ေမာင္ေမာင္ေအး ဆြဲထားတဲ့ပန္းခ်ီတဲ့ဗ်ာ။ ေရႊတိဂံုဘုရားပံုေတာ္ကို မီးေလာင္ပီး ပ်က္စီးေနတဲ့ပံုဆြဲရတယ္လို႕
ေရႊတိဂံုဘုရားပံုေတာ္ကို မီးေလာင္ပီး ပ်က္စီးေနတဲ့ပံုဆြဲရတယ္လို႕
challenge လုပ္စရာ ဒီေလာက္ပံုရွားလားဗ်ာ…။ တစ္ျခားပံုေတြဆြဲေတာ့ ဘာျဖစ္သြားမွာမို႕လဲ။

သူေရးတင္ထားတဲ့စာကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္ဗ်ာ။
အႏုပညာလက္ရာ ခုတင္ဖို႔ Min Zin Than ကေန စိန္ေခၚမႈတစ္ခု လက္ခံခဲ့တယ္ ။
အားလုံးက ငါ့ရဲ့ ကိုယ္ပိုင္စုေဆာင္းမႈထဲကပဲ ျဖစ္ရမယ္ ။
ရွင္းျပခ်က္မရွိ ၊ သုံးသပ္ခ်က္မရွိ ။
တစ္ေန႔တစ္ေန႔ သူငယ္ခ်င္းတစ္ေယာက္ကို စိန္ေခၚမႈေတြကို ရယူဖို႔ ေတာင္းဆိုရမယ္ ။
4. ရက္ေျမာက္ေန႔ျဖစ္ပါသည္
ဒီေန႔ ငါ Myo Min Hlaing Myomin ကို ေခၚေနတယ္ ။
ကံမမုန္းေအာင္ေနၾကပါ
ဒီရက္ပိုင္းမွာ တကမ႓ာလံုးကိုဗစ္ေရာဂါ အျပင္ တျခာတျခားေသာ ေဘးဒုကၡေတြပါ ထပ္ထပ္တိုးတိုးလာတာ သတိထားမိၾကလား
သတၱဝါေတြဟာ ကံဆိုးကံညစ္ေတြ အက်ိဳးေပးၿပီဆိုရင္ ေရွာင္လို႔မရေတာ့ဘူး တဲ့ ေရာဂါပိုးေၾကာင့္ ေသာကမ်ားေနရတဲ့အခ်ိန္မွာ ထပ္တိုးဒုကၡေတြေၾကာင့္ပရိေဒဝပါ အပိုပါလာၾကၿပီ
ဇာတ္ေတာ္ေတြထဲမွာေတာ့ ဒီလိုဝတၱဳေတြ ေတြ ့မိပါတယ္
ႏြားေက်ာင္းသား ခုနစ္ေယာက္ အဲဒီခုနစ္ဦးဆံုတိုင္း ဂူပိတ္ ခံရတယ္ ေနာက္ဆံုး ရဟႏၲာျဖစ္မဲ့ ဘဝမွာ ဂူထဲမွာတရားက်င့္ေနတုန္း ေက်ာက္တံုးႀကီးသူ ့ဖာသူ လာပိတ္တယ္
အဲဒီေက်ာက္တုံး ဘယ္က လာလဲဆိုေတာ့ သူတို ့ရဲ႕ကံေတြေၾကာင့္ျဖစ္တာ
ရဟန္းႏွစ္ပါးခ်စ္ခ်စ္ခင္ခင္ေနတာကိုကို မိန္းမပံုသဏၭာန္နဲ ့စမ္းသပ္ခဲ့လို ့
ဒီဘဝမွာ ရဟႏၲာျဖစ္ေပမဲ့ ဆြမ္းခံႂကြတိုင္း ေနာက္က မိန္းမတေယာက္ ပါလာလို ့ ကဲ့ရဲ႕ခံခဲ့ရတယ္အဲဒီမိန္းမ ဘယ္ကလာလည္း ဆိုေတာ့ အကုသိုလ္ကံေၾကာင့္ေပၚလာတာ တကယ္မိန္းမမဟုတ္ဘူး
ရဟန္းသံဃာေတာ္ေတြ ကိုယ့္ကိုကိုယ္သတ္ေသဖို ့လုပ္ေနတာ ဘုရားရွင္သိေပမဲ့ ကယ္မရလို ့ မ်က္ႏွာလြဲသြားတယ္
ဟိုတေလာက စက္ေလွေမွာက္လို ့လူဆယ္ေယာက္ မွာ ၈ ေယာက္က ေရနစ္ေသတယ္ ေရကူးတတ္တဲ့ ႏွစ္ေယာက္က ေခ်ာင္းစပ္က သစ္ပင္ေပၚတက္ေျပးတာာ သစ္ပင္ေပၚက ေႁမြကိုက္လို ့အဲဒီႏွစ္ေယာက္ပါေသတယ္တဲ့
နာဂစ္မွာ ေရထဲက ကယ္လာတဲ့ သေဘၤာဟာ ထပ္ျမဳပ္သြားလို ့ ဒုတိယမၸိ ထပ္ေသၾကရတယ္
ေျပာခင္တာကကံေတြ အက်ိဳးေပးလာရင္ၾကံဖန္ၿပီးေသတတ္ပါတယ္
ဒါဟာ သာမန္ဆိုရင္ေတာ့ေခါင္းေဆာင္ေတြရဲ႕ လိုအပ္ခ်က္လို႔ ေတြးၾကမွာပါတကယ္ေတာ့ ကံေတြအက်ိဳးေပးတာပါ
လူသားအခ်င္းခ်င္း ေမတၱာထားၾကပါ
အခုေျပာတာေတြက ကံရဲ႕သေဘာတရားေတြကို ေျပာျပတာပါျဖစ္လာတဲ့ အခါ ဉာဏ္နဲ ့ဝိရိယ ထုတ္ၿပီး ကယ္ဖို႔လည္း အထူးလိုအပ္ပါတယ္
အေကာင္းဆံုးကေတာ့ကံေတြအက်ိဳးမေပးေအာင္ဘုရား တရား ပိုလုပ္ၾကပါလို႔ပဲတိုက္တြန္းပါရေစ
အခု အေမရိကန္မွာ ျဖစ္တဲ့ ျပႆနာမ်ိဳးဟာ တကမ႓ာလံုးဆီကိုေတာင္ ကူစက္သြားမယ္ဆိုလည္း ကူးစက္ႏိုင္ပါတယ္
ကိုဗစ္ထက္ေၾကာက္စရာေကာင္းတဲ့ အေၾကာင္းတရားေတြ ေနရာအႏွံ့ ႏိုင္ငံအႏွံ ့မွာ ေပၚေပါက္ႏိုင္ပါတယ္
ကပ္ဆိုက္တယ္ဆိုတာ တႏိုင္ငံတည္းေရြးဆိုက္တာမဟုတ္ဘူးသတၱဝါတိုင္း မလြတ္ေအာင္ခံရမွာဒုကၡအမ်ိဳးအစားပဲ ကြာလိမ့္မယ္
ျမန္မာျပည္လည္း အစစအရာရာ သတိထားေစခ်င္ပါတယ္
ကံေတြအက်ိဴးေပးရင္သိပ္ၿပီးေၾကာက္စရာေကာင္းပါတယ္ျမန္မာျပည္မွာ ပဋိပကၡေတြဳဖစ္ဖို႔အေၾကာင္းတရားေတြေခါင္းစဥ္ေတြကလည္း အဆင္သင့္ပဲဆိုေတာ့ အထူးသတိထားဖို႔လိုအပ္ပါတယ္
လူမုန္းရင္ေရွာင္လို႔ရတယ္ကံမုန္းရင္ ေရွာင္လို႔မရတာမို႔ကံမမုန္းေအာင္ေကာင္းမူ႔ကုသိုလ္ေတြ လုပ္ထားၾကဖို႔ တိုက္တြန္းပါ၏
ဦးျမင့္ခိုင္
Share
unicode
မောင်မောင်အေး ဆွဲထားတဲ့ပန်းချီတဲ့ဗျာ။ ရွှေတိဂုံဘုရားပုံတော်ကို မီးလောင်ပီး ပျက်စီးနေတဲ့ပုံဆွဲရတယ်လို့
ရွှေတိဂုံဘုရားပုံတော်ကို မီးလောင်ပီး ပျက်စီးနေတဲ့ပုံဆွဲရတယ်လို့
challenge လုပ်စရာ ဒီလောက်ပုံရှားလားဗျာ…။ တစ်ခြားပုံတွေဆွဲတော့ ဘာဖြစ်သွားမှာမို့လဲ။
သူရေးတင်ထားတဲ့စာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ဗျာ။
အနုပညာလက်ရာ ခုတင်ဖို့ Min Zin Than ကနေ စိန်ခေါ်မှုတစ်ခု လက်ခံခဲ့တယ် ။
အားလုံးက ငါ့ရဲ့ ကိုယ်ပိုင်စုဆောင်းမှုထဲကပဲ ဖြစ်ရမယ် ။
ရှင်းပြချက်မရှိ ၊ သုံးသပ်ချက်မရှိ ။
တစ်နေ့တစ်နေ့ သူငယ်ချင်းတစ်ယောက်ကို စိန်ခေါ်မှုတွေကို ရယူဖို့ တောင်းဆိုရမယ် ။
4. ရက်မြောက်နေ့ဖြစ်ပါသည်
ဒီနေ့ ငါ Myo Min Hlaing Myomin ကို ခေါ်နေတယ် ။
ကံမမုန်းအောင်နေကြပါ
ဒီရက်ပိုင်းမှာ တကမ႓ာလုံးကိုဗစ်ရောဂါ အပြင် တခြာတခြားသော ဘေးဒုက္ခတွေပါ ထပ်ထပ်တိုးတိုးလာတာ သတိထားမိကြလား
သတ္တဝါတွေဟာ ကံဆိုးကံညစ်တွေ အကျိုးပေးပြီဆိုရင် ရှောင်လို့မရတော့ဘူး တဲ့ ရောဂါပိုးကြောင့် သောကများနေရတဲ့အချိန်မှာ ထပ်တိုးဒုက္ခတွေကြောင့်ပရိဒေဝပါ အပိုပါလာကြပြီ
ဇာတ်တော်တွေထဲမှာတော့ ဒီလိုဝတ္တုတွေ တွေ ့မိပါတယ်
နွားကျောင်းသား ခုနစ်ယောက် အဲဒီခုနစ်ဦးဆုံတိုင်း ဂူပိတ် ခံရတယ် နောက်ဆုံး ရဟန္တာဖြစ်မဲ့ ဘဝမှာ ဂူထဲမှာတရားကျင့်နေတုန်း ကျောက်တုံးကြီးသူ ့ဖာသူ လာပိတ်တယ်
အဲဒီကျောက်တုံး ဘယ်က လာလဲဆိုတော့ သူတို ့ရဲ့ကံတွေကြောင့်ဖြစ်တာ
ရဟန်းနှစ်ပါးချစ်ချစ်ခင်ခင်နေတာကိုကို မိန်းမပုံသဏ္ဌာန်နဲ ့စမ်းသပ်ခဲ့လို ့
ဒီဘဝမှာ ရဟန္တာဖြစ်ပေမဲ့ ဆွမ်းခံကြွတိုင်း နောက်က မိန်းမတယောက် ပါလာလို ့ ကဲ့ရဲ့ခံခဲ့ရတယ်အဲဒီမိန်းမ ဘယ်ကလာလည်း ဆိုတော့ အကုသိုလ်ကံကြောင့်ပေါ်လာတာ တကယ်မိန်းမမဟုတ်ဘူး
ရဟန်းသံဃာတော်တွေ ကိုယ့်ကိုကိုယ်သတ်သေဖို ့လုပ်နေတာ ဘုရားရှင်သိပေမဲ့ ကယ်မရလို ့ မျက်နှာလွဲသွားတယ်
ဟိုတလောက စက်လှေမှောက်လို ့လူဆယ်ယောက် မှာ ၈ ယောက်က ရေနစ်သေတယ် ရေကူးတတ်တဲ့ နှစ်ယောက်က ချောင်းစပ်က သစ်ပင်ပေါ်တက်ပြေးတာာ သစ်ပင်ပေါ်က မြွေကိုက်လို ့အဲဒီနှစ်ယောက်ပါသေတယ်တဲ့
နာဂစ်မှာ ရေထဲက ကယ်လာတဲ့ သင်္ဘောဟာ ထပ်မြုပ်သွားလို ့ ဒုတိယမ္ပိ ထပ်သေကြရတယ်
ပြောခင်တာကကံတွေ အကျိုးပေးလာရင်ကြံဖန်ပြီးသေတတ်ပါတယ်
ဒါဟာ သာမန်ဆိုရင်တော့ခေါင်းဆောင်တွေရဲ့ လိုအပ်ချက်လို့ တွေးကြမှာပါတကယ်တော့ ကံတွေအကျိုးပေးတာပါ
လူသားအချင်းချင်း မေတ္တာထားကြပါ
အခုပြောတာတွေက ကံရဲ့သဘောတရားတွေကို ပြောပြတာပါဖြစ်လာတဲ့ အခါ ဉာဏ်နဲ ့ဝိရိယ ထုတ်ပြီး ကယ်ဖို့လည်း အထူးလိုအပ်ပါတယ်
အကောင်းဆုံးကတော့ကံတွေအကျိုးမပေးအောင်ဘုရား တရား ပိုလုပ်ကြပါလို့ပဲတိုက်တွန်းပါရစေ
အခု အမေရိကန်မှာ ဖြစ်တဲ့ ပြဿနာမျိုးဟာ တကမ႓ာလုံးဆီကိုတောင် ကူစက်သွားမယ်ဆိုလည်း ကူးစက်နိုင်ပါတယ်
ကိုဗစ်ထက်ကြောက်စရာကောင်းတဲ့ အကြောင်းတရားတွေ နေရာအနှံ့ နိုင်ငံအနှံ ့မှာ ပေါ်ပေါက်နိုင်ပါတယ်
ကပ်ဆိုက်တယ်ဆိုတာ တနိုင်ငံတည်းရွေးဆိုက်တာမဟုတ်ဘူးသတ္တဝါတိုင်း မလွတ်အောင်ခံရမှာဒုက္ခအမျိုးအစားပဲ ကွာလိမ့်မယ်
မြန်မာပြည်လည်း အစစအရာရာ သတိထားစေချင်ပါတယ်
ကံတွေအကျိူးပေးရင်သိပ်ပြီးကြောက်စရာကောင်းပါတယ်မြန်မာပြည်မှာ ပဋိပက္ခတွေုဖစ်ဖို့အကြောင်းတရားတွေခေါင်းစဉ်တွေကလည်း အဆင်သင့်ပဲဆိုတော့ အထူးသတိထားဖို့လိုအပ်ပါတယ်
လူမုန်းရင်ရှောင်လို့ရတယ်ကံမုန်းရင် ရှောင်လို့မရတာမို့ကံမမုန်းအောင်ကောင်းမူ့ကုသိုလ်တွေ လုပ်ထားကြဖို့ တိုက်တွန်းပါ၏
ဦးမြင့်ခိုင်
Share
Leave a Reply