ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု ၀င်ဖတ်ကြည့်လိုက်

ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု …ဝင်ဖတ်ကြည့်လိုက် မိန်းမရဲတောင် ရဲ့ အလှအပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebook မှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့် အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်း ထားသလောက်က ဒီလိုဗျို့. . နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာကကျေးတောသား . ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကိုဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်.ဒီသတင်း နန်းဧကရီမွှေးကြားတော့ … Read more

ဆရာတော် ဘုန်းကြီး အိမ်မက်ပေးလို့ ဘုရားကျောင်းဆောင် အောက်တည့်တည့်က မြေကြီးကိုတူးကြည့်သောအခါ…

ဒီ‌မနက်ကျနော်အိပ်ယာနိုးတော့ တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ဖြစ်နေကြတယ်။ ကျနော့်အိမ်မှာလည်းထိုနည်းလည်းကောင်းပါပဲ။ ဘာတွေဖြစ်နေကြတာလဲလို့ အိမ်ကလူတွေကို အိပ်ချင်မူးတူးနဲ့ ကျနော်မေးလိုက်တော့, ကိုယ့်အိမ်က ဘုရားကျောင်းဆောင်အောက်တည့်တည့်မှာ မီးသွေး‌တူးနေကြတာတဲ့။ ဘာလုပ်ဖို့လဲဆိုတော့, ရေစိမ်သောက်ဖို့တဲ့။ ဘယ်သူကပြောတာလဲဆိုတော့,ဘယ်ရွာကဆရာတော်ဆိုလား၊ဘုန်းကြီးဆိုလား ညက အိပ်မက်မက်လို့တဲ့။ ကိုယ့်အိမ်က ဘုရားကျောင်းဆောင် အောက်တည့်တည့်က မြေကြီးကိုတူးကြည့်ရင် မီးသွေးခဲလေးတွေ တွေ့လိမ့်မယ်တဲ့၊အဲ့ဒါကို ရေစိမ်သောက်တဲ့ ဗိုင်းရပ်စ်ရောဂါကိုကာကွယ်ပေးလိမ့်မတဲ့။ တစ်ရွာလုံးတူးကြတာ အိမ်တိုင်းလိုလို မီးသွေးခဲလေးတွေရတယ်။အိမ်မှာလည်း ကျနော့်တူလေး အိမ်ခေါင်းရင်းမှာ သွားတူးတာ ပုံထဲကအတိုင်း မီးသွေးခဲလေးတွေရလာတယ်။ အဲ့ဒါကို ကျနော့်အမက ရေသန့်ဘူးထဲထည့်ပြီး စိမ်ထားတယ်။ အိမ်ခေါင်းရင်း ဘုရားကျောင်းဆောင်အောက်က မီးသွေးခဲတွေကို ကြည့်ပြီး လူတိုင်းလိုလို အံ့ဩနေကြတယ်။ ဒီမီးသွေးက ဘာလို့ဒီအောက်မှာရှိနေတာလဲ၊ဘာလဲပေါ့။အထူးအဆန်းဖြစ်နေကြတယ်။ကျနော်ကတော့ ထူးဆန်းတယ်လို့လို့လည်း မခံစားရပါဘူး။ ဘာလို့ဆို ကျနော်တို့ ကျေးလက်မှာက ထင်းမီးဖို၊မီးသွေးမီးဖိုတွေကို ခုချိန်ထိသုံး‌ကောင်းနေကြတုန်းလေဗျာ။ အိမ်အနောက်ဘက်မီးဖိုချောင်က ထင်းမီးသွေးက တနည်းနည်းနဲ့ … Read more

မိပေါက်စီ (ခ) မယ်အေးသောင်း သို့ ရွာက အညာ ဘုန်းကြီး တစ်ပါးရဲ့ ပေးစာ…

သို့ မိပေါက်စီ (ခ) မယ်အေးသောင်း .. ဘုန်း ဘုန်းစာရေး လိုက်သယ်။ အကြောင်းထူးတော့ မရှိဘူး။ တပေါင်း – တန်ခူးမှာ ရွာဘုရားပွဲရှိသယ်။ ကားစီးလို့ ခေါင်းမမူးတတ်ရင် ညည်းအစ်ကို သောင်းဦးနဲ့ လာခဲ့ပါဦး။ အဲ—ညည်းကြိုက်သဲ့ ပြောင်းဖူး တော့ ရှိဘူးပေါ့လကွယ်။ အဲ—အကြောင်းမထူးဘူးဆိုပေတဲ့ ဟိုတစ်နေ့ကတော့ ညည်းမောင် အငယ်ကောင် သောင်းထူး ချောင်းနဖူးမှာ မြောင်းတူးရင်း သူများပျိုးခင်းထဲ ချော်ကျလို့ မတော်တဆ လျော်လိုက်ရသေးသယ်ဟေ့။ ဒါက စကားစပ်လို့ ကြားဖြတ်ပြောသာပါ။ ဒါ နဲ့ ညည်းနာမည်က ပေါက်စီ ကနေ “အေးသောင်း”လို့ ပြောင်းထားသယ်ဆို။ ငါ့ရွာက ပျိုပျိုအိုအို နုနုရွရွနဲ့ ပုပုကွကွ ကြီးကြီးငယ်ငယ်မကျန်၊ ကျောင်းကကပ္ပိယနဲ့ သာမဏေရ သမဏံ၊ ရဟန်းရှင်လူ ငဖြူငမဲ နဲ့ … Read more