ငရဲမ်က္လုံးနဲ႔ မၾကည့္နဲ႔ ေက်ာင္းဒကာ…

ငရဲမ်က္လုံးနဲ႔ မၾကည့္နဲ႔ေက်ာင္း ဒကာ…။

တစ္ခါေသာ္မစိုးရိမ္တိုက္သစ္ မဟာနာယကခ်ဳပ္ ဆရာေတာ္ဘုရားႀကီးထံသို႔ေက်ာင္းဒကာတစ္ဦး ဆြမ္းခ်ိဳင့္ကိုကိုင္ၿပီးတက္လာ၏။

ေရာက္မဆိုက္ပင္မေက်နပ္တဲ့ေလသံနဲ႔ဆရာေတာ္ဘုရားႀကီးကိုေလၽွာက္ထားေလ၏။

ဆရာေတာ္ဘုရာ့း့့ တပည့္ေတာ္ ေက်ာင္းထဲကို ဝင္လာေတာ့ေက်ာင္းေထာင့္နားမွာ ကိုယ္ေတာ္ငါးပါး

ခါးေထာင္းေတြ က်ိဳက္ၿပီး ျခင္းခတ္ေနၾကတယ္ဘုရား။အဲ့ဒါ ဆုံးမေပးပါအုံး အျမင္ မေတာ္ဘူးဘုရား။

“ေအး ဟုတ္ပီကြ ဆုံးမေပးမယ္””ကဲ-ငါနဲ႔ ခဏလိုက္ခဲ့လာ”ဆရာေတာ္က ဒကာကိုေခၚေဆာင္ကာဦးဇင္းေတြ

စာဝါတက္ေနတဲ့ ဓမၼသမၸတၱိအေဆာင္ဓမၼမဟိဒၶိအေဆာင္သို႔ ေခၚေဆာင္သြား၏။ဆရာေတာ့္အေဆာင္သို႔ ျပန္ေရာက္ေတာ့ ဒကာကိုေမး၏။

”မင္း-ခုန ျမင္ခဲ့တဲ့ စာသင္ေနတဲ့ကိုယ္ေတာ္ေတြနဲ႔ျခင္းခတ္ေနတဲ့ ကိုယ္ေတာ္ေတြ ဘယ္ဟာကမ်ားလဲၾကည့္”

“ဟာ- ဆရာေတာ့့့္စာသင္ေနတာက ေထာင္ခ်ီရွိတယ္ေလ။စာသင္ေနတဲ့ကိုယ္ေတာ္ေတြက မ်ားတာေပါ့။ျခင္းခတ္ေနတဲ့ ကိုယ္ေတာ္က ငါးပါးထဲရယ္”

“ေအး မင္းတို႔ ဒကာဒကာမေတြကအဲ့ဒီ စာသင္ေနတဲ့ ဦးဇင္းေတြကိုၾကည္ညိဳရေကာင္းမွန္းမွ မသိပဲ “ဘာမွ မေျပာပေလာက္တဲ့ ေလးငါးပါးကိုၾကည့္ၿပီးငရဲယူေနၾကတာ။

ငရဲမ်က္လုံးနဲ႔ ၾကည့္ေနၾကတာ ငရဲက်တာေတာင္ နည္းေသးသကြာ” “မွတ္ထားကြ

ဘာပဲၾကည့္ၾကည့္ နတ္ျပည္ေရာက္မယ့္ မ်က္စိနဲ႔ပဲၾကည့္။ငရဲသြားမယ့္ မ်က္စိနဲ႔ မၾကည့္နဲ႔…”တဲ့

ကြက္ကနဲျမင္ေအာင္ ဒတ္ကနဲထိေအာင္ လက္ေတြ႕ဥပမာနဲ႔ ေနာင္လာေနာက္သားေတြမွတ္သားရစ္ ရေလေအာင္ ဆုံးမနိုင္တဲ့ဆရာေတာ္ႀကီးပါတကား။

ကဲ ဘာမ်က္လုံးနဲ႔ၾကည့္ၾကမလဲ ေရြးၾကေလ…..။(ဧဝံ ေမ သုတံ)

Credit to original uploader

Unicode Version

ငရဲမျက်လုံးနဲ့ မကြည့်နဲ့ကျောင်း ဒကာ…။

တစ်ခါသော်မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် ဆရာတော်ဘုရားကြီးထံသို့ကျောင်းဒကာတစ်ဦး ဆွမ်းချိုင့်ကိုကိုင်ပြီးတက်လာ၏။

ရောက်မဆိုက်ပင်မကျေနပ်တဲ့လေသံနဲ့ဆရာတော်ဘုရားကြီးကိုလျှောက်ထားလေ၏။

ဆရာတော်ဘုရာ့း့့ တပည့်တော် ကျောင်းထဲကို ဝင်လာတော့ကျောင်းထောင့်နားမှာ ကိုယ်တော်ငါးပါး

ခါးထောင်းတွေ ကျိုက်ပြီး ခြင်းခတ်နေကြတယ်ဘုရား။အဲ့ဒါ ဆုံးမပေးပါအုံး အမြင် မတော်ဘူးဘုရား။

“အေး ဟုတ်ပီကွ ဆုံးမပေးမယ်””ကဲ-ငါနဲ့ ခဏလိုက်ခဲ့လာ”ဆရာတော်က ဒကာကိုခေါ်ဆောင်ကာဦးဇင်းတွေ

စာဝါတက်နေတဲ့ ဓမ္မသမ္ပတ္တိအဆောင်ဓမ္မမဟိဒ္ဓိအဆောင်သို့ ခေါ်ဆောင်သွား၏။ဆရာတော့်အဆောင်သို့ ပြန်ရောက်တော့ ဒကာကိုမေး၏။

”မင်း-ခုန မြင်ခဲ့တဲ့ စာသင်နေတဲ့ကိုယ်တော်တွေနဲ့ခြင်းခတ်နေတဲ့ ကိုယ်တော်တွေ ဘယ်ဟာကများလဲကြည့်”

“ဟာ- ဆရာတော့့့်စာသင်နေတာက ထောင်ချီရှိတယ်လေ။စာသင်နေတဲ့ကိုယ်တော်တွေက များတာပေါ့။ခြင်းခတ်နေတဲ့ ကိုယ်တော်က ငါးပါးထဲရယ်”

“အေး မင်းတို့ ဒကာဒကာမတွေကအဲ့ဒီ စာသင်နေတဲ့ ဦးဇင်းတွေကိုကြည်ညိုရကောင်းမှန်းမှ မသိပဲ “ဘာမှ မပြောပလောက်တဲ့ လေးငါးပါးကိုကြည့်ပြီးငရဲယူနေကြတာ။

ငရဲမျက်လုံးနဲ့ ကြည့်နေကြတာ ငရဲကျတာတောင် နည်းသေးသကွာ” “မှတ်ထားကွ

ဘာပဲကြည့်ကြည့် နတ်ပြည်ရောက်မယ့် မျက်စိနဲ့ပဲကြည့်။ငရဲသွားမယ့် မျက်စိနဲ့ မကြည့်နဲ့…”တဲ့

ကွက်ကနဲမြင်အောင် ဒတ်ကနဲထိအောင် လက်တွေ့ဥပမာနဲ့ နောင်လာနောက်သားတွေမှတ်သားရစ် ရလေအောင် ဆုံးမနိုင်တဲ့ဆရာတော်ကြီးပါတကား။

ကဲ ဘာမျက်လုံးနဲ့ကြည့်ကြမလဲ ရွေးကြလေ…..။(ဧဝံ မေ သုတံ)

Credit to original uploader

Leave a Comment