ဖန်ခွက်ထဲမှရေထဲရေမွှေးဆွတ်ပန်းကန်ပြားပတ်ပတ်လည်လက်ဖက်၎ပုံ ပုံပေးပါရေမွှေးပုလင်းကိုထိုပန်းကန်ပြားပေါ်တင်ထားပါ
Unicode Version
အကျိုးဆောင်လုပ်ငန်းများအဆင်ပြေစေရန်အစီရင်
မိတ်ဆွေများအားလုံးမင်္ဂလာပါအိမ်ခြံမြေကျောက်မျက်ရတနာအစရှိတဲ့ အကျိုးဆောင်များအနေဖြင့် ပွဲမတည့်မှုများပွဲလှန်သွားမှုများ ပွဲဖြတ်ခုတ်မှုများဖြစ်နေပါသလား
ပင်ပန်းကျိုးမနပ်နေ့စဉ်ရက်ဆက်ဖြစ်နေပါသလား ပွဲတည့်ခါနီးမှအဖျက်ကြုံနေရမှုများအတွက်ဆရာယတြာအစီရင်တစ်ခုဒါနပြုပါရစေ
သောကြာနေ့နံနက် ၆နာရီမှ၉နာရီအတွင်းမိမိအိမ်ကဘုရားကျောင်းဆောင်ပေါ်တွင် ပန်းကန်ပြားတစ်ချပ်ပေါ်၌အလယ်မှာငွေ၁၁ဝဝကျပ်တင်ပါ
ထိုငွေပေါ်တွင်ရေဖြည့်ထားသောဖန်ခွက်တစ်ခွက်တင်ပါ
ဖန်ခွက်ထဲမှရေထဲရေမွှေးဆွတ်ပန်းကန်ပြားပတ်ပတ်လည်လက်ဖက်၄ပုံ ပုံပေးပါရေမွှေးပုလင်းကိုထိုပန်းကန်ပြားပေါ်တင်ထားပါ
ထိုပန်းကန်ပြားကိုကိုင်ပြီးမိမိလုပ်နေသောအကျိုးဆောင်လုပ်ငန်းအဆင်ပြေစေမှုအတွက်လိုရာဆုတောင်းပါဗျာ
ဤယတြာအစီရင်ကို၉ရက်တိတိပြုလုပ်ရပါ့မယ်နောက်နေ့များတွင်လည်းရေထဲရေမွှေးတစ်ကြိမ်ဆွတ်ပေးပြီးဆုတောင်းပါ…။
၉ရက်ပြည့်ပြီးနောက်နေ့နံနက်ပိုင်းတွင်လက်ဖက်နှင့်ရေကိုနီးစပ်ရာအပင်ကြီးအနီးစွန့်ပါငွေ၁၁ဝဝကျပ်ကိုမရှိဆင်းရဲသားအားလှူပေးပါ…။
ရေမွှေးကိုပွဲဆိုင်ဖို့သွားခါနီးမိမိ၏နှခမ်းစပ်မှာလည်းကောင်းဦးခေါင်းငယ်ထိပ်ဆွတ်ပြီးမှသွားပါ…။
ဤယတြာအစီရင်ပြုလုပ်ခြင်းဖြင့်မိတ်ဆွေအကျိုးတော်ဆောင်များ၏အခက်အခဲများအဆင်ပြေကြပါစေ…။
creditဗေဒင်နှင့်လက္ခဏာပညာရှိကျော်