ကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် အဘွားတစ်ယောက် မျက်ရည်ဝဲပြီး ညီမတို့ကို ပြောပြလာတဲ့ အကြောင်း

မတောင်းပဲနေရင်ငတ်တော့မှာဆိုပြီး မျက်ရည်လေးဝဲ လမ်းတကာ လိုက်တောင်းနေရတဲ့အဘွား ကပ်ဆိုးကြီးရဲ့ ရိုက်ခတ်မှုကြောင့် အဘွားတယောက် မျက်ရည်ဝဲပြီး ညီမတို့ကို ပြောပြလာတဲ့ အကြောင်းလေးပါ။ အဘွားဆိုင်ရှေ့ ချီတုံချတုံနဲ့ ရောက်လာပြီး သမီးရေ အဘွားဗိုက်ဆာလို့ အကြွေ ၂၀၀ လောက်တဲ့၊ ပုံစံကြည့်ပြီး သနားသွားတယ်။ အသက် ၇၀ လောက်ရှိမယ်။ အဲဒါနဲ့ လာ အဘွား ကြာဇံကြော် စားသွားပါဆိုပြီး အဝ ကျွေးလိုက်တယ်။ အဘွားခမျာ စားနေရင်း မျက်ရည်ဝဲတာ မြင်ရတာ စိတ်တောင် မကောင်းဘူး။ စားပြီးတော့ သူ့အကြောင်းလေး ပြောပြတယ်။ သမီးရယ် အဘွားတခါမှ မတောင်းခဲ့ဖူးဘူး အရမ်းရှက်မိတယ်၊ ကိုယ်မတောင်းလဲ လာကျွေးမယ့်သူ မရှိဘူးတဲ့ ဒီအခြေအနေဆိုးကြီးတွေကြောင့် အဘွားအလုပ်ရှင်က အလုပ်တွေ ပါးတော့ အဘွားကို အလုပ်ဖြုတ်လိုက်တယ်။ အလုပ်တွေ အားလုံးနီးပါးလည်း … Read more

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေးရဲ့ အဖြစ်…

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေး… ” ဦးဇင်း ဖုန်းဆက်လို့ရလား ” ” ဟေ ရတာပေါ့ဘုရား ကိုရင်က ဘယ်သူဆီများဆက်မလို့လဲ” အေမ့ဆီကိုပါ ” ” ဖုန်းနံပါတ်ကော ပါရဲ့လား ” ” ပါပါတယ်ဘုရား ”လက်ထဲကြည့်လိုက်တော့ နှစ်ပိုင်းပြတ်နေတဲ့ကတ္ထူစာရွက်လေး။” ဟာ ကိုရင် ဘယ်လိုများ နှစ်ပိုင်းပြတ်နေရတာတုန်း” ပျောက်မှာစိုးလို့ သင်းပိုင်ထဲလိတ်ထားတာပြဲသွားတာဘုရား ”သြော် ကိုရင်ရယ် အမေ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးကို ပျောက်မှာစိုးသတဲ့ ” ဒါဆို ကိုရင်က တစ်လုံးချင်းပြော ဦးဇင်းကနိုပ်ပြီး ဆက်ပေးမယ် ” ” မှန်ပါ့ 09………”.သူပြောသလို နိုပ်ပြီး ခေါ်လိုက်တာ ဖုန်းစင်တာကတပ်စင်ထားခြင်း မရှိကြောင်း တုန့်ပြန်ပြောပါတယ်…” ဟ ကိုရင် တပ်ဆင်မထားဘူးတဲ့ နောက်တစ်လုံးရှိသေးလား ” … Read more

(၂၀၀)တန်လေးနဲ့ တောင်းရမ်းစားသောက်နေတဲ့ လူကြီးတစ်ယောက် အနားရောက်လာလို့ ကြည့်လိုက်တဲ့အခါ…

“ (၂၀၀) တန်လေးကိုင်ပြီး သံဃာကို အလှူငွေ လာထည့်တဲ့ တောင်းရမ်းစားသောက်တဲ့ ဒကာကြီး ” ဒီနေ့ ၁၀နာရီကျော်ခန့်မှာ ဓမ္မစကူးလ်အတွက် ဒကာတော်နဲ့ ထိုင်နေတဲ့အချိန် ရုပ်ရည်က မသန့် ခါးကကုန်းကုန်း စကားကမပြေတတ်တဲ့ တောင်းရမ်းစားသောက်တဲ့ဒကာကြီးတယောက် အနားနားကို ရောက်လာခဲ့တယ်။ ဦးဇင်းနဲ့ဒကာတော်လဲ ဘာလာလုပ်တာလဲမသိ သေချာကြည့်လိုက်တော့ လက်ထဲမှာ ၂၀၀တန်လေးကိုင်လို့ အလှူငွေထည့်ချင်တဲ့အမူအယာလုပ်ပြတယ်…။ ဥင်္ီးဇင်းနဲ့ ဒကာတော်လဲ အံ့သြ ၀မ်းနည်း ၀မ်းသာ ဖြစ်မိလျှက်သား အော်လှူချင်လို့ကိုးလို့သိလိုက်ရတယ် သူ့ခွက်ထဲ ကြည့်လိုက်တော့ ၅၀တန် ၁၀၀တန် ခုသူလှူတာက ၂၀၀တန် အများဆုးံ ၂၀၀တန်ကို စေတနာထက်သန်စွာ လှူဒါန်းလိုက်တာပါလားလို့ သိလိုက်တဲ့အချိန် ငါသူ့လို အများဆုံး အကြီးဆုးံကို လှူနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကို စီစစ်ကြည့်မိတယ်။ သူစေတနာသဒ္ဓာတရားကို ၀မ်းမြောက်ဝမ်းသာ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။ … Read more

မိဘပိုက်ဆံနဲ့ဂိမ်းဆော့ FBသုံးပြီး အချိန်ဖြုန်းနေကြတဲ့ ဒီခေတ်ကြီးမှာ ဒီလိုကလေးမျိုးကရှားပါတယ်

မိဘပိုက်ဆံနဲ့ ဂိမ်းဆော့ FB သုံးပြီးအချိန်ဖြုန်းနေကြတဲ့ ခေတ်ကြီးမှာ ငယ်ငယ်ရွယ်ရွယ်နဲ့မိဘကိုလုပ်ကြွေးနေတဲ့ ၁၀နှစ်သားလေး ဒီနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနားသွားရင်း ဘီးပေါက်ပါလေရော။ အဲ့ဒီတော့ တွန်းပေါ့လေ။ ပထမဆုံးတွေ့တဲ့ဆိုင်က အဖိုးကြီးတစ်ယောက် သူကကြည့်ပြီး ကျွတ်လဲရမှာတဲ့။ကလစ်ဆိုင်ကယ်မို့ သူမဖြုတ် ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ဟုတ်တယ်။ Click ဆိုင်ကယ်တွေက နောက်ဘီးဖြုတ် ရတာခက်တယ် ။ ရှေ့နားမှာ ဘီးဖာတဲ့ဆိုင်ရှိတယ် တစ်ပြပဲ ဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ ၆၉ လမ်းနဲ့ ၃၉ လမ်းဆုံမှာ ဒီဆိုင်လေး တွေ့ပါလေ ရောဗျာ။ ဘီးဖာပေးတဲ့ ဆရာက အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့။ နာမည်က မင်းခန့်ကျော်တဲ့။ ကျောင်းက ၄ တန်းဖြေထားတယ်ဆိုပဲ … Click ဆိုင်ကယ်ကို မပြီး ဘီးကို တစ်ယောက်ထဲ … Read more

ပန်းရံဆရာလင်မယား ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂လ ၃လအကြာ မွေးထားလိုက်မိသောအခါ

ပန်းရံဆရာလင်မယား ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂လ ၃လအကြာ မွေးထားလိုက်မိသောအခါ… ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂ လ ၃ လအကြာမွေးထားတဲ့နောက်မှာ သူ့ရဲ့ပန်းရံအလုပ်တွေဆက်တိုက်ဝင်လာနေသလို ဇနီးဖြစ်သူကလည်း ၂ ပတ်ဆက်တိုက်ထီကံထူး အကျိုးပေးတဲ့ ကင်းလိပ်ချောအမြှီးနှစ်ခွ ဘတ် ၂ သိန်းဈေးပေါက် အကျိုးပေးကင်းလိပ်ချောတစ်ကောင်ကို ၂လ ၃လကြာမွေးထားတဲ့ ဖစ်ချဘွန်ခရိုင်က ပန်းရံဆရာ အလုပ်ကောင်း ဇနီးဖြစ်သူထီကံထူး ထိုင်းနိုင်ငံမြောက်ပိုင်း ဖစ်ချဘွန်ခရိုင်မှာနေထိုင်တဲ့ ပန်းရံဆရာတယောက်ဟာ ကင်းလိပ်ချောအမြှီးနှစ်ခွတစ်ကောင်ကိုတွေ့ရှိခဲ့လို့ ဖမ်းယူပြီး သူ့ရဲ့အိမ်မှာမွေးထားခဲ့ပါတယ်။ ကင်းလိပ်ချောအမြှီးနှစ်ခွကို၂ လ ၃ လအကြာမွေးထားတဲ့နောက်မှာ သူ့ရဲ့ပန်းရံအလုပ်တွေဆက်တိုက်ဝင်လာနေသလို ဇနီးဖြစ်သူကလည်း၂ ပတ်ဆက်တိုက်ထီကံထူးခဲ့တယ်လို့ဆိုပါတယ်။ သူဖမ်းလာတုန်းကတော့ ကင်းလိပ်ချောဟာ ပြောင်လက်နေတဲ့အနက်ရောင်တကောင်ဆိုပေမယ့် ယခုအခါမှာရွှေဝါရောင်သန်းလာတာကြောင့် အကျိုးပေးမယ့်ကင်းလိပ်ချောတစ်ကောင်လို့ သူယုံကြည်ထားပါတယ်။ ကင်းလိပ်ချောအမြှီးနှစ်ခွတစ်ကောင်ကို အွန်လိုင်းပေါ်မှာ ဘတ် ၂ သိန်းဈေးပေါက်နေတာဖြစ်ပါတယ်…။ Ref: ช่องวันนิวส์ Photo : ช่องวันนิวส์ … Read more

အသက် ၈၅နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်ရသောအခါ….

ထိုင်နေတုန်း အသက် ၈၅ နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်တဲ့အခါမှာ အရမ်းကို အံသြသွားတဲ့ လူတစ်ယောက်ရဲ့ အဖြစ်ပဲဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးမြင့်လာတဲ့အခါမှာ ရုန်းကန်လှုပ်ရှားဖို့ တော်တော်လေးကို ခက်ခဲပါတယ်။စားရေးသောက်ရေး နေရေးထိုင်ရေးအတွက် တစ်ကိုယ် တည်း ရှာဖွေဖို့ဆိုတာ ပိုခက်ခဲပါတယ်။ ယခုလို ခက်ခဲတဲ့ကြားက အသက် ၈၅ နှစ်အရွယ် အဖွားအိုတစ်ယောက်က ကားငှားခြင်းကို ခံခဲ့ရတဲ့ လူတစ်ယောက်ဟာ လူမှုကွန်ယက်မှာ ယခုကဲ့သို့ မျှဝေခဲ့ပါတယ်။ ကျောက်ဆည် Alpha ဘိလပ်မြေစက်ရုံရှေ့ထိုင်နေတုန်း မန္တလေးဘက်က သနပ်ခါးတုံးရောင်းပြီးပြန်လာတဲ့အသက် ၈၀ ကျော်အဖွားအိုတစ်ယောက် သူ့အိမ်ကိုပြန်ဖို့ ကားကြုံစီးပါရစေ ပိုက်ဆံ ၅၀၀ ပေးပါ့မယ်ဆိုလို့ အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်။ ၈၅ နှစ်အရွယ်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးအလုပ် လုပ်နေတဲ့အဖွားကို လေးစားသောအားဖြင့် ပိုက်ဆံနဲ့ကန် တော့ပါရစေ ဆိုတော့ … Read more

နာမည်ကြားလိုက်ရုံနဲ့ ကြက်သီးထသွားစေမယ့် မြန်မာနိုင်ငံမှထူးထူးဆန်းဆန်းမြို့ရွာများ

နာမည်ကြားလိုက်ရုံနဲ့ ကြက်သီးထသွားစေမယ့် မြန်မာနိုင်ငံမှထူးထူးဆန်းဆန်းမြို့ရွာများ ၁။ လေရှီးမြို့။ စဉ်းစားတာက ကောင်းပါတယ်။ ဒါပေမယ့် တချို့အရာတွေကျ ပြောင်းပြန်လှန်ပြီး မစဉ်းစားသင့်ဘူးဆိုတာကို ဒီမြို့နာမည်က သက်သေပြနေပါတယ်။ ၂။ စက်စက်ယိုကျေးရွာ။ ဆံရစ်ဝိုင်းကျေးရွာလို့လည်း နာမည်ကြီးတာနဲ့ စက်စက်ယိုကျေးရွာကလည်း နာမည်ဆန်းဆန်းလေးနဲ့ တည်ရှိနေတာပေါ့။ လှချင်လျက် စက်စက်ယိုဆိုတဲ့အတိုင်းပဲ ဒီရွာလေးကတော့ သူတို့ရဲ့အမှတ်အသားနဲ့ သူတို့ လှပနေပါတယ်။ ၃။ မိန်းမမြို့။ မြို့နာမည်ကို ဒီတိုင်းနားထောင်ရင်းနဲ့ပဲ ဒီမြို့ကို သွားချင်တဲ့ ယောက်ျားလေးတွေ တော်တော်များမှာပဲနော်။ တကယ်တမ်းမြို့နာမည်အတိုင်း မိန်းမတွေချည်းရှိရင် ဘယ်လောက်တောင် နားငြီးမလဲ စဉ်းစားကြည့်ပေါ့။ ၄။ ဘီလူးမြို့။ ဒီမြို့ကတော့ နာမည်နဲ့တင် ယောက်ျားမိန်းမ,မရွေး ကလေးလူကြီးပါမကျန် မြို့ထဲဝင်ချင်စိတ် ပျောက်သွားနိုင်ပါတယ်။ ၅။ ထမင်းမစားကျေးရွာ။ အဲ့ဒီရွာကလူတွေ ဘာများစားချင်လဲ သိချင်ပါရဲ့နော်ဆိုပြီး တွေးနေကြမှာပါ။။ ပင်လယ်နဲ့နီးတော့ ငါးတွေ၊ … Read more

သိန်းပေါင်း ၁၁,၄၀၀ တန်ဖိုးရှိတဲ့ ပိန်းပင်တဲ့

မြန်မာငွေ ကျပ်သိန်းပေါင်း ၁၁,၄၀၀ တန်ဖိုးရှိတဲ့ ပိန်းပင်နော် ဖတ်ကြည့် ထိုင်းနိုင်ငံက ပိန်းပင်ဈေးကွက်ကို လှုပ်ခတ်သွားပြီး သတင်းဌာန အတော်များများက တင်ပြနေကြတဲ့ ပိန်းပင်အမည်က Colocasia Psylocke ဖြစ်ပါတယ်။ ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို ဘတ် ၂၀ သန်း (လက်ရှိငွေလဲနှုန်းအရ မြန်မာငွေ ကျပ်သိန်း ၁၁,၄၀၀ ခန့်) ဈေးဖွင့်ထားပြီး ဘတ် ၁၅ သန်းအထိ ဈေးပေးပေမယ့် အရောင်းမဖြစ်ခဲ့ပါ။ ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို အလွန်ချစ်ခင်မြတ်နိုးတာက တစ်ကြောင်း မိခင်အပင် သားတက် အပင်သေးလေး တစ်ပင်ကို ဘတ်ငွေ ၁ သန်း (ကျပ် သိန်း ၅၇၀) မှ ၁ သန်းခွဲ (ကျပ် သိန်း ၈၀၀ ကျော်) နဲ့ ရောင်းနေရလို့ … Read more

အိမ်အလုပ်တွေမပြီးလို့ဆိုပြီး ဆူခဲ့မိသော အိမ်ဖော်အဒေါ်ကြီးအား CCTV ကိုပြန်ကြည့်ချိန်မှာတော့

အိမ်ထောင်ကျသွားသည်နှင့် သားသမီးတွေ ရှိလာသောအခါ မိခင်တိုင်းသည် ခင်ပွန်းဖြစ်သူ တစ်ယောက်တည်းရဲ့ လုပ်စာကိုပဲ စောင့်ဆိုင်း စားမနေချင်ပဲ ကလေးတွေရဲ့ အနာဂတ်အတွက်ကိုစဉ်းစားကာ အပြင်အလုပ်ထွက် လုပ်ပြီး ဝင်ငွေရှာချင်ကြတာကြောင့် ကလေးကို အဖိုးအဖွားဆီမှာ အပ်နှံတာမျိုး သို့မဟုတ် ကလေးထိန်းသမား ဆီမှာ အပ်နှံတတ်ကြသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံမှ ငယ်ရွယ်သူ မိခင်တစ်ဦးသည် သားဦးလေး မွေးဖွားချိန်တွင် အိမ်ထဲမှာပဲ ကလေးထိန်းရင်း အချိန်ကုန် မနေချင်တာကြောင့် ခင်ပွန်းဖြစ်သူနှင့် တန်းတူအပြင် အလုပ်ထွက်လုပ်ကာ ဝင်ငွေရှာချင်ခဲ့သည်။ မိန်းကလေးသည် အိမ်ထောင်ကျပြီးတာနဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တိုက်ခန်းမှာ ဌားနေတာကြောင့် ကလေးထိန်း ပေးရန်အတွက် အဖိုးအဖွားကလည်း အဝေးမှာ ရှိနေသည့်အတွက် ရပ်ကွက်ထဲက ကလေးထိန်းပေးသည့် အဒေါ်ကြီးတစ်ဦးကို ဌားရမ်းခဲ့တော့သည်။ မိန်းကလေးသည် အဒေါ်ကြီးအား တစ်နေကုန် ကလေးထိန်းရုံ မကပဲ အိမ်သန့်ရှင်းရေးလည်း … Read more

နိုင်ငံခြားသားတွေတောင် အံ့ဩရတဲ့ မြန်မာပြည် ကားပွဲစားလောကရဲ့ လျှို့ဝှက်စကား အထာများ

နိုင်ငံခြားသားတွေတောင် အံ့ဩရတဲ့ မြန်မာပြည် ကားပွဲစားလောကရဲ့ လျှို့ဝှက်စကား အထာများ ကားပွဲစားတွေရဲ့ စကားအထာတွေဟာ ထူးခြားဆန်းကြယ်လှပါတယ်။ ကားအမျိုးအစား နာမည်တွေကိုလည်း အမျိုးမျိုး ပေးတတ်လွန်းလို့ မြန်မာပြည်က ကားနာမည်တွေကို နိုင်ငံခြားသားတွေက အတော် အံ့အားသင့်ခဲ့ကြပါသေးတယ်။ ယခုတစ်ခါမှာတော့ ပွဲဇိုးလေးတွေရဲ့ လက်သုံးစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဦးဆုံး စကားလုံးကတော့ လုပ်ချက်မရှိ ဆိုတာပါပဲ။ အဲ့စကားရဲ့ အဓိပ္ပာယ်ကတော့ လုပ်ချက်မရှိဘဲ ပြင်ချက်တွေပဲ ရှိတာကို ဆိုလိုတာပါ။ မိန်းကလေးတစ်လက်ကိုင် ဆိုတာကတော့ ကားပေါ်ယောင်္ကျားလေးမတင်ပဲ မိန်းကလေးတွေပဲ တင်မောင်းတာပဲ ဖြစ်ပါတယ်။ တစ်ကျပ်ဖိုးမှထပ်ထည့်စရာမလိုဆိုတာက တစ်စီးလုံး အခွံချိန်းရမှာကို ဆိုလိုခြင်းဖြစ်ပြီး၊ ဂျပန့်နံ့လေးတောင် သင်းနေသေးတယ် ဆိုတာကတော့ ဂျပန်ဂတုံးလာစီးသွားလို့ ဖြစ်ပါတယ်။ Anniversary ပါဆိုရင်တော့ ဈေးပိုပြီသာမှတ်လိုက်ပါတော့။ အင်ဂျင်ပါဝါကြီးပေမယ့် ဆီမစားပါကတော့ ရပ်ထားတဲ့အချိန်ကိုဆိုလိုတာ ဖြစ်ပါတယ်။ … Read more