သားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သား ပိုက်ဆံမလောက်လို့ပါတဲ့
ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့် ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”ရပါတယ်သားရယ်ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော် ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ် ကောင်လေးက သူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျ ကောင်းလေးခမျာ ပြောသာပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါ…ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း * သား ညနေကြရင် စားဖို့ပါဦးဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီးအင်း!ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေကြေးအခက်ခဲ ရှိပုံရတယ်! အမှန်တကယ်တော့ သူတို့လင်မယားကလည်းတစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာ ကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေ ဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ … Read more