သစ္သီးပင္ႏွင့္ႏွစ္ရွည္ပင္မ်ားအတြက္ သဘာဝ​ေဘာ္ဒိုသုတ္မႈိသတ္ေဆး ကုိယ္တုိင္ စနစ္တက် ေဖာ္စပ္အသုံးျပဳနည္း

သစ္သီးပင္ႏွင့္ႏွစ္ရွည္ပင္မ်ားအတြက္ သဘာဝ​ေဘာ္ဒိုသုတ္မႈိသတ္ေဆး ကုိယ္တုိင္ စနစ္တက် ေဖာ္စပ္အသုံးျပဳနည္း

Home Made Fungicides For Fruit Trees

သစ္သီးပင္ႏွင့္ႏွစ္ရွည္ပင္မ်ားအတြက္ သဘာဝ​ေဘာ္ဒိုသုတ္မႈိသတ္ေဆး (ထုံး+ဒုတၳာ)

မည္သည့္သီးႏွံမ်ားရွိေရာဂါမ်ားကိုကာကြယ္နိုင္သနည္း?

ပိႏၷဲ၊ ကၽြဲ​ေကာ၊ ရာဘာ၊ ေကာ္ဖီ၊ လက္ဖက္၊ ဒူးရင္း၊ ေထာပတ္၊ သရက္၊ ေရွာက္သံပုရာ၊ စပ်စ္၊ အုန္းသီး၊ ကြမ္း၊ ကြမ္းသီး၊ ႏွင္းဆီ၊ ပန္းမန္မ်ား

ဟင္းသီးဟင္းရြက္မ်ား ႏွင့္ သစ္သီးပင္မ်ားတြင္က်ေရာက္ေသာ မွိုေရာဂါမ်ားကို ေကာင္းစြာကာကြယ္ ႏွိမ္ႏွင္းနိုင္ေသာ​ေဆးတမ်ိဳးျဖစ္​ေပသည္။

ေဘာ္ဒိုေဆးရည္ဆိုသည္မွာ အဘယ္နည္း?

သမိုင္းေၾကာင္းအရ ျပင္သစ္နိုင္ငံ ေဘာ္ဒိုတကၠသိုလ္ (Bordeaux University)မွ စတင္သုံးစြဲခဲ့ေသာေၾကာင့္ တကၠသိုလ္အမည္အစြဲျပဳ၍ ေဘာ္ဒိုေဆးရည္ဟုေခၚၾကပါသည္။

ေဆးရည္တြင္ ဒုတၳာ၊ ထုံး ႏွင့္ ေရတို႔ကို အခ်ိဳးက် ‌ေရာေႏွာေဖ်ာ္စပ္ထားေသာ မွိုသတ္ေဆးျဖစ္ေပသည္။

မည္သည့္နည္းမ်ားျဖင့္ အသုံးျပဳနိုင္သနည္း?ေဘာ္ဒိုမွိုသတ္ေဆးအားနည္း၂နည္းျဖင့္အသုံးျပဳနိုင္ပါသည္။

၁။ ေဘာ္ဒိုဖ်န္းေဆး

၂။ ေဘာ္ဒိုသုတ္ေဆး ( ဥယ်ဥ္ၿခံသစ္ပင္သစ္သီးပန္းမန္းမ်ား)

သဘာဝေဘာ္ဒိုမွိုသတ္ေဆးေဖ်ာ္စပ္ရာတြင္ မည္သည့္ပစၥည္းမ်ားပါဝင္သနည္း?

၁။ ဒုတၳာ ( ေကာပါးဆာလဖိတ္)

၂။ ထုံး (ထုံးေက်ာက္ CaCO3၊ မေဖာက္ထုံး CaO ၊ ေဖာက္ထုံး Ca(OH)2 )

၃။ ေရ

ေဘာ္ဒိုေဆးရည္မေဖ်ာ္စပ္မည္ မည္သည့္အခ်က္မ်ားကို သတိထားရမည္နည္း?

၁။ ဒုတၳာအမႈန႔္မ်ားကိုသာသုံးပါ။

၂။ မေဖာက္ထုံးအားေလလုံေအာင္ထား၍ အသုံးျပဳရန္။

၃။ ဒုတၳာေဖ်ာ္ရည္သည္ သံ၊ သြပ္၊ ေၾကးစသည့္ သတၳဳပစၥည္းမ်ားကိုစားတတ္ေသာေၾကာင့္ပလပ္စတ္၊သစ္သား၊ ေျမအိုး၊ ေႂကြ ႏွင့္ ပုံးမ်ားကိုသာ ေဖ်ာ္စပ္ရာတြင္သုံးရမည္။

သဘာဝေဘာ္ဒိုသုတ္မွိုသတ္ေဆးကို မည္သည့္အခ်ိဳးအစားမ်ားျဖင့္ ေဖ်ာ္စပ္နိုင္သနည္း?

၁။ ဒုတၳာ- ၁ပိႆာ

၂။ ထုံး- ၁ပိႆာ

၃။ ေရ – ၄ဂါလံ

အဆင့္ ၁ – ဒုတၳာအမႈန႔္ ၁ပိႆာကို ေရ ၂ဂါလံျဖင့္ ဒုတၳာမႈန႔္မ်ားေရတြင္ေပ်ာ္ဝင္သည္ထိ ေမြေပးပါ။

အဆင့္ ၂ – မ‌ေဖာက္ထုံး ၁ပိႆာကို ေရ ၂ ဂါလံျဖင့္ ထုံးမ်ားေၾကသည္ထိ ေမြေပးရန္လိုအပ္ပါသည္။ ထုံးသည္ ဒုတၳာထက္ေပ်ာ္ဝင္မႈေႏွးေသာေၾကာင့္ဂ႐ုတစိုက္ေမြေပးရန္လိုအပ္ပါသည္။

အဆင့္ ၃ – ဒုတၳာေဖ်ာ္ရည္ထဲသို႔ ထုံးေဖ်ာ္ရည္အားထည့္၍ ေမြေပးၿပီး ေဘာ္ဒိုေဆးရည္သုတ္မွိုသတ္ေဆးအား အသုံးျပဳနိုင္ေပသည္။

ေဘာ္ဒိုေဆးအားမည္သို႔စနစ္တက်အသုံးျပဳမည္နည္း?

ေဘာ္ဒိုေဆးရည္ကို ေဖ်ာ္စပ္ၿပီး မွိုသတ္ေဆးစြမ္းအားအာနိသင္ေကာင္းေသာ ၂၄ နာရီအတြင္း အကုန္ဖ်န္းရန္လိုအပ္ပါသည္။

ေဆးရည္သည္ အလြယ္တကူအနည္ထိုင္ေသာေၾကာင့္ မၾကာခနေမြၿပီး ဖ်န္းသင့္ေပသည္။

သဘာဝမွိုသတ္ေဆးဖ်န္းရာတြင္ ေရာဂါျဖစ္ေစတတ္ေသာ မွို၊ဘက္တီးရီးယား၊ ဗိုင္းရပ္စ္၊ နီမတုပ္ စသည့္သက္ရွိတို႔၏သဘာဝသည္

အပင္မ်ား၏ဆဲလ္အတြင္းပိုင္းတြင္မ်ားေသာအားျဖင့္ရွိေနတတ္ေသာေၾကာင့္ သီးႏွံပင္ေပၚ ေကာင္းစြာႏွံ့စပ္စိုရႊဲေနေအာင္ဖ်န္းေပးရေပမည္။

သီးႏွံပင္၏ အပင္အရြယ္အစား၊ အသက္အရြယ္၊ အပင္အစိပ္အၾကဲမ်ားေပၚမႈတည္ၿပီး ေဆးကိုလိုအပ္သလို ဖ်န္းေပးရေပမည္။

သစ္သီးပင္ႏွင့္ႏွစ္ရွည္ပင္မ်ားတြင္က်​ေရာက္​ေသာ မွို​ေရာဂါမ်ား ကိုင္းဖ်ား​ေျခာက္​ေရာဂါ၊ပင္စည္ပုတ္​ေရာဂါ၊

သံ​ေခ်းမွို​ေရာဂါ ႏွင့္အျခား​ေသာမွို​ေရာဂါမ်ားကို ​ေကာင္းစြာႀကိဳတင္ကာကြယ္ေပးနိုင္ေသာေဆးခါးႀကီးတလက္ျဖစ္ေပသည္။

#စိုက္ပ်ိဴးေရးနည္းပညာ

Unicode Version

Home Made Fungicides For Fruit Trees

သစ်သီးပင်နှင့်နှစ်ရှည်ပင်များအတွက် သဘာဝ​ဘော်ဒိုသုတ်မှိုသတ်ဆေး (ထုံး+ဒုတ္ထာ)

မည်သည့်သီးနှံများရှိရောဂါများကိုကာကွယ်နိုင်သနည်း?

ပိန္နဲ၊ ကျွဲ​ကော၊ ရာဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ထောပတ်၊ သရက်၊ ရှောက်သံပုရာ၊ စပျစ်၊ အုန်းသီး၊ ကွမ်း၊ ကွမ်းသီး၊ နှင်းဆီ၊ ပန်းမန်များ

ဟင်းသီးဟင်းရွက်များ နှင့် သစ်သီးပင်များတွင်ကျရောက်သော မှိုရောဂါများကို ကောင်းစွာကာကွယ် နှိမ်နှင်းနိုင်သော​ဆေးတမျိုးဖြစ်​ပေသည်။

ဘော်ဒိုဆေးရည်ဆိုသည်မှာ အဘယ်နည်း?

သမိုင်းကြောင်းအရ ပြင်သစ်နိုင်ငံ ဘော်ဒိုတက္ကသိုလ် (Bordeaux University)မှ စတင်သုံးစွဲခဲ့သောကြောင့် တက္ကသိုလ်အမည်အစွဲပြု၍ ဘော်ဒိုဆေးရည်ဟုခေါ်ကြပါသည်။

ဆေးရည်တွင် ဒုတ္ထာ၊ ထုံး နှင့် ရေတို့ကို အချိုးကျ ‌ရောနှောဖျော်စပ်ထားသော မှိုသတ်ဆေးဖြစ်ပေသည်။

မည်သည့်နည်းများဖြင့် အသုံးပြုနိုင်သနည်း?ဘော်ဒိုမှိုသတ်ဆေးအားနည်း၂နည်းဖြင့်အသုံးပြုနိုင်ပါသည်။

၁။ ဘော်ဒိုဖျန်းဆေး

၂။ ဘော်ဒိုသုတ်ဆေး ( ဥယျဉ်ခြံသစ်ပင်သစ်သီးပန်းမန်းများ)

သဘာဝဘော်ဒိုမှိုသတ်ဆေးဖျော်စပ်ရာတွင် မည်သည့်ပစ္စည်းများပါဝင်သနည်း?

၁။ ဒုတ္ထာ ( ကောပါးဆာလဖိတ်)

၂။ ထုံး (ထုံးကျောက် CaCO3၊ မဖောက်ထုံး CaO ၊ ဖောက်ထုံး Ca(OH)2 )

၃။ ရေ

ဘော်ဒိုဆေးရည်မဖျော်စပ်မည် မည်သည့်အချက်များကို သတိထားရမည်နည်း?

၁။ ဒုတ္ထာအမှုန့်များကိုသာသုံးပါ။

၂။ မဖောက်ထုံးအားလေလုံအောင်ထား၍ အသုံးပြုရန်။

၃။ ဒုတ္ထာဖျော်ရည်သည် သံ၊ သွပ်၊ ကြေးစသည့် သတ္ထုပစ္စည်းများကိုစားတတ်သောကြောင့်ပလပ်စတ်၊သစ်သား၊ မြေအိုး၊ ကြွေ နှင့် ပုံးများကိုသာ ဖျော်စပ်ရာတွင်သုံးရမည်။

သဘာဝဘော်ဒိုသုတ်မှိုသတ်ဆေးကို မည်သည့်အချိုးအစားများဖြင့် ဖျော်စပ်နိုင်သနည်း?

၁။ ဒုတ္ထာ- ၁ပိဿာ

၂။ ထုံး- ၁ပိဿာ

၃။ ရေ – ၄ဂါလံ

အဆင့် ၁ – ဒုတ္ထာအမှုန့် ၁ပိဿာကို ရေ ၂ဂါလံဖြင့် ဒုတ္ထာမှုန့်များရေတွင်ပျော်ဝင်သည်ထိ မွေပေးပါ။

အဆင့် ၂ – မ‌ဖောက်ထုံး ၁ပိဿာကို ရေ ၂ ဂါလံဖြင့် ထုံးများကြေသည်ထိ မွေပေးရန်လိုအပ်ပါသည်။ ထုံးသည် ဒုတ္ထာထက်ပျော်ဝင်မှုနှေးသောကြောင့်ဂရုတစိုက်မွေပေးရန်လိုအပ်ပါသည်။

အဆင့် ၃ – ဒုတ္ထာဖျော်ရည်ထဲသို့ ထုံးဖျော်ရည်အားထည့်၍ မွေပေးပြီး ဘော်ဒိုဆေးရည်သုတ်မှိုသတ်ဆေးအား အသုံးပြုနိုင်ပေသည်။

ဘော်ဒိုဆေးအားမည်သို့စနစ်တကျအသုံးပြုမည်နည်း?

ဘော်ဒိုဆေးရည်ကို ဖျော်စပ်ပြီး မှိုသတ်ဆေးစွမ်းအားအာနိသင်ကောင်းသော ၂၄ နာရီအတွင်း အကုန်ဖျန်းရန်လိုအပ်ပါသည်။

ဆေးရည်သည် အလွယ်တကူအနည်ထိုင်သောကြောင့် မကြာခနမွေပြီး ဖျန်းသင့်ပေသည်။

သဘာဝမှိုသတ်ဆေးဖျန်းရာတွင် ရောဂါဖြစ်စေတတ်သော မှို၊ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုပ် စသည့်သက်ရှိတို့၏သဘာဝသည်

အပင်များ၏ဆဲလ်အတွင်းပိုင်းတွင်များသောအားဖြင့်ရှိနေတတ်သောကြောင့် သီးနှံပင်ပေါ် ကောင်းစွာနှံ့စပ်စိုရွှဲနေအောင်ဖျန်းပေးရပေမည်။

သီးနှံပင်၏ အပင်အရွယ်အစား၊ အသက်အရွယ်၊ အပင်အစိပ်အကြဲများပေါ်မှုတည်ပြီး ဆေးကိုလိုအပ်သလို ဖျန်းပေးရပေမည်။

သစ်သီးပင်နှင့်နှစ်ရှည်ပင်များတွင်ကျ​ရောက်​သော မှို​ရောဂါများ ကိုင်းဖျား​ခြောက်​ရောဂါ၊ပင်စည်ပုတ်​ရောဂါ၊

သံ​ချေးမှို​ရောဂါ နှင့်အခြား​သောမှို​ရောဂါများကို ​ကောင်းစွာကြိုတင်ကာကွယ်ပေးနိုင်သောဆေးခါးကြီးတလက်ဖြစ်ပေသည်။

#စိုက်ပျိူးရေးနည်းပညာ

Leave a Comment