မယား နေစ ကြောင်သေမှဆိုတဲ့ အဓိပ္ပါယ် ခုမှသိတော့တယ်…

မယား နေစ ကြောင်သေမှ တဲ့…. အဓိပ္ပါယ်က….အိမ်ထောင်ပြု ပြီးတဲ့ ယောက်ျားတစ်ယောက်က ကြောင် ၅ ကောင်ကို သတ်ရတယ် ၁။ ဇီဇာ မကြောင်ရဘူး ၂။ သဝန် မကြောင်ရဘူး ၃။ သရဲဘော မကြောင်ရဘူး ၄။ သတ္တိ မကြောင်ရဘူး ၅။ ဖွန်လဲ မကြောင်ရဘူး အဲ့သည့် ကြောင်ငါးကောင်ကိုအသေသတ်နိုင်ရမယ်လို့ ဆိုလိုတာ အဲ….llllll လင် နေစ ဆင်သေမှ ဆို တဲ့ အဓိပ္ပါယ်ကလဲ…. အိမ်ထောင်ပြု ပြီးတဲ့ မိန်းမတစ်ယောက်က ဆင် ၅ ကောင်ကို သတ်ရတယ် ၁။ အပြောအဆို ဆင်ခြင်ရတယ် ၂။ အနေအထိုင် ဆင်ခြင်ရတယ် ၃။ အသွားအလာ ဆင်ခြင်ရတယ် ၄။ အသုံးအစွဲ ဆင်ခြင်ရတယ် … Read more

ယောကျင်္ားဆိုတာ ခန္မာကိုယ်က ယောကျင်္ား ဖြစ်နေတိုင်း ယောကျင်္ားလို ့ပြောလို ့မရဘူး

ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး ၀ုန်း……..ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။ နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ …..အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို … Read more

ယခုလ “ထီ” ကံကောင်းနေသော တနင်္ဂနွေ သားသမီးများ အတွက် ယတြာ…

တနင်္ဂနွေသားသမီးများ အနေဖြင့် နိုဝင်ဘာလမှာတော့ ထီကံဇာတာ အသင့်အသင့်ကောင်းတဲ့လဖြစ်နေပါတယ်။ ထီထိုးမယ်ဆိုရင် တစ်ယောက်တည်းသော်လည်းကောင်း စပ်တူသော်လည်းကောင်းအကျိုးပေးပါတယ်။ စပ်တူထိုးမယ်ဆိုရင်တော့ တနင်္လာ၊တနင်္ဂနွေ သားသမီးနှင့်စပ်ပြီးထိုးပါ။ ဒီလအတွက် အကျိုးပေးတဲ့ဂဏန်းအနဲ့ကတော့ ၂ အစ ၁ အလယ် ၃ အဆုံးကိုထိုးပေးပါ။ အက္ခရာ အနေနှင့် က၊ခ၊ဂ၊ဃ၊င၊စ၊ဆ၊ဇ၊ဈ၊ည တို့ဖြစ်ပါတယ်။ ထိုးရမည့်နေ့ကတော့ ၊ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ထိုနေ့အတွက် တနင်္ဂနွေသားသမီးများရဲ့ အကျိုးပေးတဲ့အချိန်ဖြစ်တဲ့ မုဆိုးရွှေအိုးရ ကိန်းအချိန်မှာ မနက် ၁၀:၄၉ မှ ၁:၁၂ မိနစ်အကြားမှာထီထိုးပေးပါ။ ကံကောင်းပါလိမ့်မည်။အရှေ့ မြောက်အရပ်ကို မျက်နှာမူပြီး ထီထိုးပါ။ ယတြာ အမွေးတိုင် (၁၁) တိုင်၊ ဆီမီး (၁၁) တိုင် လှူပြီးဆုတောင်းပါ။ ဒီလ အတွက် တနင်္ဂနွေသားသမီးတိုင်း ကံကောင်းပါစေဟု ကျွန်ုပ်မှ ဆုတောင်းပေးလိုက်ပါတယ်။ Unicode … Read more

မယူခင် ရည်းစား နဲ့ အတူနေသင့်သလား..? ၊ မနေသင့်ဘူးလား…?

ရည်းစား နဲ့ မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလား living together ရည်းစား နဲ့မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလားလို့ လာမေးခဲ့ဖူးသူရှိတယ်။ အဲဒီမေးခွန်းကိုမဖြေခင် ကျွန်မက သူမကိုပြန်မေးလိုက်တယ်။ ဘာရည်ရွယ်ချက်နဲ့ အတူနေချင်တာလဲလို့။ ရည်းစား ရဲ့ဆန္ဒဖြည့်ဖို့ အတူသွားအိပ်မှာလား။ ရည်းစား နဲ့ အတူအိပ်ရုံ (လိင်အာသာဖြေရုံ) အတူနေမှာလား။ အပျိုမဟုတ်တဲ့အတူတူ မထူးပါဘူးလေဆိုပြီး တွဲတဲ့သူနဲ့မြဲအောင် အတူသွားအိပ်မှာလား။ အဖော်စုံရုံ ၊ ပျော်ရုံလေး အခြေအနေဖန်လာရင် တွေ့တဲ့သူနဲ့ အိပ်လိုက်မှာလား။ အိမ်ထောင်ဘက်အဖြစ်ရည်ရွယ်ထားလို့ တယောက်အကြောင်း တယောက်ပိုသိလာအောင် တခါအိပ်ရုံမဟုတ် ရေရှည်သဘော နေသွားချင်တာလား။ ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် အရင်ပြန်မေးပြီးမှ လက်မထပ်ရသေးတဲ့ အမျိုးသားနဲ့ စပ်ယှက်ဖို့ကိုတွေးပါ။ တကယ်တော့ မြန်မာလူမှုဝန်းကျင်မှာ မိန်းမပျိုလေးမှန်ရင် ဘယ်အမျိုးသားနဲ့မှ လက်မထပ်သေးဘဲ အတူမနေရဘူး။ … Read more

အသား အနာမခံဘဲ မျက်နှာနဲ့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို အလွယ်တကူ ဖယ်ရှားနည်း

အသားအနာမခံဘဲ မျက်နှာနဲ့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို အလွယ်တကူဖယ်ရှားနည်း … မျက်နှာနဲ့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို အသားအနာမခံဘဲ ဘယ်လိုဖယ်ရှားမလဲ ဆားဝက်ခြံပြဿနာဟာ အလှအပကြိုက်တတ်တဲ့ ပျိုမေတို့အတွက်တော့ စိတ်ညစ်စရာပါ။ ချွေးပေါက်ပိတ်စေပြီး အဆီပြန်စေလို့ ဝက်ခြံတွေ ပိုမိုဖြစ်ပေါ်စေသလို သင့်ကိုလည်း ဆွဲဆောင်မှုလျော့စေပါတယ်။ ဒါ့ကြောင့် ဆားဝက်ခြံကင်းစင်ပြီး အသားအရေကို ပိုမိုဖြူဝင်းလာစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။ ပါဝင်ပစ္စည်း မုန့်ဖုတ်ဆိုဒါ (Baking Soda) စားပွဲတင်ဇွန်း ၁ ဇွန်း ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ပြုလုပ်နည်း အရင်ဆုံးခွက်တစ်လုံးထဲကို မုန့်ဖုတ်ဆိုဒါထည့်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေအတွက် PH ပမာဏကို သင့်တင့်မျှတစေပါတယ်။ ပြီးရင် ပျားရည်နဲ့သံပုယိုရည်ထည့်လိုက်ပါ။ ပျားရည်က … Read more

အိမ်ရှင်ထီး အိမ်ရှင်မတွေ မသိသေးတဲ့ “ထမင်းချက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များ”

အိမ်ရှင်ထီး အိမ်ရှင်မတွေ မသိသေးတဲ့ “ထမင်းချက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များ “ထမင်းချက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များ” အိမ်ရှင်မ / အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတပါ အိမ်ရှင်မ/ထီး များ အတွက် ထမင်းချက်ရာတွင် အရသာသာ မက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည် ၁။ ရှာလကာရည် – ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့် အပြင် ရာသီဥတုအလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ် ၂။ ဘီယာ – ဆန်ဟောင်းများ အထားကြာသွားပြီး … Read more

ရုတ်တရက် ကြားလိုက်ရတာတော့ “ရည်းစားထားတာ ယူဖို့လား” ဆိုတာ နှာခေါင်းရှုံ့ချင်စရာပါပဲ…

မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေကြောင့်ရယ်၊ ရုတ်တရက် ကြားလိုက်ရတာကြောင့်ရယ်တော့ “ရည်းစားထားတာ ယူဖို့လား” ဆိုတာ နှာခေါင်းရှုံ့ချင်စရာပါပဲ .. အရှေ့တိုင်းမှာ (အထူးသဖြင့်) မြန်မာပြည်မှာ အမျိုးသမီးတစ်ယောက်ဟာ အရွယ်ရောက်လို့ ရည်းစားထားပြီဆိုတာနဲ့ အဲ့ဒီရည်းစားကို အတိအကျ ယူဖို့ ဆုံးဖြတ်လိုက်ကြတော့တာပါပဲ .။ ကိုယ်တိုင်ဝတ်မဲ့ အကျီင်္တစ်ထည်၊ လုံချည်တစ်ထည်၊ ဖိနပ်တစ်ရံကိုတောင် သေသေချာချာ ရွေးကြချယ်ကြ၊ ကိုယ်နဲ့ လိုက်မလိုက်၊ တော်မတော်၊ သင့်မသင့်၊ ဈေးနှုန်းအနေအထား၊ ဝတ်ရမဲ့အချိန်အခါ အများကြီး တွက်ချက်ပြီးမှ ဝယ်ကြတာ မဟုတ်လား ..။ တစ်ဘဝလုံး မဟုတ်တောင် ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ် (အထူးသဖြင့်) ကိုယ် မွေးပေးလိုက်ရမဲ့ သားသမီးတွေရဲ့ ဖခင်ဖြစ်မဲ့သူကို ဖိနပ်တစ်ရံ ရွေးသလောက်၊ လုံချည်တစ်ထည်ရွေးသလောက် ရွေးခဲ့ကြရဲ့လား .. ဒါဟာလဲ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာနဲ့ သတ်မှတ်ချက်တွေကြောင့် ဖြစ်ကြရတာ … Read more