လမ်းဘေးမှာ ဖျားနာပီး အသက်ရှုကျပ်နေတဲ့ ခလေးတစ်ယောက်တွေ့လို့ မေးကြည့်လိုက်သောအခါ…

ဒီနေ့ကလေးလေးတစ်ယောက် 84လမ်း41ဒေါင့်နားမှာ သရက်ကင်ဗန်းလေးကိုင်p တစ်ဖက်ကရင်ဘတ်လေးဖိလိုက်ဆိုင်ကယ်တွေကိုလိုက်တားလိုက်လုပ်နေတယ် မျက်နှာလှမ်းကြည့်တော့လဲ မျက်နှာကမကောင်းဘူး😞😞

တစ်ယောက်မှလဲဆိုငိကယ်ကိုရပ်မပေးကြဘူး

သူ့ကြည့်ပြီးသနားလာတာနဲ့ဆိုင်ကယ်ကိုသူ့ဘေးနားထိုးရပ်ပြီး ကလေး ဘာဖြစ်လို့လဲ ​နေမကောင်းဘူးလား မေးတော့

သူအသက်ရှုတွေကြပ်တယ်တဲ့ အသက်ရှုမဝဘူးတဲ့ မောနေရှာတယ်

ချွေးတွေလဲပြန်လို့ သူ့ကိုလမ်းဘေးနေရိပ်တဲ့နေရာခနထိုင်ခိုင်းလိုက်ပြီး ဘာလုပ်ပေးရမလဲမေးတော့ အာဖျန်းဆေး လိုချင်တယ်တဲ့😢

သူ့သုံးနေကျဟာလေးက အိမ်မှာမေ့ကျန်နေခဲ့တာတဲ့

သူ့ပိုက်ဆံလေးကြည့်တော့လဲအကြွေလေးတွေပဲရှိရှာတယ်

ဗန်းထဲမှာလဲ သရက်ကင်တွေအများကြီးကျန်သေးတယ်

ကျွန်တေိာလဲသနားပြီး ကလေးဆေးနာမည်သိလားလို့မေးတော့ သူသိတယ်တဲ့ အဲ့တာဆို လာဆိုငိကယ်ပေါ်တတ် သွားဝယ်မယ်ဆိုp

ဆေးဆိုင်မှာ သူ့အတွက်အာဖျန်းဆေး လိုက်ဝယ်ပေးလိုက်တယ် လက်ထဲလဲ6ထောင်ပဲပါခဲ့တာ ဆေးက4500 ပေးရလို့တော်သေးတယ်

သူအဲ့ဆေးလေးသုံးလိုက်တော့ အရမ်းမသက်သာပေမယ့် ခုနကလောက်မဆိုးတော့ဘူး သူ့အကြောင်းနည်းနည်းမေးကြည့်တော့ သူ့အသက်က၁၂နှစိပဲရှိသေးတယ် 6တန်းတက်နေတာ😞

အဖေမရှိတော့ဘူးတဲ့😢😢 အမေတော့ရှိတယ်တဲ့ အမတစ်ယောက်လဲရှိတယ်ပြောတယ်

အမကလဲအိမ်ထောင်ကျသွားတော့ ကလေးနှစ်ယောက်နဲ့အဆင်မပြေဘူး သူ့အမေကလဲသူများတွေကိုလိုက်နှိပ်ပေးရတာတဲ့😢 မိသားစုက ​အဆင်မပြေဘူးတဲ့ ​နေနေတဲ့အိမ်ကလဲ ကျူး တဲ့ 😢😢😢

ပိုက်ဆံအကြွေးတွေရှိတယ်တဲ့😢 သရက်ကင်အကုန်ရောင်းကုန်မှ နေ့ပြန်တွေအမေကပေးနိုင်မှာတဲ့😢 ဘယ်ကလာတာလဲမေးတော့ တံခွန်တိုင်ဘက်ကနေလာရတာတဲ့

မနက်၇နာရီ၈နာရီဝန်းကျင်ကနေတစ်နေကုန်ရောင်းရတာ တစ်ခါတစ်လေရောင်းမကုန်ရင် မိုးချုပ်တယ်ပြောတယ် ရောင်းမကောင်းတဲ့နေ့ဆိုအိမ်မပြန်ချင်ဘူးတဲ့😢

နေ့ပြန်တွေကညကျအကုနိလာတောင်းကြတာပြောတယ်😢😢

သူဒီကိုအရင်ကတော့ ကားနဲ့လာတာ ခုကားမရှိတော့ ဆိုင်ကယ်တက္ကစီ နဲ့လာရတာတဲ့ တက္ကစီ ခနဲ့ကျ​ရောငိးရတာအမြတ်သိပ်မကျနိဘူးတဲ့😞

ရောဂါဖြစ်တော့ မရောင်းရဘူး ဝယ်မစားကျဘူးတဲ့😞 ဒါကုန်အောင်ရောင်းမှဖြစ်မှာစိုp ထသွားဖို့လုပ်နေတော့ မင်းမသွားနဲ့အိမ်ပြန်လိုက်ပို့မယ်ပြောတော့

သူငြင်းတယ် ဒါကုန်မှရမှာတဲ့ သူဇွတ်သွားဖို့လုပ်တယ် မျက်နှာလဲသိပ်မကောင်းတဲ့ ကိုယ်ပူစမ်းကြည့်တော့ ကိုယ်တွေပူနေတယ်

မင်းနေမကောင်းဘူးလားမေးတော့ သူမနေ့ကမိုးတွေမိတာ သိပ်နေမကောင်းဘူးတဲ့ မင်းအမောဖောက်တာ ဆေးခန်းမပြဘူးလားမေးတော့ သူကုတင်၅၀၀ ကလေးဆေးရုံကိုနှစိခါတတ်ဘူးတယ်

ပိုက်ဆံမတတ်နိုင်လို့ သူဆေးရုံမသွားနိုင်တော့ဘူးတဲ့😢😢 အိမ်ကလဲအကြွေးတွေနဲ့မို့ ဆေးရုံတတ်ဖို့အဆင်မပြေဘူးလေတဲ့😞

ဒီအာဖျန်း ဆေးလေးနဲ့ပဲအဆင်ပြေပါတယ်တဲ့😢😢

ဒီဆေးကတစ်ဘူးဘယ်လောက်ခံလဲမေးတော့ တစ်ပတ်ပဲခံတယ်ပြောတယ် တစ်ပတ်တစ်ခါဝယ်ရတယ်တဲ့😞😞

အဲ့တာဆိုငါမင်းကို တစ်ပတ်တစ်ခါဝယ်ပေးမယ် ကူညီမယ် ကျောင်းဖွင့်ရင်လဲ ကျောင်းစာရေးကိရိယာမှန်သမျှ အကုန်ဝယ်ပေးမယ် လို့ ပြောလိုက်တယ် ဘာမှတော့သူပြန်မပြောဘူး😞😞

သူပြန်တော့မယ်တဲ့ ဒါကုန်အောင်ရောင်းမှဖြစ်မှာ အမေ့ကို ပိုက်ဆံ ​ပေးရမှာဆိုပြီးဇွတိသွားမယ် လုပ်နေတော့ ခနလေး ငါသိတဲ့ ပရဟိတ ဆရာဝန်အမဆီကိုဖုနိးဆက်ပြီးအကူအညီတောင်းကြည့်ဦးမယ်ပြောပြီး အမဆီကိုဖုန်းဆက်pအကျိုးအကြောင်းပြောပြတော့

အမချကိချင်းလာကူညီပေးတယ်☺ ကလေးကအားနည်းနေတာ ဆေးရုံသွားမှဖြစ်မယ်ဆိုပြီး အိုးဝေနဲ့ ကုတင်၅၀၀ကိုသွားပြီး ပြတော့ ကလေးကဒီနေ့မှမသက်သာရင် မနက်ဖြန်ဆေးရုံတင်ရမယ်ပြောတယ်

သူဆေးရုံမတတ်ချင်ဘူးတဲ့ သူဆေးရုံတတ်ရင် အမေ့ကိုပိုက်ဆံမပေးနိုင် ရင် နေ့ပြန်သမားတွေက လာကြမှာတဲ့ 😞😞 သူဆေးရုံမတတ်ချင်ဘူးဇွတ်ပြောနေရှာတာ😢😢

လောလောဆယိတော့ဆေးရုံက ​သောက်ဆေးတွေနဲ့ အသက်ရှုကိရိယာ​လေးပေးလိုက်တယ် အဲ့အမကဆေးဖိုးတွေရောအကုန်ရှင်းပေးတယ်🙏 ကလေးကိုလဲ သရက်ကင်တွေသွားမရောင်းနဲ့တော့သူဝယ်မယ်ဆိုp

ကလေးကို ပိုက်ဆံပေးရှာတယ်🙏🙏 ကျွန်တေိာတို့ကိုလဲ ကလေးကို အိမ်ထိရောက်အောင်သေချာလိုက်ပို့ပေးပါတဲ့ သူညနေပိုင်းကျူတီရှိလို့ ခွဲခန်းဝင်ရမှာမို့ မအားတော့လို့ပါတဲ့ လိုအပ်တာရှိရင်ဖုန်းဆက်လိုက်ပါဆိုပြီး အမက သေချာမှာp ပြန်သွားတယ်🙂

ကျွန်တော်တို့သူ့ကိုအိမ်ထိလိုကိပို့တော့ သူအိမ်လေးကရေတွင်လေးဘေးမှာ ဆောက်ထားတာ နေဖြစ်ရုံလေးပါ😢😢

သူ့အမနဲ့တွေ့တော့သူ့အမကို အကျိုးအကြောင်းပြောပြp တကယ်လို့မနက်ဖြန်မသက်သာရင်ဆေးရုံတငိရမယ်လို့ ဆရာဝန်ကပြောတယ်အမတို့ဆက်သွယ်ရမယ့်ဖုန်းရှိလားမေးတော့ သူတို့မှာဖုန်းမရှိဘူးတဲ့😞

အဲ့တာဆိုကျွန်တော့်ဖုန်းနံပါတ်ပေးခဲ့မယ် မနက်ဖြန်သက်သာသာ၊မသက်သာသာ ဖုန်းဆက်ပေးပါလို့ ဆေးရုံတင်ရတယ်ဆိုလဲငွေရေးကြေးရေးမပူပါနဲ့ ပရဟိတ သမားတွေနဲ့ဆက်သွယ်pအကူအညီတောင်းကြည့်ပေးပါ့မယ်

ကျွန်တေိာတို့လဲတတ်နိုင်သလောက်ကူညီပေးပါ့မယ်လို့ပြောခဲ့တယ်ကလေးအကြောင်းသူ့အမကိုမေးတော့ ကလေးကရောဂါအခံရှိတယ်တဲ့ အမောခနခနဖောက်တတ်တာတဲ့😢 အရင်ကတော့ ဆေးရုံခနခနတတိရတယ်ခုမပြေလည်လို့ဆေးရုံမတတ်နိုင်ဘူးတဲ့😢 အာဖျန်းဆေးတောင်ရပ်ကွက်ထဲက သူ့ကိုသနားလို့ဆိုပြီး ဝယ်ဝယ်ပေးနေကျတာ😞😞

ကလေးက အာဖျန်းဆေး ဖျန်ူးလိုက်ရင်တော့ သက်သာသွားတယ်တဲ့အမြဲဆောင်ထားရတာ ဆရာဝန်တွေကလဲဆောင်ခိုင်းထာတာတဲ့ဒီနေ့သူမေ့သွားလို့ စိတ်ပူနေတာတဲ့ ကျွန်တေိာတို့ကိုလဲ ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါပြောရှာတယ်😞

အန်တီရှိလား မေးတော့ အမေကသွားနှိပ်တာ ပြနိမလာသေးဘူးတဲ့😞အိမ်က ကျူးလားမေးတော့ ဟုတ်တယ်တဲ့ အစိုးရကဖျကိဆိုဖျကိရမှာတဲ့ကျွန်တော်တို့လဲ တစ်ခုခုလိုတာရှိရင်ဆက်သွယ်ဖို့ဖုန်းနံပါတ်လေးပေးခဲ့လိုက်တယ် မနက်ဖြန်လဲ ကလေးကမသက်သာရင်ဆေးရုံတတ်ခိုင်းဖို့် ပြောခဲ့လိုက်တယ် အတတ်နိုင်ဆုံးကူညီပါ့မယ်လို့ပြောခဲ့တယ် သူတို့ကတော့မနက်ဖြန်သေချာပေါက် ဆက်မယ်ပြောတာပဲ

သူ့စက်ဘီးလေးလဲ ပြင်ချငိတယ် ကျောင်းသွားရင်စီးဖို့်တဲ့ကျောင်းဖွင့်ခါနီးအကုန်လာလုပ်ပေးမယ်လို့ သူ့ကိုပြောခဲ့တယ်😞😞

ကလေးခဗျာ တစ်နေကုန်ဈေးရောင်းနေတော့ သူမှာကလေးသဘာဝဆော့ချင်ရှာမှာလေ သူ့မှာအချိန်မရရှာဘူး မနက်လဲထရတာတဲ့😞😞ကလေးနဲ့တောင်မလိုက်ဘူး လောကဓံခံရရှာတာ😢😢

တကယ်သနားဖို့ကောင်းတယ်ဗျ😢 ဝဋ်ရှိရင်ဒီဘဝနဲ့ပဲကြေပါစေ

မင်း လဲ နေအမြန်ကောင်းပါစေမိဘကို လုပ်ကျွေးနေတဲ့မင်းက တစ်နေ့မှာ သူတော်ကောင်းနဲ့တွေ့မှာပါဆုမွန်ကောင်းတောင်းပေးပါတယ်🙏🙏🙏

ဒီနေ့တစ်နေကုန်အစစအရာရာလိုက်ကူညီပေးတဲ့ ဆရာဝန်မလေး

Daw Thar TharLay ကို ​ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ🙏

အမဒီထက်မကလဲကူညီနိုင်ပါစေ။ဒီထက်မကလဲလှူနိုင်ပါစေဗျာ🙏🙏

#မှတ်ချက်# ပုံကိုခွင့်တောင်းပြီးမှတင်တာပါ🙏🙏🙏

credit

Leave a Comment