နောင်ပွင့်မယ့် အရိမေတ္တယျ မြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီး (သို့) ထွက်ရပ်ပေါက်များနေတဲ့ရွာဆိုတာ ဒါလား
နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီးဆိုတာ ဒါလား ရွာကြီးကို နတ်ဖွက်ထားတဲ့နေရာ ဆရာမင်းသိင်္ခ ပြောတဲ့ ရှမ်းဘဲလားအရပ် ထွက်ရပ် ပေါက်များနေတဲ့ရွာဆိုတာ ဒါလား စိတ်ဝင်စား စရာတွေ၊ ထူးဆန်းဖွယ်ရာတွေ ပြည့်နှက်နေတဲ့ နေရာလေးပါ၊ ဒီအချိန်သွားရင် လမ်းကောင်းပါ ဒါမှမဟုတ်ဆိုင်ကယ်လမ်း ပြီးချိန်အထိ စောင့်ကြပါစစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် အောင်းပင်အုပ်စုမှာ ကျောက်မြို့ဟောင်းရှိတယ်.. အိမ်ခြေပေါင်း တစ်သောင်း ကျောင်းပေါင်းတစ်ထောင်၊ ပျောက်ကွယ်နေတယ်လို့ ဒေသခံတွေ ပြောစကားကြားရတယ်ဒါ့အပြင် မြို့ဟောင်းဝင်ပြီဆိုရင်ဖြင့် ကွင်းထဲမှာ ခြေနင်းလိုက်ရင် လိုင်သံတွေကြားနေရတယ် အရမ်းထူးဆန်းပါတယ် ကွင်းဖြတ်ပြီးရင်တော့၊ စေတီတစ်ဆူရှိတယ် စူဌာမဏိဆုတောင်းပြည့်။ စေတီတဲ့ပြီးတော့ ကျောက်စေတီ ၂ ဆူပေါ်နေတာဆို့လို့ခက်ခက်ခဲခဲ သွားရောက်ဖူးမြော်ခဲ့တယ်.. ကိုရင်ကြီးတစ်ပါးကိုလည်းဖူးတွေ့ခဲ့.. တယ်မိုင်းသုန်ရွာကိုမြင်ရတဲ့မျှော်စင် ၂ ခုကျောက်အမြောက်ယမ်း၊ ထောင်းဆုံနတ်ရေကန်မြင့်မားလှတဲ့ကျောက်တံတိုင်းတွေတ်။ ခြေယာတွေ တွေ့ခဲ့တယ်သွားခဲ့တဲ့သူတွေကကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရယ်စိုက်ပျိုးရေးဌာနကရယ်အောင်းပင်အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ကျမတို့ ပါတီဝင်တွေရယ်ပါ.. … Read more
သင့်ချစ်သူ(ရည်းစား)ဟာ အိမ်ထောင်ပြုဖို့အတွက် သင့်တော်သလား၊ မသင့်တော်ဘူးလားဆိုတာသိစေမယ့် အချက်(၇)ချက်
ချစ်သက်တမ်းရှည်ကြာလာတာနဲ့အမျှ သမီးရည်းစားတွေဟာ လက်ထပ်ဖို့တွေးလာကြပါပြီ။ တွဲလာတဲ့အချိန်ကာလက နည်းသေးပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ့်ကိုတစ်နေ့ လက်ထပ်မယ်ဆိုတဲ့အသိမျိုး ရှိချင်တာလည်း မိန်းမသားတွေ ရဲ့ သဘောသဘာဝပါပဲ။ ဒါပေမယ့် ယောင်္ကျားတွေမှာတော့ သူတို့တွဲနေတဲ့ချစ်သူနဲ့ လက်ထပ်မယ်၊ လက်မထပ်ဘူးဆိုတဲ့ အတွေးမျိုး သီးခြားရှိပြီးသားပါ။ တစ်ချို့ဆိုရင် အိမ်ထောင်ပြုလိုတဲ့စိတ် မရှိကြသလို၊ ရည်းစားထားတာကသက်သက် ကိုယ်တကယ်ယူမယ့် မိန်းကလေးက သပ်သပ်ရယ်လို့တောင် ခွဲထားတတ်ကြပါသေးတယ်။ ကဲ သူရော ကိုယ်ရော လက်ထပ်ဖို့အကြောင်းတွေ ဆွေးနွေးဖူးပါရဲ့။ သို့ပေမယ့် သူ့ဘက်က စိတ်အားထက်သန်စွာ မဟုတ်ဘဲ မကောင်းတတ် လို့ ပြောဆိုပေးနေတာမျိုးတွေ၊ ဒီလိုပြောဆိုတဲ့အခါတိုင်း စိတ်ရှုပ်နေတဲ့ ပုံမျိုးတွေဆိုရင်တော့ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုတကယ်ချစ်ရဲ့လား၊ ဒါမှမဟုတ် သူဟာ အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်မဖြစ်သေးတာလား၊ သူဟာ အိမ်ထောင်ရေးကို ထိန်းသိမ်းနိုင်မယ့် သူမျိုးလားဆိုတာမျိုး ခွဲခြားရတော့ မှာပေါ့။ ဒါ့ကြောင့် … Read more
အသက်ရှုမကျပ်ပဲ ခြင်ပြေးစေသောနည်းလမ်း
မြန်မာပြည်မှာ ဈာန်အဘိညာဉ်ရ အရိယာအမျိုးသမီးကြီး တစ်ဦးအကြောင်း
“ မြန်မာပြည်မှာ ဈာန်အဘိညာဉ်ရ အရိယာအမျိုးသမီးကြီးတစ်ဦး … (သင်ဖတ်ပြီး မျှဝေပေးဖို့တောင်းဆိုပါရစေ) ” မြန်မာပြည်မှာ ဈာန်အဘိညာဉ်ရ အရိယာအမျိုးသမီးကြီးတစ်ဦးပေါ်ဖူးတယ်။ဈာန်အဘိညာဉ်တွေ ကစားလွန်းလို့ မဟာစည်ဆရာတော်ကြီးက အမျိုးသမီးတစ်ယောက် အတွက် အလွန်အန္တရာယ်များကြောင်း နောက်နောင်တန်ခိုးမပြဖို့တားမြစ်ယူခဲ့ရတယ် ၊ နောက် ကမ္ဘာကျော်တရားပြဆရာမကြီးဖြစ်လာတယ် ၊မြန်မာပြည်မှာတော့ သူ့ကို သိသူနည်းလှတယ် ။ “ဈန်အဘိညာန်ကစားတာဟာ ဘာကြောင့်အမျိုးသမီးတစ်ယောက်အတွက် အန္တရာယ်များတာလဲ ဘုရား တန်ခိုးရှိသူကို ဘယ်သူကအန္တရာယ်ပြုနိုင်ပါ့မလဲ ရှင်းပြပေးပါ” ၊ “တန်ခိုး အဘိညာဉ်ဆိုတာ အမြဲ တည်ရှိမနေဘူး ၊ဒေါသဖြစ်ရင် ဈာန်ဝင်စားလို့ မရဘူး လောဘဖြစ်ရင် ဈာန်ဝင်စားလို့ မရဘူး နီဝရဏလို့ခေါ်တယ် ၊ အဘိညာဉ်ရှိစဉ်မှာ မသမာသူတွေ လက်က လွတ်နိုင်သော်လည်း ဈာန်မဝင်နိုင်တဲ့အချိန်မှာ အန္တရာယ်များတယ် ၊ဈာန်လျှောတယ်ဆိုတာ အဲ့ဒါပြောတာ” ၊ #ဒီပါမာ (သို့မဟုတ်) … Read more
မိန်းမ တစ်ယောက်ရဲ့ အကုသိုလ်ကံ
မိန်းမ တစ်ယောက်ရဲ့ အကုသိုလ်ကံ လောကမှာ ယောကျာ်းနဲ့ မိန်းမ တွေ့ကြုံဆုံကွဲ ဖြစ်ကြရတာ ဓမ္မတာပါ… ဘာထူးဆန်းလို့လဲလို့ မေးချင်စရာ ဟုတ်တယ်.. မထူးဆန်းဘူး… ထူးဆန်းတာတာကတော့…အဲဒီမိန်းမတစ်ယောက်ဟာ…ကိုယ့်အပေါ် သစ္စာမရှိ…တန်ဖိုးမထား…ကိုယ့်အပြင် အခြား အခြားသော မိန်းမတကာ မိန်းမတွေကို လစ်ရင်တွယ်… ချောင်ရင်နှိုက်…ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ရထားပြီဆိုရင်တော့…အဲဒါ….ထူးဆန်းနေပြီ…ကျွန်မငယ်ရွယ်စဉ် စိတ်ဓာတ်မရင့်ကျက်ခင်ကာလတွေ… တရားတွေ ကို နားနဲ့ပဲနာခဲ့ပြီး နှလုံးသားနဲ့ မနာတတ်ခင်ကာလတွေတုန်းက…ယောကျာ်းတစ်ယောက် ကိုယ့်ကို ဖောက်ပြန်တာ ခံရပြီဆို..ပထမဦးဆုံး…သူ့ကိုဒေါသထွက်တယ်….. ဒုတိယ… ကိုယ့်ကိုကိုယ် ဒေါသထွက်တယ်….တတိယ…သူနဲ့ဖောက်ပြန်တဲ့ မိန်းမကို ဒေါသထွက်တယ်အခုတော့…အဲလို (၃) မျိုးသော ဒေါသတွေ မရှိတော့ဘူး.. ဖောက်ပြန်တတ်တဲ့ ယောကျာ်းဟာ…ကိုယ်နဲ့တွေ့ပြီးမှ ဖောက်ပြန်တာ မဟုတ်ပါဘူး…သူ့ရဲ့ မွေးရာပါ အငုံ့စိတ်ကိုက သူ့အသွေးအသား အတွေးထဲမှာ ပါလာခဲ့ပြီးသားပါ… အခွင့်အရေး မကြုံလို့သာ…သူလုပ်ခွင့်မရခဲ့တာပါ…ဒါကြောင့်…ကိုယ်နဲ့မယူခင် Single ဘဝမှာ … Read more
လူပျိုစစ်မစစ်ကို ဒီအချက်တွေကနေ သိရှိသွားနိုင်
လူပျိုစစ်မစစ်ကို ဒီအချက်တွေကနေ သိရှိသွားနိုင် အမျိုးသားအားလုံးလိုလိုဟာ လူပျိုဘဝကို အစောကြီး ဆုံးရှုံးတတ်ကြတယ်လို့ အများစုက ယူဆကြသည့်တိုင် အသက် ၂၅၊ ၃၀ ထိတောင် ဖိုမကိစ္စမစမ်းသပ်ဖူးတဲ့ အမျိုးသားတချို့ရှိနေတယ် ဆိုတာပါပဲ။သူတို့လည်း သူ့အကြောင်းပြချက်နဲ့သူ ရှိပါလိမ့်မယ်။ ဒါပေမယ့်ကိုယ်ဒိတ်လုပ်တဲ့ ကောင်လေးဟာ လူပျိုစစ်မစစ် သိချင်တယ်ဆိုရင် ခန့်မှန်းသိရှိနိုင်မယ့် လက္ခဏာရပ်တချို့ရှိပါတယ်။ တခါတရံ ခန့်မှန်းချက်တွေ လွဲကောင်းလွဲပါလိမ့်မယ်။ လူပျိုစစ်မစစ် သူသာအသိဆုံးဖြစ်ပါတယ်။ ဒါပေမယ့် သိချင်စိတ်ပြင်းပြနေသေးတယ်ဆိုရင် လူပျိုစစ်စစ်တွေ ပြုမူတတ်တဲ့ ကိုယ်အမူအရာတချို့ရှိပါတယ်။ ဒါပေမယ့် လူပျိုစစ်စစ်ဖြစ်တယ်၊မဖြစ်ဘူးဆိုတာနဲ့ သူ့အချစ်ရေးအဆင်ပြေမှုရှိတယ် မရှိဘူးဆိုတာကတော့ လုံးလုံးမသက်ဆိုင်ကြောင်း သိထားသင့်ပါတယ်။ ဒီတော့ လူကောင်းဟုတ်မဟုတ်ဆိုတာ သူ့အတွေ့အကြုံရှိမှု သို့မဟုတ် မရှိမှုပေါ် မူတည်ပြီးတော့ မဆုံးဖြတ်ပါနဲ့။ မိမိတို့အချစ်ရေးဆက်ဆံမှုရဲ့ အနှစ်သာရကို အဓိကထားကြည့်ပါ…. ၁။ သင်နဲ့ တခြားမိန်းကလေးတွေနားရောက်လို့ သူအရမ်း … Read more
“ အပျိုပဲဖြစ်ဖြစ် အအိုပဲဖြစ်ဖြစ် ဖတ်ဖြစ်အောင်ဖတ်သွားပါ ”
“ အပျိုပဲဖြစ်ဖြစ် အအိုပဲဖြစ်ဖြစ်ဖတ်ဖြစ်အောင်ဖတ်သွားပါ … ” ကျွန်မရဲ့ အမျိုးသားက ကုမ္ပဏီတစ်ခုမှာ ရာထူးခပ်ကြီးကြီးနဲ့ လုပ်ကိုင်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး ၊ သူဟာ အမြဲတမ်း အလုပ်ကိစ္စနဲ့နိုင်ငံခြားကို မကြာခဏသွားလေ့ရှိပါတယ်။ရန်ကုန်မှာရှိနေတဲ့ နေ့တော်တော်များများမှာလည်း ညတိုင်းလိုလို ဧည့်ခံပွဲတွေနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ ကျွန်မတို့ အိမ်တောင်ကျခဲ့တာ တစ်နှစ်ကျော်လောက်မှာ ကျွန်မတို့မှာ သားလေးတစ်ယောက် ရလာပြီးတဲ့ နောက်ပိုင်းမှာ အမျိုးသားရဲ့ အလုပ်က အိမ်ထောင်ကျခါစထက် ပိုများလာပါတယ်။ကျွန်မလည်း အလုပ်အသစ်တစ်ခု ပြောင်းလိုက်ပြီးတဲ့နောက် အရင်ထက် အလုပ်ပိုရှုပ်လာပြီး မနက်တိုင်း ၇နာရီခွဲ အရောက် သွားရပါတယ်။မိခင် လက်သစ်ဖြစ်တဲ့ ကျွန်မဟာ ခုမှ ရလာတဲ့ သားဦးကို ဘယ်လို ပြုစုစောင့်ရှောက်ရမယ်ဆိုတာ မသိခဲ့ပါဘူး။ ညဥ့်နက်နို့ဆာလို့ ထအော်လို့ ထထ တိုက်ရတာရယ် ၊ မနက်မိုးလင်း သားလေးရူးရူးပေါက်ချလို့ သေးဝတ်ထလဲရတာရယ်၊ … Read more
တနင်္ဂနွေကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ ၊စနေ ကို ဘာလို့ စနေလို့ ခေါ်ရတာလဲ ဆိုတဲ့အကြောင်းအရင်း
“ နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း ”
“ နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း ” ဒီနေ့ ကျောက်စိမ်းတောင်ကို သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့ ရောက်ဖြစ်သွားခြင်းပါ။ ကျောက်စိမ်းထွက်တဲ့ တောင်က ကျောက်မီးတောင်လို့ခေါ်ပါတယ်၊ မိုးကောင်းမြို့နယ်၊ အင်းကြင်းကုန်းကျေးရွာ ၊ ချောင်းဝ ( အင်းတော်ကြီး ) အနောက်ဘက်သွားတဲ့လမ်းကနေ့ ၆ မိုင် ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်စီးရပါမယ်၊ တစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်၊ ၎င်းကျောက်သည် ကညင်မြိုင်ကျေးရွာ မှာ မဟုတ်ပါ၊ ကညင်မြိုင်မှ တောင်ဘက်သို့ ပြည်ထောင်စု လမ်းမ အတိုင်းသွားရပါတယ်၊ ပြီးမှ ပင်ဘောအနီးက အင်းကြင်းကုန်းကျေးရွာ ကိုရောက်ရင် ချောင်းဝဘက်လမ်းကနေသွားရခြင်း ဖြစ်ပါသည်။ အင်းကြင်းကုန်မှ ၆မိုင်လောက် ခရီးနှင့်ပြီးမှ ဇလွန်ကွင်းရောက်ရင် လမ်းဘယ်ဘက်မှ … Read more
ယနေ့ခေတ် အသက် ၁၅ ၁၆ ဝန်းကျင်နဲ့ ဂေါ်တယ်ထင်နေကြတဲ့ မိန်းကလေးများ သတိပြု
ခုခေတ် ၁၅ ၁၆ ဝန်းကျင် မိန်းကလေးတချို့ ရိုင်းတာကို ဂေါ်တယ်ထင်နေကြတယ် အပြောအဆိုတွေက ထဘီထဲကမထွက်ဘူး ကိုယ့်နှုတ်ထွက်စကား ညစ်ညမ်းမှအထာကျတယ် ထင်နေကြတယ် ။အင်္ဂလိပ်စကား ညှပ်သုံးရင်တောင် What the Fuck နဲ့ Fuck You Bitch ပဲပြောတယ်။ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားတာ ဘယ်ယောက်ျားကမှလဲ ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး ။ အနား အားပေးတဲ့သူ ရှိကောင်းရှိလိမ့်မယ်ဝိုင်းပြီးပင့်ပေးနေတဲ့သူ ရှိကောင်းရှိလိမ့်မယ် ကိုယ်ပေါင်းတဲ့ တခြားသူတွေကလဲ အဲ့လို အသုံးအနှုန်းလောက် ကိုအရမ်းဂေါ်တယ်လို့ တလွဲတွေးနေတဲ့သူတွေ ဖြစ်လိမ့်မယ်။ဒီလို အောက်လုံးတွေ ပြောနေတဲ့ မိန်းကလေးက အလွယ်ရမယ်ဆိုတာ ယောက်ျားတိုင်း သိတယ်။ဘာရရ စားမယ်ဆိုတဲ့ကောင်တွေလောက်ပဲ ရလိမ့်မယ်။ဒါကို ဆရာကျတယ် ထင်ရင် ညေးတို့ မှားလိမ့်မယ်။ သုတ်ကြောင်တွေကလွဲရင် နှုတ်ရိုင်းတဲ့မိန်းကလေး ဘယ်သူမှ အထင်မကြီးပါ ….ဆရာကျတယ်လား … Read more