ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကုဋေရှစ်ဆယ် သူဌေးသား ကဗျာရဲ့ လိုအပ်ချက်တစ်ခု…

“ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ” မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ် ”နင်ကဘာသနားတာလဲ” ”နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်… သူက ဘာမဟုတ်တာလုပ်လို့လဲ”ဆရာမ မျက်လုံးပြူးပြီးကြည့်တယ် ဘာမှမပြောသေးဘူး ”သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်… လူတွေက ကျေးဇူးတရားနားမလည်ကြဘူးနော်” ”သူကပညာမှမတတ်တာ” ”ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ” ”အဲ့ဒါ” ”သားကတော့ အဲ့ဒီလူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ သူတို့လည်းပညာမဲ့လောက်တယ်… ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်” ‘ဘာ” ”သားမေးပါရစေ အဲ့ဒိကဗျာကသေဋ္ဌးသားကို အကောင်းပြောတာလား မကောင်းပြောတာလား” ”ဟို မကောင်းပြောတာလေသားရဲ့””ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့” ”ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ” ”နှလုံးသားမဲ့တာကျတော့ရော စာနာစိတ်မဲ့တာကျတော့ရော မြေနိမ့်ရာလှံစိုက်တာကျတော့ရော ကူညီရကောင်းမှန်းမသိတာကျတော့ရော” ”ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား” ”ဆရာမ ဒီမှာကြည့်” ”နင် နင် ရိုင်းလှချည်လား” ”သားဘာရိုင်းလို့လဲ” … Read more

သင့်ရဲ့လျှာက ပြောနေတဲ့ သင့်ကျန်းမာရေး အကြောင်းများ

သင့်ရဲ့လျှာက ပြောနေတဲ့ သင့်ကျန်းမာရေးအကြောင်း မင်္ဂလာပါ။ သင်္ကေတရဲ့ Shwe Nyan Shin Page မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်ဖော်ပြ ပေးမှာကတော့ အိမ်မှာလည်းကိုယ်တိုင်လုပ်လို့ရပြီး အပမ်းမကြီးတဲ့ ကျန်းမာရေးစစ်ဆေးနည်းလေးတစ် ခုအကြောင်းပဲ ဖြစ်ပါတယ်။ အလွယ်ကူဆုံးစစ်ဆေးနိုင်ပြီးတော့ စိတ်ဝင်စားဖို့လည်းကောင်းတယ်ဆိုတော့ လိုက်လုပ်ကြည့်မိလိမ့်မယ်လို့လဲ ယုံကြည်ပါတယ်။ ကဲစလိုက်ကြရအောင်။ မှန်ရှေ့ကိုသွားပါ။ ပါးစပ်ကိုကျယ်ကျယ်ဟလိုက်ပါ။ ပြီးရင်လျှာကို ထုတ်ပြီးသေသေ ချာချာကြည့်ပါ။ ဒီလိုလျှာကိုကြည့်ပြီး ကျန်းမာရေးခန့်မှန်းတယ်ဆိုတာ ထူးဆန်းတယ် လို့ထင်မိမှာ ဖြစ်ပေ မယ့်လည်း တကယ်ပဲ သင့်ရဲ့လျှာက သင့်ကျန်းမာရေးအကြောင်းကိုအများကြီးပြောနေတာ ကြားရပါလိမ့်မယ်။ ဥပမာအနေ နဲ့ လျှာအရောင်ကနက်နေပြီး အမွှေးလေးတွေထွက်နေသလို ဆူးလေး တွေများနေမယ်ဆိုရင် ခံတွင်းသန့်ရှင်းမှုမရှိတဲ့ ရောဂါ၊ ဒါမှမဟုတ် သင့်မှာဆီးချိုရောဂါရှိနေနိုင်တယ်ဆိုတာ အချက်ပြနေတာ ပဲဖြစ်တယ်လို့ ဆိုပါတယ်။ သင့်ရဲ့လျှာက စတော်ဘယ်ရီလို အနီရောင်တောက်တောက်ဖြစ်နေ မယ်ဆိုရင်တော့ … Read more

အသားပိုတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်မည့် နည်းလမ်းကောင်းများ

အသားပိုတွေက များသောအားဖြင့် အန္တရာယ်လဲမရှိ မနာမကျင်ပေမယ့် အသားပိုထွက်လရင် လူတိုင်း စိတ်ဆင်းရဲရပြီး ဖယ်ရှားချင်ကြပါတယ်။ အသားပိုတွေကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက် ဖယ်ရှားနိုင်မယ့်သဘာဝနည်းလမ်းကောင်းတွေကို ရှာဖွေတင်ဆက်ပေးလိုက်တယ်နော်။ ပန်းသီးဗနီကာမှာ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့အပြင် သူ့ရဲ့သဘာဝအက်ဆစ်ဂုဏ်သတ္တိတွေက အသားပိုတွေဖယ်ရှားရာမှာ အလွန်အသုံးဝင်ပါတယ်။ ပန်းသီးဗနီကာက အသားအရည်ဆဲလ်တွေကို ဖျက်ဆီးပေးပြီး မြင်မကောင်းတဲ့အသားပိုများကို ကွာကျစေပါတယ်။ ဂွမ်းလုံးကို ပန်းသီးဗနီကာထဲစိမ်ပေးပြီး အရည်ပိုတွေညှစ်ပေးပါ။ပြီးရင် အဲ့ဂွမ်းလုံးကို အသားပိုပေါ်တင်ပေး၍ နေရာမရွေ့အောင် ပလာစတာကပ်ပေးပြီး တစ်ညထားပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် အသားပိုခြောက်လာပြီး သူ့အလိုလိုပြုတ်ကျသွားပါလိမ့်မယ်။ ဂျင်းမှာ အသားပိုတွေကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက်တိုက်ထုတ်ပေးနိုင်တဲ့အပြင် ပိုးမွှားသေစေနိုင်တဲ့ဂုဏ်သတ္တိတွေပိုင်ဆိုင်ထားတဲ့ ဇီဝဒြပ်ပေါင်းများစွာပါဝင်နေပါတယ်။ အရင်ဆုံး အသားပိုရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပြီး ခြောက်အောင်ထားပေးပါ။ ဂျင်းတစ်ပြားကို ယူပြီး အသားပိုရှိတဲ့နေရာကို 2-3 မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ဒီနည်းလေးကိုတော့ တစ်နေ့ 4-5 ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။ … Read more

ဒူးနာအတွက် အစွမ်းထက်တဲ့ သဘာဝ ဆေးနည်းများ.(ရှယ်ပြီးသိမ်းထားသင့်တဲ့ဆေးနည်းလေးတွေပါ)

ဒူးနာ၍ ဆေးခန်းပြသော်လည်း မသက်သာပဲ သဘာဝဆေးနည်းများကိုတောင်းဆိုလာသူများအတွက် ဒူးနာဆေးနည်းများကို စုစည်း၍ မျှဝေပေးလိုက်ပါတယ်။ (၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာအရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီးအမှည့်ကိုဖင်ဖြတ် ခေါင်းဖြတ်၍သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ( ၅ ) ရက်ဆက်တိုက်စားပေးပါကလေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည် ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျနည်းကာအစွမ်းထက် သက်စောင့်ဆေးအားမှီဝဲကြပါကုန် ။ (ဝိစိတ္တရတနာမြေ) (၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်) (၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် ဒူးနာနေတဲ့ … Read more

သုံးရက်အတွင်း ခြေ လက်တွေ ဖြူဖွေးလာစေတဲ့ သဘာဝ အိမ်တွင်းဆေး…

သုံးရက်အတွင်း ခြေလက်တွေ ဖြူဖွေးလာအောင် ဆေးနည်းသစ်တခုပေးပါရစေနော် …။သုံးရက်မဟုတ်ဘဲ တစ်ရက်နဲ့ကို သင့် အသားအရေ ထူးခြားလာပါလိမ့်မယ် …။ အထူးသဖြင့် နေလောင်ထားတဲ့ ခြေ၊လက် အသားအရေအတွက် ဒီနည်းက အသုံးဝင်လွန်းပါတယ်။ ပျက်ဆီးနေတဲ့ အသားအရေ ပြန်လည် ဖြူဖွေးချင်တယ် ဆိုရင် အဆင့်(၂)ဆင့် ပြုလုပ်ဖို့ လိုပါတယ် …။ ပထမအဆင့်က ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ scrub လို့ ခေါ်ပါတယ်။ ဒုတိယအဆင့်က ခြေလက်တွေ ပြန်လည် ဖြူဖွေးလာအောင် ထိန်းသိမ်းရတဲ့အဆင့် …၊ ဒီအဆင့်နှစ်ဆင့်ကို တချိန်တည်း ဆကိတိုက်လုပ်ဖို့ လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင့်အသားအရေဟာ သုံးရက်အတွင်း သိသာလာမှာပဲ ဖြစ်တယ် …။ ပထမအဆင့်- Scrub ဆဲလ်သေတွေ ဖယ်ရှားတဲ့အဆင့်ဖြစ်တယ်။ ဒီအဆင့်မှာ သကြား လက်ဖက်ရည်တစ်ဇွန်းစာ နဲ့ … Read more

မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆေးဝါး ( ၁၀ ) မျိုး …

အိမ်တိုင်းမှာ ဆေးဝါးတွေ အလွယ်တကူ ဆောင်ထားသင့်ပါတယ် ။ လူတိုင်းဟာ သူသူကိုယ်ကိုယ် သာမန်ဖျားနာ၊ ကိုက်ခဲမှုတွေ ဖြစ်တတ်ကြပါတယ် ။ အထူးသဖြင့် ကလေးသူငယ်တွေဟာ ဆေးဆိုင်တွေပိတ်တဲ့ ညဘက်ပိုင်းတွေမှာ ဖြစ်လေ့ရှိတာကြောင့် အိမ်မှာ ဆေးအရံသင့်ရှိနေမှသာ အဆင်ပြေမှာပါ ။ လူတိုင်းအတွက် အိမ်မှာ မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆေးဝါး ( ၁၀ ) မျိုးကို ဖော်ပြပေးလိုက်ပါတယ် ။ ၁ ။ ပါရာစီတမော ပါရာစီတမောဟာ အဖျားကျ ၊ အကိုက်အခဲသက်သာစေနိုင်တဲ့ ဆေးစွမ်းတစ်လက် ဖြစ်ပါတယ် ။ ဆေးပြားပုံစံ ၊ ဆေးရည်ပုံစံတွေ အပြင် ဒုံးကျည် ပုံစံနဲ့လည်း လာနိုင်ပါသေးတယ် ။ ပါရာစီတမောကို လိုအပ်တဲ့ပမာဏထက် ပိုသောက်ခဲ့မိရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဆေးပမာဏ မကျော်လွန်အောင် … Read more

ချိုင်း(ဂျိုင်း)မဲနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေ အတွက်…

ဒီနေ့မှာတော့ ချိုင်း(ဂျိုင်း)မဲနေလို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအတွက် ဆေးနည်းစွမ်းကောင်းလေးတစ်ခုကို ပြောပြလိုက်ပါတယ်နော်။ ၁။ အာလူး အာလူးမှာ အသားအရေကို အရောင်ချွတ်ပေးနိုင်တဲ့ အက်ဆစ်ပျော့တစ်မျိုးပါ။ အာလူးတွေကိုသာ ပါးပါးလှီးပြီး ကပ်ထားပေးလိုက်ရင် ချိုင်းတွေဖြူလာမှာပါ (သို့) အာလူးကိုကြိတ်ပြီး ရလာတဲ့အရည်ကို ချိုင်းမှာသုတ်ပါ။ မိနစ်အနည်းနယ်လောက် နှိပ်ပေးပြီး နောက်ထပ် မိနစ် ၂၀ ကြာရင် ရေနွေးလေးနဲ့ဆေးပေးရမှာပဲဖြစ်ပါတယ်။ နောက်ရက်မှာ ချိုင်းချွေးနံ့ပျောက်ဆေး မသုံးဘဲထားပါ။ အဲ့ဒီလိုမျိုးလေး နေ့တိုင်းသာလုပ်သွားမယ်ဆို ၂ ပတ် (သို့) ၃ပတ်အတွင်း ချိုင်းလေးဖြူလာမှာပါနော်။ ၂။ သခွားသီး သခွားသီးကိုကြိတ်ပြီး အရည်စစ်ယူထားပါ။ ရလာတဲ့အရည်ကို စပရေးဘူးထဲထည့်ပြီးရင် ချိုင်းကြားကိုဖြန်းထားပေးရပါမယ်။ နာရီဝက်လောက်ကြာရင် ခြောက်သွားပါလိမ့်မယ်။ အဲ့ဒီတော့မှ ရေကြက်သီးနွေးလေးနဲ့ ဆေးပေးရမှာပါ။ ၃။ သံပရိုသီး/သံပရာသီး အရေပြားနဲ့ဆံပင်အတွက် သံပရိုသီးက နာမည်ကြီးဆေးတစ်လက်ပါ။ သံပရာသီးလေးနဲ့ … Read more

ရွှေတိဂုံစေတီတော်၏ ပုံရိပ်ကိုနင်း၍ ဖျော်ဖြေတင်ဆက်ခဲ့သည့် Project K အဖွဲ့၏ဖျော်ဖြေမှု ဝေဖန်ခံနေရ

Asia Song Festival 2020 တွင် ပါဝင်ဖျော်ဖြေထားသည့် Project K အဖွဲ့၏ ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်း၍ ဖျော်ဖြေတင်ဆက်ထားမှုသည် လူမှုကွန်ရက်အသုံးပြုသူများအကြားတွင် ဝေဖန်ခံနေရသည်။Project K အဖွဲ့က Asia Song Festival 2020 တွင် ပါဝင်ဖျော်ဖြေထားသော ဗွီဒီယိုဖိုင်ကို အောက်တိုဘာ ၁၀ ရက်တွင် ၎င်းတို့၏ Facebook Page မှ ပြန်လည်ဖော်ပြခဲ့ပြီး အဆိုပါ ဗွီဒီယိုဖိုင်တွင် ၎င်းတို့ ကပြဖျော်ဖြေနေ သည့် Stage စင်၏ ကြမ်းပြင်ပေါ်တွင် ရွှေတိဂုံစေတီတော်၏ ပုံရိပ် ပါဝင်ခဲ့သည်။ထိုသို့ ရွှေတိဂုံစေတီတော်၏ ပုံရိပ်ပေါ်တွင် နင်း၍ ကပြဖျော်ဖြေခဲ့သည့် Project K ၏ ဖျော်ဖြေမှုပုံစံအား လူမှုကွန်ရက်အသုံးပြုသူများက ဝေဖန်ခဲ့ကြပြီး အထူးသဖြင့် အဆိုပါ … Read more