နိုင်ငံခြားသားရောက်ရှိမှုကို သတင်းပို့ရန် ပျက်ကွက်သည့် အမေရိကန်နိုင်ငံသား၏ ဇနီးအား အရေးယူဆောင်ရွက်…
နိုင်ငံခြားသားရောက်ရှိနေထိုင်မှုအား သတင်းပေးပို့ရန် ပျက်ကွက်သည့် COVID-19 အတည်ပြုလူနာအမှတ်-၄ (Case-04) အမေရိကန်နိုင်ငံသား၏ ဇနီးအား အရေးယူဆောင်ရွက် COVID-19 အတည်ပြုလူနာ (Case-04) အမေရိကန်နိုင်ငံသားခံယူထားသော ကိုကျော်လင်းထက် (Mr. Sean Tan) သည် မြန်မာနိုင်ငံသို့ (၁၉-၃-၂၀၂၀)ရက်နေ့တွင် လူမှုရေးဗီဇာဖြင့် ရန်ကုန်လေဆိပ်မှတဆင့် ဝင်ရောက်ခဲ့ပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာရှိ ဇနီးဖြစ်သူ ဒေါ်သိင်္ဂီအေးစိုး နေအိမ်တိုက်ခန်း၌ အမေရိကန်နိုင်ငံသားခံယူထားသော သားနှစ်ဦးနှင့်အတူ နေထိုင်ခဲ့ရာ မြို့နယ် လဝကရုံးသို့ နိုင်ငံခြားသားရောက်ရှိနေထိုင်မှုအား Form C ဖြင့် သတင်းပေးပို့တိုင်ကြားခြင်း မရှိသည့်အတွက် သတင်းပေးပို့တိုင်ကြားရန် ပျက်ကွက်သည့် အိမ်ရှင် ဒေါ်သိင်္ဂီအေးစိုးအား (၂၄-၄-၂၀၂၀)ရက်နေ့က ချမ်းမြသာစည်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအမှုအား ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ရာကြီးအမှတ်(၄၃၂/၂၀၂၀)ဖြင့် အမှုအား လက်ခံဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသားရောက်ရှိနေထိုင်မှုအား … Read more