ယောကျ်ားလေး များ အမြတ်တနိုး ယူသင့်သော မိန်းမ (၁၀) မျိုး

ယောက်ျားလေး များ အမြတ်တနိုး ယူသင့်သော မိန်းမ (၁၀) မျိုး (၁). အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့ သန့်ရှင်းသော မိန်းမ (၂). မိဘ အား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး …. ကိုယ့်ထက် အငယ်များအား အရာရာနားလည် ထိန်းကျောင်းပေးတတ်သော မိန်းမ (၃). ပုံမှန်အားဖြင့် ယောကျာ်း ဆို စိတ်မ၀င်စားတတ်..ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြု ခြင်း လက်ထပ်ခြင်း အမှုကို စဉ်းစားဖြစ်သော မိန်းမ…. (၄). အရာရာကို လွယ်လွယ် မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ …. ထိုအသိဥာဏ် အတွေ့အကြုံ လောကအမြင်များကိုလဲသားသမီး များအား သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ (၅). ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့ … Read more

ပတ္တမြား မှန်တယ်ဆိုတိုင်း နွံထဲ ဝင်မိုက် ပြစရာလားကွယ်…

ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့….. ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့် အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ… အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။ မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေ…. ကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ ချစ်တာတော့ ချစ်ပါ ညီမလေး ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့…..ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူး။ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့….မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။ ညီမလေးရေ….ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ….. ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေ…..နည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့….. တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေတန်ဘိုးသိတဲ့သူက … Read more

မြွေစားမည့် ဘေးက ဖားကို ကယ်တာ ကုသိုလ်လား.? အကုသိုလ်လား.? အဖြေ…

မြွေစားမည့် ဘေးက ဖားကို ကယ်တာ ကုသိုလ်လား၊ အကုသိုလ်လား တစ်ခါတွင် မြွေတစ်ကောင်က ဖားကို ကိုက်မျိုထားသည်ကို တွေ့ရသောလူတစ်ယောက်က ဖားမသေစေရန်အတွက် မြွေကို ခြောက်လှန့်လွှတ်လိုက်၏။ ထိုအခါ သူ၏မိတ်ဆွေအချို့က မြွေစားရမည့်အစာကို ဖျက်ဆီးသည့်အတွက် အကုသိုလ်ဖြစ်သည်။ငရဲကျမည် ပြောကြသည့်အတွက် ထိုသူသည် အမြဲစိတ်ဆင်းရဲနေရှာ၏။ ထိုသူက ဦးနီကို ထိုအကြောင်း လာမေးသည့်အခါ ဦးနီဖြေပုံကို ကြည့်ပါ – ‘မင်းက မြွေပါးစပ်က ဖားလွတ်သွားအောင် ခြောက်လှန့်မောင်းနှင်ပေးသခိုက်မှာ မင်းစိတ်ထဲမှာ ဒီမြွေကြီး အစာငတ်သေပါစေဆိုတဲ့ စေတနာမျိုးရှိသလား။ ဒါမှမဟုတ် ဒီဖားလေး မြွေဘေးကလွတ်ပြီး အသက်ချမ်းသာရာရပါစေဆိုတဲ့ စေတနာမျိုးရှိသလား။မလိမ်ဘဲ စိတ်ထဲရှိတဲ့အတိုင်း ဖြေကြည့်လိုက်’ ‘ဒါကတော့ကွာ ရှင်းရှင်းလေးပဲ၊ ဖားလေး အသက်ရှင်ပါစေဆိုတဲ့ စေတနာနဲ့ပဲ မောင်းလိုက်တာပါ။မြွေ အစာငတ်ပါစေဆိုတဲ့ စေတနာ လုံးလုံးမပါပါဘူး’ ‘ဒါဆိုရင် မင်းပြဿနာကို … Read more

စက်ရေတွင်း တူးမည် ဆိုပါက အထူး မှတ်သားရန်…

စက်ရေတွင်းတူးမည် ဆိုပါက အထူးမှတ်သားရန် စက်ရေတွင်းတူရာ၌ ရေ-ရှိ, မရှိ၊ ရေ-နည်း,ရေများ ခန့်မှန်း သိရှိနိုင်ပုံလေးကို ဗဟုသုတ အနေဖြင့် မျှဝေပေးပါမည်။ ရေ-ရှိ/မရှိ ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့် အပင်များ စိုစိုပြေပြေ လန်းလန်းဆန်း ရှိနေပါက ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေ-မရှိဟု ခန့်မှန်း သိနိုင်ပါသည်။ ရေချို/ ရေငန် ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်းတူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက်အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊ သစ်ပင်မှ သစ်ရွက်များ စိုပြေစိန်းလန်းနေပါက ရေချို-ဟုခန့်မှန်းသိရှိနိုင်ပါသည်။ ရေတိမ်/ ရေနက် ၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကို … Read more

မြေကြီးက ရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေ တကယ်ထွက်တဲ့ သစ်ပင်…

မြေကြီးကရွှေသီးတယ်ဆိုတဲ့ စကားအတိုင်း ရွှေအစစ်တွေတကယ် ထွက်တဲ့ သစ်ပင် သိပ္ပံ ပညာရှင်တွေက ရွှေကြောရှာဖွေ ရင်းနဲ့ ရွှေတွေ သီးနေတယ် လို့ဆိုလို့ရတဲ့ ယူကလစ် သစ်ပင်တွေကို မတော်တဆ တွေ့ ရှိ ခဲ့ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချကြမလဲ ။ ပုံပြင်ထဲ မှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို အပင်တွေဆီက ခူးယူကြတာ ကြားဖူး ကြမှာပါ။ ရှေးတုန်းကလဲ ပစ္စည်းတေသီးတဲ့ ပဒေသာပင် ဆိုတာရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြပါတယ်။ကဲအခုကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်းတော့မဟုတ်ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။ရွှေထွက်တဲ့ သစ်ပင်တွေတွေ့တဲ့ နေရာကတော့ ခြောက်သွေ့တဲ့ ဒေသ ဖြစ် လဲ Goldfields- Esperance ဒေသဖြစ်ပြီး သြစတြေးလျတိုက် အနောက်ဘက်မှာ … Read more

ဖားကန့်မှာ ထူးဆန်းတဲ့ တိမ်လှေကား ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း

ဖားကန့်မှာ ထူးဆန်းတဲ့ တိမ်လှေကား ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း တိမ်လွှာ အထပ်ထပ်တွေ အကြောင်း မိုးတိမ်ဆိုတာ ရေခိုးရေငွေ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အစုအဖွဲ့တစ်ခုလို့ ဆိုနိုင်ပါတယ်။ နေရောင်ခြည် ကျရောက်မှုကြောင့် (တနည်း) အပူကြောင့် မြေပြင်ပေါ်ရှိ ရေများဟာ ငွေ့ရည်ဖွဲ့ပြီး ကောင်းကင်ကို တက်ပါတယ်။ အပေါ်ရောက်တော့ အေးခဲပြီး ရေပြန်ဖြစ်ခါ မိုးအဖြစ် တဖန်ရွာကျ တတ်ပြန်ပါတယ်။ ကောင်းကင်ပေါ်တက်သွားတဲ့ ရေငွေ့များဟာ လေရဲ့ သယ်ဆောင်ရာကိုလည်း လိုက်ပါရွေ့လျားကြ ရပါတယ်။ ဒီလိုရွေ့လျားသွားလာတတ်တဲ့ လေဟာ ကမ္ဘာကြီးကို ရာသီဥတု အမျိုးမျိုးအလီလီ ဖြစ်စေပြန်ပါတယ်။ အခုလို ဆောင်းရာသီအချိန်အခါမှာတော့ မြောက်ပြန်လေညှင်းများဟာ ဝင်ရိုးစွန်းဖက်က ရေခဲမှုန်များကို သယ်ဆောင်ပြီး တောင်ဘက်အရပ်ဆီကို တိုက်ခတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ မြေပြင်အပူချိန် မြင့်လာခြင်းကြောင့် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ရေခိုးရေငွေ့များဟာ မြောက်ပြန်လေညှင်းများနဲ့ … Read more

ခံတွင်းအနံ့ဆိုးခြင်း သွားမှာ ကျောက်တည်တာနဲ့ သွားချိုး(ဂျိုး)တက်တာတွေကို ပျောက်ကင်းစေမယ့် သဘာဝဆေးနည်း

ခံတွင်းအနံ့ဆိုးခြင်း သွားမှာ ကျောက်တည်တာနဲ့ သွားချိုး (ဂျိုး) တက်တာတွေကို ပျောက်ကင်းစေမယ့် သဘာဝဆေးနည်း သွားနဲ့ခံတွင်း ကျန်းမာရေးက သိပ်ကို အရေးကြီးပါတယ်။ စကားပြောဆိုဆက်သွယ်ရမှာ ခံတွင်းနံ့ မဆိုးဖို့ လိုသလို အပြုံးချင်း ဖလှယ်ရာမှာ ယုံကြည်မှု ရှိဖို့လိုပါတယ်။ ဒီအတွက် ဘယ်လိုသွားတိုက်ဆေးတွေ ဝယ်ယူအသုံးပြုရမလဲလို့ တွေးနေပြီလား။ အဲဒီလို ကုန်ပစ္စည်းတွေ ဝယ်စရာမလိုဘဲ သဘာဝပစ္စည်းလေးတွေနဲ့ သွားတိုက်ဆေး ပြုလုပ်နိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – အုန်းဆီသန့် စားပဲတင်ဇွန်း ၂ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း။ ပြုလုပ်နည်း – ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို သေချာ ရောမွှေလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ် တင်ပြီး သွားတိုက်ပေးပါ။ အဲဒီလိုတိုက်ရာမှာ လျှာကိုလည်း တိုက်ဖို့မမေ့ပါနဲ့။ မုန့်ဖုတ်ဆိုဒါကြောင့် သွားတွေကို ဖြူဖွေးစေမှာဖြစ်ပြီး … Read more

ငွေကြေးပြန်ရစေ/ဆပ်နိုင်စေ ဓာတ်ရိုက်ဓာတ်ဆင် ယတြာ…

ငွေကြေးပြန်ရစေ/ဆပ်နိုင်စေ ဓာတ်ရိုက်ဓာတ်ဆင် ယတြာ… တနင်္ဂနွေ သားသမီးသည် မေမြို့ပန်း ၅ပွင့် မုန့်လုံးရေပေါ် ၄၅လုံးကို တနင်္လာနေ့ နံနက် ၁၀နာရီတွင် ဘုရားလှူပါ။ တနင်္လာ သားသမီးသည် ရွက်လှ ၁၂ညွန့်နှင့် မုန့်လုံးရေပေါ်. ၃၄လုံးကို အင်္ဂါနေ့ နံနက် ၈နာရီတွင် ဘုရားလှူပါ။ အင်္ဂါသားသမီးသည် သပြေ ၉ညွန့်နှင့် မုန့်လုံးရေပေါ် ၂၆လုံးကို ဗုဒ္ဓဟူးနေ့ နံနက် ၆နာရီ ၄၅မိနစ်တွင် ဘုရားလှူပါ။ ဗုဒ္ဓဟူး သားသမီးသည် ကံ့ကော် ၅ညွန့်နှင့် မုန့်လုံးရေပေါ် ၃၆လုံးကို ကြာသာပတေးနေ့ နံနက် ၅နာရီတွင် ဘုရားလှူပါ။ ကြာသာပတေးသားသမီးသည် အုန်း၁၁ညွန့်နှင့် မုန့်လုံးရေပေါ် ၂၉လုံးကို သောကြာနေ့နံနက် ၈နာရီတွင် ဘုရားလှူပါ။ သောကြာသားသမီးသည် နှင်းဆီ အနီ ၇ပွင့်နှင့် မုန့်လုံးရေပေါ်. … Read more

ခြံခုန်သူတွေ လူမိတဲ့အခါ ဆင်ခြေပေးလေ့ရှိတဲ့ စကားများ

ခြံခုန်သူတွေ လူမိတဲ့အခါ ဆင်ခြေပေးလေ့ရှိတဲ့ စကားများ အခုခေတ်ကြီးမှာ သမီးရည်းစားတွေ၊ လင်မယားတွေကြားမှာ သစ္စာရှိတယ်ဆိုတာ ချီးကျူးယူရလောက်အောင် ခက်ခဲရှားပါးလာနေသလိုပါပဲ။ ကိုယ့်ချစ်သူထက် သာတဲ့သူတွေ့ရင် ပိုသာယာမယ်လို့ ထင်မိတာနဲ့တင် သစ္စာဖောက်ဖို့ ဝန်မလေးသူတွေ အရမ်းကို ပေါများလာပါတယ်။ ခေတ်စကားနဲ့ဆို ခြံခုန်ခြင်းပါ။ သစ္စာဖောက်သူတွေ များသောအားဖြင့် ပေးလေ့ရှိတဲ့ ဆင်ခြေတွေကတော့ ကိုယ့်ချစ်သူရဲ့ အမှားတွေကြောင့် သူတို့က တခြားသူဆီ သွားရသလိုမျိုး၊ ဒီလိုမှမဟုတ်ရင် မတော်တဆဖြစ်သလိုမျိုးတွေ သူတို့အပြစ် ပေါ့အောင် ပြောလေ့ရှိကြပါတယ်။ တကယ်တော့ သစ္စာဖောက်တယ်ဆိုတာ ဘေးဘီပယောဂထက် ကိုယ့်ရွေးချယ်မှုသာ ဖြစ်ပါတယ်။ ကိုယ့်ရွေးချယ်မှုကလည်း ကိုယ်ဘယ်သူဆိုတာ ဖော်ပြသွားပါတယ်။ အောက်မှာ ပြထားတဲ့ စကားလေးတွေကတော့ စိတ်ပညာရှင်တွေ အတည်ပြုထားကြတဲ့ ခြံခုန်သူများ ပေးလေ့ရှိတဲ့ ဆင်ခြေတွေပါ။ “ကိုယ် မလုပ်ခဲ့ပါဘူး။ အဲ့ဒါ ကိုယ်မဟုတ်ပါဘူး..” ဖောက်ပြန်သူတွေဆီက … Read more

ဝေးဝေး ရှောင်သင့်တဲ့ မိန်းမ အမျိုးအစားများ

ပြဿနာ တစ်ခုဖြစ်တိုင်း ယောက်ျားလေးတွေကိုပဲ အပြစ်တင်လို့ မရတဲ့ အခြေအနေတွေရှိပါတယ်။ မိန်းမ တွေကြောင့်လည်း အမှားတွေဖြစ်စေပါတယ်။ လူတိုင်းအမှားနဲ့ မကင်းတာက သဘာဝမို့ အိမ်ထောင်ပြုဖို့ စဉ်းစားတော့မယ်ဆိုရင် ဒီလိုမိန်းမတွေကို ဝေးဝေးကရှောင်ပါ။ ဘယ်တော့မှ လက်မထပ်ပါနဲ့။ – စကားအရမ်းများပြီး သူ့အကြောင်း၊ သူ့ဘဝအကြောင်းတွေ အဆက်မပြတ်ပြောနေတတ်တဲ့ မိန်းမ။ ဘယ်တော့မှ ရပ်လို့ရမှာ မဟုတ်ဘဲ တခြားသူဘာပြောနေလဲဆိုတာ ဂရုမစိုက်တဲ့ မိန်းမမျိုးဖြစ်ပါတယ်။ – အရင်တစ်ယောက်နဲ့ပြတ်တာမကြာသေးဘဲ စိတ်ကူးယဉ်ထားတဲ့ မင်္ဂလာပွဲအကြောင်း၊ ကလေးဘယ်နှစ်ယောက် လိုချင်လဲဆိုတာမျိုးပြောတတ်တဲ့ မိန်းမမျိုး သတိထားပါ။ သူက အိမ်ထောင်ပြုဖို့အတွက် အရမ်းဆန္ဒရှိနေတာကြောင့် သင်ကသူ့အတွက် ထူးခြားတဲ့သူတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ -ကိုယ့် အပေါ်ကိုနားလည်ဖြည့်ဆည်းပေးတဲ့မိန်းမနဲ့ ကိုယ့်ဆီက အကောင်းဆုံးတွေကို ရယူချင်တဲ့ မိန်းမမျိုးက ကွာခြားပါတယ်။ အရမ်းကို ဝေဖန်လွန်းတဲ့ အလိုမကျတတ်တဲ့မိန်းမဆိုရင်ရှောင်လိုက်တာ … Read more