ကျွန်မ မာနကြီးတာမဟုတ်ပါဘူး
ကျွန်မ မာနမကြီးပါဘူး ကိုယ့်ကိုမလိုအပ်မှန်းသိရင် မတွယ်တာတတ်တဲ့ အကျင့်ပဲရှိတာ… ကျွန်မ မချစ်တတ်တာ မဟုတ်ပါဘူး ကိုယ့်ကိုမချစ်မှန်းသိရင် လွှတ်ချတတ်တဲ့ စိတ်ကလေးပဲရှိတာ… ကျွန်မဆိုတာ ကိုယ့်ကို မခေါ်မပြောချင်တဲ့ သူကို အောက်ကျို့ခံပြီး မခေါ်တတ်ဘူး…မလိုမှန်းသိရင် လှည့်ထွက်ဖို့ အဆင်သင့်ပဲ… ကိုယ့်အပေါ် သံယောဇဉ် မရှိတဲ့သူတစ်ယောက်ကို ကျွန်မ ဘဝထဲနေရာမပေးတတ်ဘူး… ကိုယ့်အပေါ် လိုမှသုံးတတ်တဲ့သူတွေအတွက်လည်း ရှိမနေပေးတတ်ဘူး… ကျွန်မ မာနကြီးတာ မဟုတ်ဘူးကိုယ့်ကိုယ်ကို ချစ်တာ… တစ်ဖက်က မလိုအပ်မှန်းသိရဲ့သားနဲ့တွယ်ကပ်နေမိရင် ကိုယ်ပဲခံစားရမယ်လေ… ကိုယ့်ကို မချစ်မှန်းသိရဲ့သားနဲ့ ဆက်ချစ်နေရင်နေ့တိုင်း ငိုကြွေးရမှာ ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား… ကိုယ့်ကို မလိုတဲ့သူကို အောက်ကျို့ခံပြီးတွယ်တာနေရင် ကိုယ့်ပဲ တန်ဖိုးကျမှာပေါ့… ကျွန်မကို နာကျင်စေမယ့်အရာတွေဆို ရှောင်တယ် ကျွန်မကိုအနာတရဖြစ်စေတဲ့ အရာတွေဆို မဖက်တွယ်တတ်ဘူး… ကျွန်မ မာနကြီးတာမဟုတ်ပါဘူး ကိုယ့်ကိုယ်ကို ချစ်တာပါ…❤ … Read more