ေျမဆီလႊာမ်ားပင္ပန္းလာတဲ့အခါ လုပ္ေဆာင္ေပးသင့္ေသာအခ်က္မ်ား
ေတာင္သူႀကီးမ်ားခင္ဗ်ာ လူႀကီးမင္းတို႔ရဲ့ အဖိုးတန္လယ္ေျမေတြဟာ သီးႏွံမ်ား တစ္ႏွစ္ၿပီးတစ္ႏွစ္ စိုက္ပ်ိဳးလာတဲ့အခါ
ေျမဆီလႊာပန္းလာၿပီး အာဟာရဓာတ္မ်ား တျဖည္းျဖည္းကုန္ဆုံးလာပါတယ္။
ဒါေၾကာင့္ သီးႏွံ အထြက္တိုးဖို႔ရာအတြက္ ေျမၾသဇာမ်ား မျဖစ္မေနထည့္သြင္းအသုံးျပဳလာၾကရပါတယ္။
ယခုလို ေျမၾသဇာ ဝယ္ယူရန္ ခက္ခဲ လာတဲ့အခ်ိန္မွာ ေျမဆီလႊာအာဟာရဓာတ္မ်ား ျပန္လည္ေကာင္းမြန္လာေစရန္အတြက္
ေအာက္ပါ သဘာဝ နည္းလမ္းမ်ားအတိုင္း ျပဳလုပ္ေပးနိုင္ၾကရင္မေကာင္းဘူးလားခင္ဗ်ာ။
ႏြားေခ်းေဆြး ၾကက္ေခ်းေဆြးကဲ့သို႔ တိရစၧာန္ အညစ္အေၾကး ေဆြးမ်ားကို ျပန္လည္ထည့္သြင္းေပးျခင္း
စပါးခြံဖြဲျပာမ်ား အသုံးျပဳျခင္း
၂ ႏွစ္တစ္ႀကိမ္ေလာက္သစ္စိမ္းေျမၾသဇာ ျပဳလုပ္ေပးျခင္း
တီက်စ္စာ ၊ အီးအမ္ အရည္ မ်ားအသုံးျပဳေပးျခင္း
သီးႏွံပင္အႂကြင္းအက်န္မ်ားကို မီးမရွို႔ဘဲ ေဆြးေအာင္ျပဳလုပ္ၿပီး ျပန္လည္ထည့္သြင္းအသုံးျပဳျခင္း
ေျမဆီလႊာအက်ိဳးျပဳ ပဲျမစ္ဖုမ်ား ထည့္သြင္းေပးျခင္း
ပဲ၊ ႏွမ္း၊ ေနၾကာကဲ့သို႔ဆီထြက္သီးႏွံမ်ားမွ ဆီႀကိတ္ဖတ္မ်ား ကို ေဆြးေအာင္ျပဳလုပ္အသုံးျပဳျခင္း
သီးႏွံတစ္မ်ိဳးထဲ ဆက္တိုက္စိုက္ပ်ိဳးျခင္းမဟုတ္ဘဲ အျခားသီးႏွံမ်ားႏွင့္ သီးလွည့္စိုက္ပ်ိဳးေပးျခင္း
ပိုးသတ္ေဆး မွိုသတ္ေဆး ႏွင့္ေ ပါင္းသတ္ေဆးမ်ားကို လိုအပ္သည္ထက္ ပိုမိုအသုံးမျပဳျခင္း မ်ားကို အတတ္နိုင္ဆုံး နဲ႔ အေကာင္းဆုံး လုပ္ေဆာင္ေပးသင့္ပါတယ္ခင္ဗ်ာ။
ေျမဆီလႊာမ်ား အာဟာရဓာတ္မ်ားျပည့္ဝၿပီး သီးႏွံအထြက္တိုးေဈးေကာင္းရၾကပါေစခင္ဗ်ာ။
#CometFertilizer
Unicode Version
မြေဆီလွှာများပင်ပန်းလာတဲ့အခါ လုပ်ဆောင်ပေးသင့်သောအချက်များ
တောင်သူကြီးများခင်ဗျာ လူကြီးမင်းတို့ရဲ့ အဖိုးတန်လယ်မြေတွေဟာ သီးနှံများ တစ်နှစ်ပြီးတစ်နှစ် စိုက်ပျိုးလာတဲ့အခါ
မြေဆီလွှာပန်းလာပြီး အာဟာရဓာတ်များ တဖြည်းဖြည်းကုန်ဆုံးလာပါတယ်။
ဒါကြောင့် သီးနှံ အထွက်တိုးဖို့ရာအတွက် မြေသြဇာများ မဖြစ်မနေထည့်သွင်းအသုံးပြုလာကြရပါတယ်။
ယခုလို မြေသြဇာ ဝယ်ယူရန် ခက်ခဲ လာတဲ့အချိန်မှာ မြေဆီလွှာအာဟာရဓာတ်များ ပြန်လည်ကောင်းမွန်လာစေရန်အတွက်
အောက်ပါ သဘာဝ နည်းလမ်းများအတိုင်း ပြုလုပ်ပေးနိုင်ကြရင်မကောင်းဘူးလားခင်ဗျာ။
နွားချေးဆွေး ကြက်ချေးဆွေးကဲ့သို့ တိရစ္ဆာန် အညစ်အကြေး ဆွေးများကို ပြန်လည်ထည့်သွင်းပေးခြင်း
စပါးခွံဖွဲပြာများ အသုံးပြုခြင်း
၂ နှစ်တစ်ကြိမ်လောက်သစ်စိမ်းမြေသြဇာ ပြုလုပ်ပေးခြင်း
တီကျစ်စာ ၊ အီးအမ် အရည် များအသုံးပြုပေးခြင်း
သီးနှံပင်အကြွင်းအကျန်များကို မီးမရှို့ဘဲ ဆွေးအောင်ပြုလုပ်ပြီး ပြန်လည်ထည့်သွင်းအသုံးပြုခြင်း
မြေဆီလွှာအကျိုးပြု ပဲမြစ်ဖုများ ထည့်သွင်းပေးခြင်း
ပဲ၊ နှမ်း၊ နေကြာကဲ့သို့ဆီထွက်သီးနှံများမှ ဆီကြိတ်ဖတ်များ ကို ဆွေးအောင်ပြုလုပ်အသုံးပြုခြင်း
သီးနှံတစ်မျိုးထဲ ဆက်တိုက်စိုက်ပျိုးခြင်းမဟုတ်ဘဲ အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးပေးခြင်း
ပိုးသတ်ဆေး မှိုသတ်ဆေး နှင့်ေ ပါင်းသတ်ဆေးများကို လိုအပ်သည်ထက် ပိုမိုအသုံးမပြုခြင်း များကို အတတ်နိုင်ဆုံး နဲ့ အကောင်းဆုံး လုပ်ဆောင်ပေးသင့်ပါတယ်ခင်ဗျာ။
မြေဆီလွှာများ အာဟာရဓာတ်များပြည့်ဝပြီး သီးနှံအထွက်တိုးဈေးကောင်းရကြပါစေခင်ဗျာ။
#CometFertilizer