ပ်က္စီးေနတဲ့ဆံပင္ေတြကို ညႇပ္ထုတ္ပစ္ဖို႔မလိုဘဲ အရွည္ဆက္ထားလို႔ရမယ့္ နည္းလမ္း

ပ်က္စီးေနတဲ့ဆံပင္ေတြကို ညႇပ္ထုတ္ပစ္ဖို႔မလိုဘဲ အရွည္ဆက္ထားလို႔ရမယ့္ နည္းလမ္း

ဆံပင္အရွည္ထားခ်င္ေပမယ့္ ဆံပင္က ပ်က္စီးၿပီးအားနည္းေနလို႔၊ ေျခာက္ေသြ႕ၾကမ္းတမ္းေနလို႔ ညႇပ္ပစ္ရေကာင္းမလားဆိုၿပီး

ေတြေဝေနတဲ့ ပ်ိဳေမေလးေတြအတြက္ ပ်က္စီးၿပီးအားနည္းေနတဲ့ ဆံပင္ေတြကို ညႇပ္ထုတ္ပစ္ဖို႔မလိုဘဲ ဆံပင္အရွည္ဆက္ထားလို႔ရေအာင္

ဒီနည္းေလးေတြနဲ႔သာ ေပါင္းတင္ေပးလိုက္ပါ။ လြယ္ကူၿပီး အကုန္အက်လည္းသက္သာလို႔လူႀကိဳက္မ်ားေနတဲ့နည္းလမ္းေလးေတြဆိုေတာ့ ပ်ိဳေမတို႔လည္း ႀကိဳက္မယ္လို႔ ထင္ပါတယ္ေနာ္။

(၁) ဆံသားအတြင္းပိုင္းထိျပဳျပင္ေပးမယ့္ေပါင္းတင္နည္းေထာပတ္သီး တစ္ျခမ္း၊ ၾကက္ဥအႏွစ္တစ္လုံး၊ ၾကက္ဆူဆီတစ္ဇြန္းတို႔ကို ေရာၿပီးး သမေအာင္ေမႊပါ။

ဦးေရျပားနဲ႔ဆံပင္အႏွံ႔႐ႊဲေနေအာင္ လိမ္းေပးၿပီး မိနစ္ ၂၀ ထားေပးပါ။ ၿပီးမွ ေရေအးနဲ႔ေခါင္းေလွ်ာ္ေပးလိုက္ပါ။ဆံသားပ်က္စီးေနတာေတြကို

အတြင္းပိုင္းအထိျပဳျပင္ေပးတာေၾကာင့္ ဆံပင္ေတြညႇပ္ထုတ္ပစ္ဖို႔ မလိုေအာင္ ျပန္ေကာင္းလာပါလိမ့္မယ္။ တစ္ပတ္ကို ႏွစ္ႀကိမ္လုပ္ေပးႏိုင္ပါတယ္။

(၂) ၾကမ္းၿပီးဖြာေနတဲ့ဆံပင္ေတြအတြက္ေပါင္းတင္နည္းအုန္းဆီသုံးဇြန္း၊ ပ်ားရည္ႏွစ္ဇြန္း၊ ဒိန္ခ်ဥ္တစ္ဇြန္းတို႔ကို ေရာပီး ဦးေရျပားအႏွံ႔နဲ႔ ဆံပင္အဖ်ားေတြအထိ လိမ္းေပးပါ။

မိနစ္ ၂၀ ေလာက္ထားၿပီးေခါင္းေလွ်ာ္ေပးလိုက္ပါ။ေရေႏြးနဲ႔မေလွ်ာ္ဖို႔သတိျပဳပါ။ တစ္ပတ္ကို ႏွစ္ႀကိမ္လုပ္ေပးမယ္ဆိုရင္ ၾကမ္းတမ္းၿပီးဖြာထြက္ေနတဲ့ ဆံပင္ေတြကို ျပန္လည္ေခ်ာေမြ႕လာေစပါလိမ့္မယ္။

(၃) ဆံပင္အရွည္ျမန္ေစတဲ့ေပါင္းတင္နည္းၾကက္ဥတစ္လုံး၊ ပ်ားရည္တစ္ဇြန္း၊ ဒိန္ခ်ဥ္ႏွစ္ဇြန္းကို ေရာထားတဲ့အႏွစ္ကို ဦးေရျပားနဲ႔ ဆံပင္အႏွံ႔လိမ္းေပးၿပီး

shower cap ေလးနဲ႔ မိနစ္ ၂၀ ေလာက္ေပါင္းထားေပးပါ။ေရေအးနဲ႔ေခါင္းေလွ်ာ္ၿပီး သဘာဝအတိုင္းအေျခာက္ခံပါ။

ဒီနည္းကို တစ္ပတ္ႏွစ္ခါလုပ္ေပးမယ္ဆိုရင္ ဆံပင္ေတြ သိသိသာသာအရွည္ျမန္လာတာကိုေတြ႕ရပါလိမ့္မယ္။

(၄) ဆံပင္အုံထူလာေစမယ့္ေပါင္းတင္နည္းေနၾကာဆီ ႏွစ္ဇြန္း၊ ဒိန္ခ်ဥ္ႏွစ္ဇြန္း၊ ၾကက္ဥအႏွစ္တစ္လုံးတို႔ကို ေရာၿပီး သမေအာင္ေမႊပါ။

ေရေႏြးစိမ္ထားတဲ့ တဘက္နဲ႔ မိနစ္ ၂၀ ေလာက္ေပါင္းထားေပးၿပီး ေရေအးနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ တစ္ပတ္ႏွစ္ခါေလာက္ လုပ္ေပးရင္ ဆံပင္ကြၽတ္တာရပ္သြားၿပီး ဆံပင္အုံထူလာေစပါတယ္။

(၅) ဆံပင္အျမစ္ေတြကိုအားျဖည့္ေပးတဲ့ေပါင္းတင္နည္းရွားေစာင္းလက္ပပ္ ႏွစ္ဇြန္း၊ ၾကက္ဆူဆီႏွစ္ဇြန္း၊ ပ်ားရည္ႏွစ္ဇြန္း တို႔ကို သမေအာင္ေမႊၿပီး တစ္ေခါင္းလုံးအႏွံ႔လိမ္းေပးပါ။

နာရီဝက္ေလာက္ထားၿပီး ေရေအးနဲ႔ေခါင္းေလွ်ာ္ေပးလိုက္မယ္ဆိုရင္ ဆံပင္အျမစ္ေတြကို အားျပန္ျဖည့္ေပးတာေၾကာင့္ ဆံပင္ကြၽတ္တာေတြ သက္သာသြားေစပါလိမ့္မယ္။

Unicode Version

ပျက်စီးနေတဲ့ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ အရှည်ဆက်ထားလို့ရမယ့် နည်းလမ်း

ဆံပင်အရှည်ထားချင်ပေမယ့် ဆံပင်က ပျက်စီးပြီးအားနည်းနေလို့၊ ခြောက်သွေ့ကြမ်းတမ်းနေလို့ ညှပ်ပစ်ရကောင်းမလားဆိုပြီး

တွေဝေနေတဲ့ ပျိုမေလေးတွေအတွက် ပျက်စီးပြီးအားနည်းနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ ဆံပင်အရှည်ဆက်ထားလို့ရအောင်

ဒီနည်းလေးတွေနဲ့သာ ပေါင်းတင်ပေးလိုက်ပါ။ လွယ်ကူပြီး အကုန်အကျလည်းသက်သာလို့လူကြိုက်များနေတဲ့နည်းလမ်းလေးတွေဆိုတော့ ပျိုမေတို့လည်း ကြိုက်မယ်လို့ ထင်ပါတယ်နော်။

(၁) ဆံသားအတွင်းပိုင်းထိပြုပြင်ပေးမယ့်ပေါင်းတင်နည်းထောပတ်သီး တစ်ခြမ်း၊ ကြက်ဥအနှစ်တစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်းတို့ကို ရောပြီးး သမအောင်မွှေပါ။

ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင် လိမ်းပေးပြီး မိနစ် ၂၀ ထားပေးပါ။ ပြီးမှ ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။ဆံသားပျက်စီးနေတာတွေကို

အတွင်းပိုင်းအထိပြုပြင်ပေးတာကြောင့် ဆံပင်တွေညှပ်ထုတ်ပစ်ဖို့ မလိုအောင် ပြန်ကောင်းလာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၂) ကြမ်းပြီးဖွာနေတဲ့ဆံပင်တွေအတွက်ပေါင်းတင်နည်းအုန်းဆီသုံးဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို ရောပီး ဦးရေပြားအနှံ့နဲ့ ဆံပင်အဖျားတွေအထိ လိမ်းပေးပါ။

မိနစ် ၂၀ လောက်ထားပြီးခေါင်းလျှော်ပေးလိုက်ပါ။ရေနွေးနဲ့မလျှော်ဖို့သတိပြုပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးမယ်ဆိုရင် ကြမ်းတမ်းပြီးဖွာထွက်နေတဲ့ ဆံပင်တွေကို ပြန်လည်ချောမွေ့လာစေပါလိမ့်မယ်။

(၃) ဆံပင်အရှည်မြန်စေတဲ့ပေါင်းတင်နည်းကြက်ဥတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်းကို ရောထားတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး

shower cap လေးနဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပါ။ရေအေးနဲ့ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပါ။

ဒီနည်းကို တစ်ပတ်နှစ်ခါလုပ်ပေးမယ်ဆိုရင် ဆံပင်တွေ သိသိသာသာအရှည်မြန်လာတာကိုတွေ့ရပါလိမ့်မယ်။

(၄) ဆံပင်အုံထူလာစေမယ့်ပေါင်းတင်နည်းနေကြာဆီ နှစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံးတို့ကို ရောပြီး သမအောင်မွှေပါ။

ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပြီး ရေအေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်နှစ်ခါလောက် လုပ်ပေးရင် ဆံပင်ကျွတ်တာရပ်သွားပြီး ဆံပင်အုံထူလာစေပါတယ်။

(၅) ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့ပေါင်းတင်နည်းရှားစောင်းလက်ပပ် နှစ်ဇွန်း၊ ကြက်ဆူဆီနှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း တို့ကို သမအောင်မွှေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။

နာရီဝက်လောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်မယ်ဆိုရင် ဆံပင်အမြစ်တွေကို အားပြန်ဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်တာတွေ သက်သာသွားစေပါလိမ့်မယ်။

Leave a Comment