မြန်မာ့လွတ်လပ်ရေးဇာတာ နှင့် ဖက်ဒရယ်နိုင်ငံသစ် ပေါ်ထွန်းမယ့်အကြောင်း




















အင်္ဂါဂြိုလ်သည်…



Credit

Unicode Version

မြန်မာ့လွတ်လပ်ရေးဇာတာ

မြန်မာ့တပ်မတော်ပျက်သုဉ်းပြီးဖက်ဒရယ်နိုင်ငံသစ် ပေါ်ထွန်းမယ့်အကြောင်း….

မြန်မာပြည် လွတ်လပ်ရေး ယူတဲ့ ရက်စွဲဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ဖြစ်တယ်။

အင်္ဂလိပ်က မြန်မာပြည် လွတ်လပ်ရေး ပေးတော့မယ် ဆိုတော့ ရက်ကောင်းရက်မြတ် ရွေးကြတယ်။

နာမည်ကျော် ဗေဒင်ဆရာကြီးတွေက အချိန်အခါကောင်း ၅ ခု ပေးကြတယ်။ ရွေးရခက်နေတော့ဦးနုက ပဲခူးမြို့ ကျောင်းအုပ်ဆရာကြီး ဦးသက်တင်ဆီ ဗိုလ်လက်ျာကို လွှတ်ပြီး မေးခိုင်းတယ်

သူက နက္ခတ်ပညာ ကျွမ်းကျင်တယ်။ ဗိုလ်လက်ျာက အနာဂတ် မြန်မာပြည်မှာ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် ဆိုပြီး။

စစ်တပ်အင်အားကြီးမားစေမယ့် လွတ်လပ်ရေး ဇာတာ တွက်ခိုင်းတယ်။

ဆရာကြီး ဦးသက်တင်က မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာမှာ တပ်မတော်အင်အား တောင့်တင်းစေမယ့် အင်္ဂါဂြိုလ် (စစ်ဂြိုလ်)က ပါဝါအရှိဆုံး ရာသီခွင် သိဟ်ရာသီခွင်မှာ ဆရာကြီးက နေရာချပေးလိုက်တယ်။

အဲဒီ ဇာတာရဲ့ ပါဝါအင်အားက အနှစ် ၇၀ ပဲ တည်မြဲတယ်။ အနှစ် ၇၀ ပြည့်သွားရင် အင်အားပျော့သွားပြီ။ လွတ်လပ်ရေးရပြီး အနှစ် ၇၀ ဆိုတော့ ၂၀၁၈ ဇန်နဝါရီက စပြီး တပ်မတော်ရဲ့ အင်အားပါဝါ ကျဆင်းလာတယ်။

၂၀၁၈ အလွန် နှစ်အနည်းငယ်အတွင်းမှာ နိုင်ငံသစ် ပေါ်ထွန်းမယ့် ဇာတာအသစ် ပေါ်ထွန်းဖို့ ရှိတယ်..

၂၀၁၀ မှာ တပ်မတော်ခေါင်းဆောင်တွေဟာ ၂၀၀၈ အခြေခံဥပဒေ ပြဒါန်းပြီး တပ်မတော် အားကောင်းမယ့် ဇာတာအသစ်ဖြစ်အောင် ယတြာတွေနဲ့ ကြိုးစားခဲ့ကြတယ်။

တိုင်းသူပြည်သားအများစုက ထောက်ခံ တင်မြှောက်တဲ့ ကိုယ်စားပြု မင်းအစစ်တွေမဟုတ်လို့ ယတြာတွေဟာ မအောင်မြင်ခဲ့ဘူး။

အခုတော့ ၂၀၀၈ အခြေခံဥပဒေလည်း စည်းပေါက်သွားပြီ။

၂၀၂၁ မှာ…တပ်မတော် ပါဝါအင်အားဟာလုံးဝ ပျက်သုဉ်းသွားပြီ။

လာမည့် ၂၀၂၁ ခုနှစ် မတ်လ ၂၉ ရက် နက္ခတ်လပြည့်ချိန် နံနက် ၁ နာရီ ၁၈ မိနစ်မှာ အင်္ဂါဂြိုလ်ကို ရာဟုအရိပ်မည်း ဖုံးကွယ်ပါမည်။ အင်္ဂါဂြိုလ်နဲ့ ရာဟုဂြိုလ် ဒီဂရီ တိကျစွာ ပူးယှဉ်ပါမယ်။

လွတ်လပ်ရေးဇာတာမှာ ဗြိစ္ဆာလဂ်သခင် ဖြစ်တဲ့ ( စစ်ဂြိုလ် ) အင်္ဂါဂြိုလ်ကို ရာဟုကြတ်ခြင်း ( နက္ခတ်လပြည့်ချိန် မှာ ရာဟုကြတ်တာ ဖြစ်လို့ ) ဟာ

မြန်မာနိုင်ငံအတွင်း တပ်မတော် ပြိုကွဲခြင်း ပျက်သုဉ်းခြင်း၊ တပ်မတော်အကြီးအကဲများ ရာထူးပြုတ်ခြင်း ဖမ်းဆီးခံရခြင်း အကျဉ်းကျခြင်း အသတ်ခံရခြင်း၊

ပြည်တွင်း ပြည်ပနှင့် စစ်ပွဲကြီး ဖြစ်ခြင်း ၊ နောက်လိုက်ငယ်သားများ နှင့် ၎င်းတို့၏ မိသားစုများ သေကြေခြင်း ပျက်ဆီးခြင်း တို့ ဖြစ်ပေါ်ပါမည်။

အဖြစ်အပျက်များမှာ အင်္ဂါဂြိုလ် (စစ်ဂြိုလ်) နှင့် ရာဟုဂြိုလ် နီးကပ်လေလေ သိသာထင်ရှားလာလေလေ ဖြစ်ပါမယ်။

အင်္ဂါဂြိုလ်သည်…

မြောက်လတ္တီတွဒ် ၂၄ ဒီဂရီ ၀၂ မိနစ် ဖြစ်သဖြင့်၊ အင်္ဂါဂြိုလ်သည် ရွှေဘိုမြို့အပေါ် ဖြတ်သန်းနေချိန်မှာ ရာဟုအရိပ်မည်းက အင်္ဂါဂြိုလ်ကို ဖုံးလွှမ်းမှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာတပေါင်း လဆုတ် ၂ ရက် ၊ ၂၀၂၁ မတ်လ ၂၉ ရက် တနင်္လာနေ့ ထိုရက်အနီးအနားတွင် ထူးခြားသောအပြောင်းအလဲဖြစ်ပါမည်။

Credit

Leave a Comment