အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ

အမ်ိဳးသမီးတစ္ေယာက္ဟာ မိသားစုဝမ္းေရးအတြက္ မနက္တိုင္း ဘိန္းမုန႔္ ဖုတ္ေရာင္းပါတယ္။

မိသားစုဝင္ေတြ လည္း နံနက္စာအျဖစ္ ဘိန္းမုန႔္ပဲ စားၾကပါတယ္။ ေနာက္ၿပီး မနက္တိုင္း မနက္တိုင္းမွာ

ဘိန္းမုန႔္ တစ္ခ်ပ္ အပိုဖုတ္ထားေပးၿပီး ျပတင္းေပါက္မွာ တင္ထားေပးပါတယ္။ သူမ အလုပ္မအားလပ္တဲ့အခ်ိန္ေရာက္လာရင္ သူ႔ဘာသာယူသြားႏိုင္ေအာင္လို႔ေပါ့။

သူမ သတိထားမိတာက ထိုအဖိုးႀကီး မုန႔္လာယူတိုင္း ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားေလးတစ္ခြန္းေတာင္မေျပာဘဲ မုန႔္ယူၿပီးျပန္ထြက္သြားတိုင္းေအာက္ပါအတိုင္းေရ႐ြတ္ေျပာေျပာသြားတယ္။

” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ ”

ေန႔တိုင္း ေန႔တိုင္း အဖိုးႀကီးမုန႔္လာယူတဲ့အခါ အဲ့ဒီလို ပဲ ႐ြတ္႐ြတ္သြားတဲ့ အတြက္ မုန႔္ေကြၽးရတဲ့ မိန္းမႀကီးလည္း ေဒါကန္လာတာေပါ့။

” ဟင္း . . ေက်းဇူးတင္ပါတယ္ဆိုတဲ့ စကားတစ္လုံးေတာင္မေျပာဘဲ ဒီစကားေတြပဲ ထပ္ခါထပ္ခါ ႐ြတ္ေနတယ္။ ဒါ ဘာအဓိပၸါယ္လဲ မသိဘူး။”သူမတစ္ေယာက္ထဲ ေရ႐ြတ္ေနမိသည္။

တစ္ေန႔မွာေတာ့ စိတ္အလိုမက်မႈေတြနဲ႔ေသာက ေပြေနရတဲ့အခ်ိန္မွာ အလိုက္မသိတဲ့ အဖိုးႀကီးကို ရွင္းပစ္ဖို႔ဆုံးျဖတ္လိုက္တယ္။

” ဒီအဖိုးႀကီးကို ရွင္းပစ္မွ နားေအးမယ္ ” သူမတစ္ေယာက္ထဲ ႐ြတ္လိုက္တယ္။

ေနာက္တစ္ေန႔မွာေတာ့ အဖိုးႀကီးအတြက္ သီးသန႔္ ျပင္ဆင္ထားတဲ့ ဘိန္းမုန႔္မွာအဆိပ္ခပ္လိုက္တယ္။ အဆိပ္ခပ္ၿပီး ျပတင္းေပါက္ေပၚတင္ဖို႔ ဟန္ျပင္ေနစဥ္မွာ သူမရဲ႕ လက္ေတြ တုန္ရီလာတယ္။

” ငါဘာေတြ လုပ္ေနပါလိမ့္ ”

သူမခ်က္ခ်င္းပဲ ဘိန္းမုန႔္ကို မီးဖိုထဲ ပစ္ထည့္လိုက္ၿပီး အဖိုးႀကီးအတြက္ အသစ္တစ္ခု ထပ္ဖုတ္ၿပီး ျပတင္းေပါက္မွာ တင္ထားေပးလိုက္တယ္။

အဲ့ဒီမနက္မွာလည္း အရင္လိုပဲ အဖိုးႀကီးေရာက္လာၿပီး ဘိန္းမုန႔္ ယူသြားတယ္။ ပါးစပ္ကလည္း အရင္လိုပဲ ႐ြတ္သြားျပန္တယ္။

” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ ”

အဖိုးႀကီးလည္း အမ်ိဳးသမီးရဲ႕ ႀကိဳတင္ႀကံစည္ခဲ့မႈကို မသိရွာပဲ ဘိန္းမုန႔္ေလးယူၿပီး ဝမ္းေျမာက္စြာျပန္ထြက္သြားတယ္။

အဲ့ဒီညေနမွာေတာ့ တံခါးေခါက္သံၾကားလို႔ သြားဖြင့္ၾကည့္လိုက္တယ္။ သူမအံၾသသြားတယ္။ ပိန္လွီၿပီး နံရံကိုမွီေနတဲ့ သားျဖစ္သူကို သူမေတြ႕လိုက္ရတယ္။

သူ႔ရဲ႕ အဝတ္အစားေတြကလည္း စုတ္ၿပဲေနတယ္။ ၿပီးေတာ့ ဆာေလာင္မြတ္သိပ္မႈေတြနဲ႔ ခ်ည့္နဲ႔ေနတယ္။

တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ဆိုၿပီး ရပ္ေဝးတစ္ေနရာကို ပိုက္ဆံသြားရွာတာ လေတြ သာၾကာလာခဲ့ေပမယ့္ သတင္းအစအနေလးေတာင္မရခဲ့တဲ့

သားေလး ခုအိမ္ေရွ႕မွာ ျပန္ေရာက္ေနၿပီ။မနက္တိုင္းမနက္တိုင္း မွာ အဖိုးႀကီးအတြက္ ျပတင္းေပါက္ေပၚ ဘိန္းမုန႔္တင္ၿပီးတိုင္း

ဒီလႉရတဲ့ ကုသိုလ္ေၾကာင့္ အေဝးတစ္ေနရာကို စီးပြားရွာသြားတဲ့ သားျဖစ္သူ အိမ္ကို ေခ်ာေခ်ာေမြ႕ေမြ႕ျပန္ေရာက္ပါေစလို႔ ဆုေတာင္းတာခဲ့တာေၾကာင့္ အခု သားေလးအိမ္ျပန္ေရာက္လာတာေနမွာေပါ့။

အိမ္ထဲကို ေရာက္တယ္ဆိုရင္ပဲ သားျဖစ္သူက အေမကိုၾကည့္ၿပီး ေျပာျပတယ္

” ေမေမ သားဒီေန႔ဒီကိုေရာက္လာတာ ဘုရားသိၾကားမတာပဲ။ ဒီေနရာကေန တစ္မိုင္ေလာက္အေဝးမွာ ဆာေလာင္မြတ္သိပ္လြန္းလို႔

သားလဲက်သြားေသးတယ္။ သား ေသသြားႏိုင္တဲ့ အေနအထားမွာ ခါးကုန္းကုန္း အဖိုးႀကီးတစ္ေယာက္ျဖတ္သြားတာေတြ႕လို႔

စားစရာေလးမ်ားရွိရင္ နဲနဲေကြၽးပါလို႔ ေတာင္းလိုက္ေတာ့ အဖိုးႀကီးက သူ႔လက္ထဲက ဘိန္းမုန႔္ တစ္ခုလုံးသားကိုေပးခဲ့တယ္ေလ။

ဘိန္းမုန႔္ေပးၿပီး သူကေျပာေသးတယ္ဒီမုန႔္ဟာ ငါေန႔တိုင္းစားတဲ့ မုန႔္ေပါ့။ ဒီေန႔ေတာ့ မင္းက ငါ့ထက္ ပိုၿပီး အစားစားဖို႔လိုအပ္တာေၾကာင့္ မင္းကိုပဲ ေပးပါတယ္ တဲ့ ”

သားျဖစ္သူရဲ႕ စကားေတြၾကားလိုက္ရခ်ိန္မွာ အေမျဖစ္သူ မ်က္ႏွာ မွာ လဲက်မတတ္ ဝမ္းနည္းညႇိဳးေရာ္သြားတယ္။ အိမ္နံရံေလးကို အမွီျပဳရင္း

မနက္က သူမ အဆိပ္ခပ္ဖို႔ ႀကိဳးစားတာကို ျပန္သတိရလာတယ္။ အဲ့ဒီအဆိပ္ခပ္ထားတဲ့ ဘိန္းမုန႔္သာ မီးဖိုထဲ မပစ္လိုက္မိရင္

သူမရဲ႕ သားကို သူမကိုတိုင္ သတ္မိမွာပါလားလို႔ ေနာင္တေတြရလာတယ္။အဖိုးႀကီးေျပာသြားတဲ့ စကားလုံးေတြရဲ႕ အဓိပၸါယ္ကို ခုေတာ့ သူမ ေကာင္းေကာင္း နားလည္သေဘာေပါက္သြားပါၿပီ။

” အကုသိုလ္ျပဳရင္ ဒုကၡေရာက္ပါေစ၊ ကုသိုလ္ျပဳရင္ ေကာင္းက်ိဳးခံစားရပါေစ ”

ဒါေၾကာင့္ ေကာင္းမႈကုသိုလ္ လုပ္ၿပီဆိုရင္ ဦးတည္ခ်က္ခိုင္ခိုင္မာမာနဲ႔ မကြက္မေစာင္းဘဲ ဆက္လုပ္သြားပါ။

ဒီေန႔ အက်ိဳးမေပးရင္ ေနာက္ေန႔ အက်ိဳးေပးပါလိမ့္မယ္။ေနာက္ေန႔ အက်ိဳးမေပးရင္ ေနာင္ဘဝတြင္ အက်ိဳးေပးပါလိမ့္မယ္။

Credit:leypyay

Unicode Version

အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။

မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ

ဘိန်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။

သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်းရေရွတ်ပြောပြောသွားတယ်။

” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”

နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။

” ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်နေတယ်။ ဒါ ဘာအဓိပ္ပါယ်လဲ မသိဘူး။”သူမတစ်ယောက်ထဲ ရေရွတ်နေမိသည်။

တစ်နေ့မှာတော့ စိတ်အလိုမကျမှုတွေနဲ့သောက ပွေနေရတဲ့အချိန်မှာ အလိုက်မသိတဲ့ အဖိုးကြီးကို ရှင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်။

” ဒီအဖိုးကြီးကို ရှင်းပစ်မှ နားအေးမယ် ” သူမတစ်ယောက်ထဲ ရွတ်လိုက်တယ်။

နောက်တစ်နေ့မှာတော့ အဖိုးကြီးအတွက် သီးသန့် ပြင်ဆင်ထားတဲ့ ဘိန်းမုန့်မှာအဆိပ်ခပ်လိုက်တယ်။ အဆိပ်ခပ်ပြီး ပြတင်းပေါက်ပေါ်တင်ဖို့ ဟန်ပြင်နေစဉ်မှာ သူမရဲ့ လက်တွေ တုန်ရီလာတယ်။

” ငါဘာတွေ လုပ်နေပါလိမ့် ”

သူမချက်ချင်းပဲ ဘိန်းမုန့်ကို မီးဖိုထဲ ပစ်ထည့်လိုက်ပြီး အဖိုးကြီးအတွက် အသစ်တစ်ခု ထပ်ဖုတ်ပြီး ပြတင်းပေါက်မှာ တင်ထားပေးလိုက်တယ်။

အဲ့ဒီမနက်မှာလည်း အရင်လိုပဲ အဖိုးကြီးရောက်လာပြီး ဘိန်းမုန့် ယူသွားတယ်။ ပါးစပ်ကလည်း အရင်လိုပဲ ရွတ်သွားပြန်တယ်။

” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”

အဖိုးကြီးလည်း အမျိုးသမီးရဲ့ ကြိုတင်ကြံစည်ခဲ့မှုကို မသိရှာပဲ ဘိန်းမုန့်လေးယူပြီး ဝမ်းမြောက်စွာပြန်ထွက်သွားတယ်။

အဲ့ဒီညနေမှာတော့ တံခါးခေါက်သံကြားလို့ သွားဖွင့်ကြည့်လိုက်တယ်။ သူမအံသြသွားတယ်။ ပိန်လှီပြီး နံရံကိုမှီနေတဲ့ သားဖြစ်သူကို သူမတွေ့လိုက်ရတယ်။

သူ့ရဲ့ အဝတ်အစားတွေကလည်း စုတ်ပြဲနေတယ်။ ပြီးတော့ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ချည့်နဲ့နေတယ်။

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုပြီး ရပ်ဝေးတစ်နေရာကို ပိုက်ဆံသွားရှာတာ လတွေ သာကြာလာခဲ့ပေမယ့် သတင်းအစအနလေးတောင်မရခဲ့တဲ့

သားလေး ခုအိမ်ရှေ့မှာ ပြန်ရောက်နေပြီ။မနက်တိုင်းမနက်တိုင်း မှာ အဖိုးကြီးအတွက် ပြတင်းပေါက်ပေါ် ဘိန်းမုန့်တင်ပြီးတိုင်း

ဒီလှူရတဲ့ ကုသိုလ်ကြောင့် အဝေးတစ်နေရာကို စီးပွားရှာသွားတဲ့ သားဖြစ်သူ အိမ်ကို ချောချောမွေ့မွေ့ပြန်ရောက်ပါစေလို့ ဆုတောင်းတာခဲ့တာကြောင့် အခု သားလေးအိမ်ပြန်ရောက်လာတာနေမှာပေါ့။

အိမ်ထဲကို ရောက်တယ်ဆိုရင်ပဲ သားဖြစ်သူက အမေကိုကြည့်ပြီး ပြောပြတယ်

” မေမေ သားဒီနေ့ဒီကိုရောက်လာတာ ဘုရားသိကြားမတာပဲ။ ဒီနေရာကနေ တစ်မိုင်လောက်အဝေးမှာ ဆာလောင်မွတ်သိပ်လွန်းလို့

သားလဲကျသွားသေးတယ်။ သား သေသွားနိုင်တဲ့ အနေအထားမှာ ခါးကုန်းကုန်း အဖိုးကြီးတစ်ယောက်ဖြတ်သွားတာတွေ့လို့

စားစရာလေးများရှိရင် နဲနဲကျွေးပါလို့ တောင်းလိုက်တော့ အဖိုးကြီးက သူ့လက်ထဲက ဘိန်းမုန့် တစ်ခုလုံးသားကိုပေးခဲ့တယ်လေ။

ဘိန်းမုန့်ပေးပြီး သူကပြောသေးတယ်ဒီမုန့်ဟာ ငါနေ့တိုင်းစားတဲ့ မုန့်ပေါ့။ ဒီနေ့တော့ မင်းက ငါ့ထက် ပိုပြီး အစားစားဖို့လိုအပ်တာကြောင့် မင်းကိုပဲ ပေးပါတယ် တဲ့ ”

သားဖြစ်သူရဲ့ စကားတွေကြားလိုက်ရချိန်မှာ အမေဖြစ်သူ မျက်နှာ မှာ လဲကျမတတ် ဝမ်းနည်းညှိုးရော်သွားတယ်။ အိမ်နံရံလေးကို အမှီပြုရင်း

မနက်က သူမ အဆိပ်ခပ်ဖို့ ကြိုးစားတာကို ပြန်သတိရလာတယ်။ အဲ့ဒီအဆိပ်ခပ်ထားတဲ့ ဘိန်းမုန့်သာ မီးဖိုထဲ မပစ်လိုက်မိရင်

သူမရဲ့ သားကို သူမကိုတိုင် သတ်မိမှာပါလားလို့ နောင်တတွေရလာတယ်။အဖိုးကြီးပြောသွားတဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ခုတော့ သူမ ကောင်းကောင်း နားလည်သဘောပေါက်သွားပါပြီ။

” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ”

ဒါကြောင့် ကောင်းမှုကုသိုလ် လုပ်ပြီဆိုရင် ဦးတည်ချက်ခိုင်ခိုင်မာမာနဲ့ မကွက်မစောင်းဘဲ ဆက်လုပ်သွားပါ။

ဒီနေ့ အကျိုးမပေးရင် နောက်နေ့ အကျိုးပေးပါလိမ့်မယ်။နောက်နေ့ အကျိုးမပေးရင် နောင်ဘဝတွင် အကျိုးပေးပါလိမ့်မယ်။

Credit:leypyay

Leave a Comment