင်း၊
မိသားစုတွင် လည်းကောင်း ပြည်ပ၊ နိုင်ငံရပ်ခြားခရီးကိစ္စ ဆောင်ရွက်ခြင်းများ အဆင် ပြေအောင်မြင်မည်။
အချစ်ရေးအညံ့မရှိပါ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မိမိကိုကောင်းစွာအလိုလိုက်ပါလိမ့်မယ်။ ပညာရှာနေသူများ
စာအုပ်စာပေတွေထဲကနေ လိုချင်တဲ့ပညာတွေရလာတတ်ပါတယ်။
အကျိုးပေးဂဏန်း… ၁/၆/၈ အထူးဟော….အလုပ်များ၊ကိစ္စများနေတတ်ပါတယ်။ ယတြာ အုန်းသီး၊အုန်းရည် ဘုရားကပ်လှူပေးပါ။
ကြာသပတေး
ယခုကာလအတွင်း သင်သည် မည်သည့်ကိစ္စကိုမဆို စီမံကိန်းလုပ်၍မရပါ။ ဖြစ်လိုသော ဆန္ဒမှန်သမျှ အလွဲလွဲ အချော်ချော် ကြုံတွေ့ရမည်။
လူငယ်များရေတွင် အပျော်ဆော့ကစားခြင်း၊ ကမ်းခြေခရီးသွားလာခြင်းတို့ကို ရှောင် ကြဉ် ရမည်။ရေရှည်စီမံကိန်းချ၍လုပ်ကိုင်ဆောင်ရွက်လို့မရတတ်ပါတယ်။
ဖြစ်ပေါ်လာတဲ့အခြေအနေပေါ် သုံးသပ်ပြီးလုပ်ကိုင်မှအဆင်ပြေမည်။ သူတစ်ပါးကိစ္စများ ကြားဝင်၍ တာဝန်ယူ ဖြေရှင်းပေးရခြင်း၊ အာမခံပေး ခြင်းများ လုံးဝမပြုလုပ်သင့်ပါ။
သူတစ်ပါးပြဿနာ ကိုယ့်ပြဿနာဖြစ်ခြင်း၊ စေတနာ ဝေဒနာဖြစ်ခြင်းများ ၊ လူပေါင်း မှား၊ ဆုံး ဖြတ် ချက်မှားခြင်းများ ကြုံတွေ့ရ နိုင်ပါသည်။
ဤကာလများအတွင်း တိုက်ဆိုင်၍ ဖြစ်ပေါ်လာသော စန်းပွင့် ခြင်းတို့ သည် စိတ်အနှောက်အယှက် ဖြစ်ခြင်းနှင့် စိတ်သောကဖြစ်ခြင်းတို့ကို ကြုံတွေ့ရစေနိုင်ပါသည်။
ပစ္စည်း ပျောက် တတ် သည်။အပျက်အစီးများနှင့် ကြုံတွေ့ရတတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးတွင် ကြားလူကြောင့် သွေးကွဲရတတ် ပါသည်။ သို့သော် အဆင်မပြေ၊
အထင်လွဲမှားမှုများ မကြာခင် ပြေလည်သွားနိုင်ပါသည်။ကျန်းမာရေးကတော့ အတော့်ကိုအားနည်းပါတယ်။ အစာကြေလွယ်တဲ့အစားအသောက်တွေဦးစားပေး စားပါ။
အစာအိမ်အားနည်းသူများ ပိုမိုသတိရှိသင့်ပါတယ်။ ပညာရေးအတွက်ထင်ထား သလောက် မအောင်မြင်တတ်ပါ။ မှန်းထားသလိုမဖြစ်ပါဘူး။
အကျိုးပေးဂဏန်း…….၂/၀/၇ အထူးဟော…..ကျန်းမာရေးဂရုစိုက်ပါ။ ယတြာ…….ဒိန်ချဉ်ဘုရားကပ်လှူပြီးတော့ လိုရာဆုတောင်းလိုက်ပါ။
သောကြာ
ယခုကာလအတွင်း သင်သည် မိသားစုတွင်ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည်။ အိမ်တွင် လုပ်ငန်းမရှိသူလုပ်ငန်းများ ရမည်။
အလုပ်ရှိသူများ ရာထူးအဆင့်များ တိုးတတ်မည်။အလုပ်တွေကိုအထူးအား ကောင်း အောင်စွမ်းဆောင်နိုင်ပါလိမ့် မယ်။အလုပ်နဲ့ပတ်သက်ပြီးတော့လဲ အပင်ပန်းခံရတာမျိုးတွေ
မျိုးတွေ ကြုံရ တတ်ပါတယ်။လုပ်ငန်းစီးပွားတွေကောင်းမွန်တိုးတတ်ပေမဲ့ အချိန်ပိုလုပ်ရသည်အထိ အလုပ်တွေများ နေတတ်ပါ တယ်။ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ တိုးပွားမည်။
ခြံ၊ ကား အဟောင်းထွက်၍ အသစ်ဝင်မည်။ အသစ်တိုးပွားခြင်းလည်း ဖြစ်တတ်သည်။ဝေးကွာနေသော မိတ်ဆွေကောင်းများနှင့်လည်း ပြန်လည်ဆုံစည်းရမည်။
ဘဝရည်ရွယ်ချက် သစ် များ အကောင်အထည်ဖေါ်နိုင်မည်။ ကုန်ပစ္စည်းများ ဝယ်ယူ၊ ရင်းနှီးမြှုတ်နှံရန် အချိန်အခါကောင်း မဟုတ် သေးပါ။
ဆုံးရှုံးနစ်နာထားသော ငွေကြေး၊ ပစ္စည်း၊ ဥစ္စာများ ပြန်လည်ရရှိမည်။ ကျန်းမာရေးအတွက် သိပ်မညံ့ပေမယ့် အအေး ပတ်တာမျိုးတွေဖြစ်ရတတ်ပါတယ်။
ခေါင်းလျှော်တာမျိုးသတိနဲ့ဆောင်ရွက်ပါ။လူငယ်များအချစ်ရေးမှာ အနေဝေး နေရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အမြင်မတူတာတွေ၊
စကားအနည်းငယ်များရတာမျိုးတွေဖြစ်ရတတ် ပါတယ်။ ပညာရှာနေသူများ ပညာရတတ်သလို၊ပညာနဲ့အသက်မွေးသူများအခွင့်အလမ်းများပေါ်လာမည်။
အကျိုးပေးဂဏန်း…၁/၃/၆ အထူးဟော….ကံမြင့်မားနေမည်။ ယတြာ….. အုန့်နို့ဆန်ပြုတ် ဘုရားရှင်အားကပ်လှူပေးပါ။
စနေ
ယခုကာလအတွင်း သင်သည် ပြဿနာဟောင်းများကို ပြန်လည်ဖြေရှင်း အောင်မြင်နိုင်မည်။ ကံကြမ္မာ ကောင်းများ လွှမ်းမိုးနေသည် ဖြစ်ရာ ဘာပဲလုပ်လုပ်၊
ဘာပဲကိုင်ကိုင် အောင်မြင်ထွန်းပေါက်နိုင်ပါသဖြင့် စိတ်ချမ်းသာ ပျော်ရွှင်မှုများရရှိနိုင်ပါသည်။လုပ်ငန်းဟောင်း များ ရပ်၍ လုပ်ငန်းသစ်များ ၊ အကြံအစည်သစ်များကို
စတင် အကောင် အထည်ဖေါ် ဆောင်ရွက်နိုင်မည်။ နေရာဟောင်းကို စွန့်၍ နေရာသစ်သို့ ပြောင်းလဲရန် အစီအစဉ်များ ကြုံနိုင်သည်။
ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ကြန့်ကြာနေသောလုပ်ငန်းများ ပြီးမြောက် အဆင်ပြေအောင်မြင်အောင် ဆောင်ရွက် နိုင်မည်။
ရပိုင်ခွင့်များလည်း ပြန်လည်ရနိုင်မည်။အများကိစ္စ၊ အဖွဲ့ အစည်း ကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဝေးကွာနေသော မိတ်ဆွေကောင်းများနှင့် ပြန်လည်ဆုံစည်းရမည်။
ဖြစ်နိုင်စွမ်း မရှိဟု သတ်မှတ်ထားသော ကိစ္စတို့ကို စွန့်စားလုပ်ကိုင်၍ အောင်မြင်မှုများ ရရှိဖြစ်ထွန်းမည်။
မရည် ရွယ်ထားဘဲနှင့် ကောင်းမွန်သော ခရီးဝေးများ သွားလာရမည်။ ခြံမြေကိစ္စ၊ နေရာ ထိုင်ခင်းကိစ္စအတွက် စကား ပြောဆိုမှုများ အဆင် ပြေအောင်မြင်မည်။
ဘာပဲ လုပ်လုပ်၊ ဘာပဲကိုင်ကိုင် အဆင်ပြေ အောင် မြင်ခြင်းများရှိနေမည်။အချစ်ရေးအတွက် လွန်စွာမှ စိတ်ချမ်းသာရပါလိမ့်မယ်။
အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ လုပ်ငန်းစီးပွားတိုးတတ်မှုကြောင့် စိတ်ချမ်းသာရမည်။ ကျန်းမာရေးအညံ့အဆိုး မရှိသလောက်နည်းပါးပါလိမ့်မယ်။
အကျိုးပေးဂဏန်း…..၂/၄/၀ အထူးဟော….စန်းအားကောင်းနေမည်။ ယတြာ…..ကော်ဖီနှင့်ကိတ်မုန့် ဘုရားကပ်လှူလိုက်ပါ။
ရရက်သားသမီးများ ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။ ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 09775555695 09445555695
Leave a Comment