အမျိုးသမီး တစ်ယောက်အပြောကြောင့် ဆွမ်းပင်မယူတော့ပဲ မျက်ရည်ကျပြီးလှည့်ပြန်ခဲ့ရတဲ့ ဦးဇင်းလေး

မိန်းမတစ်ယောက်ရဲ့ ပြောဆိုမှုကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။ ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါဆိုတဲ့ အဖြစ်အပျက်ဘုန်းကြီးတွေကို သူတောင်းစားလို့ပြောတဲ့ မိန်းမတစ်ယောက်ကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။ ဟုတ်ပါတယ် ဘုန်းကြီးဆိုတာသူတောင်းစားတွေပါ မိုးမလင်းသေးဘူး သူများအိမ်ရှေ့ တံစက်မြိတ်အောက်မှာ ခွက်အမည်းကြီး ပိုက်ပြီး တန်းစီးပြီး တောင်းစားနေတာ ကျုပ်တို့တွေပါ။ ဒီသာသနာထဲ ဝင်လာရင် ဒီလို ကဲ့ရဲ ပြစ်တင် ဝေဖန်မယ်ဆိုတာ သိနေပါလျက် ဇွတ်ထိုးပြီး ကတုံးတုံး သင်္ကန်းဝတ်ခဲ့ကြတာ ဒီ သူတောင်းစားတွေပေါ့။ ကိုယ်ပိုင် စီးပွားရေးက မရှိ၊ တစ်လတစ်ခါ လစာရတဲ့ ဝန်ထမ်းတွေလည်း မဟုတ်လို့ တောင်းစားမိတာ ခွင့်လွတ်ပါဗျာ။ဘုရားရှင်ရဲ့ သားတော်တွေမို့ရှေ့ရှေ့ဘုရားရှင်တို့် ပညတ်ထားတော်မူသည့် ဝိနည်းစည်းကမ်းတွေထဲာင်းစားရမယ်လို့ ပညတ်ထားတော့ကျုပ်တို့လည်း တောင်းစားရတာပေါ့။ အများထင်သလို သာသနာ့ဘောင်ကအနေလည်းမချောင်၊ အစားလည်းမချောင်ပါဘူး။ဒါကို ကိုယ်တိုင်းဝတ်ဖူးမှ စာနာ နားလည်ပါလိမ့်မယ်။ ဦးဇင်းတို့လည်း ဘယ်တောင်းစားချင်ပါ့မလဲ၊အထင်သေးတဲ့ … Read more

ကျောက်စိမ်းဘုရားကဲ့သို့ ရှားပါးအင်ကြင်းကျောက်များဖြင့် တည်ထားသော ကမ္ဘာ့ပထမဦးဆုံးစေတီ

ကမ္ဘာ့ပထမဦးဆုံးသော မြန်မာနိုင်ငံထဲက အလွန်ခန့် ညားတဲ့ အင်ကြင်းစေတီကြီး စစ်ကိုင်း၊ ဇွန် ၁၉-၂၀၂၀ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဆင်ဂေါင်းတောင် သာသနာ့နယ်မြေအတွင်းမှာ ကမ္ဘာ့ပထမဆုံးသော အင်ကြင်းစေတီတော်ကို တည်ထားပူဇော်လျက်ရှိတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။အင်ကြင်းကျောက်တွေနဲ့ တည်ထားတဲ့ မဟာနာဂဒီပ အေးငြိမ်းချမ်းသာ ဘွဲ့အမည်ရှိ အင်ကြင်းစေတီတော်ကို ၂၀၁၅ ခုနှစ် မေလအတွင်းက စတင်တည်ထားခဲ့ပြီး လက်ရှိမှာတော့ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး ကုန်ကျငွေအနေနဲ့ ကျပ်သိန်း နှစ်သောင်းခန့် ကုန်ကျမယ်လို့ တည်ဆောက်ရေးဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်သိန်းက ပြောပါတယ်။ ”အင်ကြင်းစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံတင်မဟုတ်ပါဘူး ကမ္ဘာ့မှာတင် တစ်ဆူထဲပဲ ရှိပါတယ်။ အခု တည်ထားလျက်ရှိတာ ငါးနှစ်ရှိပါပြီ၊ ပုဂံက အာနန္ဒာစေတီတော် ပုံစံတူတည်ထားလျှက်ရှိပါတယ်။ကျန်စစ်သားမင်းသားက ကျွန်တော်တို့ မြောင်မြို့နယ်၊ ပရိမ္မရွာမှာ မွေးဖွားတဲ့အတွက် ကျန်စစ်သားမင်းကြီးကို ဂုဏ်ပြုသောအားဖြင့် အင်ကြင်းစေတီတော်မြတ်ကြီးကို … Read more

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်များ ရရှိနိုင်သော အကျိုးတရားများ…

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ် ရရှိနိုင်သော အကျိုးတရားများ… မိမိ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်… ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။ ၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်… ၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။ ၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။ ၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။ ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ … Read more