ဆီးခ်ိဳသမားမ်ားအတြက္ ေဖ်ာ္ရည္စပ္နည္း (၂)သြယ္

ဆီးခ်ဳိ Type 2 Diabetes အတြက္ ၾကက္ဟင္းခါးသီးေဖ်ာ္ရည္ေဖ်ာ္နည္း

Type 2 Diabetes ဆီးခ်ဳိအမ်ဳိးအစားမွာ ခႏၶာကိုယ္က အင္ဆူလင္ insulin ကိုေကာင္းေကာင္း မတုန္႔ျပန္လို႔ ျဖစ္ရတာ ျဖစ္ၾကပါတယ္။

ေရာဂါျဖစ္ျခင္းက မ်ဳိးရိုး ဗီဇ – အသက္အရြယ္ – မ်ဳိးႏြယ္စုတို႔အေပၚ အေျခခံသလို က်န္းမာေရးနဲ႔ မညီညႊတ္တဲ့

အစာမ်ားစားျခင္း. ကိုယ္လက္လူပ္ရွား ေလ့က်င့္ခန္းမလုပ္ျခင္းစတဲ့လူေနမူပုံစံ life style ေပၚလည္း တည္မွီပါတယ္။

ဆီးခ်ဳိေရာဂါ ကုသရာမွာ ဆီးခ်ဳိထိန္းေဆး အင္ဆူလင္နဲ႔ ကုသရသလို အစားအေသာက္ဆင္ျခင္ျခင္း ၊

ေလ့က်င္ခန္း လုံလုံေလာက္ေလာက္လုပ္ျခင္း – ဓာတ္စာမ်ားစားသုံးျခင္းစသည္တို႔ပါ တြဲဖက္ ကုသရပါတယ္။

ခုကေတာ့ ” ဓာတ္စာက႑အေနနဲ႔ ၾကက္ဟင္းခါးသီးေဖ်ာ္ရည္အေၾကာင္း” ျဖစ္ပါတယ္

ၾကက္ဟင္းခါးသီးမွာ ေပၚလီပတ္ပတိုက္ ပီ Polypeptide – p. , ဗိုက္စီေနVicine ,နဲ႔ ခ်ာရတင္ Charantin ဓာတ္ေပါင္းမ်ားစြာ ပါဝင္ၾကပါတယ္။

၄င္း ဓာတ္ေပါင္းမ်ား ..

ကလူးကိုစ့္ ေမာ္လီက်ဴးမ်ား ဆဲလ္တြင္ ဝင္ေရာက္ေအာင္ကူညီျခင္း- အင္ဆူလင္ ပိုထြက္လာေစျခင္း၊အသည္းနဲ႔ႂကြက္သားတို႔မွာ ဂလိုက္ကိုဂ်င္ ထုတ္လုပ္မူကို အားေပးျခင္း

ခႏၶာကိုယ္က ကလူးကိုစ့္ စုပ္ယူမူကို ေလ်ာ့နည္းေစျခင္း စသည့္လုပ္ငန္းမ်ား ေဆာင္ရြက္သျဖင့္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးပါတယ္။

ၾကက္ဟင္းခါးသီးက ဆီးခ်ဳိအတြက္ အက်ဳိးရွိေပမယ့္ ခါးတဲ့အရသာက အတားအဆီးျဖစ္ေနပါတယ္။

အခါးအရသာေလ်ာ့ပါးသြားေစဖို႔ ဆီးခ်ဳိေရာဂါနဲ႔ အဆင္ေျပတဲ့ ..သခြားသီး, အစိမ္းေရာင္ပန္းသီး , သံပုရိုသီးတို႔ကို ေရာဖို႔ အသုံးျပဳပါတယ္။နႏြင္းမူန္႔လည္း အသုံးျပဳတယ္။

သခြားသီးဟာ ေရဓာတ္မ်ားစြာ ပါဝင္ၿပီး ပန္ကရိယ အင္ဆူလင္ ထုတ္လုပ္ရာမွာ အသုံးျပဳတဲ့ အထူး ေဟာ္မုန္းတခုပါဝင္ပါတယ္။

ပန္းသီးစိမ္းမွာလည္း ေပ်ာ္ဝင္လြယ္တဲ့ ဖိုင္ဘာဓာတ္ ဗီတာမင္စီနဲ႔ အင္တီေအာက္စီဒင့္ မ်ားပါဝင္ၾကပါတယ္။

ဒါ့အျပင္ ပက္တင္( pectin ) ဓာတ္က ခႏၶာကိုယ္က အဆိပ္ အေတာက္မ်ားကို ဖယ္ရွားေပးပါတယ္။သံပုရိုမွာလည္း ေပ်ာ္ဝင္လြယ္တဲ့ ဖိုက္ဘာဓာတ္ ဗီတာမင္စီ ပါဝင္ပါတယ္။

နႏြင္းမွာ ေရာင္ရမ္းမူ႔ေတြေပ်ာက္ေစတဲ့ ကာကူမင္ ( Curcumin )ဓာတ္ပါဝင္ပါတယ္

( ၁ ) – ေဖ်ာ္ရည္ေဖ်ာ္နည္း

ၾကက္ဟင္းခါးသီး ခပ္ႀကီးႀကီး ၂ လုံး ၊သခြားသီး အရြယ္ေတာ္ ၁ လုံး ၊အစိမ္းေရာင္ ပန္းသီး. ၁ လုံး ၊ဆား

လက္ဖက္ရည္ ဇြန္းဝက္၊ ၾကက္ဟင္းခါးသီး – ကို အခြံျခစ္ (အူနဲ႔ အေစ့ထုတ္)

အတုံးေသးေသးေလးေတြလွီး ဆားရည္ ၁၀ မိနစ္ေလာက္စိမ္ – သခြားသီး – ကို အခြံသင္ အတံုးေသးေသးေလးလွီး ၊

အစိမ္းေရာင္ပန္းသီး – ကို အခြံမသင္ပဲ အတုံးေသးေသးေလးေတြလွီး

အားလုံးေရာၿပီး အရည္ညႇစ္သည့္ကရိယာ ( ေဖ်ာ္ရည္ညႇစ္စက္) အရည္ညႇစ္ယူ သံပုရာသီးတစ္ျခမ္း ညႇစ္ထည့္

ေဖ်ာ္ရည္ကို ဝမ္းထဲ အစာမရွိပဲ တစ္ေန႔ ၁ ႀကိမ္ေသာက္ ႏိုင္ပါသည္။

( ၂ ) – ေဖ်ာ္ရည္ေဖ်ာ္နည္း

ၾကက္ဟင္းခါးသီး ခပ္ၿကီးၿကီး ၂ လုံး၊သံပုရို တစ္ ျခမ္း ၊နႏြင္းလက္ဖက္ရည္ဇြန္း ၄ ပုံ ၁ ပုံ ၊ဆား လက္ဖက္ရည္ ဇြန္းဝက္

ၾကက္ဟင္းခါးသီးကို အခြံျခစ္ အတုံးေသးေသးေလးလွီး ဆားရည္ ၁၀ မိနစ္ စိမ္ ေဖ်ာ္ရည္စက္နဲ႔ ၾကက္ဟင္းခါးသီးကို အရည္ညႇစ္ယူ ၊သံပုရို တျခမ္းညႇစ္ထည့္

နႏြင္းမူန္႔ထည့္ ၊ဆားအနည္းငယ္ထည့္ ဝမ္းထဲ အစာမရွိပဲ ေသာက္ရပါမယ္တစ္ေန႔ ၁ ႀကိမ္ ေသာက္ႏိုင္ပါတယ္။

က်န္းမာခ်မ္းသာၾကပါေစ

ေဒါက္တာျမင့္သိန္း( 11.1.2019)

Unicode Version

ဆီးချို Type 2 Diabetes အတွက် ကြက်ဟင်းခါးသီးဖျော်ရည်ဖျော်နည်း

Type 2 Diabetes ဆီးချိုအမျိုးအစားမှာ ခန္ဓာကိုယ်က အင်ဆူလင် insulin ကိုကောင်းကောင်း မတုန့်ပြန်လို့ ဖြစ်ရတာ ဖြစ်ကြပါတယ်။

ရောဂါဖြစ်ခြင်းက မျိုးရိုး ဗီဇ – အသက်အရွယ် – မျိုးနွယ်စုတို့အပေါ် အခြေခံသလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့

အစာများစားခြင်း. ကိုယ်လက်လူပ်ရှား လေ့ကျင့်ခန်းမလုပ်ခြင်းစတဲ့လူနေမူပုံစံ life style ပေါ်လည်း တည်မှီပါတယ်။

ဆီးချိုရောဂါ ကုသရာမှာ ဆီးချိုထိန်းဆေး အင်ဆူလင်နဲ့ ကုသရသလို အစားအသောက်ဆင်ခြင်ခြင်း ၊

လေ့ကျင်ခန်း လုံလုံလောက်လောက်လုပ်ခြင်း – ဓာတ်စာများစားသုံးခြင်းစသည်တို့ပါ တွဲဖက် ကုသရပါတယ်။

ခုကတော့ ” ဓာတ်စာကဏ္ဍအနေနဲ့ ကြက်ဟင်းခါးသီးဖျော်ရည်အကြောင်း” ဖြစ်ပါတယ်

ကြက်ဟင်းခါးသီးမှာ ပေါ်လီပတ်ပတိုက် ပီ Polypeptide – p. , ဗိုက်စီနေVicine ,နဲ့ ချာရတင် Charantin ဓာတ်ပေါင်းများစွာ ပါဝင်ကြပါတယ်။

၄င်း ဓာတ်ပေါင်းများ ..

ကလူးကိုစ့် မော်လီကျူးများ ဆဲလ်တွင် ဝင်ရောက်အောင်ကူညီခြင်း- အင်ဆူလင် ပိုထွက်လာစေခြင်း၊အသည်းနဲ့ကြွက်သားတို့မှာ ဂလိုက်ကိုဂျင် ထုတ်လုပ်မူကို အားပေးခြင်း

ခန္ဓာကိုယ်က ကလူးကိုစ့် စုပ်ယူမူကို လျော့နည်းစေခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်သဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ကြက်ဟင်းခါးသီးက ဆီးချိုအတွက် အကျိုးရှိပေမယ့် ခါးတဲ့အရသာက အတားအဆီးဖြစ်နေပါတယ်။

အခါးအရသာလျော့ပါးသွားစေဖို့ ဆီးချိုရောဂါနဲ့ အဆင်ပြေတဲ့ ..သခွားသီး, အစိမ်းရောင်ပန်းသီး , သံပုရိုသီးတို့ကို ရောဖို့ အသုံးပြုပါတယ်။နနွင်းမူန့်လည်း အသုံးပြုတယ်။

သခွားသီးဟာ ရေဓာတ်များစွာ ပါဝင်ပြီး ပန်ကရိယ အင်ဆူလင် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အထူး ဟော်မုန်းတခုပါဝင်ပါတယ်။

ပန်းသီးစိမ်းမှာလည်း ပျော်ဝင်လွယ်တဲ့ ဖိုင်ဘာဓာတ် ဗီတာမင်စီနဲ့ အင်တီအောက်စီဒင့် များပါဝင်ကြပါတယ်။

ဒါ့အပြင် ပက်တင်( pectin ) ဓာတ်က ခန္ဓာကိုယ်က အဆိပ် အတောက်များကို ဖယ်ရှားပေးပါတယ်။သံပုရိုမှာလည်း ပျော်ဝင်လွယ်တဲ့ ဖိုက်ဘာဓာတ် ဗီတာမင်စီ ပါဝင်ပါတယ်။

နနွင်းမှာ ရောင်ရမ်းမူ့တွေပျောက်စေတဲ့ ကာကူမင် ( Curcumin )ဓာတ်ပါဝင်ပါတယ်

( ၁ ) – ဖျော်ရည်ဖျော်နည်း

ကြက်ဟင်းခါးသီး ခပ်ကြီးကြီး ၂ လုံး ၊သခွားသီး အရွယ်တော် ၁ လုံး ၊အစိမ်းရောင် ပန်းသီး. ၁ လုံး ၊ဆား

လက်ဖက်ရည် ဇွန်းဝက်၊ ကြက်ဟင်းခါးသီး – ကို အခွံခြစ် (အူနဲ့ အစေ့ထုတ်)

အတုံးသေးသေးလေးတွေလှီး ဆားရည် ၁၀ မိနစ်လောက်စိမ် – သခွားသီး – ကို အခွံသင် အတုံးသေးသေးလေးလှီး ၊

အစိမ်းရောင်ပန်းသီး – ကို အခွံမသင်ပဲ အတုံးသေးသေးလေးတွေလှီး

အားလုံးရောပြီး အရည်ညှစ်သည့်ကရိယာ ( ဖျော်ရည်ညှစ်စက်) အရည်ညှစ်ယူ သံပုရာသီးတစ်ခြမ်း ညှစ်ထည့်

ဖျော်ရည်ကို ဝမ်းထဲ အစာမရှိပဲ တစ်နေ့ ၁ ကြိမ်သောက် နိုင်ပါသည်။

( ၂ ) – ဖျော်ရည်ဖျော်နည်း

ကြက်ဟင်းခါးသီး ခပ်ကြီးကြီး ၂ လုံး၊သံပုရို တစ် ခြမ်း ၊နနွင်းလက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ ၊ဆား လက်ဖက်ရည် ဇွန်းဝက်

ကြက်ဟင်းခါးသီးကို အခွံခြစ် အတုံးသေးသေးလေးလှီး ဆားရည် ၁၀ မိနစ် စိမ် ဖျော်ရည်စက်နဲ့ ကြက်ဟင်းခါးသီးကို အရည်ညှစ်ယူ ၊သံပုရို တခြမ်းညှစ်ထည့်

နနွင်းမူန့်ထည့် ၊ဆားအနည်းငယ်ထည့် ဝမ်းထဲ အစာမရှိပဲ သောက်ရပါမယ်တစ်နေ့ ၁ ကြိမ် သောက်နိုင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ

ဒေါက်တာမြင့်သိန်း( 11.1.2019)

Leave a Comment