တောင်းရမ်းစားသောက်သူ အများစုရဲ့ တကယ့်ဘဝအမှန်

လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က..မန္တလေးမြို့အတွင်းမှာ လိုက်လံတောင်းစားနေတဲ့..ကလေးလူကြီး တော်တော်များများကို တွေ့ဆုံပြီး..

သူတို့အတွက်အလုပ်ရရှိရေး..စားဝတ်နေမှု၊ အဆင်ပြေရေး..တို့အတွက် ကျတော်နဲ့ ကျတော်တို.ရဲ့ ဆရာတွေ စုပေါင်းပြီး သုတောင်းစား တော်တော်များများနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ညဈေးတန်းမှာတောင်းစားနေသူများ၊ မိန်းထဲမှာ..တောင်းစားနေသူများ၊ ရတနာပုံဈေး အနီးတဝိုက် တောင်းစားနေသူများ၊ ဘုရားကြီး.အနီး.ပတ်ဝန်းကျင်တောင်းစားနေသူများနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဓိက ရည်ရွယ်ချက်တော့ သူတို့အားလုံး..ရိုးရိုးသားသား လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ပါ။ ဒါကြောင့်.သူတို့တွေနဲ့ အဆင်ပြေနိုင်မယ့် အလုပ် နေရာတော်တော်များများကိုလည်း အစကတည်းက ရှာဖွေခဲ့ပါတယ်။

တော်ကြာ အလုပ်နေရာ မရှိလို့ မလုပ်ချင်ဘူးလို့ ပြောမှာ စိုးလို့ပါ။ အဆုံးသတ်.ကတော့…မအောင်မြင်ခဲ့ပါဘူး။ တောင်းစားသူများကို လေ့လာလိုက်တဲ့အချိန်မှာ တောင်းစားသူအများစုမှာ မိသားစုလိုက်ဖြစ်ကြပါတယ်။

တကယ်..မရှိလို့တောင်းစားတဲ့လူတွေလည်း မရှိဘူးမဟုတ်ပါဘူး ရှိပါတယ် ဒါပေမယ့် အရမ်းနည်းလွန်းပါတယ်။ ကျတော်တို့တွေ့ဆုံပြီး မေးမြန်းတဲ့မိသားစုတစ်စုဆိုရင် သူတို့တစ်အိမ်လုံးရဲ့ တစ်ရက် ဝင်ငွေဟာ.

အနည်းဆုံး တရက်၅၀၀၀၀ကျပ် အထက်မှာ ရှိနေပါတယ်တဲ့။ မိသားစုက၅ယောက်ပါ..မိဘနှစ်ပါးနဲ့.သားသမီး၃ယောက်ပါ။ မိခင်နှင့် ကလေး အငယ်ဆုံးလေးဟာ မိန်းထဲမှာတောင်းတာပါ။

ကျန်တဲ့မိသားစုဝင် တွေကတော့..ညဈေးတန်း.ရတနာပုံဈေးစတဲ့ လူစည်ကားတဲ့နေရာတွေမှာ.တောင်းတယ်လို့ ဆိုပါတယ်။

ရန်ကုန်က သူတို့အသိမိတ်ဆွေတွေကလည်း စာရွက်ပေါ်မှာ စာစီမိတ္တူကူးပြီး ဘတ်စ်ကားတွေပေါ်မှာ စာရွက်ဝေပြီးတောင်းစားကြတာလည်း ရှိတယ်လို့ပြောပါတယ်

ကားတစီးပေါ်တက်ရင် ငွေကျပ်ထောင်ဂဏန်းခန့်ရပြီး ကား၁၀စီးခန့် စာရွက်တက်ဝေရုံဖြင့် ငွေကျပ်၂သောင်းခန့် ရရှိနိုင်ကြတယ်လို့ ဆိုပါတယ်

မန်းလေးက မိန်းထဲမှာဆိုလည်း မိခင်က.တစ်နေရာမှာထိုင်နေပြီးကလေးလေးကို..လိုက်တောင်းခိုင်းတာပါ..ညနေခင်းလေးတောင်းလိုက်တာနဲ့ နှစ်သောင်းနီးပါး ရတယ်လို့ ဆိုပါတယ်။

ကလေးငယ် နှစ်ယောက်က.ကျောင်းနေအရွယ်ရောက်နေပေမယ့်..ကျောင်း မနေရပါဘူး..တောင်းတာ.. ပိုက်ဆံရတယ်လို့ ကျောင်းလုံးဝ မထားဘူးလို့.သူ့မိခင် ကိုယ်တိုင်က.ပြောပါတယ် နောက်ပြီးထပ်ပြောပါသေးတယ်

ရတနာပုံဈေး အနီးနားမှာ တောင်းရမ်းနေတဲ့.သူ့.သားအကြီးဆုံးရဲ့ တစ်ရက်တောင်းရငွေဟာ..၃၀၀၀၀လောက်ရတယ်ပြောပါတယ်။ တကယ်လို့ ကျတော်တို့ရှာပေးတဲ့အလုပ်က တစ်လ..၆သိန်းလောက်ရမယ်ဆိုရင်….သူ့ကလေးကို သူတောင်းစားမလုပ်ခိုင်းတော့ဘူးတဲ့။

အဲဒီမိသားစုဟာ မြို့သစ်မှာ.အိမ်ပိုင်ခြံပိုင်ရှိပေမယ့်. အဲဒီ အိမ်ကိုတော့ အဌားချထားပြီး.ကျုးထဲမှာ တဲထိုးနေတယ်လို့ လည်း ပြောဆိုပါတယ်။ ကျူးဖြစ်နေပေမယ့် ဆိုင်ကယ် ၃စီးရှိပြီး တစ်ယောက်ကို Ph တစ်လုံးဆီလည်း..ရှိပါတယ်။

နေ့ပြန်အတိုးတွေလည်း.ပေးထားတယ်လ်ု့ ဆိုပါတယ်။ ဒါတကယ့်အစစ်အမှန်ပါ။ ကျတော်တို့ ဆရာတွေက.အငယ်ဆုံးကလေး.နှစ်ယောက်ကို ကျောင်းထားဖို့..တောင်းဆိုတဲ့ အခါမှာ.လုံးဝ ခါးသီးစွာ ငြင်း ဆန်ပါတယ်။

ပြောလို့ လုံးဝ မရခဲ့ပါဘူး။ နောက်ထပ်ကလေးတွေရယ် အဘိုးကြီးအဘွားကြီး တွေနဲ့ ကလေးငယ်လေးတွေကို ဌားရမ်းတဲ့ဈးကွက်လည်း ရှိပါသေးတယ် လို့ပြောဆိုပါတယ်။

ဘေးနားကလိုက်ပေးရုံနဲ့ တရက်တသောင်းပေးဌားကြပါတယ် ကျတော်တို့..အားသွန်ခွန်စိုက်ပြီး.ကြိုးစားပေမယ့် ဒီပြသနာကို မဖြေရှင်းနိုင်ခဲ့ပါဘူး။

ဒါကြောင့်.လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်ကစပြီး အဲဒီ သူတောင်းစားတွေကို လုံးဝ မလှူတော့ပါဘူး။ အဖိုးအဖွားအသက်အရွယ်နဲ့ ခြေလက်မကောင်းတဲ့ လူတွေ ဆိုရင်တော့ လှူပါတယ်။

ဘာကြောင့် မလှူသလဲဆိုတော့.သူတို့အတွက်ပါပဲ။ ဒီလိုသာ.ဆက်ပြီး ကျွန်တော်တို့ လှူနေမယ်ဆိုရင်..သူတို့ဘဝတွေဟာ ဆက်လက်ပြီး နိမ့်ကျနေမှာပါ….မျိုးရိုးစဉ်ဆက် နိမ့်ကျသွားမှာပါ။

သူတို့မွေးဖွားလာမယ်.ကလေးငယ်လေးတွေရဲ့ အနာဂတ်ဟာလည်း ပညာသင်ယူခွင့်ရရှိတော့မှာမဟုတ်ဘူးလို့..ထင်မြင်မိပါတယ်။

ပညာရဲ့ တန်ဖိုးကို.နားမလည်တဲ့..ကလေးတွေ ဖြစ်သွားရင် သူတို့ဘဝဟာ..လှနိုင်စရာ.အကြောင်းမရှိတော့ဘူးပါဘူး ပိုက်ဆံကို လွယ်လွယ်လေးနဲ့ ရနေကြတော့ ရေသာခို အချောင်စားနေတဲ့..ဘဝကနေလည်း..ရုန်းထွက်နိုင်ကြမှာ.မဟုတ်ပါဘူး။

နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း နစ်နာစရာဖြစ်စေပါတယ် ရုန်းထွက်ချင်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့်.အဆိပ်ပင်တွေကို..ရေမလောင်းကြပါနဲ့…..

ဥပဒေပေါင်းများစွာ မြန်မာနိုင်ငံမှာ ပြဠန်းထားပေမယ့်လည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေလိုမျိုးတွေကတော့ အကောင်အထည်ဖော် ဆောင်ရွက်နေသယောင်ယောင်နဲ့ ဖြစ်နေပေမယ့်

တကယ့်လက်တွေ့မှာတော့ အားရလောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမျိုး မရှိနေပါဘူး.. မြန်မာနိုင်ငံမှာ များပြားလှတဲ့ ကလေးသူငယ်တွေဟာ

ကံမကောင်းစွာနဲ့ယနေ့ထိ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး မညာမတာ ခိုင်းစားခံနေကြရတာကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားတွေ့နေရဆဲပါပဲ…

ခရက်ဒစ်မူရင်း

Leave a Comment