ႏိုင္ငံျခားသားေရာက္ရိွမႈကို သတင္းပို႕ရန္ ပ်က္ကြက္သည့္ အေမရိကန္ႏိုင္ငံသား၏ ဇနီးအား အေရးယူေဆာင္ရြက္…

ႏိုင္ငံျခားသားေရာက္ရွိေနထိုင္မႈအား သတင္းေပးပို႔ရန္ ပ်က္ကြက္သည့္ COVID-19 အတည္ျပဳလူနာအမွတ္-၄ (Case-04) အေမရိကန္ႏိုင္ငံသား၏ ဇနီးအား အေရးယူေဆာင္႐ြက္

COVID-19 အတည္ျပဳလူနာ (Case-04) အေမရိကန္ႏိုင္ငံသားခံယူထားေသာ ကိုေက်ာ္လင္းထက္ (Mr. Sean Tan) သည္ ျမန္မာႏိုင္ငံသို႔ (၁၉-၃-၂၀၂၀)ရက္ေန႔တြင္ လူမႈေရးဗီဇာျဖင့္ ရန္ကုန္ေလဆိပ္မွတဆင့္ ဝင္ေရာက္ခဲ့ၿပီး မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာအိမ္ရာရွိ ဇနီးျဖစ္သူ ေဒၚသိဂႌေအးစိုး ေနအိမ္တိုက္ခန္း၌ အေမရိကန္ႏိုင္ငံသားခံယူထားေသာ သားႏွစ္ဦးႏွင့္အတူ ေနထိုင္ခဲ့ရာ ၿမိဳ႕နယ္ လဝက႐ုံးသို႔ ႏိုင္ငံျခားသားေရာက္ရွိေနထိုင္မႈအား Form C ျဖင့္ သတင္းေပးပို႔တိုင္ၾကားျခင္း မရွိသည့္အတြက္ သတင္းေပးပို႔တိုင္ၾကားရန္ ပ်က္ကြက္သည့္ အိမ္ရွင္ ေဒၚသိဂႌေအးစိုးအား (၂၄-၄-၂၀၂၀)ရက္ေန႔က ခ်မ္းျမသာစည္တရား႐ုံးသို႔ တရားစြဲဆိုတင္ပို႔ခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါအမႈအား ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံးမွ ရာႀကီးအမွတ္(၄၃၂/၂၀၂၀)ျဖင့္ အမႈအား လက္ခံေဆာင္႐ြက္ခဲ့ၿပီး ႏိုင္ငံျခားသားေရာက္ရွိေနထိုင္မႈအား Form C ျဖင့္ သတင္းေပးပို႔တိုင္ၾကားရန္ ပ်က္ကြက္သည့္ ေဒၚသိဂႌေအးစိုးအား ျပစ္မႈက်ဴးလြန္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ တရား႐ုံးမွ ေငြဒဏ္ က်ပ္(၅)သိန္း ေပးေဆာင္ရန္ႏွင့္ ေငြဒဏ္မေဆာင္ ပ်က္ကြက္ပါက ေထာင္ဒဏ္ (၆)လ က်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ရာ ေဒၚသိဂႌေအးစိုးက ေငြဒဏ္ေပးေဆာင္ခဲ့ေၾကာင္း သိရသည္။

COVID-19 အတည္ျပဳလူနာအမွတ္-၄ (Case-04) အေမရိကန္ႏိုင္ငံသား ကိုေက်ာ္လင္းထက္ (Mr. Sean Tan) သည္ ယခုအခါ ေရာဂါပိုးကင္းစင္၍ ေဆး႐ုံမွ ဆင္းခြင့္ျပဳၿပီး အသြားအလာဆက္လက္ကန္႔သတ္ထားသည္။ (MNJ)

မူရင္းေရးသားသူအား ခရက္ဒစ္ေပးပါသည္…

unicode

နိုင်ငံခြားသားရောက်ရှိနေထိုင်မှုအား သတင်းပေးပို့ရန် ပျက်ကွက်သည့် COVID-19 အတည်ပြုလူနာအမှတ်-၄ (Case-04) အမေရိကန်နိုင်ငံသား၏ ဇနီးအား အရေးယူဆောင်ရွက်

COVID-19 အတည်ပြုလူနာ (Case-04) အမေရိကန်နိုင်ငံသားခံယူထားသော ကိုကျော်လင်းထက် (Mr. Sean Tan) သည် မြန်မာနိုင်ငံသို့ (၁၉-၃-၂၀၂၀)ရက်နေ့တွင် လူမှုရေးဗီဇာဖြင့် ရန်ကုန်လေဆိပ်မှတဆင့် ဝင်ရောက်ခဲ့ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာရှိ ဇနီးဖြစ်သူ ဒေါ်သိင်္ဂီအေးစိုး နေအိမ်တိုက်ခန်း၌ အမေရိကန်နိုင်ငံသားခံယူထားသော သားနှစ်ဦးနှင့်အတူ နေထိုင်ခဲ့ရာ မြို့နယ် လဝကရုံးသို့ နိုင်ငံခြားသားရောက်ရှိနေထိုင်မှုအား Form C ဖြင့် သတင်းပေးပို့တိုင်ကြားခြင်း မရှိသည့်အတွက် သတင်းပေးပို့တိုင်ကြားရန် ပျက်ကွက်သည့် အိမ်ရှင် ဒေါ်သိင်္ဂီအေးစိုးအား (၂၄-၄-၂၀၂၀)ရက်နေ့က ချမ်းမြသာစည်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအမှုအား ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ရာကြီးအမှတ်(၄၃၂/၂၀၂၀)ဖြင့် အမှုအား လက်ခံဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသားရောက်ရှိနေထိုင်မှုအား Form C ဖြင့် သတင်းပေးပို့တိုင်ကြားရန် ပျက်ကွက်သည့် ဒေါ်သိင်္ဂီအေးစိုးအား ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တရားရုံးမှ ငွေဒဏ် ကျပ်(၅)သိန်း ပေးဆောင်ရန်နှင့် ငွေဒဏ်မဆောင် ပျက်ကွက်ပါက ထောင်ဒဏ် (၆)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ရာ ဒေါ်သိင်္ဂီအေးစိုးက ငွေဒဏ်ပေးဆောင်ခဲ့ကြောင်း သိရသည်။

COVID-19 အတည်ပြုလူနာအမှတ်-၄ (Case-04) အမေရိကန်နိုင်ငံသား ကိုကျော်လင်းထက် (Mr. Sean Tan) သည် ယခုအခါ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ပြုပြီး အသွားအလာဆက်လက်ကန့်သတ်ထားသည်။ (MNJ)

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်…

Leave a Comment