ဒီ အလောင်းဟာ တိရစ္ဆာန်မဟုတ်ပါဘူးဗျ ကျွန်တော့် အဖေပါတဲ့…

ဒီ အလောင်းဟာ တိရစ္ဆာန်မဟုတ်ပါဘူး။ ကျွန်တော့် အဖေပါ အီကွေတာမျဉ်းက အဲဒီနိုင်ငံကို ဖြတ်သွားတာမို့ စပိန်လူမျိုးတွေက အီကွေဒေါလို့ခေါ်လိုက်ကြတယ်..။အီကွေဒေါရဲ့ နေ့တွေဟာ ပူပြင်းလှတာမို့ နေအေးတဲ့ ညနေခင်း ၅ နာရီလောက်ဆို အီကွေဒေါနိုင်ငံရဲ့ ဂွါယာကီးမြို့ ( Guayaquil ) ပန်းခြံတွေမှာ ကလေးတွေနဲ့ ပြည့်နှက် ဆူညံနေကြမြဲ..။ ၂၀၂၀ ပြည့်နှစ်၊ မေလကုန်ပိုင်းကစပြီး ကလေးတို့ရဲ့ရယ်သံတွေ တိတ်ဆိတ်ခဲ့ရပြီ..။ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်လို့ဖြစ်တယ်..။ဧပြီလရဲ့ ပထမ ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ ဂွါယာကီးမြို့ ( Guayaquil ) အကြောင်း လူသိများလာတယ်။အလောင်းတွေနဲ့ နိုင်ငံလို့…။ အသက် ၇၁ နှစ်အရွယ် အီကွေဒေါ အမျိုးသမီးကြီးက စခဲ့တာပေါ့..။ အမျိုးသမီးကြီးက စပိန်နိုင်ငံရဲ့မက်ဒရစ်မြို့ကို သွားလည်တယ်။ ပြီးတော့ ဂွါယာကီးမြို့ကို ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ အတူပြန်လာခဲ့တာပေါ့..။ … Read more

ကင်မ်ဂျုံအန်ရဲ့ သီးသန့်ရထား ဝန်ဆန် (Wonsan) ရထားဘူတာတွင်ရပ်တာကို ၂၁ ရက်နေ့ နဲ့ ၂၃ ရက်နေ့မှာ တွေ့တယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်ရဲ့ နောက်ဆုံးရ အခြေအနေ… မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန် (Kim Jong-un) ကွယ်လွန်ပြီလို့ ပြောနေကြတယ်။ နယူးယောက်တိုင်းမ် သတင်းစာ၊ ဧပြီလ ၁၅ ရက်နေ့… ကင်မ်ဂျုံအန်က သူ့ရဲ့ အဘိုးမွေးနေ့ကို မတက်ရောက်ခဲ့တာက စတယ်။ မြောက်ကိုရီးယား ရုပ်မြင်သံကြားသတင်းထဲမှာ သမ္မတ ခဏလာသွားတယ်လို့ ကြေညာခဲ့ပေမဲ့ ဒီလိုအရေးကြီးပုဂ္ဂိုလ်ကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ခဲ့တာ မရှိ..။ အဲဒီအချက်ဟာ လူတွေကို အတော် စိတ်ဝင်စားစေတယ်။ ဆိုးလ်အခြေစိုက် ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Daily NK ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ကင်မ်ဟာ နှလုံးခွဲစိတ်ကုသမှုလုပ်တယ် လို့ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမအောင်မြင်တာလား။ အနားယူနေတာလား .. အမျိုးမျိုးထင်စေတယ်။ ဒီနေ့ “ Breaking News! Kim Jong Un ကွယ်လွန်သွားပြီ” … Read more

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့ မိန်းကလေးတွေ လိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါ ဘူး … ။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် လုံခြုံမှု ပေးနိုင်သူရယ်ပါ မိန်းကလေးဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူတွေပါ … ။ အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူ ရင်ခွင်မှာပါ … ။ ဒါပေမယ့် ယောက်ျားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက်တတ်ကြဘူး စိတ်မရှည်တတ်ကြဘူး မအားဘူးဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ … ။ ဂရုစိုက်မှုမရှိရင် အချစ်က အလကားပဲလေ ချစ်တယ်ပြောပြီး … ပစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့်ဆိုရင် သွေးအေးအေးနဲ့ … Read more

သစ္စာဖောက်တဲ့ချစ်သူကို သတ်ပစ်ပြီး ဒံပေါက်ထဲ ထည့်ချက်ပစ်ခဲ့တဲ့ အမျိုး သမီး

သစ္စာဖောက်တဲ့ချစ်သူကို သတ်ပစ်ပြီး ဒံပေါက်ထဲ ထည့်ချက်ပစ်ခဲ့တဲ့ အမျိုး သမီး မိမိချစ်သူကို ပြန်သတ်ပြီး ဒံပေါက်လုပ်ကာ အလောင်းဖျောက်ပစ်တဲ့သတင်းဟာ UAE နိုင်ငံ မှာ လူပြောများနေခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ကစပြီး UAE ရဲတွေ စုံစမ်းစစ်ဆေးနေခဲ့တာလည်း ဖြစ်ပါတယ်။ Moroccan မျိုးနွယ်မှ ဆင်းသက်သာသူအမျိုးသမီးတစ်ဦးဟာ ချစ်သူကိုပြန်သတ်ပြီး ရက်ရက်စက်စက်အလောင်းဖျော်ပစ်မှုနဲ့ တရားစွဲဆိုခံနေရပါတယ်။ သေဆုံးသွားသူအမျိုးသားဟာ တရားခံအမျိုးသမီးနဲ့ ချစ်ကြိုက်နေခဲ့တာ (၇) နှစ်ကျော်လောက်ရှိနေပြီပဲဖြစ် ပါတယ်။ တွဲခဲ့တဲ့ ကာလတစ်လျှောက်လုံး အမျိုးသမီးဟာ အစစအရာရာအမျိုးသားကိုထောက်ပံ့ပေးပြီး စိတ်ရောလူရောနှစ်ချစ်ခဲ့ပေမယ့် အမျိုးသားကတော့ သူမအပေါ်သစ္စာမရှိခဲ့ပါ ဘူး။ တကယ်တမ်းလက်ထပ်ရမယ့်အချိန်ကျတော့မှ (၇) နှစ်လုံးလုံးပေးဆပ်ထောက်ပံ့ခဲ့တဲ့ သူမကို လက်မထပ်ဘဲ ဇာတိမြေမှအခြားမိန်းမတစ်ဦးကို လက်ထပ်ဖို့ စီစဉ်နေတာကို သိခဲ့ ရတာပါ။ ဒီအကြောင်းကို ကြားကြားချင်းမှာတင် အမျိုးသမီးဟာဒေါသမထိန်းနိုင်ဘဲ … Read more

နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်က နတ်ရုပ်ကြီးကို တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်

နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်ကနတ်ရုပ်ကြီးကို… တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်… လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ် ၊ ပုံပြင်ကလေးက ဒီလိုဗျ… တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ် နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး ၊ တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ် ၊ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။ ညက မိုးရွာထားတာကိုး ၊ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့ ၊ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ ၊ ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပြီး မြောင်းကို ကူးသွားတယ် ၊ ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့ ၊ … Read more

ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေဟာ ဘယ်လိုလူမျိုးတွေလဲ

ဖောက်ပြန်ခံရတာထက်ဆိုးတာ ဘာလဲသိကြလား။ ခဏခဏဖောက်ပြန်ခံရတာပဲတဲ့။ ကွင်းဆက်လူသတ်သမား (serial killer) လိုမျိုးပဲ သမီးရည်းစားဆက်ဆံရေး၊ အိမ်ထောင်ရေးတွေမှာ အကြိမ်ကြိမ်ဖောက်ပြန်တဲ့သူတွေကို ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေလိုခေါ်ကြတယ်။ ဒါကို စိတ်ရောဂါတစ်မျိုးလိုမျိုး နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေကလည်း ပြောလာကြပါတယ်။ အကြိမ်ကြိမ်ဖောက်ပြန်သူတွေရဲ့ စိတ်ဓာတ်နောက်ကွယ် တစ်ကြိမ်ဖောက်ပြန်ဖူးတဲ့သူဟာ နောက်တစ်ကြိမ်ဖောက်ပြန်ဖို့ ဝန်မလေးဘူးဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီစကားဟာ မှန်ရဲ့လားပေါ့နော်။ ဒါအတွက် တိကျတဲ့ ဆေးပညာဖြေရှင်းချက်က ရှိနေပြန်တယ်။ ဦးနှောက်ထဲက အမိုင်ဒလာ (amygdala) ဆိုတဲ့ ခံစားချက်အမျိုးမျိုးကိုတုန့်ပြန်တဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ မကောင်းတာလုပ်ပြီးတိုင်း အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို အဲဒီအစိတ်အပိုင်းက ပေးပါတယ်။ ဒါပေမဲ့ မရိုးမသားလုပ်တဲ့ အကြိမ်ရေများလာတိုင်း အမိုင်ဒလာကလည်း ကျင့်သားရလာပြီး မကောင်းဘူး မလုပ်နဲ့ဆိုတဲ့ တုံ့ပြန်မှုတွေဟာ လျော့ကျလာပါတယ်။ ဒီလို အခြေအနေကို မရိုးသားမှုကို ကျင့်သားရလာတယ်လို့ လေ့လာသူတွေက … Read more

ရှင်မထီးတန်ဆောင်းမှဟောကိန်းများ အ​တော်​ထူးဆန်းပြီးတော့ အလွန်စိတ်​ဝင်​စားစရာ​ကောင်းလှပါတယ်

ဤစာကိုရေးရန် ရက်ပေါင်းများစွာ ချီတုံချတုံ ဖြစ်ခဲ့သည်။ အရူးစာရင်း လူယုတ်မာစာရင်း ကြပ်မပြည့်သူစာရင်း တစ်ဖက်ပိတ်စာရင်း သွင်းကာ အလှောင်ခံရမည်ကိုလည်း ကောင်းစွာသိထားပါသည်။ ဤစာကို မြင်တွေ့ကြားသိခဲ့ရသည့် အတိုင်းသာ ရေးပါသည်ဟု ကျိန်ဝံ့ပါသည် ဘာသာရေးယုံကြည်သက်ဝင်ခြင်း နှင့်လည်း နည်းနည်းမျှမသက်ဆိုင်ကြောင်း ဦးစွာပြောလိုပါသည်။ ၂၀၁၆ တုန်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် ငွေကြေးကြပ်တည်း ရည်းစားနှင့်ကွဲနေစဉ် ကြံရာမရဖြစ်ကာ ရွှေတိဂုံဘုရား ညတိုင်းသွားနေချိန်ဖြစ်ပါသည်။ဘာသာမဲ့ သိပ္ပံသမားများအနေဖြင့် ကြည့်သော် ကျွန်တော်မှာ ဒုက္ခများချိန် ဘုရားရှိခိုးသော ဥာဏ်ပညာနုံနဲ့သူသာဖြစ်ချိမ့်မည်။ ဥာဏ်ပညာကြီးမြင့်သူ အဆင့်မြင့် ဗုဒ္ဓဘာသာများအမြင်အရကြည့်လျှင် လောကဓံကို ကြံ့ကြံ့မခံဘဲ သက်ရှိ ထင်ရှားမရှိတော့သော ဘုရားကို အလကားနေအလကားဂျီတိုက်ပူဆာ နေသူ ဖြစ်ချိမ့်မည်။ သို့သော် မည်သူတွေမည်ကဲ့သို့ မြင်ခြင်း ဆိုသည့်ကိစ္စထက် စိတ်ဆင်းရဲနေချိန်တွင် ​ရွှေတိဂုံဘုရားကို ဖူးမြင်ရလျှင်ပင် စိတ်ထဲ … Read more

စောင့်ကြည့်လူများအတွက် စက်ရုပ်ဆေးဖြန်းကားနှင့် ဆေးပေး၊ ထမင်းပို့ကားများ တီထွင်ထုတ်လုပ်နိုင်ခဲ့သူ

စောင့်ကြည့်လူများအတွက် စက်ရုပ်ဆေးဖြန်းကားနှင့် ဆေးပေး၊ ထမင်းပို့ကားများ တီထွင်ထုတ်လုပ်နိုင်ခဲ့သူ ဧပြီ (၂၅) AlinnMyay(အလင်းမြေ) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုံ (၁)၊ ၆၆ x ၆၈ လမ်း၊ စံပြလမ်းနှင့် သခင်ဖိုးလှကြီးလမ်းကြား စူပါဘရားသား(စ်) စက်မှုလယ်ယာသုံး ပစ္စည်း ကုမ္ပဏီ (Super Brothers Engineer Group) က ကိုနောင်နောင်(ခေါ်) ကိုမျိုးသက်နောင်မှ ကိုရိုနာရောဂါ ကျန်းမာရေး စောင့်ကြည့်လူများအတွက် ကျန်းမာရေး အထောက်ကူပြုပစ္စည်း စက်ရုပ်ဆေးဖြန်းကားနှင့် ဆေးပေး ၊ထမင်းပို့ စက်ရုပ်ကားများကို တီထွင်ထုတ်လုပ်စမ်းသပ် မောင်းနှင်ပြီး ထုတ်လုပ်ပုံနည်းပညာများကို လှူဒါန်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လုပ်အား အခက်အခဲလေးတွေရှိနေပြီး တစ်ရက်ကို နှစ်စီး သုံးစီးတော့ ပြီးအောင်လုပ်နေရကြောင်း၊ လိုအပ်တဲ့ပစ္စည်းလေးတွေကို ထောက်ပံ့ပေးနိုင်မယ်ဆိုရင်၊ လုပ်နိုင်တဲ့ အလုပ်သမားဝန်ထမ်း သုံးလေးယောက်လောက်နဲ့ အလုပ်ရုံမှာ … Read more

မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း…

ဆရာတော် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း… အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြား ရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။ မိဘနဲ့ သားသမီး ဆရာ နဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ “ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေ လည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။ သို့မဟုတ် လက်ပိုက်ကြည့်နေမည် ဆိုပါက အဲဒီအိမ် စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်မ … Read more

အပျိုကြီးများရဲ့ ဒုက္ခ…ဒီလိုပြောတော့ ကျတော့်ကို အပျိုကြီးများက ဆဲလိမ့်မယ်….။

အပျိုကြီးဆိုတာအပျို​ ​လေးဘဝတုန်းက ချေခဲ့သမျှ ခုချိန်မှာ တိုင်ပတ်တာပဲ… လေးဆယ်ကျော်မှ ဘဝက စတာ မဟုတ်ဘူး သုံးဆယ်ကျော်တာနဲ့ ဖူးစာကဆုံးတာ… မြားနတ်မောင်က အန်ဖရန့်လုပ်ပြီးပြီ အောင်သွယ်တော်ပေ့ခ်က ဘလော့ခံရပြီ… ဗေဒင်ဆရာတွေတောင် အပျို ကြီး အချစ်ရေးမဟောပါလို့ ဆိုင်းဘုတ်ထောင်ရပြီ မခူးပဲ ကြွေမကျရဲ ခူးတော့လည်း ပဲပေးနေပြီး လှည့်ထွက်သွားမှ မှည့်နေပါပြီ အော်လည်း မရတော့ဘူး…. ခက်တယ် ခက်တယ် အပျို ကြီးဆိုတာ တိုင်မပေါ်တဲ့ ဆင်းကဒ်လို (Helloတစ်ခွန်းနဲ့လိုရာမရောက် ) ပရိုမိုးရှင်းကာလနဲ့လည်း မရ ဒစ်စကောင့်နဲ့လည်း မဖြစ် မိဘကို တစ်သက်လုံး ဒုက္ခပေးမယ့်အထာနဲ့ အပျို ကြီး လုပ်မှာလို့ ( အငိုမျက်လုံး အပြုံးမျက်နှာနဲ့ပြောသေးတာ ) မရတာပဲ ဖြစ်ဖြစ် မယူတာပဲ ဖြစ်ဖြစ် ဆွဲဖဲပဲ … Read more