မိမိနေအိမ်တွင် လာဘ်ပွင့်စေမည့် အဆောင်များ


















Unicode Version

နေအိမ်တွင် လာဘ်ပွင့်စေမည့် အဆောင်များ

အိမ်တစ်အိမ်တွင် အရပ်မျက်နှာအလိုက် ထားရှိသင့်သည့် အဆောင်များနှင့် ရရှိမည့် အကျိုးကျေးဇူးများ-

(၁) အရှေ့အရပ် ထားရှိရမည့်အဆောင်- သစ်သားရုပ်ထုတစ်ခုခု၊ သင်္ဘောပုံ၊

ပင်လယ်ကမ်းခြေပုံ၊ ရေတံခွန်ပုံ အကျိုးကျေးဇူးများ- မိသားစု အေးချမ်း အဆင်ပြေစေသည်။

(၂) အနောက်အရပ် ထားရှိရမည့်အဆောင်- ကြေးခေါင်းလောင်း၊ ဆည်းလည်း အကျိုးကျေးဇူး- ရင်သွေးများ လိမ္မာရေးခြား ရှိလာစေသည်။

(၃) တောင်အရပ် ထားရှိရမည့်အဆောင်- နေလုံးနီနီ ထွက်ပေါ်လာသောဓာတ်ပုံ၊ ငှက်အနီရောင်ဓာတ်ပုံ

အကျိုးကျေးဇူး- ဂုဏ်သတင်း ကျော်ဇောပြီး ကံကောင်းစေပါသည်။

(၄) မြောက်အရပ် ထားရှိရမည့်အဆောင်- ရေဓာတ်နှင့်ဆိုင်သော ငါးမွေးကန်၊ ဒင်္ဂါးပြားများ ထည့်ထားသော

ရေဇလုံ အကျိုးကျေးဇူး- အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုအဆင်ပြေလာမည်ဖြစ်သည်။

(၅) အရှေ့တောင်အရပ် ထားရှိရမည့်အဆောင်- ခြေထောက် သုံးချောင်းရှိသော ဖားရုပ်အကျိုးကျေးဇူး- လာဘ်ရွှင်၊ ကံကောင်းစေပါသည်။

(၆) အနောက်တောင်အရပ် ထားရှိရမည့်အဆောင်- ပန်းအိုးများ၊ ဟင်္သာမောင်နှံရုပ်၊ စုံတွဲရုပ်များ အကျိုးကျေးဇူး- အိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေစေပါသည်။

(၇) အရှေ့မြောက်အရပ် ထားရှိရမည့်အဆောင်- ဖန်ဇလုံထဲသို့ ကျောက်ခဲလေးများထည့်ပြီး

သစ်သားစားပွဲပေါ်တင်ထားပါ။ အကျိုးကျေးဇူး- ပညာရေးနှင့် ပတ်သက်သည့် ကိစ္စများ တိုးတက်အောင်မြင်လာမည် ဖြစ်ပါသည်။

(၈) အနောက်မြောက်အရပ် ထားရှိရမည့်အဆောင်- အဖြူရောင်ရှိသော ငွေထည်ပစ္စည်းများနှင့်

ကြွေထည်ပစ္စည်းများ အကျိုးကျေးဇူး- လူချစ်လူခင် ပေါများစေသည်။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင်🙏

ဗေဒင် ဆရာမ အင်ကြင်းမေ 09402637556, 09773509779

Leave a Comment