တံျမက္စည္းဥပမာ(လုံးဝ good တယ္ဗ်ာ)ဖတ္လိုက္ရတာ စိတ္ခ်မ္းသာလိုက္တာ

တံျမက္စည္း(လုံးဝ good တယ္ဗ်ာ)ဖတ္လိုက္ရတာ စိတ္ခ်မ္းသာလိုက္တာ

တစ္ခါတုန္းက တံျမက္စည္းသည္ႀကီးကတံျမက္စည္းႏွစ္ေခ်ာင္းကိုေရာင္းခ်ခဲ့တယ္။

ဝယ္တဲ့သူက တစ္ေခ်ာင္းကိုအိမ္ေပၚမွာလွည္းဖို႔နဲ႔တစ္ေခ်ာင္းကေျမႀကီးမွာလွည္းဖို႔ဆိုၿပီး ဝယ္ခဲ့တာေပါ့။

ေျမႀကီးမွာ အလွည္းခံရတဲ့တံျမက္စည္းကေန႔စဥ္ေန႔တိုင္း ဖႈန္ေတြနဲ႔လုံးပန္းက်င္ႀကီးက်င္ငယ္ေတြနဲ႔ထိရ

ၾကမ္းတမ္းတဲ့ေက်ာက္စရစ္ေတြနဲ႔လဲ ၾကဳံရဆုံရေတာ့သူ႔ဘဝဟာ ၾကမ္းသထက္ၾကမ္းလာတယ္တဲ့။

ဒီဟာကိုၾကည့္ၿပီးသူ႔ဘဝသူ အားငယ္တတ္လာတယ္။အိမ္ေပၚမွာ ေနရတဲ့တံျမက္စည္းေလးျဖစ္ရင္သိပ္ေကာင္းမွာ

သူ႔ဘဝက်ေတာ့ေနလဲမပူၾကမ္းတဲ့ေက်ာက္စရစ္ေတြနဲ႔မေတြ႕ရက်င္ႀကီးက်င္ငယ္နဲ႔မဆုံနဲ႔..သူ႔ဘဝသာယာေနမွာဘဲဆိုၿပီး

သူ႔မိတ္ေဆြ အိမ္ေပၚလွည္းခံရတဲ့တံျမက္စည္းကို အားက်ေနတယ္တဲ့။

ေနာက္ၿပီး သူကအိမ္ေပၚမွာေနရေတာ့သူက သင္းပ်ံ႕တဲ့ရနံ့ေတြနဲ႔ေနရမွာပဲငါလိုဘဝမၾကမ္းေလာက္ဘူး

ငါလဲသူ႔လိုဘဝေရာက္ရင္သိပ္ေကာင္းမွာပဲဆိုၿပီး….အျမဲေတြးၿပီးေနတတ္တယ္တဲ့။

ဒါနဲ႔တစ္ေန႔ သူ႔သူငယ္ခ်င္းတံျမက္စည္းကိုေလွခါးနားမွာ ဆုံမိၾကတယ္တဲ့။စကားေျပာျဖစ္ၾကတယ္ေပါ့။

အိမ္ေအာက္ေျမႀကီးမွာအလွည္းခံရတဲ့တံျမက္စည္းက…

“သူငယ္ခ်င္း မင္းဘဝကသိပ္သာယာတာပဲကြာ။ငါ့လိုမၾကမ္းတမ္းဘူးမေကာင္းတဲ့ရနံ့ေတြနဲ႔ မထိေတြရဘူး။မင္းဘဝကသိပ္ေပ်ာ္စရာေကာင္းမွာပဲလို႔ေျပာရွာသတဲ့!

“မင္းလိုဘဝမ်ိဳးေနခ်င္လိုက္တာ”လို႔ ခဏခဏေျပာသတဲ့။

ဒါနဲ႔အိမ္ေပၚက…တံျမက္စည္းကျပန္ေျပာလိုက္တာက

” တကယ္ေတာ့ အျပင္ျမင္ရင္ေတာ့သာယာတယ္မင္းထင္ခ်င္ထင္လိမ့္မယ္မသာယာပါဘူးကြာ။

လင္မယားခ်င္းရန္ျဖစ္လဲငါ့ကိုဆြဲၿပီး ရိုက္ၾကတယ္။တေယာက္နဲ႔တေယာက္ဆြဲၾက လုၾကတယ္။

သားသမီးရိုက္ၿပီးဆိုလဲငါ့ကိုအသုံးျပဳတယ္။ဒါနဲ႔တေယာက္နဲ႔တေယာက္ဆြဲၾကလုၾကျပန္ေရာ

ငါ့ဘဝက မင္းလိုမၾကမ္းတမ္းေပမဲ့ေန႔စဥ္ နားၿငီးရသလို နာက်င္တဲ့ေဝဒနာခံစားရတယ္ စိတ္ရႈပ္ရတယ္။

ငါက ပင္ပန္းတာမခံရေပမဲ့စိတ္ရႈပ္စရာႀကီးပါ။

ေနာက္ၿပီးငါ့ကိုဘယ္နားမွာထားတာလဲမင္းသိလား ေျခနင္းခုံနားမွာထားတာ

ဟုိလူလာလဲ တိုက္သြားနင္းသြား နဲ႔ မင္းကြာေသခ်င္ေစာ္ကိုနံေရာ”လို႔ေျပာျပလိုက္ေတာ့…

အိမ္ေအာက္တံျမက္စည္းကသူ႔ဘဝသူေက်နပ္သလိုခံစားခံစားရသြားတယ္တဲ့။

သူကေတြးလိုက္သည္မွာကဪ.. အျပင္ပုံသဏၭာန္လွေပမဲ့..ဘဝဒုကၡေထြေထြကငါ့ထက္မ်ားလွပါလား

တကယ္ေတာ့ ငါ့ဘဝက ၾကမ္းေပမဲ့သူ႔ေလာက္မဆိုးေသးပါလားလို႔ ေတြးၿပီးေခါင္းငုံ႔ကာ သူငယ္ခ်င္းႏွစ္ေယာက္သူ႔ေနရာသူျပန္ၾကသတဲ့။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ေလာကလူေတြလဲပုံျပင္ေလးထဲကလိုအျပင္မွာၾကမ္းလို႔လဲ စိတ္မပ်က္နဲ႔အိမ္ေကာင္းေကာင္းနဲ႔ေနေနရတယ္

သင္းပ်ံ႕တဲ့ရနံ့ေတြၾကားမွာေနေနရတယ္ဆိုေပမဲ့လဲ အားမက်နဲ႔ အျပင္လွၿပီးအတြင္းပုတ္တာေတြအမ်ားႀကီးပါ။

တကယ္ေတာ့…ကိုယ္ရထားတဲ့ဘဝေလးကိုအက်ိဳးရွိရွိေပးဆပ္ၿပီး ေလာကကိုအလွဆင္ခြင့္ရေနတာေလးကိုကေက်နပ္စရာျဖစ္ေအာင္ႀကိဳးစားၿပီးေနထိုင္သင့္ပါတယ္။

အျပင္မွာၾကမ္းေပမဲ့ အတြင္းမွာ..သင္းပ်ံ႕တဲ့ရနံ့ရွိေအာင္ႀကိဳးစားၿပီးေနထိုင္မယ္ဆိုရင္..ဘဝဟာသာယာပါတယ္။

credit –

Unicode Version

တံမြက်စည်း(လုံးဝ good တယ်ဗျာ)ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးကတံမြက်စည်းနှစ်ချောင်းကိုရောင်းချခဲ့တယ်။

ဝယ်တဲ့သူက တစ်ချောင်းကိုအိမ်ပေါ်မှာလှည်းဖို့နဲ့တစ်ချောင်းကမြေကြီးမှာလှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။

မြေကြီးမှာ အလှည်းခံရတဲ့တံမြက်စည်းကနေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်းကျင်ကြီးကျင်ငယ်တွေနဲ့ထိရ

ကြမ်းတမ်းတဲ့ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့သူ့ဘဝဟာ ကြမ်းသထက်ကြမ်းလာတယ်တဲ့။

ဒီဟာကိုကြည့်ပြီးသူ့ဘဝသူ အားငယ်တတ်လာတယ်။အိမ်ပေါ်မှာ နေရတဲ့တံမြက်စည်းလေးဖြစ်ရင်သိပ်ကောင်းမှာ

သူ့ဘဝကျတော့နေလဲမပူကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့..သူ့ဘဝသာယာနေမှာဘဲဆိုပြီး

သူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့တံမြက်စည်းကို အားကျနေတယ်တဲ့။

နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲငါလိုဘဝမကြမ်းလောက်ဘူး

ငါလဲသူ့လိုဘဝရောက်ရင်သိပ်ကောင်းမှာပဲဆိုပြီး….အမြဲတွေးပြီးနေတတ်တယ်တဲ့။

ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကိုလှေခါးနားမှာ ဆုံမိကြတယ်တဲ့။စကားပြောဖြစ်ကြတယ်ပေါ့။

အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့တံမြက်စည်းက…

“သူငယ်ချင်း မင်းဘဝကသိပ်သာယာတာပဲကွာ။ငါ့လိုမကြမ်းတမ်းဘူးမကောင်းတဲ့ရနံ့တွေနဲ့ မထိတွေရဘူး။မင်းဘဝကသိပ်ပျော်စရာကောင်းမှာပဲလို့ပြောရှာသတဲ့!

“မင်းလိုဘဝမျိုးနေချင်လိုက်တာ”လို့ ခဏခဏပြောသတဲ့။

ဒါနဲ့အိမ်ပေါ်က…တံမြက်စည်းကပြန်ပြောလိုက်တာက

” တကယ်တော့ အပြင်မြင်ရင်တော့သာယာတယ်မင်းထင်ချင်ထင်လိမ့်မယ်မသာယာပါဘူးကွာ။

လင်မယားချင်းရန်ဖြစ်လဲငါ့ကိုဆွဲပြီး ရိုက်ကြတယ်။တယောက်နဲ့တယောက်ဆွဲကြ လုကြတယ်။

သားသမီးရိုက်ပြီးဆိုလဲငါ့ကိုအသုံးပြုတယ်။ဒါနဲ့တယောက်နဲ့တယောက်ဆွဲကြလုကြပြန်ရော

ငါ့ဘဝက မင်းလိုမကြမ်းတမ်းပေမဲ့နေ့စဉ် နားငြီးရသလို နာကျင်တဲ့ဝေဒနာခံစားရတယ် စိတ်ရှုပ်ရတယ်။

ငါက ပင်ပန်းတာမခံရပေမဲ့စိတ်ရှုပ်စရာကြီးပါ။

နောက်ပြီးငါ့ကိုဘယ်နားမှာထားတာလဲမင်းသိလား ခြေနင်းခုံနားမှာထားတာ

ဟိုလူလာလဲ တိုက်သွားနင်းသွား နဲ့ မင်းကွာသေချင်စော်ကိုနံရော”လို့ပြောပြလိုက်တော့…

အိမ်အောက်တံမြက်စည်းကသူ့ဘဝသူကျေနပ်သလိုခံစားခံစားရသွားတယ်တဲ့။

သူကတွေးလိုက်သည်မှာကဪ.. အပြင်ပုံသဏ္ဌာန်လှပေမဲ့..ဘဝဒုက္ခထွေထွေကငါ့ထက်များလှပါလား

တကယ်တော့ ငါ့ဘဝက ကြမ်းပေမဲ့သူ့လောက်မဆိုးသေးပါလားလို့ တွေးပြီးခေါင်းငုံ့ကာ သူငယ်ချင်းနှစ်ယောက်သူ့နေရာသူပြန်ကြသတဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။လောကလူတွေလဲပုံပြင်လေးထဲကလိုအပြင်မှာကြမ်းလို့လဲ စိတ်မပျက်နဲ့အိမ်ကောင်းကောင်းနဲ့နေနေရတယ်

သင်းပျံ့တဲ့ရနံ့တွေကြားမှာနေနေရတယ်ဆိုပေမဲ့လဲ အားမကျနဲ့ အပြင်လှပြီးအတွင်းပုတ်တာတွေအများကြီးပါ။

တကယ်တော့…ကိုယ်ရထားတဲ့ဘဝလေးကိုအကျိုးရှိရှိပေးဆပ်ပြီး လောကကိုအလှဆင်ခွင့်ရနေတာလေးကိုကကျေနပ်စရာဖြစ်အောင်ကြိုးစားပြီးနေထိုင်သင့်ပါတယ်။

အပြင်မှာကြမ်းပေမဲ့ အတွင်းမှာ..သင်းပျံ့တဲ့ရနံ့ရှိအောင်ကြိုးစားပြီးနေထိုင်မယ်ဆိုရင်..ဘဝဟာသာယာပါတယ်။

credit –

Leave a Comment