unicode
မေလ ၁ ရက်မှ ၈ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သော မုန်တိုင်းငယ်နှင့် မိုးလေဝသ အခြေအနေ…
မုန်တိုင်းငယ်စတင်ဖြစ်နိုင်ရက်က မေ ၁ ရက်မှ ၃ ရက်အတွင်း လို့ပြသလာပါတယ်။ ဒါက မြန်မာဘက် ဝင်နိုင်ခွင့်နည်းသွားသလို ဘဂ်လားဒေ့ရ်ှဘက် အိန္ဒယဘက်ကို တိမ်းနိုင် ယိမ်းနိုင် ရှိလာပါတယ်။
မုန်တိုင်းငယ်ဟာ ကနဦးမှာ မြောက်နဲ့ အနောက်မြောက်(NNW) ဘက်ဦးတည်နိုင်ပြီးမှ မေလ ၄ ရက်မှစပြီး အရှေ့မြောက်ရွေ့နိုင်တယ်လို့ ပြထားသလို မြန်မာ-ဘဂ်လား နယ်စပ်ကိုလည်း ဦးတည်လာနိုင်ပါသေးတယ်။
ထူးခြားချက်က အဲဒီ မေလ ၄ ရက်မှ ၈ ရက်အတွင်းက အထက်လေစီးကြောင်း (ပဲ့ထိမ်းလေ စီးကြောင်း) က အနောက်နဲ့ အနောက်တောင်(WSW) ဘက် တိုက်နေလို့ မြန်မာကမ်းဘက်လာနိုင်ဖို့ များနေတာကို သတိပြုစေလိုပါတယ်။ ပြောင်းလဲမှုရှိနိုင်လို့ ဆက်လက်စောင့်ကြည့် တင်ပြသွားပါမယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးဆက်လက်ထစ်ချုန်းရွာမည်။
U Chit Kyaw – မိုးဇလ (ငြိမ်း) (Consultant for Natural Disaster)
Leave a Comment