အကယ်၍ ကျွန်မ ယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင်













Crd မူရင်းရေးသားသူ

Unicode Version

ဟိုမယားငယ်မလဲ ပါးမရိုက်ဘူး ကိုယ့်ယောက်ျားလဲ ဘာမှမလုပ်ဘူး ကိုယ့်ခွန်အားကို သူတို့ ကို ရိုက်နှက် မသုံးတော့ဘူး..

တခုလတ်မ ဘဝနဲ့ မနက်ဖြန်တွေကို.. ကျော်ဖြတ်ဖို့ ခွန်အား ချန်ထား လိုက်တော့မယ် ကွာရှင်းခွင့်ပဲ တောင်းလိုက်မယ်..

အပျော်အပါးမယားပဲ ရှုပ်ရှုပ်.. သာယာလို့ နောက်မယားပဲ တွေ့တွေ့ အဓိကက ကာယကံရှင် ကိုယ့် ယောကျာ်းက တရားခံပဲ..

အဲမိန်းကလေး ကရော လက်ခံရက်လို့ လက်ခံရင် သူ့ဘဝ နဲ့သူ သွားလိမ့်မယ်..ကျွန်မ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ဝဋ်ဆိုတာ လက်ခံတယ်..

တောင်းပန်ပါတယ် နောက်မ လုပ်ပါဘူး ဆိုပီး ပြန်လာ ပြောလဲ ကျွန်မတို့ မိန်းမတွေသာ မှားခဲ့ရင် ရှင်တို့ ယောက်ျား လက်ခံနိုင် မလားပဲ မေးချင်တယ်..

ကိုယ်တွေမိန်းမ ရွံတာထက် သူတို့ယောကျာ်း တွေက ၁၀ ဆ ပိုရွံပြ ပါလိမ့်မယ်.. ယောကျာ်း တချို့က ပြောကြမယ် မိန်းမ မကောင်းလို့ ယောက်ျား ဖောက်ပြန် ကြတာတဲ့..

အဲလိုပြောပီး ဖောက်ပြန်တဲ့ ယောကျာ်းဟာ ကျွန်မတို့ မိန်းမသားတွေ မျက်တောင် ခတ်တာ တောင် အပြစ်ပြောပီး ဖောက်ပြန် ကြမှာပါ..

အချို့ ကပြောကြတယ် သားသမီး မျက်နှာ ငဲ့လို့ မသတီလဲ အောင့်ကာ ပေါင်းတယ်တဲ့..နင့်အဖေကို နငိ့အမေ မဟုတ်တဲ့ မိန်းမတစ်ယောက်နဲ့

ဘယ်မှာဘယ်လို တွေ့လိုက်တယ်.. ဆိုတဲ့ လေထဲက သတင်းက အမေ သိက္ခာကျလို့ ရှက်ရတာ ထက် ကိုယ့် သားသမီးက ပိုမျက်နှာ ငယ်ရတာပါ..

စိတ်နဲ့ ပဲဖောက်ပြန် ဖောက်ပြန် တညတာ ပဲ ဖောက်ပြန် ဖောက်ပြန်.. မယားငယ် ထားပီး ဖောက်ပြန် ဖောက်ပြန် ဘယ်သူ ဘယ်သူ့ ကိုမှ အပြစ်မတင်ပဲ

ကိုယ့်ကံ ကိုသာ ကိုယ်အပြစ် တင်လိုက်ပါ..သူကဖောက်ပြန်ချင်နေတာ ခဏတာ မဟုတ်ပဲ တဘဝတာ လွတ်လွတ် ကျွတ်ကျွတ်ဖောက်ပြန်နိုင်အောင်

အတား အဆီးမရှိ လွှတ်ပေးလိုက်ပါ.. သူ့လို လူကို ဘေးမှာ ထားတာ ကိုယ် ကိုယ်တိုင် ပူလောင် ပါတယ်…။

Crd မူရင်းရေးသားသူ

Leave a Comment