“လူ႕ေလာကရဲ႕ လူပီသတဲ့ လူတစ္ေယာက္ ျဖစ္ဖို႕ဆိုရင္”

တေန႔က အလုပ္ခြင္ထဲ ဂ်ပန္လူမ်ဳိးအလုပ္ရွင္က ကိုယ့္ေဘးမွာ ပိုက္ဆံေတြ အထပ္လိုက္ေရေနတယ္။ (စာမမှန်ပါက အောက်တွင်ဆက်ဖတ်ပါ)

ျမန္မာေငြနဲ႔ဆို သိန္း(၃၀၀)နီးပါးေတာ့ ရွိလိမ့္မယ္ထင္တယ္။ အနားမွာ လာေရတြက္ေနတာဆိုေတာ့ ကိုယ္လည္း ဘာရယ္မဟုတ္ ဖ်တ္ခနဲ ၾကည့္မိလိုက္တယ္။
မ်က္စိလ်င္တဲ့ သူေဌးက ပိုက္ဆံေတြေရေနရင္းနဲ႔ ၿပဳံးၿပီး လွမ္းေမးတယ္ ” ယူမလား ” တဲ့။

ကိုယ္လည္း ၿပဳံးၿပီး ျပန္ေျဖလိုက္တယ္။ ” မယူပါဘူး ” လို႔..။ ( ႏို႔ ယူမယ္ေျပာလည္း ရမွာမွ မဟုတ္တာခ်ည္းကိုး )

ေျပာခ်င္တာက အဲ့ဒါမဟုတ္ဘူး။ ဒီလိုနဲ႔ ပိုက္ဆံေတြျမင္ေတာ့ ” ငါလည္း ထီေလးဘာေလး ထိုးဦးမွပါ” လို႔ သူေဌးလုပ္သူကို ခပ္မွ်ဥ္းမွ်ဥ္းေလး ေျပာလိုက္တယ္။ ထီေပါက္ရင္ ဘာလုပ္မွာလဲတဲ့။

ထီေပါက္ရင္ ကိုယ္အရင္ဆုံး လုပ္ျဖစ္မွာေတြ ရွိေပမယ့္၊ မေျပာေတာ့ဘဲ တကယ္လုပ္ခ်င္တဲ့ ဆႏၵရွိေပမယ့္ ဒီတသက္မွာ သိပ္မျဖစ္ႏိုင္ေတာ့တဲ့ ခ်ဥ္ျခင္းတစ္ခုကို သူ႔ကို ေျပာမိလိုက္တယ္။ ” တတ္ႏိုင္ရင္ေပါ့ဟာ ဆင္ေပါက္စေလးတစ္ေကာင္ေလာက္ ေမြးခ်င္တယ္” လို႔၊ ” ဆင္ေပါက္စေလးက တအားခ်စ္ဖို႔ ေကာင္းတယ္” လို႔။ ဒီမွာတင္ပဲ သူက ကိုယ့္ကို ေဘးတိုက္အေနအထားကေန တခ်က္ငဲ့ေစာင္းၾကည့္ရင္း ခပ္တည္တည္ ဆိုတယ္။ ” နင္အခု အ႐ြယ္ေရာက္မွ ေမြးလို႔ ဘယ္ျဖစ္မလဲ “တဲ့။ ” ဟယ္ ဘာလို႔လဲ၊ ဆင္ေပါက္က ေစ်းႀကီးလြန္းလို႔လား၊ ေစ်းႀကီးတယ္ဆိုတာလည္း ငါသိပါတယ္၊ ဆင္ႀကီးလာရင္ ထားရျပဳရဖို႔အတြက္ ေနရာေကာင္းေကာင္း လိုအပ္တယ္ဆိုတာလည္း ငါသိပါတယ္၊ အကယ္၍ အဲ့ဒါေတြ အားလုံးငါ့မွာ ရွိရင္လို႔ ေျပာတာပါ” လို႔ ေမးလည္းေမး အထြန္႔လည္း တက္လိုက္တယ္။ သူက ေခါင္းခါရင္း ” မဟုတ္ဘူး။ အဲ့ေလာက္နဲ႔ နင္ေမြးလို႔ မရဘူး” တဲ့။ ေတာ္ေတာ္ရစ္တဲ့ ဂ်ပန္ပဲ..

” ျပည့္စုံေနၿပီပဲေရာ၊ ဘာလို႔ ေမြးလို႔ မရ ရမွာလဲ ” လို႔ အတိုက္အခံ ဆန္ဆန္ေလး ေျပာလိုက္မိတယ္ဆိုရင္ပဲ၊ သူက ပိုက္ဆံလည္း ေရၿပီးသြားၿပီမို႔ ကိုယ့္ကို နည္းနည္းပါးပါးစကားေျပာဖို႔ ဆုံးျဖတ္လိုက္ပုံရတယ္။”

” ဒီလိုရွိတယ္ဟ၊ ဆင္ရဲ႕သက္တမ္းက လူ႔သက္တမ္းနီးပါးရွိတယ္ေလ။ နင္က အခု အသက္(၄၀)ပဲထားပါေတာ့၊ အခုမွ ဆင္ေပါက္ေလးေမြးမယ္ဆိုရင္ နင္ေသသြားရင္ သူက အ႐ြယ္ေကာင္းပဲ ရွိဦးမွာေလ၊ နင္မရွိေတာ့ရင္ သူ႔ကို ဘယ္သူက ေကြၽးေမြးျပဳစုေစာင့္ေရွာက္မတုန္း ” တဲ့။

ၾကည့္စမ္း! ဘယ္ေလာက္ေတာင္ တုံးအၿပီးရယ္စရာေကာင္းလိုက္တဲ့ ေမးခြန္းလဲလို႔။ က်မလည္း တကိုယ္တည္း အဲ့လိုေတြးၿပီး ပြဲက်က် ရယ္ပစ္လိုက္တယ္။ အားရပါးရ ရယ္ၿပီးမွ အခုလို ေပါ့ေပါ့ပါးပါး ရယ္ေျပာေျပာမိလိုက္တယ္။ ” သူေဌးႏွယ္ ” အ ” ရန္ေကာ… အ႐ြယ္ေကာင္း ဆင္တေကာင္ကို လိုခ်င္သူေတြမ်ား ေပါလြန္းလို႔၊ ေရာင္းစားမလား၊ ျပစားမလား၊ ငွားမစား၊ ခိုင္းစားမလား ဒီေလာက္အသုံးဝင္တဲ့ တရိစာၦန္အတြက္ ေနစရာ စားစရာ ဒီေလာက္ေတာ့ လူတိုင္းစဥ္းစားတတ္ပါတယ္ သူေဌးရယ္၊ ငါေသသြားလည္း သူ႔အတြက္ ပူစရာမလိုပါဘူး ” လို႔ ခပ္ေအးေအး ေလသံနဲ႔ ေျပာလိုက္မိတယ္။

ဟုတ္တယ္မလားဟင္! က်မ ေတြးတာ စဥ္းစားတာ မလြဲဘူး မလား။ ဒါေပမယ့္ ဒါေပမယ့္ေပါ့၊ ” နင္ေတာ္ေတာ္ ရက္စက္တာပဲ ” ျဗဳန္းခနဲ ၾကားလိုက္ရတဲ့ စြပ္စြဲသံေၾကာင့္ က်မရဲ႕ လႈပ္ရွားမႈေတြ ႐ုတ္တရက္ ၿငိမ္က်သြားရတယ္။ ” ဟင္! ဘာလို႔လဲ ” ” ဘာလို႔လဲ ဟင္! ”

” ဘာလို႔ရမလဲ…နင္ေစာေစာက ေျပာတဲ့ နင့္ဆင္ေရာက္သြားႏိုင္တဲ့ ေနရာနဲ႔အေနအထားေတြ စဥ္းစားၾကည့္စိမ္း၊ ဘယ္တခုမ်ား သူ႔အတြက္ သက္သာတဲ့ အေနအထားရွိလဲလို႔၊ နင္က နင္ေသသြားတာနဲ႔ သူ႔ကို ဘယ္ေရာက္ေရာက္၊ ဘယ္သူ႔လက္ထဲ ဘယ္လို အခိုင္းခံရခံရ၊ သံႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ၿပီး တရိစာၦန္႐ုံလိုေနရာမ်ိဳးမွာ တသက္လုံး အက်ဥ္းခ်ခံရခံရ၊ အစြယ္ပဲ အျဖတ္ခံရခံရ၊ ဘာျဖစ္ျဖစ္ နင္နဲ႔ မဆိုင္ေတာ့ဘူးလို႔ နင္ယူဆထားပုံရတယ္ေနာ္” တဲ့။

” နင္ေတာ္ေတာ္ ရက္စက္တာပဲ ” ဘုရားေရ ထပ္ေျပာျပန္ၿပီ ဒီစကားႀကီး။

” တကယ္ဆို နင့္မွာ အသက္မရွိေတာ့ေပမယ့္ ၊ နင့္မွာ တာဝန္ရွိေသးတယ္။ အို… ငါေတာင္ ေသရေသးတာပဲ၊ ဘယ္တတ္ႏိုင္မလဲဆိုတဲ့ လူ႔တာဝန္မေက်တဲ့ စကားမ်ိဳးေတာ့ ေျပာလို႔ေတာ့ရတာေပါ့ေလ။

ဒါေပမယ့္ နင့္ကို ဘယ္သူက အတင္း႐ိုက္ ေမြးခိုင္းလို႔လဲ၊ နင့္ဖာသာနင္ အစကတည္းက သူ႔ကို တာဝန္ယူၿပီး ေမြးထားတာေလ၊ နင္ေမြးခ်င္လို႔၊ နင္ခ်စ္လြန္းအားႀကီးလို႔၊ ခ်စ္စရာေလး ခ်စ္စရာေလး ဆိုၿပီး ေမြးတာ မဟုတ္ဘူးလား၊

” နင္ အသက္ရွင္ေနစဥ္တုန္းကေတာ့ သူနဲ႔ပါတ္သက္ၿပီး စိတ္ခ်မ္းေျမ့မႈ၊ ၾကည္ႏူးမႈ၊ လူအထင္ႀကီးမႈ စတာေတြ နင္သူ႔ဆီက ယူတယ္၊ သူက နင့္အတြက္ ေက်နပ္စရာျဖစ္ေစခဲ့တယ္ မဟုတ္လား၊ သူ႔အတြက္လည္း သူ႔ကို ခ်စ္တဲ့ ( တကယ္ေတာ့ နင့္စိတ္မ်ိဳးနဲ႔ဆို သူ႔ကို ခ်စ္ခ်င္ေယာင္ေဆာင္တာေပါ့) သခင္လည္း မရွိေတာ့ေရာ ဒုကၡေတြ ေရာက္ရေတာ့မွာ သိသိႀကီးနဲ႔၊ နင္မေသခင္ကတည္းက နင္တခုခု မစီစဥ္ေပးခဲ့ဘူးဆို နင္ေတာ္ေတာ္ မတရားတာပဲ၊ နင့္ေလာက္ ရက္စက္တဲ့သူရွိပါဦးမလား။ နင့္ေလာက္ တာဝန္မဲ့တဲ့သူ ရွိပါဦးမလား ” တဲ့။

သူေျပာလိုက္ေတာ့မွ က်မ တုန္လႈပ္သြားမိတယ္။ တဆက္တည္းမွာ တခ်ိဳ႕ကို သတိရသြားတယ္၊ လူတခ်ိဳ႕ဟာ ကိုယ့္အိမ္မွာ ေမြးျမဴထားတဲ့ တရိစာၦန္တေကာင္အေပၚကိုေတာင္မွ လူစိတ္ေမြးၿပီး အစအဆုံး တာဝန္ယူ စဥ္းစားေပးတတ္ၾကေပမယ့္၊ လူတခ်ိဳ႕ကေတာ့ ကိုယ့္ေသြးကိုယ့္သားကိုယ့္သားသမီးအေပၚမွာေတာင္၊ အဲ့သည့္လို တာဝန္ယူစဥ္းစားမေပးၾကဘူး။ ငါေသရင္ ေနာက္လူေတြဘာျဖစ္က်န္ခဲ့က်န္ခဲ့။ တာဝန္မရွိတဲ့အတိုင္းပဲ။

လူတခ်ိဳ႕က တိရိစာၦန္တေကာင္ဆီက မေျပာပေလာက္တဲ့ ၾကည္ႏူးမႈ၊ သာယာမႈ၊ အေဖၚျပဳမႈေလးကို ရတာနဲ႔တင္ တိရိစာၦန္ကို ေက်းဇူးတင္တင္ ခ်စ္ခင္တြယ္တာ တတ္ၾကေပမယ့္၊ လူတခ်ိဳ႕ကေတာ့ လိုတဲ့အခါသုံး၊ မလိုတဲ့အခါ လူအခ်င္းခ်င္း ခ်စ္ခင္တြယ္တာျခင္း ေက်းဇူးကင္းစြာ ဟင္း႐ြက္ကန္စြန္းပမာ စြန္႔ပစ္တတ္ၾကတယ္။ လက္လြတ္စပယ္ လုပ္တတ္ၾကတယ္။

” နင္ဟာ အလုပ္မွာ တာဝန္ေက်တဲ့ ဝန္ထမ္းေကာင္းဆိုတာ ငါသိပါတယ္၊ ဒါေပမယ့္ အလုပ္ခြင္မွာ တာဝန္ေက်ရင္ ဝန္ထမ္းေကာင္းပဲျဖစ္မယ္၊ လူပီသတဲ့ လူျဖစ္ဖို႔ကေတာ့ လူ႔ေလာကရဲ႕ က႑အသီးသီးမွာ လူ႔က်င့္ဝတ္ လူ႔ဝတၱရားေတြကို တာဝန္ေက်ဖို႔လိုတယ္” တဲ့။

ေလးစားစြာျဖင့္ မူရင္းေရးသားသူ

unicode

တနေ့က အလုပ်ခွင်ထဲ ဂျပန်လူမျိုးအလုပ်ရှင်က ကိုယ့်ဘေးမှာ ပိုက်ဆံတွေ အထပ်လိုက်ရေနေတယ်။

မြန်မာငွေနဲ့ဆို သိန်း(၃၀၀)နီးပါးတော့ ရှိလိမ့်မယ်ထင်တယ်။ အနားမှာ လာရေတွက်နေတာဆိုတော့ ကိုယ်လည်း ဘာရယ်မဟုတ် ဖျတ်ခနဲ ကြည့်မိလိုက်တယ်။
မျက်စိလျင်တဲ့ သူဌေးက ပိုက်ဆံတွေရေနေရင်းနဲ့ ပြုံးပြီး လှမ်းမေးတယ် ” ယူမလား ” တဲ့။

ကိုယ်လည်း ပြုံးပြီး ပြန်ဖြေလိုက်တယ်။ ” မယူပါဘူး ” လို့..။ ( နို့ ယူမယ်ပြောလည်း ရမှာမှ မဟုတ်တာချည်းကိုး )

ပြောချင်တာက အဲ့ဒါမဟုတ်ဘူး။ ဒီလိုနဲ့ ပိုက်ဆံတွေမြင်တော့ ” ငါလည်း ထီလေးဘာလေး ထိုးဦးမှပါ” လို့ သူဌေးလုပ်သူကို ခပ်မျှဉ်းမျှဉ်းလေး ပြောလိုက်တယ်။ ထီပေါက်ရင် ဘာလုပ်မှာလဲတဲ့။

ထီပေါက်ရင် ကိုယ်အရင်ဆုံး လုပ်ဖြစ်မှာတွေ ရှိပေမယ့်၊ မပြောတော့ဘဲ တကယ်လုပ်ချင်တဲ့ ဆန္ဒရှိပေမယ့် ဒီတသက်မှာ သိပ်မဖြစ်နိုင်တော့တဲ့ ချဉ်ခြင်းတစ်ခုကို သူ့ကို ပြောမိလိုက်တယ်။ ” တတ်နိုင်ရင်ပေါ့ဟာ ဆင်ပေါက်စလေးတစ်ကောင်လောက် မွေးချင်တယ်” လို့၊ ” ဆင်ပေါက်စလေးက တအားချစ်ဖို့ ကောင်းတယ်” လို့။ ဒီမှာတင်ပဲ သူက ကိုယ့်ကို ဘေးတိုက်အနေအထားကနေ တချက်ငဲ့စောင်းကြည့်ရင်း ခပ်တည်တည် ဆိုတယ်။ ” နင်အခု အရွယ်ရောက်မှ မွေးလို့ ဘယ်ဖြစ်မလဲ “တဲ့။ ” ဟယ် ဘာလို့လဲ၊ ဆင်ပေါက်က စျေးကြီးလွန်းလို့လား၊ စျေးကြီးတယ်ဆိုတာလည်း ငါသိပါတယ်၊ ဆင်ကြီးလာရင် ထားရပြုရဖို့အတွက် နေရာကောင်းကောင်း လိုအပ်တယ်ဆိုတာလည်း ငါသိပါတယ်၊ အကယ်၍ အဲ့ဒါတွေ အားလုံးငါ့မှာ ရှိရင်လို့ ပြောတာပါ” လို့ မေးလည်းမေး အထွန့်လည်း တက်လိုက်တယ်။ သူက ခေါင်းခါရင်း ” မဟုတ်ဘူး။ အဲ့လောက်နဲ့ နင်မွေးလို့ မရဘူး” တဲ့။ တော်တော်ရစ်တဲ့ ဂျပန်ပဲ..

” ပြည့်စုံနေပြီပဲရော၊ ဘာလို့ မွေးလို့ မရ ရမှာလဲ ” လို့ အတိုက်အခံ ဆန်ဆန်လေး ပြောလိုက်မိတယ်ဆိုရင်ပဲ၊ သူက ပိုက်ဆံလည်း ရေပြီးသွားပြီမို့ ကိုယ့်ကို နည်းနည်းပါးပါးစကားပြောဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။”

” ဒီလိုရှိတယ်ဟ၊ ဆင်ရဲ့သက်တမ်းက လူ့သက်တမ်းနီးပါးရှိတယ်လေ။ နင်က အခု အသက်(၄၀)ပဲထားပါတော့၊ အခုမှ ဆင်ပေါက်လေးမွေးမယ်ဆိုရင် နင်သေသွားရင် သူက အရွယ်ကောင်းပဲ ရှိဦးမှာလေ၊ နင်မရှိတော့ရင် သူ့ကို ဘယ်သူက ကျွေးမွေးပြုစုစောင့်ရှောက်မတုန်း ” တဲ့။

ကြည့်စမ်း! ဘယ်လောက်တောင် တုံးအပြီးရယ်စရာကောင်းလိုက်တဲ့ မေးခွန်းလဲလို့။ ကျမလည်း တကိုယ်တည်း အဲ့လိုတွေးပြီး ပွဲကျကျ ရယ်ပစ်လိုက်တယ်။ အားရပါးရ ရယ်ပြီးမှ အခုလို ပေါ့ပေါ့ပါးပါး ရယ်ပြောပြောမိလိုက်တယ်။ ” သူဌေးနှယ် ” အ ” ရန်ကော… အရွယ်ကောင်း ဆင်တကောင်ကို လိုချင်သူတွေများ ပေါလွန်းလို့၊ ရောင်းစားမလား၊ ပြစားမလား၊ ငှားမစား၊ ခိုင်းစားမလား ဒီလောက်အသုံးဝင်တဲ့ တရိစ္ဆာန်အတွက် နေစရာ စားစရာ ဒီလောက်တော့ လူတိုင်းစဉ်းစားတတ်ပါတယ် သူဌေးရယ်၊ ငါသေသွားလည်း သူ့အတွက် ပူစရာမလိုပါဘူး ” လို့ ခပ်အေးအေး လေသံနဲ့ ပြောလိုက်မိတယ်။

ဟုတ်တယ်မလားဟင်! ကျမ တွေးတာ စဉ်းစားတာ မလွဲဘူး မလား။ ဒါပေမယ့် ဒါပေမယ့်ပေါ့၊ ” နင်တော်တော် ရက်စက်တာပဲ ” ဗြုန်းခနဲ ကြားလိုက်ရတဲ့ စွပ်စွဲသံကြောင့် ကျမရဲ့ လှုပ်ရှားမှုတွေ ရုတ်တရက် ငြိမ်ကျသွားရတယ်။ ” ဟင်! ဘာလို့လဲ ” ” ဘာလို့လဲ ဟင်! ”

” ဘာလို့ရမလဲ…နင်စောစောက ပြောတဲ့ နင့်ဆင်ရောက်သွားနိုင်တဲ့ နေရာနဲ့အနေအထားတွေ စဉ်းစားကြည့်စိမ်း၊ ဘယ်တခုများ သူ့အတွက် သက်သာတဲ့ အနေအထားရှိလဲလို့၊ နင်က နင်သေသွားတာနဲ့ သူ့ကို ဘယ်ရောက်ရောက်၊ ဘယ်သူ့လက်ထဲ ဘယ်လို အခိုင်းခံရခံရ၊ သံကြိုးတွေနဲ့ ချည်နှောင်ပြီး တရိစ္ဆာန်ရုံလိုနေရာမျိုးမှာ တသက်လုံး အကျဉ်းချခံရခံရ၊ အစွယ်ပဲ အဖြတ်ခံရခံရ၊ ဘာဖြစ်ဖြစ် နင်နဲ့ မဆိုင်တော့ဘူးလို့ နင်ယူဆထားပုံရတယ်နော်” တဲ့။

” နင်တော်တော် ရက်စက်တာပဲ ” ဘုရားရေ ထပ်ပြောပြန်ပြီ ဒီစကားကြီး။

” တကယ်ဆို နင့်မှာ အသက်မရှိတော့ပေမယ့် ၊ နင့်မှာ တာဝန်ရှိသေးတယ်။ အို… ငါတောင် သေရသေးတာပဲ၊ ဘယ်တတ်နိုင်မလဲဆိုတဲ့ လူ့တာဝန်မကျေတဲ့ စကားမျိုးတော့ ပြောလို့တော့ရတာပေါ့လေ။

ဒါပေမယ့် နင့်ကို ဘယ်သူက အတင်းရိုက် မွေးခိုင်းလို့လဲ၊ နင့်ဖာသာနင် အစကတည်းက သူ့ကို တာဝန်ယူပြီး မွေးထားတာလေ၊ နင်မွေးချင်လို့၊ နင်ချစ်လွန်းအားကြီးလို့၊ ချစ်စရာလေး ချစ်စရာလေး ဆိုပြီး မွေးတာ မဟုတ်ဘူးလား၊

” နင် အသက်ရှင်နေစဉ်တုန်းကတော့ သူနဲ့ပါတ်သက်ပြီး စိတ်ချမ်းမြေ့မှု၊ ကြည်နူးမှု၊ လူအထင်ကြီးမှု စတာတွေ နင်သူ့ဆီက ယူတယ်၊ သူက နင့်အတွက် ကျေနပ်စရာဖြစ်စေခဲ့တယ် မဟုတ်လား၊ သူ့အတွက်လည်း သူ့ကို ချစ်တဲ့ ( တကယ်တော့ နင့်စိတ်မျိုးနဲ့ဆို သူ့ကို ချစ်ချင်ယောင်ဆောင်တာပေါ့) သခင်လည်း မရှိတော့ရော ဒုက္ခတွေ ရောက်ရတော့မှာ သိသိကြီးနဲ့၊ နင်မသေခင်ကတည်းက နင်တခုခု မစီစဉ်ပေးခဲ့ဘူးဆို နင်တော်တော် မတရားတာပဲ၊ နင့်လောက် ရက်စက်တဲ့သူရှိပါဦးမလား။ နင့်လောက် တာဝန်မဲ့တဲ့သူ ရှိပါဦးမလား ” တဲ့။

သူပြောလိုက်တော့မှ ကျမ တုန်လှုပ်သွားမိတယ်။ တဆက်တည်းမှာ တချို့ကို သတိရသွားတယ်၊ လူတချို့ဟာ ကိုယ့်အိမ်မှာ မွေးမြူထားတဲ့ တရိစ္ဆာန်တကောင်အပေါ်ကိုတောင်မှ လူစိတ်မွေးပြီး အစအဆုံး တာဝန်ယူ စဉ်းစားပေးတတ်ကြပေမယ့်၊ လူတချို့ကတော့ ကိုယ့်သွေးကိုယ့်သားကိုယ့်သားသမီးအပေါ်မှာတောင်၊ အဲ့သည့်လို တာဝန်ယူစဉ်းစားမပေးကြဘူး။ ငါသေရင် နောက်လူတွေဘာဖြစ်ကျန်ခဲ့ကျန်ခဲ့။ တာဝန်မရှိတဲ့အတိုင်းပဲ။

လူတချို့က တိရိစ္ဆာန်တကောင်ဆီက မပြောပလောက်တဲ့ ကြည်နူးမှု၊ သာယာမှု၊ အဖေါ်ပြုမှုလေးကို ရတာနဲ့တင် တိရိစ္ဆာန်ကို ကျေးဇူးတင်တင် ချစ်ခင်တွယ်တာ တတ်ကြပေမယ့်၊ လူတချို့ကတော့ လိုတဲ့အခါသုံး၊ မလိုတဲ့အခါ လူအချင်းချင်း ချစ်ခင်တွယ်တာခြင်း ကျေးဇူးကင်းစွာ ဟင်းရွက်ကန်စွန်းပမာ စွန့်ပစ်တတ်ကြတယ်။ လက်လွတ်စပယ် လုပ်တတ်ကြတယ်။

” နင်ဟာ အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်းဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အလုပ်ခွင်မှာ တာဝန်ကျေရင် ဝန်ထမ်းကောင်းပဲဖြစ်မယ်၊ လူပီသတဲ့ လူဖြစ်ဖို့ကတော့ လူ့လောကရဲ့ ကဏ္ဍအသီးသီးမှာ လူ့ကျင့်ဝတ် လူ့ဝတ္တရားတွေကို တာဝန်ကျေဖို့လိုတယ်” တဲ့။

လေးစားစွာဖြင့် မူရင်းရေးသားသူ

Leave a Comment