“လူတစ်ယောက်ရဲ့ဘဝမှာ ပိုက်ဆံနဲ့ဝယ်ဖို့ လိုအပ်တဲ့ ပျော်ရွှင်မှု (၄)မျိုး”

“လူတစ်ယောက်ရဲ့ဘဝမှာ ပိုက်ဆံနဲ့ဝယ်ဖို့ လိုအပ်တဲ့ ပျော်ရွှင်မှု (၄)မျိုး” ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ မရဘူးဆိုတဲ့ စကားလေးတစ်ခွန်းကို လူတိုင်း ကြားဖူးကြမှာပါ။ အဲ့ဒါဟာ အလွန်မှန်ကန်တဲ့ စကားလေးဖြစ်ပြီး ငွေရှိပေမယ့်လည်း အတ္တတွေ၊ မာနတွေ ဖုံးလွှမ်းပြီး စိတ်ကောင်းမရှိရင်၊ ဘဝမှာ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်က ချစ်တဲ့သူတွေ မရှိရင်၊ နွေးထွေးမှု မရှိရင် ရှိတဲ့ ပိုက်ဆံတွေဟာ အလကားပဲ ဆိုတာကို သတိပေးထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ပိုက်ဆံရှိမှ လုပ်လို့ရမယ့် အရာတွေ ဆိုတာလည်း ရှိကို ရှိနေပါတယ်။ ဖတ်ကြည့် ပါဦးနော် …။ (၁) တ ခြား သူ တွေ အ တွက် မျှ ဝေ ခြင်း ” ကိုယ့်ထက် … Read more

(၂ )မိနစ်အတွင်း မျက်နှာကို မည်းညစ်ခြင်းကင်းပြီး ကြည်လင်ဝင်းပစေတဲ့ အလွယ်ကူဆုံး နည်းလမ်းကောင်း

တစ်ခါတစ်လေမှာ အဆင်သင့်လိမ်းနိုင်တဲ့ အလှကုန်တွေထက် အိမ်တွင်းဖြစ် ဓာတုပစ္စည်းမပါတဲ့ မီးဖိုချောင်ပစ္စည်းတွေက ပိုပြီး အစွမ်းထက်ပါတယ်။ အကယ်၍ သင့်ရဲ့အသားအရေက ဝင်းပဖြူစင်မှု မရှိဘဲ ဆဲလ်သေတွေကြောင့်မဲညစ်နေမယ်ဆိုလျှင် ဆားသံပုယိုသီးခြမ်းက အပြည့်အဝ ကူညီပေးပါလိမ့်မယ်နော် …..။ သံပုယိုသီးကို မထူမပါးလှီးပြီး ဆားအနည်းငယ်ကပ်ကာ မျက်နှာပြင်အနှံ့ ညှင်သာစွာ ပွတ်ပေးပါ။ ၂မိနစ်ခန့် ပြုလုပ်ပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် သဘက်ဖြင့် ညှင်သာစွာ ပုတ်သုတ်ပါ။ ခြောက်သွေ့အောင်သုတ်ပြီးလျှင် အသားအရေကို ပိုပြီး စိုပြေဝင်းပစေဖို့အတွက် မျက်နှာကို ပေါင်းတင်ပေးပါ …။ ပေါင်းတင်ရမယ့် နည်းလမ်းကတော့ ပျားရည် နှင့် သံပုယိုရည်ကို ရောပါ။ ရေကို လိုအပ်သလောက် ရောထည့်နိုင်ပါတယ်။ ထို့နောက် မျက်နှာအနှံ့လိမ်းပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေ ဆေးကြောလိုက်ပါ …..။ ပြီးသွားလျှင် သန့်စင်အောင်သုတ်ပြီး … Read more

“လူတွေစားနေကြတဲ့ ဆေးဘဲဥထဲက ကြောက်စရာကောင်းတဲ့ အဆိပ် အကြောင်း လူတိုင်းသိအောင် မျှဝေပေးကြပါ”

“လူတွေစားနေကြတဲ့ ဆေးဘဲဥထဲက ကြောက်စရာကောင်းတဲ့ အဆိပ်အကြောင်း လူတိုင်းသိအောင် မျှဝေပေးကြပါ” မြန်မာနိုင်ငံရဲ့ ရိုးရာ ဟင်းအမယ် မဟုတ် ပေမယ့် ဆိုင်တွေ မှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် ( ခေါ်) ဆေးဘဲဥ သုပ်ကို လူတိုင်း စားဖူး ကြမှာပါ။ အထူးသဖြင့် ဘီယာသောက် တတ်တဲ့ လူငယ်တွေ အကြားမှာ ဖီတန်ဟာ အမြည်း တစ်ခု အဖြစ် အမြဲ ဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ်လည်း ဖြစ်ပါတယ်။ ဖီတန်လို့ ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကို လိုအပ် သလို ထည့်ပြီး … Read more

ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးဆိုလို့ တင်ပေးလိုက်ပြီနော်…

ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးဆိုလို့ တင်ပေးလိုက်ပြီနော်… ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးဆိုလို့ပါ သံပုယိုသီ3းလုံး, ကြက်သွန်ဖြူအတက်ကြီး5တက်, ဂျင်းအနေတော်အတက် တစ်တက်!! ပထမဆုံး သံပုယိုသီးကို 4စိတ်ထိုး, ကြက်သွန်ဖြူ5တက်အခွံခွါ, ဂျင်းကိုအခွံခွါ ပါးပါးလှီး!! ရေ2လီတာ ပွက်ပွက်ဆူထဲကို ခုနကလှီးတာတွေထည့်ပီး နာရီဝက်ပြုတ်!! ပြီးရင်အဖတ်တွေဆယ်ပီးပစ်လိုက်ပါ!! အရည်ကိုအအေးခံပီး အစာမစားခင်နာရီဝက်အလိုမှာ ဖန်ခွက်တစ်ခွက်စာသောက်ပေးပါ!! တစ်နေ့3ကြိမ်ပေါ့!! တစ်ပတ်ကြာရင် ဗိုက်ပြုတ်သွားပါတယ်တဲ့ ကျမလဲအခုမှလုပ်ကြည့်တာပါ ချစ်တို့လဲ လုပ်ကြည့်ဖို့ တိုက်တွန်းပါတယ်ရှင်…. Thida Myint Unicode ဖြင့်ဖတ်ပါ ဗိုက်ပြုတ်ဆေးနည်းလေး တင်ပေးဆိုလို့ပါ သံပုယိုသီး3လုံး, ကြက်သွန်ဖြူအတက်ကြီး5တက်, ဂျင်းအနေတော်အတက် တစ်တက်!! ပထမဆုံး သံပုယိုသီးကို 4စိတ်ထိုး, ကြက်သွန်ဖြူ5တက်အခွံခွါ, ဂျင်းကိုအခွံခွါ ပါးပါးလှီး!!’ ရေ2လီတာ ပွက်ပွက်ဆူထဲကို ခုနကလှီးတာတွေထည့်ပီး နာရီဝက်ပြုတ်!! ပြီးရင်အဖတ်တွေဆယ်ပီးပစ်လိုက်ပါ!! အရည်ကိုအအေးခံပီး အစာမစားခင်နာရီဝက်အလိုမှာ ဖန်ခွက်တစ်ခွက်စာသောက်ပေးပါ!! တစ်နေ့3ကြိမ်ပေါ့!! … Read more

ဆံပင်ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ အတွက် အိမ်တွင်းနည်းလမ်း

ဆံပင်ပျက်စီးခြင်း၊ နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့အတွက် အိမ်တွင်းနည်းလမ်း ချစ်တို့ရေ မင်္ဂလာပါရှင် အရင်အပတ်တွေ​က skin care နဲ့ ပတ်သက်တာတွေ sharing လုပ်ပေးခဲ့တာမို့ ဒီတစ်ပတ်မှာတော့ တောင်းဆိုမှုအများဆုံးဖြစ်နေတဲ့ hair care/ hair treatment လုပ်နည်းလေး ကို တင်ပေးပါမယ်နော်။ Irene ရဲ့ လုပ်ထုံးအတိုင်းပဲ။ သဘာဝပစ္စည်း/chemical မများတဲ့ product လေးတွေနဲ့ Irene ကိုယ်တိုင် လုပ်ကြည့်ပြီးဖြစ်တဲ့ ရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းလေးမို့ စိတ်ချလက်ချ လိုက်လုပ်လို့ရပါတယ်နော်။ “Hair Care/Treatment ” ပါဝင်ပစ္စည်း ကြက်ဥ – ၁ လုံး ကြက်သွန်နီ – ၁ လုံး သံပုရာသီး – ၁ လုံး သံလွင်ဆီ – ထမင်းစားဇွန်း … Read more

ခင်ပွန်းခြေရှုပ်နေလို့ဆိုပြီး ဘုန်းကြီးထံအကူညီသွားတောင်းမိတဲ့ အမျိူးသမီးရဲ့အဖြစ်

ခင်ပွန်းခြေရှုပ်နေလို့ဆိုပြီး ဘုန်းကြီးထံအကူညီသွားတောင်းမိတဲ့ အမျိုးသမီးရဲ့အဖြစ် အမျိုးသမီးတစ်ဦးဟာ သူ့ခင်ပွန်းသည် ဖောက်ပြန်နေတာကို သိလိုက်ရပါတယ်။ စိတ်ထိခိုက်ပြီး သူ့ဘဝကို ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ မသိတော့တာကြောင့် တောင်တစ်လုံးပေါ်မှာ သီတင်းသုံးတဲ့ ပညာရှိဘုန်းတော်ကြီးထံကနေ အကြံဉာဏ်ရယူဖို့ ထွက်လာခဲ့ပါတယ်။ လမ်းလျှောက်ခရီး၊ တောင်တက်ခရီးတွေအပါအဝင် ရက်အနည်းငယ်သွားပြီးတဲ့နောက် တောင်ထိပ်မှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးထံ ရောက်သွားပါတယ်။ တပည့်တော်မရဲ့ဘဝတစ်ခုလုံးမှာ သူ့အတွက်ပဲ အချိန်ပေးခဲ့ပါတယ်။ နုပျိုမှုတွေကိုရင်းပြီး သူ့အနားမှာပဲ နေခဲ့တယ်။ သူ့ကို ဂရုစိုက်ပြီးလည်း ပြု စုခဲ့တယ်။ ခုတော့ သူက တပည့်တော်မထက်ငယ်ရွယ်တဲ့သူကို ရွေးသွားပြီ။ တပည့်တော်မမှာ အခု ဘာမှမရှိတော့ဘူး။ ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူး”လို့ ဘုန်းတော်ကြီးကို လျှောက်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ဘုန်းကြီးက အမျိုးသမီးကို ကွတ်ကီးတစ်ခုစားဖို့ လှမ်းပေးလိုက်ပါတယ်။ စားပြီးတဲ့အခါ အမျိုးသမီးကို “အရသာကောင်းလား”လို့ မေးလိုက်ပါတယ်။ အမျိုးသမီးက … Read more

“ကလေးတွေကို ဆုံမတဲ့အခါ ဖခင်တိုင်း ဖျောက်ပစ်ရမယ့် အကျင့် (၇)ခု”

“ကလေးတွေကို ဆုံမတဲ့အခါ ဖခင်တိုင်း ဖျောက်ရမယ့် အကျင့် (၇)ခု” သားသမီး အုပ်ချုပ်ပုံနဲ့ ပတ်သက်ပြီး အဖေတွေ ဖျောက်ရမယ့် အကျင့် (၇) မျိုး ၁ – တအားအော်ခြင်း စိတ်ဆိုးဒေါသထွက် တဲ့ အခါမျိုး၊ ပြောချင်တဲ့ အဓိက အချက်ကို အာရုံစိုက်စေ ချင်လွန်း တာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ် ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို မပြေပျောက်စေ ပါဘူး။ ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပို အာရုံစိုက် သွားမယ်လို့ ထင်မြင်တာ ကလည်း မှားပါတယ်။သင်အော်ဟစ်နေ တဲ့ အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ် တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ် နိုင်ပါဘူး။ … Read more

နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော် …

နှလုံးလမ်းကြောင်းက ပြောတဲ့ အချစ်ရေး… လက်ဖ၀ါးကိုကြည့် လိုက်ရင် လက္ခဏာလေးတွေ ရှုပ်ထွေးနေ တာတွေ့ရပြီး လက္ခဏာ ဆရာတွေ ကတော့ အချစ်ရေး ဘ၀နဲ့ အလုပ် အကိုင် စတာတွေကို ဟောပြော နိုင်ပါတယ်။ ဗေဒင်ရယ်လို့ မဟုတ်ပေမယ့် စာဖတ်သူတို့ အတွက် အပျော်သဘော အနေနဲ့ နှလုံးလမ်းကြောင်း ကပြောတဲ့ အိမ်ထောင်ရေး အကြောင်းကို မျှဝေလိုက်ပါတယ်နော် …။ နှလုံးလမ်းကြောင်း နှလုံးလမ်းကြောင်းက လက်ဖ၀ါးရဲ့ အလည် လက်သည်းရဲ့အောက် နားထိရောက် တဲ့ မျဉ်းကြောင်းလေးဖြစ်ပါတယ်။ လက်ဝါးနှစ် ဖက်ကို အတူတူစပ် လိုက်လို့ နှလုံး လမ်းကြောင်းက လခြမ်း လိုပုံစံမျိုးဖြစ် သွားလား ဒါမှမဟုတ် တပြေးညီဖြစ် သွားလားဆိုတာကို အရင်ကြည့် လိုက်ပါနော် … လခြမ်း” နှလုံးလမ်းကြောင်းကပြောတဲ့ … Read more

မှတ်သားထိုက်သည့် အရမ်းအသုံးဝင်တဲ့ မြန်မာဆေးနည်းတို (၁၈)ခု

မြန်မာဆေးနည်း (၁၈) နည်း ၁။ သွေးတိုးလို့ သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။ ၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုေ ပျာက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။ ၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကြို ပုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့် တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။ ၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။ ၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ … Read more

“ဆံပင်တွေကျွတ် မျက်မှန်တွေတပ်နေရလို့ စိတ်ညစ်နေသူများ အတွက်”

“ဆံပင်တွေကျွတ် မျက်မှန်တွေတပ်နေရလို့ စိတ်ညစ်နေသူများ အတွက်” ယနေ့ည လက်တွေ့စမ်းကြည့်တာ ဆား(၅၀)ကျပ်သားလောက် ရေနွေးနဲ့ ခြေထောက်ကို နာရီဝက်လောက် စိမ်ထားပြီး ခြေဖဝါးကို ဆားနဲ့ပွတ်တာ ပြီးတော့ ပြောင်အောင် သဘက်နဲ့ သုတ်လိုက်ပါ။ ဒူးအောက်ကနေ ရေနွေးလေးနဲ့ လောင်းပြီး ဆေးလည်း ရပါတယ်။ ကိုယ်မှာ ချွေးများထွက်လာပြီး ညောင်းတာ ကိုက်တာ ပေါ့သွားတယ်။အပူလည်း တော်တော်ထွက်တယ်။ ဒီနည်းအတိုင်း သုံးရက်လောက် လုပ်ကြည့်မယ်ဆိုရင် ညောင်းတာ ကိုက်တာ အပူများတာ ကျန်တဲ့ ရောဂါတစ်ချို့ သက်သာလာမှာ သေချာတယ်။ ထို့ကြောင့် ကျန်းမာရေးကို လိုက်စားသူများ စမ်းကြည့်ပါ။ အကျိုး မယုတ်ပါဘူး။ နောက်တစ်နည်း၊ နေ့စဉ် အချိန်မှန် ညအိပ်ရာဝင်နီးတိုင်း ဆားနင်းခြင်း ဆားနင်းရင် ကိုယ်တွင်းအောင်း အပူတွေ ထွက်စေသည်။ နင်းပုံ နင်းနည်းကတော့ … Read more