ငှက်ပျောသီးအစိမ်းတွေကို တစ်နာရီအတွင်း မှည့်သွားစေမယ့်နည်းလမ်း
Unicode Version
ငှက်ပျောသီးအစိမ်းတွေကို တစ်နာရီအတွင်းမှည့်သွားစေမယ့်နည်းလမ်း
ဈေးထဲမှာရောင်းချနေတဲ့ ငှက်ပျောသီးအခိုင်တွေဟာ များသောအားဖြင့် အစိမ်းတွေချည်းပါပဲ။
ငှက်ပျောသီးအစိမ်းတွေဝယ်လာပြီး မမှည့်ခင်မှာ စားချင်တဲ့အခါ သရေကျနေရုံကလွဲပြီးဘာမှမတတ်နိုင်ပါဘူး ။
ဒီတော့ အခုလိုမဖြစ်ရအောင် ကိုယ်စားချင်တဲ့အချိန်မှာ မှည့်သွားအောင်ဘယ်လိုလုပ်မလဲ။
ငှက်ပျောသီးတွေကိုမှည့်စေနိုင်တဲ့ နည်းလမ်း ၃ မျိုးရှိပါတယ်။
၁- တစ်နာရီအတွင်းမှည့်စေခြင်း
ငှက်ပျောသီးတွေကိုတစ်နာရီအတွင်းမှည့်စေချင်ရင်တော့ ငှက်ပျောသီးစိမ်းတွေကို Oven ထဲထည့်ပြီးတော့
၁၅၀ ဒီဂရီစင်တီဂရိတ်နဲ့ တစ်နာရီတိတိ ကင်လိုက်ပါ ။တစ်နာရီကြာတဲ့အခါ Oven ထဲက ထုတ်ပြီးတော့
ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။အေးသွားတဲ့အခါ သင့်ရဲ့ငှက်ပျောသီးဟာ အလွန်အရသာရှိပြီး
ချိုမြိန်မှည့်ဝင်းနေတဲ့ငှက်ပျောသီးဖြစ်သွားကြောင်းတွေ့ရပါလိမ့်မယ်။
၂- နှစ်ရက်အတွင်းမှည့်စေခြင်း
ငှက်ပျောသီးတွေဟာ Ethylene ဆိုတဲ့ ဓါတ်ငွေ့တွေကိုထုတ်လွှတ်လေ့ရှိပါတယ်။ဒီ ဓါတ်ငွေ့ဟာ
အသီးတွေကိုမှည့်စေတဲ့ ဓါတ်တစ်ခုဖြစ်တဲ့အတွက် အခြားအသီးတစ်မျိုးကို ငှက်ပျောသီးနဲ့အတူရောထားတဲ့အခါ
အမှည့်မြန်ရတာပဲဖြစ်ပါတယ်။နှစ်ရက်အတွင်းမှည့်စေချင်ရင်တော့ ဒီဓါတ်ငွေ့ကို ငှက်ပျောသီးတစ်ဝိုက်မှာပဲရှိနေစေဖို့အတွက်
ငှက်ပျောသီးတွေကို ပလတ်စတစ်အိတ်တစ်ခုနဲ့ထုပ်ထားလိုက်ရုံပါပဲ။
၃- ၂ မိနစ်အတွင်းမှည့်စေနည်း
ငှက်ပျောသီးကိုနှစ်မိနစ်အတွင်းမှည့်စေချင်ရင်တော့ ငှက်ပျောသီးကိုခက်ရင်းနဲ့ အပေါက်တွေဖောက်ပြီး
မိုက်ခရိုဝေ့ထဲထည့်ထားလိုက်ပါ။ထို့နောက် ၂ မိနစ်လောက်မိုက်ခရိုဝေ့ကို ဖွင့်ထားလိုက်ပြီး
ငှက်ပျောသီးကိုပြန်ထုတ်လိုက်မယ်ဆိုရင် စားလို့ရလောက်တဲ့အနေအထားရနိုင်ပေမယ့်အရသာကတော့ အနည်းငယ်ခါးနိုင်ပါတယ်။
Writer – Min Thu Credit:(Daily Hot News )
Leave a Comment