လူသားမှာစမ်းသပ်မှု မှာဆေးက မအောင်မြင် သေးပါဘူး….

ကိုရုနာဗိုင်းရပ်စ်ဆေး remdesivir လူသားမှာစမ်းသပ်မှု “ မအောင်မြင်” ကိုဗစ် ၁၉ ရောဂါကုသပျောက်ကင်းနိုင်တယ်လို့ အများမျှော်လင့်နေကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ဆေး Remdesivir ဟာ လူသားထံစမ်းသပ်မှုမှာတော့ မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် ဧပြီလ ၂၃ ရက် (ကြာသပတေးနေ့) မှာ ဆေးစမ်းသပ်မှုရဲ့ရလဒ်တွေကို မတော်မဆ ထုတ်ပြန်မိတာကနေ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရသူတွေကိုကုသနိုင်ဖို့ မျှော်လင့်ချက်နည်းသွားပြီဆိုတာ သိခဲ့ရတာဖြစ်ကြောင်း channel news asia ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ ဝက်ဘ်ဆိုက်ထဲလွှင့်တင်ထားခဲ့ပြီး ပြန်လည်ဖြုတ်ချသွားတဲ့ အကျဉ်းချုပ် စမ်းသပ်မှုရလဒ်ကို Financial Times သတင်းစာက တွေ့ရှိဖော်ပြခဲ့တာကနေစပြီး ဒီဆေးဟာ စမ်းသပ်မှုမအောင်မြင်ခဲ့ကြောင်း သိခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီဆေးဝါးကို ထုတ်လုပ်ဖို့သုတေသနပြုနေတဲ့ Gilead Sciences ဆေးဝါးကုမ္ပဏီကတော့ … Read more

ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ…

ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်သောအခါ… ဗန်းမော်မြို့က ထူးခြားဖြစ်စဉ် တစ်ခု မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့နေစဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ဘာတိုင်သလည်းပေါ့ ပြေးကောက်ပြီးဖွင့်ကြည့်လိုက်တယ်။ အထဲမှာ Maskတစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက် စာဖတ်ပြီး အော်….တော်လိုက်တာ။ သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာ အမြတ်ဆုံးပါ။ု ဒါနဲ့ ဈေးရောင်းတဲ့ ဆင်းရဲပုံရှိတဲ့ သားအမိကို တဆင့်ပြန်ပြီး ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို အမည်မဖော်လိုပဲ ပရဟိတ လုပ်ကိုင် ကုသိုလ်ပြု အလွန်အင်မတန် နည်းပါးပါတယ်… တချို့က ပေါ်ပင်လုပ်တတ်ကြသလို တချို့တွေကလဲ နာမည်ကြီးချင် နာမည်ကောင်း ထောပနာပြုခံချင်လို့ … Read more

အနုပညာကို ချစ်မြတ်နိုးတတ်တဲ့ သူတွေဟာ အသက်ပိုရှည်ကြောင်း တွေ့ရှိရ…

အနုပညာကို ချစ်မြတ်နိုးတတ်တဲ့ သူတွေဟာ အသက်ပိုရှည်ကြောင်း တွေ့ရှိရ သင်ဟာ သီချင်းနားထောင် ရတာ၊ ရုပ်ရှင်ကြည့်ရတာ၊ စာအုပ်ဖတ် တာနဲ့ တစ်ခြားသော အနုပညာဆိုင်ရာ တစ်ခုခုကို စိတ်ဝင်စား သူဆိုရင်တော့ ဒီစာလေးကို ဖတ်ကြည့် သင့်ပါ ပြီနော်။ အနုပညာကို ချစ်မြတ်နိုး တတ်တဲ့ သူတွေဟာ လူနေမှုဘဝမှာ အသက်ပို ရှည်ရှည် နေရတတ်ကြ ပါတဲ့။ ဘယ်လိုအချက်တွေကြောင့် အနုပညာက အသက်ကို ပိုရှည်စေတာ လဲ ဆိုတာကို ဖော်ပြပေး လိုက်ပါတယ်။ စိတ်ဖိစီးမှုကို လျော့ချပေးတယ် အနုပညာကို ခံစားတတ်တဲ့ သူတွေ၊ အနုပညာကို ချစ်တတ်တဲ့ သူတွေဟာ တစ်ခြားသူတွေ ထက် စိတ်ဖိစီးမှု ခံစားရမှု နည်းတတ် ကြပါ တယ်။ ဥပမာ- စိတ်ပင်ပန်းနေ ချိန်မှာ … Read more

မြန်မာနိုင်ငံ နောက်နှစ်ရက်တွင်း မိုးရွာနိုင်သောဒေသများ…

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၄) ရက်နေ့ အတွက် မိုးလေဝသ ခန့်မှန်းချက်… ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေ အထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာ ကျဲကျဲနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင် အခြေအနေ။ လှိုင်း အနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ … Read more

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်များ ရရှိနိုင်သော အကျိုးတရားများ…

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ် ရရှိနိုင်သော အကျိုးတရားများ… မိမိ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်… ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။ ၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်… ၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။ ၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။ ၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။ ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ … Read more

နင်သံယောဇဉ် ကြီးတတ်လှချည်လား ငဗစ်ရယ်…

နင်သံယောဇဉ် ကြီးတတ်လှချည်လား ငဗစ်ရယ်… နေပြန်ကောင်းသွားသည့် Coronavirus လူနာများတွင် ရက် ၇၀ ကြာပြီးမှ Positive ပြန်ဖြစ်နေ… တရုတ်နိုင်ငံက နေပြန်ကောင်းလာတဲ့ Coronavirus လူနာတွေမှာ ရက်ပေါင်း ၇၀ ကြာပြီးမှ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုး Positive ပြန်ဖြစ်နေတာကြောင့် ဆရာဝန်တွေအတွက် စဉ်းစားလို့ မရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ COVID-19 ကပ်ရောဂါစတင်ခဲ့ရာဝူဟန်မြို့က ဆရာဝန်တွေက ဆေးရုံကဆင်းသွားပြီးတဲ့လူနာတွေမှာ ရောဂါပိုးပြန်တွေ့ရတာဟာ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဝူဟန်မြို့ Zhongnan ဆေးရုံရဲ့ဒုဥက္ကဌ Yuan Yufeng က “SARS ရောဂါတုန်းကတောင် ဒီလိုဖြစ်ရပ် မျိုးတွေ မတွေ့ခဲ့ရပါဘူး။ အခုအခြေအနေအရဆိုရင် လူနာတွေမှာ Antibody ရှိသွားရင်တောင် ရောဂါ ပိုးထပ်မကူးစက်ခံရတော့ဘူးလို့ အမခံလို့မရပါဘူး။ တချို့ Antibody … Read more

မေလ(၇)ရက်နေ့ကျရင် ( ကိုဗစ်– 19 ) ပျောက်မယ်ဆိုပြီး ဟောကိန်းထုတ်သွားတဲ့ မောင်ဘိုဘို(ရုပ်သံ)

video ဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်… မေလ(၇)ရက်နေ့ကျရင် ( COVID – 19 ) ပျောက်မယ်ဆိုပြီး ဟောကိန်းထုတ်သွားတဲ့ မောင်ဘိုဘို(ရုပ်သံ) Covid – 19 နဲ့ ပတ်သက်ပြီး ဒီခလေးရဲ့ လေ့လာမှုကိုပြီးဆုံးသည်အထိ ကြည့်ကြပါ။ နာမည်က မောင်ဘိုဘို မော်လမြိုင်မြို့l ရွှေတောင်ရပ်မှာ နေပါတယ်…။ ဒီခလေးရဲ့ ထူးခြားချက်က သာမန်ခလေးတွေလို မဟုတ်ပါဘူး… မွေးရာပါ ကျန်းမာရေး အားနည်းချက်ရှိတဲ့ ခလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ခင်ဗျားတို့ ကျွန်တော်တို့လို ဖုန်းလည်းမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့လေ့လာထားမှုကတော့ လေးစားစရာပါ။ စကားပြော ယဉ်ကျေးလိမ္မာလိုက်တာဗျာ။ ဒါကြောင့်မို့ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ သူပြောသလိုမျိုး အမှန်တိုင်းဖြစ်လာပါစေလို့ ဆုတောင်းပါတယ်ဗျာ…။ ပရိသတ်ကြီးရဲ့ အမြင်လေးတွေလဲ မျှဝေပေးခဲ့ကြပါအူးလား…???။ လေးစားစွာဖြင့် #ပေသီး video credit … Read more