ခြေဖဝါးကွဲလျှင်် ယုံံယုံကြည်ကြည်် စမ်းသပ်ကြည့်လိုက်ပါ

ခြေဖ၀ါးကွဲလျှင် ယုံယုံကြည်ကြည် စမ်းသပ်ကြည့်လိုက်ပါ ခြေဖ၀ါးကွဲခြင်းအတွက်ဆေးနည်း ရာသီဥတု ပူပြင်းခြင်း၊ အေးလွန်းခြင်းနှင့် ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ ကွဲခြင်းတို့ ဖြစ် တတ်ကြပါသည်။ အကျိုးဆက်က ဖိနပ်လည်း မစီးနိုင် သလို လမ်းလည်းကောင်းကောင်း မလျှောက်နိုင်တော့ချေ။ အိမ်တွင်းသုံး ကုထုံးနည်းလေးဖြင့် ယုံယုံကြည်ကြည် စမ်းသပ်ကြည့်ပါ။ အံ့ဖွယ်သက်သာပျောက်ကင်းစေပါသည်။ ညအိပ်ရာဝင်ချိန်တွင် ခြေထောက်ကို သန့်စင်အောင် ဆေးပြီး မန်ကျည်းမှည့်အနှစ် အနည်းငယ်နှင့် ကွမ်းရွက်အနည်းငယ်ကို ကြိတ်ပြီး ခြေဖဝါးကွဲဒဏ်ရာအား သုတ်လိမ်းပေးပါ။ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ။ (ဘေးထွက်ဆိုးကျိုးမရှိသော မြန်မာနည်းလေးဖြစ်ပါသည်။) သင်ဆရာမြင်ဆရာများကို ဦးခိုက်လျှက် Sai Min Thant Unicode Version ခြေဖဝါးကွဲလျှင်် ယုံံယုံကြည်ကြည်် စမ်းသပ်ကြည့်လိုက်ပါ ခြေဖဝါးကွဲခြင်းအတွွက်ဆေးနည်း ရာသီဥတု ပူပြင်းခြင်း၊ အေးလွွန်းခြင်းနှင့် ခြေထောက်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ … Read more

ဒီကနေ့ကျရောက်တဲ့ (၅) နှစ်ပြည့် မွေးနေ့ကို မိခင်မပါပဲ ဖြတ်သန်းနေရတဲ့ မီးမီးခဲရဲ့ သမီးလေး Narnia ရဲ့ ဗီဒီယို

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ မီးမီးခဲကတော့ သူမနေထိုင်ရာ သြစတေးလျနိုင်ငံ Sydney မြို့မှာပဲ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ မီးမီးခဲ ကွယ်လွန်သွားချိန်မှာတော့ သမီးကြီး ဖြူဖြူစင်စင်လင်းအပြင် ဒုတိယအိမ်ထောင်က သမီးကြီး Narnia နဲ့ သားငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ် မီးမီးခဲကတော့ မကွယ်လွန်ခင်အချိန်မှာ သားသမီးသုံးယောက်စလုံးကို မေတ္တာတွေအပြည့်နဲ့ စောင့်ရှောက်ခဲ့ပြီး မိခင်တာဝန်ကျေပွန်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ် ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ကတော့ မီးမီးခဲရဲ့ သမီးအလတ်လေး Narnia ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Narnia က သူမရဲ့ မွေးနေ့မှာ မိခင်မရှိပဲ ဖြတ်သန်းနေရပေမယ့် ဖခင်ဖြစ်သူက အနားမှာရှိနေပြီး သမီးလေး မျက်နှာတစ်ချက် မပျက်ရအောင် အစစအရာရာ လိုလေသေးမရှိ ဖြည့်စည်းပေးနေတာကို အခုလိုပဲ … Read more

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ ခင်ပွန်းများဖတ်ဖို့

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ခင်ပွန်းများဖတ်ဖို့ မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။ လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။ မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲအဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။ လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာပြုစုကြ ပါလိမ့်မယ်။ သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။ အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ယောကျာ်းအတွက် သားသမီးရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ်။ နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ်ညမအိပ် … Read more

ဒူးနာတဲ့သူတွေကို ကိုယ်ချင်းစာလို့တင်ပေးလိုက်တာပါ (လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ)

စာရေးဆရာမ လှိုင်း(တောင်ကြီး)ရဲ့ လက်တွေ့ ဒူးနာပျောက်ဆေးနည်းတစ်ခုပါ။ ဒူးနာပျောက်တဲ့ဆေးနည်း ​ ပြောပြမယ် နော် လက်တွေ့သက်သာခဲ့တာမို့ ဒူးနာနေတဲ့မိတ်ဆွေတွေလုပ်ကြည့်စေချင်ပါတယ် ကျမညာဖက်ဒူးကတစ်စစ်စစ်နဲ့ကိုက်ကိုက်ပြီးနာနေတာ တော်တော်ကြာပေါ့ နာလာရင်အော်နေရတယ် ဆေးမျိုးစုံလိမ်းကြည့်တာ ပူပြီးနံတယ် …ခဏသက်သာတယ်ပြန်ဖြစ်ရော …ဒါနဲ့ ခြေဖနောင့်နာတုန်းကလုပ်ဖူးတဲ့ ဆေးနည်းအတိုင်း လုပ်ကြည့်မယ်ဆိုပြီး ပြန်လုပ်ကြည့်တာ ခုတော့ပျောက်သွားလို့ ရန်ကုန်မှာချော်လဲလို့ရတဲ့ ဒဏ်ရာနာနေတာကြောင့်ခုပြန်လုပ်ထားပါတယ်…. ခြေသလုံးပုံပါနေလို့ကန်တော့ပါရှင်….ရှားစောင်းလက်ပတ် လက်တစ်ဝါးစာကို ဆူးတွေ လှီးထုတ်ပြီးအပြားလိုက်နှစ်ခြမ်းခြမ်းလိုက်ပါ …. ပြီးရင်မီးနွေးနွေးလေးကင်ပါ အပူခံနိုင်သလောက်ကင်ပြီးရင် ဒူးခေါင်းပေါ်မှာဖြေးဖြေးခြင်းတင်ပါ ….. ပြီးရင်ရှားစောင်းလက်ပတ်ပြုတ်ကျမှာစိုးလို့ပုံပါအတိုင်း ကြွပ်ကြွပ်အိပ် ကိုအနေတော်ညှပ်ပြီ အပြင်မှာပြန်ကပ်ထားပါ …. ပြီးရင် ကြွပ်ကြွပ်ကြိုးနဲ့မလျှော့မတင်းစီးပြီးထားပါ သွားစရာမရှိရင်တော့ နေလည်လဲလုပ်ထားလို့ရပါတယ် ….. ညအိပ်ရာဝင်လုပ်ထားရင် ပိုကောင်းတယ် တစ်ညလုံးစည်းပြီးအိပ်လိုက် မနက်ကျတော့ပြန်ဖြေ နောက်ရက်ညအိပ်ရာဝင်တစ်ခါထပ်လုပ် အနာပေါ်မူတည်ပြီးပျောက်ပါမယ် ….. ကျမတော့ ၃ ရက်ဆက်လုပ်တာနဲ့ခုပျောက်သွားပြီ …..ခုတော့ချော်လဲထားတဲ့ … Read more

“မ”ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကား ဘာကြောင့်လဲဆိုတာ ပါချုပ်ဆရာတော်ကြီး မိန့်ကြား…

မ_ဖျက်ရင်_ပြည်ပျက်တယ် ဒီစကားပုံကို လူတော်တော်များများက “မိန်းမ” ဖျက်ရင် ပြည်ပျက်မယ်လို့ ဆိုလိုတယ် ထင်မှတ်နေကြတာ။ ဒီစကားပုံ ဘာကြောင့်ပြောလဲ ?ပါချုပ်ဆရာတော်ကြီး Dr နန္ဒမာလာဘိဝံသ ရှင်းတမ်းလေးမှာ မိန့်ကြားတော်မူပါတယ်။ မိန်းမ ဖျက်လို့ ပြည်မပျက်ပါဘူး ….မ- ဖျက်ရင်သာ ပြည်ပျက်တာပါ…. “မ”ဖျက်ရင် ပြည်ပျက်မယ်ဆိုတဲ့စကားကို လူမှန်းသိစတဲက ကြားဘူးပါတယ်။ ဥပဒေတခု ရေးဆွဲကြမယ်ဆိုရင်တားမြစ်ချက် ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းစသဖြင့် ကျင့်သုံးစရာလိုက်နာစရာ တွေရှိပါလိမ့်မယ်။ ထိုအခါမှာ ဥပဒေအရ ဖြစ်စေ၊အန္တရာယ်ဖြစ်စေနိုင်တဲ့ သတိပေးစရာ၊ လုပ်ဆောင်ခွင့်မပြုသင့်တာမှန်သမျှ “မ” အက္ခရာဖြင့် တားမြစ်ရေးသားတာရှိပါတယ်။ ဥပမာ….. ငါး မဖမ်းရ၊ ရေ မကူးရ၊ ဥပဒေကို မချိုးဖောက်ရ၊ မကောင်းတာ မလုပ်ရ၊ သစ်ပင် မခုတ်ရ၊ ဆေးလိပ် မသောက်ရ၊ အများကြီးပါ။ ဒါကို … Read more

ဆံပင်အုံ ပါးသူတွေ အတွက် ဆံပင်ပိုထူစေမယ့် နည်းလမ်းကောင်း မျှဝေပေးလိုက်ပါတယ်…

လှပသန်စွမ်းတဲ့ ဆံကေသာပိုင်ဆိုင်ဖို့ အမျိုးသမီးတိုင်း အိပ်မက်မက်ကြပါတယ်။ တကယ်တော့ သင့်ဆံပင်ဟာ တစ်လ လက်မဝက်ခန့် ကြီးထွားနေတာပါ။ ဒါပေမယ့် ဆံပင်ကြီးထွားမှုနဲ့ ဖွဲ့စည်းမှုပုံစံက ပတ်ဝန်းကျင်အကြောင်းခံတွေနဲ့ ဗီဇအပါအဝင် များစွာသောအချက်တွေပေါ် မူတည်ပါတယ်။ သင့်ဆံပင်ဟာ သင့်ပုံမှန်စားသုံးတဲ့ အလေ့အကျင့်တိုင်း သန်စွမ်းမှုရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး မျှတတဲ့ ပုံမှန်အစားအသောက်က ရှည်လျားပြီး ပိုးသားလို နူးညံ့ပျော့ပြောင်းတဲ့ဆံကေသာအတွက် အဓိကဖြစ်ပါတယ်။ ဒီဆေးနည်းက သင့်ဆံပင်ပိုမိုထူထပ်စေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆံပင်ပိုထူစေမယ့် ဆေးနည်း လိုအပ်တဲ့ပစ္စည်းများ—– -ကြက်ဆူဆီ ထမင်းစားဇွန်း (၂) ဇွန်း – ကြက်ဥ အနှစ် (၁) လုံး – ပျားရည် ထမင်းစားဇွန်း (၁) ဇွန်း ပါဝင်ပစ္စည်းအားလုံး အတူရောစပ်ပါ။ အဲဒီအရောအနှောနဲ့ ဆံပင်အမြစ်တွေ နှိပ်နယ်ပေးပြီး ကျန်တာနဲ့ … Read more

နံနံပင်ဖိုး ၁ ထောင်တည်းနဲ့ ကျောက်ကပ်ဆေးမယ်

နံနံပင်ဖိုး ၁ ထောင်တည်းနဲ့ ကျောက်ကပ်ဆေးမယ် ငွေတစ်ထောင် လောက်နဲ့ ကျောက်ကပ်ဆေးရအောင် နှစ်တွေကြာအောင် ကျောက်ကပ်ဟာ သွေးကို ဆား အဆိပ်နဲ့မလိုလားအပ်တဲ့ခန္ဓာကိုယ်ထဲဝင်လာတဲ့အရာတွေကို ဖယ်ရှားစစ်ထုတ်ပေးခဲ့ရတယ်။ ဒီအချိန်မှာ မလိုလားအပ်တဲ့အရာတွေ ဆားတွေ ကျောက်ကပ်မှာ စုပုံလာတော့ ဆေးကြောသန့်စင်ဖို့လိုပြီပေါ့။ ဒါ့အပြင် ရောဂါတစ်မျိုးမျိုး ( အသည်းရောဂါ ) ရှိနေရင်လည်း ကျောက်ကပ်ဟာပိုပျက်စီးလွယ်ပါတယ်။ ခုခေတ်မှာ သုံးရတဲ့ဆေးတွေ ဟင်းသီးဟင်းရွက်က ဓါတုဓါတ်ကြွင်းတွေ အသားငါးက အာဆင်းနစ်တွေဟာ သင့်ကျောက်ကပ်ကိုခြိမ်းခြောက်နေပါတယ်။ ဒါကိုဘယ်လိုလုပ်ကြမလဲ??? (ဓါတုဓါတ်ကြွင်းတွေ ဖယ်ရှားတဲ့စက်ကလေးနဲ့ သန့်စင်ပြီးမှ ချက်ပြုတ်စားသောက်ရင်တော့ အကောင်းဆုံးပေါ့) ကျောက်ကပ်ဆေးဖို့ အလွယ်ဆုံးနည်းကတော့… အရွက်စားမုန်လာပင်တစ်မျိုးဖြစ်တဲ့ နံနံပင် တစ်စည်းကိုယူရေနဲ့သန့်စင်အောင်ဆေး၊ အသေးလေးတွေဖြတ်၊ ဆူနေတဲ့ရေထဲ ၁၀ မိနစ်ပြုပ်၊ ဖန်ခွက်ထဲစစ်ထည့်၊ ရေခဲသေတ္တာထဲထည့်အအေးခံပြီး နေ့စဉ် တစ်ဖန်ခွက်သောက်ပေးရင် စုပုံနေတဲ့အဆိပ်တွေ ဆီးထဲပါသွားပြီပေါ့။ နံနံ … Read more

အမျိုးသမီး တစ်ယောက်အပြောကြောင့် ဆွမ်းပင်မယူတော့ပဲ မျက်ရည်ကျပြီးလှည့်ပြန်ခဲ့ရတဲ့ ဦးဇင်းလေး

မိန်းမတစ်ယောက်ရဲ့ ပြောဆိုမှုကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။ ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါဆိုတဲ့ အဖြစ်အပျက်ဘုန်းကြီးတွေကို သူတောင်းစားလို့ပြောတဲ့ မိန်းမတစ်ယောက်ကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။ ဟုတ်ပါတယ် ဘုန်းကြီးဆိုတာသူတောင်းစားတွေပါ မိုးမလင်းသေးဘူး သူများအိမ်ရှေ့ တံစက်မြိတ်အောက်မှာ ခွက်အမည်းကြီး ပိုက်ပြီး တန်းစီးပြီး တောင်းစားနေတာ ကျုပ်တို့တွေပါ။ ဒီသာသနာထဲ ဝင်လာရင် ဒီလို ကဲ့ရဲ ပြစ်တင် ဝေဖန်မယ်ဆိုတာ သိနေပါလျက် ဇွတ်ထိုးပြီး ကတုံးတုံး သင်္ကန်းဝတ်ခဲ့ကြတာ ဒီ သူတောင်းစားတွေပေါ့။ ကိုယ်ပိုင် စီးပွားရေးက မရှိ၊ တစ်လတစ်ခါ လစာရတဲ့ ဝန်ထမ်းတွေလည်း မဟုတ်လို့ တောင်းစားမိတာ ခွင့်လွတ်ပါဗျာ။ဘုရားရှင်ရဲ့ သားတော်တွေမို့ရှေ့ရှေ့ဘုရားရှင်တို့် ပညတ်ထားတော်မူသည့် ဝိနည်းစည်းကမ်းတွေထဲာင်းစားရမယ်လို့ ပညတ်ထားတော့ကျုပ်တို့လည်း တောင်းစားရတာပေါ့။ အများထင်သလို သာသနာ့ဘောင်ကအနေလည်းမချောင်၊ အစားလည်းမချောင်ပါဘူး။ဒါကို ကိုယ်တိုင်းဝတ်ဖူးမှ စာနာ နားလည်ပါလိမ့်မယ်။ ဦးဇင်းတို့လည်း ဘယ်တောင်းစားချင်ပါ့မလဲ၊အထင်သေးတဲ့ … Read more

ပိန်ချင်ရင် (၁၅) ရက်ပဲ သောက်ကြည့်ပါ ဆိုတဲ့ဆေးနည်း

ပိန်ချင်ရင် ၁၅ ရက်ပဲ သောက်ကြည့်ပါဆိုတဲ့ဆေးနည်း အဆီကျ အသားကျစ် တိုင်းရင်းဆေး အထူး အဆီကျ အသားကျစ် ပိန်ဆေးကြီး ယနေ့ခေတ် လူနေမှုပုံစံပြောင်းလဲလာမှု။ အစားအသောက်နှင့် ဇိမ်ခံပစ္စည်းများ ပေါများလာခြင်းကြောင့် အဝလွန်သည့်ပြသနာသည် ခေတ်စားလာချေပြီ။ အဝလွန်လျှင် ဖြစ်ပေါ်လာတတ်သော ကျန်းမာရေးဆိုးကျိုးများကို လူတိုင်းလိုလို သိထားပြီးဖြစ်ပါသည်။ အဆီကျဆေး ပိန်ဆေးများသည်လည်း အရှေ့တိုင်းဆေး၊ အနောက်တိုင်းဆေး စုံလင်စွာဈေးကွက်ထဲတွင် မှိုလိုပေါက်လျက်ရှိပါသည်။ သို့သော် ဘေးကင်းသော စိတ်ချရသော ဆေးအများစုမှာ တိုင်းရင်းဆေးများပင် ဖြစ်ကြသည်ကများပါသည်။ အနောက်တိုင်းဆေးများတွင်လည်း အလွန်ကောင်းသော ဆေးများရှိကြပါသည်။ သို့သော် ဈေးအဆမတန်များပြားလွန်းသဖြင့် သုံးစွဲနိုင်သူက နည်းပါးလွန်းလှပါသည်။ ယခုဖေါ်ပြမည့်ဆေးသည် အလွန်အစွမ်းထက်သော လက်တွေ့ကျသော ဆေးနည်းဖြစ်ပြီး ရှားပါးသော ဆေးနည်းမူမှန်တစ်ခုဖြစ်ပါသည်။ ဤ ဆေးကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တေဇော ဝါယောဓာတ် (အပူ) ကို … Read more

သွေးထွက်အောင်မှန်နေတဲ့ နိမိတ်တဘောင်နှင့် ယနေ့မြန်မာပြည်…

သွေးထွက်အောင်မှန်နေတဲ့ နိမိတ်တဘောင် နှင့် ယနေ့ မြန်မာနိုင်ငံ အခြေအနေ… “ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော် တဘောင်တစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်” (၁) ဟင်္သာမင်း အင်းကို ဆင်းမည်။ (၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ (၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ (၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။ (၅) သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။ (၆) ဧရာဝတီ ခမ်းလိမ့်မည်။ (၇)လက်ပံလည်း ရှားလိမ့်မည်။ (၈)ကြက်မတွန်လို့ မိုးလင်းမည်။ (၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့် (၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ။ ။ (၁) ဟင်္သာမင်း အင်းကိုဆင်းမည် -ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက်လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ … Read more