ရင္နင့္ဖြယ္ရာ ေကာင္းလွတဲ့ အႏုပညာသမားေတြရဲ႕ တတိယအရြယ္ ေနဝင္ခ်ိန္…

ရင္နင့္ဖြယ္ရာ ေကာင္းလွတဲ့ အႏုပညာသမားေတြရဲ႕ တတိယအရြယ္ ေနဝင္ခ်ိန္

အႏုပညာ သမားေတြ…

ဒီပုံေလးျမင္ေတာ့ ပထမ ရီခ်င္မိသား ေနာက္ေတာ့ အႏုပညာသမားေတြရဲ့ တတိယအရြယ္ ေနဝင္ခ်ိန္ဟာ ခက္ခဲ ရင္နင့္ဖြယ္ေကာင္းလွပါလားရယ္လို႔ အေတြးရသြားမိပါတယ္ဗ်ာ…

အသံမွာ စိန္ေအာင္မင္း ၿပီးရင္ အေကာင္းဆုံးလို႔ သတ္မွတ္ခံခဲ့ရတဲ့ ပုလဲစိန္ ဟာ ဘီအီးဒီ ေအာင္သိုက္ လူငယ္ၾကည္ခိုင္တို႔နဲ႔ တြဲၿပီး လ်မ္းလ်မ္းေတာက္ ေအာင္ျမင္ခဲ့ ဖူးပါတ…

ဖိုးခ်စ္ကရာ ဇာတ္႐ုံရဲ့ နေဘး ယာေတာကတဲေလးမွာ လူတစ္ေယာက္ ေသအံ့မူးမူး ျဖစ္ေနလို႔ ဇာတ္အဖြဲ႕သား တစ္ေယာက္သြားၾကည့္ၿပီး ေမးစမ္းၾကည့္ေတာ့မွ

“ပုလဲစိန္” တဲ့ ျပဳစု ကုသဖို႔ ဝိုင္းက်ိဳးစားၾကေပမဲ့ ဆုံးပါးသြားခဲ့ရပါတယ္…

တစ္ေခတ္မွာတစ္ေယာက္လို႔ ဆိုရမဲ့ၿမိဳ႕မၿငိမ္းဟာ ေရာင္စုံ ဒုတ္ထိုး႐ုပ္ေလးေတြေရာင္းၿပီး ဝမ္းေရးအတြက္ ေျဖရွင္းခဲ့ရ ဖူးသတဲ့

ကားကို အရမ္းေၾကာက္တဲ့သူဟာ အုတ္သယ္ကားေအာက္ကို ေခါင္းထိုးထဲ့ၿပီးမိမိကိုယ္ကို အဆုံးစီရင္ သြားခဲ့ရွာပါတယ္…

ပန္းရည္ဘဏ္တိုက္ ေရႊပုပၸါး ႐ုပ္ေသးပြဲ သီခ်င္းေတြ ေရးခဲ့တဲ့ ကံျမဲ ဦးေအးေက်ာ္ဟာ ႏြားတင္းကုတ္ထဲမွာ လူမသိဘဲ အသက္ဆုံးပါးခဲ့ရပါတယ္…

ေရဒီယိုေခတ္ ကာလေပၚသီခ်င္းေတြကစလို႔ နာမည္ႀကီး စတီဒီယို သီခ်င္းေပါင္းမ်ားစြာကို ေရးစပ္ေပးခဲ့တဲ့ ကိုေလးလြင္ဟာ

မိုးသဲေနတဲ့အခ်ိန္ တာေမြမီးသတ္ေရွ႕က ပလက္ေဖာင္းေပၚမွာ လဲေနခဲ့ပါတယ္ လက္ထဲမွာ ေခါက္ဆြဲသုတ္ ထုတ္ကေလး နဲ႔တဲ့

( ေနမေကာင္းတဲ့ၾကားက သူ႔သမီးစားခ်င္တယ္ဆိုလို႔သြားဝယ္ေပးရင္း အားျပတ္ၿပီး လဲသြားခဲ့ရတာပါ)ေဘးလူေတြက ေမးစမ္းၿပီး ေဆး႐ုံပို႔ေပးၾကေပမဲ့အသက္ မမွီေတာ့ပါဖူး

နာမည္ကသာ အႏုပညာ သမား ဒါေပမဲ့ သူတို႔ဘဝေတြဟာ ရွင္သန္ဖို႔ ခက္ခဲၾကမ္းတမ္းလြန္းလွပါတယ္ဗ်ာ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္

Unicode Version

ရင်နင့်ဖွယ်ရာ ကောင်းလှတဲ့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန်

အနုပညာ သမားတွေ…

ဒီပုံလေးမြင်တော့ ပထမ ရီချင်မိသား နောက်တော့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲ ရင်နင့်ဖွယ်ကောင်းလှပါလားရယ်လို့ အတွေးရသွားမိပါတယ်ဗျာ…

အသံမှာ စိန်အောင်မင်း ပြီးရင် အကောင်းဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ ပုလဲစိန် ဟာ ဘီအီးဒီ အောင်သိုက် လူငယ်ကြည်ခိုင်တို့နဲ့ တွဲပြီး လျမ်းလျမ်းတောက် အောင်မြင်ခဲ့ ဖူးပါတ…

ဖိုးချစ်ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့ ဇာတ်အဖွဲ့သား တစ်ယောက်သွားကြည့်ပြီး မေးစမ်းကြည့်တော့မှ

“ပုလဲစိန်” တဲ့ ပြုစု ကုသဖို့ ဝိုင်းကျိုးစားကြပေမဲ့ ဆုံးပါးသွားခဲ့ရပါတယ်…

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမဲ့မြို့မငြိမ်းဟာ ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရ ဖူးသတဲ့

ကားကို အရမ်းကြောက်တဲ့သူဟာ အုတ်သယ်ကားအောက်ကို ခေါင်းထိုးထဲ့ပြီးမိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ်…

ပန်းရည်ဘဏ်တိုက် ရွှေပုပ္ပါး ရုပ်သေးပွဲ သီချင်းတွေ ရေးခဲ့တဲ့ ကံမြဲ ဦးအေးကျော်ဟာ နွားတင်းကုတ်ထဲမှာ လူမသိဘဲ အသက်ဆုံးပါးခဲ့ရပါတယ်…

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့ နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို ရေးစပ်ပေးခဲ့တဲ့ ကိုလေးလွင်ဟာ

မိုးသဲနေတဲ့အချိန် တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ လဲနေခဲ့ပါတယ် လက်ထဲမှာ ခေါက်ဆွဲသုတ် ထုတ်ကလေး နဲ့တဲ့

( နေမကောင်းတဲ့ကြားက သူ့သမီးစားချင်တယ်ဆိုလို့သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ)ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမဲ့အသက် မမှီတော့ပါဖူး

နာမည်ကသာ အနုပညာ သမား ဒါပေမဲ့ သူတို့ဘဝတွေဟာ ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်

Leave a Comment