QUARANTINE ဝင်နေရင်း သူရဲဝင်ပူးပြီး ကိုယ့်လက်ကိုယ် ကိုက်စားနေတဲ့ အမျိုးသား (ဗီဒီယိုဖိုင်)
မော်လမြိုင်မြို့ Quarantine အဆောင်မှ ထွက်ပြေးသည့် လင်မယားအား တွေ့ရှိပါက သတင်းပေးပါရန်
မော်လမြိုင်မြို့ Quarantine အဆောင်မှ ထွက်ပြေးသည့် လင်မယား တွေ့ရှိပါက သတင်းပေးပါရန် မေတ္တာရပ်ခံ… မွန်ပြည်နယ် မော်လမြိုင်မြို့၊ ၁၀ မြို့နယ်အဆောင်ဝန်းအတွင်းရှိ မော်လမြိုင်ဆောင်တွင် ဖွင့်လှစ်ထားသည့် Community Based facility Quarantine (CBFQ) ရှိ မော်လမြိုင်အဆောင် အခန်း (၁၅)ရှိ လင်းမယားစုံတွဲနှစ်ဦးသည် ဧပြီ ၂၆ ရက်နေ့က ရေချိုးခန်းသွားစဉ် ထွက်ပြေးသွားကြောင်းသိရှိရပါသည်။ အဆိုပါ လင်းမယားစုံတွဲနှစ်ဦးသည့် မြဝတီနယ်စပ်မြို့တဆင့်ရိုးဂို‌ကျေးရွာ မှဧပြီလ (၁၉) ရက်နေ့တွင် Quarantine ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးသွားသည့် စုံတွဲနှစ်ဦးအမည်မှာ မြို့ဝတီမြို့နေ အုတ်ဖုတ်လုပ်သား မောင်ဝင်းမင်းထွန်း အသက်(၁၆)နှစ် အဘဦးသောင်းဝင်း၊ မတွယ်တာထွန်း အသက်(၁၅)နှစ် အဘ ဦးခန်းပိုင်း ဖြစ်ပြီးမောင်ဝင်းမင်းထွန်းတွင် ထင်ရှားသည့်အမှတ်သားမျက်နှာညာဘက်ပါးတွင် ဝက်ခြံဘုကြီးတစ်ခုရှိနေကြောင်းသိရသည်။ လင်းမယားစုံတွဲနှစ်ဦး ပျောက်ဆုံးနေသည့်ကို ည … Read more
မြန်မာပြည်က ကိုဗစ်ဖြစ်ပွားသူများတွင် စမ်းသပ်တွေ့ရှိရသော အခြားသောရောဂါလက္ခဏာများ….
မြန်မာပြည်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများတွင် အဖျားလက္ခဏာပြသသူအများဆုံးဖြစ်ပြီး ကူးစက်ခံရသူများထဲမှ ၇၇ ရာခိုင်နှုန်းမှာ အဖျားလက္ခဏာခံစားရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီ ၂၇) တွင် ထုတ်ပြန်သည့် ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေ အစီရင်ခံစာအမှတ်-၂၀ အရ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူများတွင် အဖျားလက္ခဏာခံစားရသူ ၇၇ ရာခိုင်နှုန်း ၊ ချောင်းဆိုးသည့် လက္ခဏာခံစားရသူ ၅၅ ရာခိုင်နှုန်း၊ အသက်ရှူမဝခြင်းခံစားရသူ ၂၀ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း လက္ခဏာကို ခံစားရသူမှာ ၁၉ ရာခိုင်နှုန်းနှင့် အနံ့အရသာ မခံစားရခြင်း လက္ခဏာကို ခံစားရသူမှာ ၆ ရာခိုင်နှုန်း သာရှိကြောင်း သိရသည်။ ထို့ပြင် ဖျားခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ ခန္ဓာကိုယ်နုံးခြင်းကဲ့သို့ … Read more
မြန်မာပြည် တည့်တည့်မလာနိုင်သည့် အခြေအနေကို ပြောင်းလဲသွားတဲ့ နောက်ဆုံးရ မုန်တိုင်းသတင်း
နောက်လာမဲ့ ၄ ရက် ဧပြီ ၃၀ မှ မေလ ၆ ရက်အတွင်း မိုးလေဝသအခြေအနေ… တကယ်အခြေအနေကပြောင်းလဲလာလို့ စိတ်သက်သာလာပါတယ်။ မုန်တိုင်းဖြစ်နိုင်ခြေရှိသော်လည်း အခုက မြန်မာကို တည့်တည့်မလာနိုင်တဲ့ အခြေအနေကိုပြောင်းလာပါတယ်။ နောက်တချက်က ဖြစ်နိုင်ရက် နောက်ရက်ဆုတ်သွားနိုင်တာလဲ တွေ့ရပါတယ်။ မေ ၁ ရက်မှ လေဖိ အားနည်းအဖြစ် စတင်နိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဒီနေ့တွက်ချက်မှုကပေးတဲ့ ရလာဒ်တွေဟာ Model အတော်များများဆင်တူ တာတွေ့ရပါတယ်။ လမ်းကြောင်ကအစ အနောက်မြောက်ဘက် ယိမ်းထွက်ပြီး အိန္ဒိယနဲ့ ဘဂ်လားဒေ့နယ်စပ်ဘက်ဦးတည်နိုင်ကြောင်း ပြသဖြင့် မြန်မာဘက် သက်သာလာနိုင်ပါတယ်။ သခ်ျာပုံစံများရဲ့နေစဉ်တွက်ထုတ်မှုက အပြောင်း အလဲများရှိနေပြီး မုန်တိုင်းတကယ်စတင်မှသာ ဘယ်ကိုဦးတည်နိုင်မယ်ဆိုတာက ပိုသေချာပါတယ်။ ကြိုတင်သိမြင်ခြင်းဖြင့် ဖြစ်လာရင် ဘေးဒဏ်ကို လျော့ချနိုင်စေရန် ကြိုတင်အသိပေးတင်ပြနေခြင်းဖြစ်ပြီး သက်ဆိုင်ရာအမျိုးသား မိုးလေဝသဌာနမှလည်း … Read more
“အဆိုးထဲက အကောင်းကြုံခဲ့ကြတဲ့ ကံကောင်းသားအဖ” (ကိုဗစ်လူနာအမှတ်-၃၃၏ ခင်ပွန်းနှင့်သား)
“အဆိုးထဲက အကောင်းကြုံခဲ့ကြတဲ့ ကံကောင်းသားအဖ” (ကိုဗစ်လူနာအမှတ်-၃၃၏ ခင်ပွန်းနှင့်သား) ကံကောင်းသားအဖ (စေတနာရှင်များ ပီတိဖြစ်စေရန် ရည်ရွယ်ပါသည်။ ဆထက်ထမ်းပိုး လှူတန်းနိုင်ကြပါစေ) ဘယ်သူမှ အဆိုးနဲ့ မကြုံချင်ပါဘူး။ ဒါပေမဲ့ တချို့ အဆိုးကနေ အကောင်းဖြစ်သွားကြတာ ကြုံဖူးကြမှာပါ။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က အွန်လိုင်းမှာ တွေ့လိုက်ကြမှာပါ။ မိန်းမက COVID-19 Positive (Case-33) ဖြစ်သွားတော့ ယောက်ျားနဲ့ ၁ နှစ်ခွဲအရွယ် သားငယ်လေး အဆောင်ကနေ အနှင်ခံရပြီး ဘယ်သွားရမှန်း မသိဘဲ လမ်းဘေးမှာ ထိုင်နေတာ။ ကံကောင်းချင်တော့ သူတို့သားအဖက ” ဓမ္မရဝေတောရရိပ်သာ ” မှာ ဖွင့်ထားတဲ့ Facility Quarantine Center ကို ရောက်လာကြတယ်။ သားအဖနှစ်ယောက် အဲယားကွန်း၊ ရေချိုးခန်း အိမ်သာတွဲလျက် … Read more
နိုဗယ်ဆုရ ဂျပန်ဆေးပညာရှင်က ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ် ဗိုင်းရပ်စ်ဖြစ်ကြောင်း ဖွင့်ဟ
ဂျပန်နိုင်ငံ၏ ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာပါမောက္ခ ဒေါက်တာ Tasuku Honjo သည် ကိုရိုနာဗိုင်းရပ်စ်သည် “သဘာဝမဟုတ်သော အရာ” ဟု ယနေ့မီဒီယာများရှေ့တွင် ဖွင့်ဟခဲ့ပါသည်။ အကယ်၍သာ ၎င်းသည် သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဆိုပါက ကမ္ဘာတစ်ခုလုံးကို ဆိုးဆိုးရွားရွားထိခိုက် လိမ့်မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံများတွင် အပူချိန်များသည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပါသည်။ အကယ်၍သာ ၎င်းဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံနှင့် အပူချိန်တူသောနိုင်ငံများကိုသာ ထိခိုက်ပေလိမ့်မည်။ ၎င်းအစား ဆွစ်ဇာလန်နိုင်ငံကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင် ပျံ့နှံ့နေသည်၊ သဲကန္တာရဒေသများတွင် ပျံ့နှံ့နေသည်။ ကိုရိုနာဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်ခဲ့လျှင် အအေးပိုင်းနေရာများတွင် စတင်ပျံ့နှံ့ခဲ့သော် ပူသောနေရာများတွင် သေဆုံးသွားပေမည်။ ထို့အတူ ပူသောနေရာတွင် စတင်ပျံ့နှံ့ခဲ့သော် အေးသောနေရာများတွင် သေဆုံးသွားပေလိမ့်မည်။ ကျွန်တော်သည် နှစ်ပေါင်း ၄၀ ကြာသည့်တိုင်အောင် တိရိစ္ဆာန်များနှင့် ဗိုင်းရပ်စ်များအပေါ်သုတေသနပြုခဲ့ပြီးပါပြီ။ ဒါဟာ … Read more
တရုတ်တို့ရဲ့ ကလေးသူငယ်များအတွက် ထူးထူးဆန်းဆန်း ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ဆောင်ချက်…
တရုတ်တို့ရဲ့ ကလေးသူငယ်များအတွက် ထူးထူးဆန်းဆန်း ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ဆောင်ချက်… ကိုဗစ်-19 ‌ရောဂါရဲ့ Incubation Period ( ရောဂါပိုးရှိနေပေမဲ့ ရောဂါလက္ခဏာတွေ မပြသေးတဲ့အချိန်ကာလ – ရောဂါပျိုးချိန်) က (၂၁)ရက်အထိ ကြာမြင့်နိုင်ပါတယ်။ အဲဒီအတွက် ရောဂါပိုးရှိသူ၊ သူတို့နဲ့ တိုက်ရိုက်ထိတွေ့သူတွေကိုပဲ ခြေရာခံစောင့်ကြည့်ရှာဖွေနေရင် ”သမင် ၁၀ လှမ်း၊ ကျားတစ်လှမ်း” ဆိုသလို ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ ဗီယက်နမ်ကတော့ အသွားအလာထိန်းချုပ်မှုနဲ့ ထိတွေ့မှုကန့်သတ်ချက်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့လို့ ထိရောက်အောင်မြင်ခဲ့တာပါ။ ဒါကတော့ တရုတ်နိုင်ငံမှာ စိတ်ကူးဆန်းဆန်းနဲ့ အမြဲတမ်းတီထွင်ကြံဆနေတတ်တဲ့ နိုင်ငံပီပီ ထူးထူးဆန်းဆန်းလုပ်ဆောင်လိုက်တာပါ… တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင် ခပ်ခွာခွာနေခြင်းကို ကလေးသူငယ်များ မမေ့လျော့စေရန်အတွက် အချင်းချင်း နီးကပ်သွားလျှင် ထိမိနိုင်သည့် … Read more
လမ်းကြိုလမ်းကြားတွေအတွက် ကိုဗစ်နှိုးဆော်ဖို့ ဒရုန်းတီထွင်လိုက်တဲ့ မြန်မာနိုင်ငံက လူငယ်တစ်စု ……။
နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက်သေဆုံးသွားသည်…../
နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက်သေဆုံးသွားသည်။ သူ … ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ၊ လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့် နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့် သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့အချိန်တန်ပြီ မိန်းကလေး “ဟင် … မြန်လိုက်တာ … သမီးမှာ လုပ်စရာ အစီအစဉ်တွေအများကြီးကျန်သေးတယ်၊ သေမင်း “တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ … မိန်းကလေး “ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?” သေမင်း “မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ” မိန်းကလေး “သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား …” သေမင်း “အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက … Read more
ခို လှုံစရာ ရင်ခွင် ဆိုတာ အားနွဲ့တဲ့ မိန်းကလေးတွေပဲ လိုတာ ကျမ မလိုဘူး…
ခို လှုံစရာ ရင်ခွင် ဆိုတာ အားနွဲ့တဲ့ မိန်းကလေးတွေပဲ လိုတာ ကျမ မလိုဘူး… ကိုကို့ကို မောင့်ကို အားကိုး လိုက်စမ်းပါဆိုပြီး လာအယုံမသွင်းနဲ့ ငါတို့က ကလေး မဟုတ်တော့ဘူး ဘဝတစ်ခုကို ကိုယ့်ခြေရာ လက်ရာမပါပဲ တည်ဆောက်ထားတဲ့ မျက်နှာငယ် အိမ်ရှင်မ ဘဝကို ငါမလိုချင်ဘူး ရှေးရိုးစွဲဆန်တဲ့ သားကို သခင် လင်ကို ဘုရားလိုလဲ မကိုးကွယ်တတ်လို့ပါ အပြန်အလှန် လေးစားမှု့ရှိတဲ့ ဘယ်ပုရိသမဆို ကျမ လေးလေးစားစားဆက်ဆံပါတယ် အချစ်ဆိုတာကိုလဲ အစွန်းရောက် ကိုးကွယ်မှု့မရှိပေမယ့် ကျမရင်ဘတ်ထဲက နှလုံးသားက သဘာဝကပေးထားတဲ့အတိုင်းကို Version နည်းနည်းမြှင့်ထားရုံသက်သက်ပါပဲ… ကျမက လောကကြီးကို ရဲရဲဝင့်ဝင့် ကြည့်ပြီး လျောက်လှမ်းခဲ့သလို ကျမနှလုံးသားကို ပုံအပ်ထားတဲ့ လူတစ်ယောက်ကိုလဲ အားနွဲ့နေတဲ့ မျက်လုံးနဲ့ တစ်သက်လုံးကြည့်မှာမဟုတ်ဘူး … Read more