ဗောက်ပျောက်စေတဲ့ ကိုယ်တွေ့နည်းလမ်း
လုပ်နည်းလေးကဒီလိုပါ
Unicode Version
ဘောက်ပျောက်စေတဲ့ ကိုယ်တွေ့နည်းလမ်း
ကျနော် ဘောက် ဖြစ်နေတာကြာပြီး ဘောက်ပျောက်ခေါင်းလျှော်ရည်အစုံသုံးကြည့်ပါတယ် ။
ရှောက်နူသီး/သံပုရာသီးစသည်နည်းလမ်းများဖြစ် လုပ်ကြည့်ပေမယ့် တစ်ဖက်နိုင်ငံရောက်ကတည်း က နေပူမိုးရွှာမရှောင် ပန်ရံအလုပ်ဖြစ်ပြီး ၂နှစ်တာ လုပ်ကာ ဂျွတ်စွဲနေသည် ။
ကျွန်တော် ခေါင်းကဘောက်တွေက မပျောက်ခဲ့ဘူး။ကျွန်တော်အရမ်းစိတ်ညစ်ခဲ့တာပေါ့ ဒါနဲ့ကတုံးခနခနတုံး နေရတာပေါ့
ကတုံးတုံးပြီးဆေးနည်းအစုံသုံးကြည့်တော့လည်း ဆံပင်ပြန်ပေါက်တာနဲ့ပြန်ထနေတာလေး မပျောက်ခဲ့ပါဖူး…။
တစ်ည ဘောက်ပျောက်နည်းဆိုပြီးကျွန်တော်တွေ့လိုက် ပါတယ် ။
မိတ်ဆွေတစ်ယောက်တင်ထားတဲ့ ရဲယိုသီးနည်းလေး သိခဲ့သည်မို့ အထူးအဆန်းလေးမို့စိတ်ဝင်စားပြီးတော့ ကျွန်တော်လဲလုပ်ကြည့်တယ် ။
ပထမတစ်လုံးမှာဘောက်တွေထလာသည်မို့ယုံကြည်မှု့နည်းလာပါတယ် ဇွဲမလျော့ပဲနောက်တနေ့ထပ်လုပ်တယ် ။
ကျွန်တော် ဒုတိယ တစ်လုံးနဲ့လျှော်ပြီးလို့ နောက်နေ့ အရောက် ကျနော်ခေါင်းမှဂျွတ်တွေလို စွဲနေတဲ့ဘောက် အထစ်အဖုလေးတွေ မရှိတော့ပါဖူးခင်ဗျာ…
နောက်တစ်ဖြည်းဖြည်းနဲ့ ကြွေကျကာ ဘောက်ကင်း စင်သွားသည်ကိုတွေ့ရတော့ပြန်မျှဝေချင်လာမိတယ် ။
မိတ်ဆွေတွေ ဦးခေါင်းမှာ ဘောက်ရှိနေတယ်ဆိုလုပ် ကျိပါခင်ဗျာ ကျွန်တော်ကတော့လက်တွေ့ပျောက်ကင်းခဲ့ပါတယ် ။
လုပ်နည်းလေးကဒီလိုပါ
ဆားနဲ့ခေါင်းအနှံ့ပွတ်ပါ ပြီး မှည်နေတဲ့ရဲယိုသီးကို ဦးရေပြားအနှံ့ပွတ်လိမ်းပေးပါ တစ်လုံးအကုန် အနည်းငယ်တော့ စပ်ပေမယ့် ခံနိုင်ပါတယ်။
ပြီးတော့မိနစ် 30ဝက်ခန့်နှပ့်ထားပြီး ခေါင်းလျှော်လိုက်ပါ…။
အနံ့ကတစ်အားနံလို့ အနံ့ပျောက်ချင်ရင် ဘောက် ပျောက်ခေါင်းလျှော်ရည်ကိုခေါင်းလျှော်ချိန်အသုံးပြုနိုင်ပါသည် ။
အားလုံး အဆင်ပြေကြပါစေဗျာ ကျနော်အရမ်းပျော်လို့ စာရှည်သွားရင်ခွင့်လွှတ်ပါဗျာ…။
စကားမစပ် ရဲယိုသီးတစ်ပင်လောက်စိုက်အုံးမှခင်ဗျ တစ်ပင်လုံးအသုံးဝင်တယ်တဲ့။ ။
မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်…။
Leave a Comment