မိခင်အပေါ် ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးညမှာတင် ကွာရှင်းပြတ်စဲကြခြင်း
မင်္ဂလာဦးညတွင် မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီး အနံ့အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။ သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်…. ရှင့်အမေကော မစားဘူးလား.…?ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် …. သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်…ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်ပြောတော့..အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။ ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲ…. ငြင်းဆိုရာကနေ နောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။ နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။ လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။ အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ဖြတ်သန်းနေတယ်…။ နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမကနေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။ လမ်းခုလတ်တနေရာမှာ လူတစ်ယောက်ဟာ ဟောင်းနွမ်းစုတ်ပြတ်တဲ့ … Read more
ရေဖျဉ်း ရောဂါ ပျောက်ဆေး (ရေဖျဉ်းအတွက် ဆေးနည်း(၂)သွယ်)
ရေဖျဉ်း ရောဂါ ပျောက်ဆေး (ရေဖျဉ်းအတွက် ဆေးနည်း(၂)သွယ်) ရေဖျဉ်းရောဂါ နှင့်ပတ်သက်၍ဆေးနည်းအမျိုးမျိုး ကုနည်းအဖုံဖုံရှိကြပါသည်။ ရောဂါတစ်ခုကိုကုသမည်ဟု လေ့လာလိုက်လျှင်ရောဂါတစ်ခုအတွက်ဆေးနည်း(၁၀၀)မကရှိနိုင်ပါသည်။ အကြောင်းမှာ လူတစ်ယောက်နှင့်တစ်ယောက် ရုပ်ခံဓာတ်ခံချင်းမတူသလို ရောဂါဖြစ်ပုံက အပူ၊အအေး၊အပိန်၊အဝ မှစပြီး ဓာတ်ချက်လက္ခဏာများ မတူခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ဆေးတစ်ခုကို သုံးကြည့်၍ ကိုယ်မပျောက်တိုင်း ဆေးမကောင်းပါဘူးကွာ။ အလကားပါကွာ လို့မယူဆအပ်။ ကိုယ်နှင့်မပျောက်ပေမယ့် သူနှင့်ပျောက်နိုင်ပါသည်။ ယခုဖော်ပြမည့်ဆေးနည်း၂ မျိုးမှာလည်း။လူတိုင်းပျောက်ကင်းနိုင်မည်ဟု အာမခံ၍မရပါ။ သို့သော်— သို့သော် လက်တွေ့ သုံးကြည့်ဖူးသည်က တစ်ကြောင်း။ မိတ်ဆွေဆရာများ ကုသအောင်မြင်နေသည်ကိုလည်း လက်တွေ့မြင်ဖူး ကြုံဖူးသော ဆေးနည်းဖြစ်ခြင်းအတွက် တိုက်ဆိုင်သူများအတွက်ကယ်တင်ရာရောက်အောင်ဖော်ပြပေးလိုက်ပါသည်။ အနည်းဆုံးလူ ၁၀ ယောက်မှာ ၇ယောက်လောက်တော့ အဆင်ပြေသက်သာ ပျောက်ကင်းကြသည်ကိုတွေ့ရပါသည်။ (လက်တွေ့) ၁။ ပေပင်၏ အရွက်အခက်အရိုးတံပါမကျန်ယူ၍ နာနာညှစ်သော်သတ္ထုရည်ရပါလိမ့်မည်။ ပေရွက် သတ္ထုရည် … Read more
နည်းနည်းလေး အေးလိုက်တာနဲ့ တစ်ဆစ်ဆစ်ကိုက်နေတဲ့ ခါးနာဝေဒနာကို အလွယ်တကူပျောက်ကင်းစေတဲ့နည်း
နဲနဲလေးအေးလိုက်တာနဲ့ တစ်ဆစ်ဆစ်ကိုက်နေတဲ့ ခါးနာဝေဒနာကို အလွယ်တစ်ကူပျောက်ကင်းစေတဲ့နည်း ခါးနာဝေဒနာကို ခံစားနေရပါသလား..? နဲနဲလေးအအေးခံလိုက်တာနဲ့ အရိုးအဆစ်မြစ်တွေ တစ်ဆစ်ဆစ်ကိုက်ခဲတာမျိုးတွေ ဖြစ်နေပါသလား..? အခုဖော်ပြမယ့် နည်းလမ်းလေးကို သုံးကြည့်လိုက်ရုံနဲ့ ဒီဝေဒနာတွေအားလုံး ယူပစ်သလို ကင်းစင်သွားပါလိမ့်မယ်။ ခါးနာ၊ အရိုးအဆစ်တွေ ကိုက်တတ်လို့ ဆရာဝန်သွားပြရင် ဆရာဝန်တွေ အားလုံးက ဒီပြဿနာဟာ အနေအထိုင် ကိုယ်နေဟန်ထား မမှန်ကန်လို့ ဖြစ်တာ၊ ဘယ်လိုနေ ဘယ်လိုထိုင် စသည်ဖြင့် လမ်းညွှန်ချက်တွေနဲ့ သက်သာစေမယ့် ဆေးတွေပေးကြမှာ သေချာပါတယ်။ ဆေးတွေက ခဏတော့ သက်သာစေမှာပါ။ ရေရှည်မှာ ဒီလိုဝေဒနာတွေ ကင်းရှင်းသွားဖို့အတွက် မိမိရဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် ဆေးနည်းလေး ပေးလိုက်ပါရစေ။ (လွယ်လွန်းလို့ ဟုတ်ရဲ့လားလို့ သံသယမဖြစ်လိုက်ပါနဲ့)ဒီဆေးနည်းမှာ အဓိက လိုအပ်တာကတော့ “ကျောက်ကျောမှုန့်” ပါ။ ကျောက်ကျောမှုန့် ဆိုပေမယ့် … Read more
ဖော်စပ်ထားသင့်သော နန်းတွင်း အစာအဆိပ် နှင့် အဆိပ်များဖြေဆေးနည်း
ဖော်စပ်ထားသင့်သော နန်းတွင်း အစာအဆိပ် နှင့် အဆိပ်များဖြေဆေးနည်း အစာအဆိပ်၊ မြွေအဆိပ် ၊ကင်းအဆိပ်၊ ပျားအဆိပ် နှင့်အဆိပ်ဟူသမျ ပယ်ဖျောက်နိုင်စွမ်းသော ဆေးကျော်။ ၁။ ပေါက်ပင် အခေါက် ၂။သခွတ်ပင် အခေါက် ၃။ငရံ့ပတူမြစ် ၄။တောရဲယို (နီပဆေး) အမြစ် ၅။ ရခိုင်ငှက်ပျော (ရေသီငှက်ပျော) ခေါင်းဆုံ ၆။ကပ်စေးနှဲ (နွားမြီးကပ်ပင်အမြစ်) ဆေး ၆ ပါး (အလေးချိန် ဆတူ) ယူ၍ အမှုန့်ကြိတ် လေလုံ ဖန်ပုလင်းနှင့်ထား။အစာစားပြီးတိုင်း မန်ကျည်းစေ့ခန့်သောက်။ အစားအသောက်မှ ပါဝင်သောအဆိပ်အားလုံးပြေစေသည်။ မြွေကိုက်၊ကင်းကိုက် တို့အတွက်သံပုရာရည်နှင့် ဆေးလ္ဘက်စားဇွန်း တစ်ဇွန်းခန့် ဖျော်၍သောက်။ လိမ်းလည်းလိမ်း။ စွမ်းသလား မစွမ်းသလား ဟုတ်သလား မဟုတ်သလားဆိုတာ ကိုယ်တိုင်လက်တွေ့စမ်းကြည့်။ ဆေးအားလုံးကို Ethyl အရက်ဖြင့် ၂၄ နာရီစိမ်၍ … Read more
ဆေးလိပ်နဲ့ ကွမ်းယာ အမှန်တကယ် ပြတ်စေချင်ပါသလား?
ဆေးလိပ်နဲ့ ကွမ်းယာ အမှန်တကယ် ပြတ်စေချင်ပါသလား? မြန်မာ အမည် – ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက် အင်္ဂလိပ် အမည် – Broad-leaf Plantain ရုက္ခဗေဒ အမည် – Plant-ago major မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက် သုံးနေတာဖြစ်ပါတယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆို ကြပါ တယ်။ ဆေးလိပ် မီးခိုးငွေ့ထဲမှာ နီကိုတင်း (Nicotine) အပါအဝင် … Read more
နံ့သာဖြူကို ဒီလိုဖြစ်တာတွေမှာ အကျိုးရှိအောင်သုံးပါ…
နံ့သာဖြူ၏ဆေးဖက်ဝင်ပုံ အပူအားကြီးသောရောဂါ ဖျား၍ အပူရှိန်အားကြီးခြင်း၊ ကိုယ်သားကိုယ်ရေပူလောင်ခြင်းစသော အပူလွန်ရောဂါများအတွက် နံ့သာဖြူ နှင့် ပရုပ်ကိုသွေး၍ ဦးခေါင်း၌ လိမ်းပေးပါကသက်သာစေပါသည်…။ ယားယံခြင်းအတွက် နံ့သာဆီ နှင့် သံပုရာရည် ဖျော်၍လူးပေးခြင်းလုပ်ပေးနိုင်ပါတယ် ဆီးအောင့်ခြင်း၊ ဝမ်းသွားခြင်းအတွက် ဆန်ဆေးရည်နှင့် နံ့သာဖြူသွေး၍ ပျားရည်နှင့် ရော၍သောက်ပါ ဒက်ပေါက်ခြင်းအတွက် ကလေးများခေါင်းမှာ အပူလွန်၍ ဒက်ပေါက်ခြင်း ၊အနာစက်များပေါက်ခြင်းအတွက် နံ့သာဖြူကို နှင်းဆီရည်နှင့်သွေး၍ နံနံစေ့၊ မြက်မွှေး အနည်းငယ်ရော၍ လိမ်းပေးပါက ပျောက်ကင်းပါတယ် ။ အပူလွန်ခြင်း၊ ကြို့ထိုးခြင်းအတွက် ဆန်ဆေးရည်နှင့် နံ့သာဖြူရောသွေး။ သကြားခဲနှင့်ရော၍သောက်ပါက ပျောက်ကင်းနိုင်ပါတယ် ။ ခေါင်းကိုက်လျှင် နံ့သာဖြူကို ဓားဖြင့် အနည်းငယ်ခြစ်ယူ။ ရရှိသောအမှုန့်နှင့် နံနွင်းမှုန့်ကို မီးတွင်ထည့်၍ ထိုအငွေ့ကို ရှူပေးပါ။ ခေါင်းကိုက်ခြင်း သက်သာပျောက်ကင်းစေပါလိမ့်မယ် ။ သမားတော်…တိုင်းရင်းဆေးမှ … Read more
လှေဦးတိုက် လှည်းဦးတိုက်အိမ် နို့ညှပ်အိမ်တွေ မကြောက်ကြနဲ့
လှေဦးတိုက် လှည်းဦးတိုက်အိမ် နို့ညှပ်အိမ်တွေ မကြောက်ကြနဲ့ လင်းရောင်တင်တို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမှာ ယုံကြည်မှုတွေ တော်တော်များများရှိနေကြတဲ့ အထဲက လှေဦးတိုက် လှည်းဦးတိုက်ကိစ္စဟာလည်း အတော်လေးအရေးပါ အရာရောက်တဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။ လှေဦးတိုက် လှည်းဦးတိုက်ဆိုတာက ရှေးပဝေသနီကာလတွေက ပြောခဲ့ကြတာ။ ဒီခေတ်မှာတော့ လှေတွေလှည်းတွေနဲ့ သိပ်မသွားကြတော့ဘူး။ ရထားတွေ၊ လေယာဉ်ပျံတွေ၊ ကားတွေနဲ့ပါ သွားလာနေကြပြီ။ ရထားလမ်းထိပ်၊ လေယာဉ်ပြေးလမ်းထိပ် တွေမှာတော့ အိမ်ဆောက်လို့မရလို့ စကားထဲထည့် မပြောတော့ပါဘူး။ ဒီခေတ်စကားနဲ့ပြောရရင် ‘ကား’ ဦးတိုက်အိမ်ကို ဆိုလိုတာ။ ရှေးကတော့ လှည်းလမ်း ကြောင်း အဆုံးကျတဲ့အိမ်၊ အိမ်ရှေ့မှာ အများသုံး လမ်းရှိနေတဲ့အိမ်။ ပြီးတော့ လှေတွေရပ်တဲ့နေရာနဲ့ ‘လှေဆိပ်’ နဲ့တည့်တည့် အိမ်တွေကို လှေဦးတိုက် လှည်းဦးတိုက် အိမ်လို့ ခေါ်ကြတယ်။ ကားလမ်းကို အဆုံးသတ်ထားတဲ့နေရာ၊ အိမ်ရှေ့မှာ ကိုယ့်အိမ်တည့်တည့်ကို … Read more
ထောပတ်သီး အစေ့လေးရဲ့အံ့ဖွယ် အသုံးဝင်ခြင်းများ
ထော ပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ထောပတ်သီးအစေ့မှာဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။ ခေါင်းလျှော်ရည် ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။ သွားကိုက်ခြင်း သွားကိုက်နေတယ်ဆိုရင်ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကိုရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို … Read more
အာသီးရောင် ၊ လည်ချောင်းနာလျှင်
ဆရာတော်မြိုင်နံ့သာဆရာတော်ဧ။် ဆေးမစားပဲ အသက်ရှည်နည်း