နားနှင့်ပတ်သက်ပြီး တခုခု ခံစားနေရရင် ဒါလေး ဖတ်သွားလိုက်ပါ

နားရောဂါအတွက် စုဆောင်းထားသမျှလေးပြန်လည်မျှဝေပေးလိုက်ပါတယ်… နားကိုက်လျှင် ရွက်ကျပင်ပေါက်(သို့)ကြောင်လျှာသီး မီးကင်အရည်ညှစ် ခပ်နွေးနွေး နားထဲထည့်ပါ။ ညနေကြရင် ဆားခါးကို လဘက်ခြောက်ဖန်ရည်နဲ့ ဖျော် နားထဲထည့်။ ဘေးစောင်းပြီး ပြန်သွန်ထုတ် ၅-ကြိမ်ခန့်ပြုလုပ်လိုက်ပါ။ နားကိုက်လျှင် မုန့်ညင်းဆီကို ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေးလောင်းထည့်ပေးပါ။ နားအူလျှင် ရွက်ကျပင်ပေါက်ရွက်ကို မီးကင်ပြီး ညှစ်၍ရသော အရည်ကိုနားအတွင်းသို့ထည့်ပါ။ နားလေးလျှင် ကြောင်ရှာသီးကို မီးအုံးပြီး အရည်ညှစ်ယူပါ။ ထို့နောက် နားအတွင်းသို့ တစ်နေ့ ၂-ကြိမ်ထည့်ပေးပါ။ နားပင်လျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။ နားပြည်ယိုလျှင် ကြိတ်မှန်ရွက် အရည်နှင့် အုန်းဆီရောကာ နားကျပ်ပေးပါ။ နားပြည်ယို ၍ကိုက်နေလျှင် ငဖြူကြီး(မုရိုးပင်)အရွက်ရင့်ရင့်ကို ထောပတ်သုတ်၍ မီးကင်ပြီး အရည်ညှစ်ယူကာ နားအတွင်းသို့ထည့်ပေးပါ။ နားလေထွက်လျှင် ကြက်သွန်နီဥ အရည်ညှစ်ထည့်ပေးပါ။ နားအူနားလေထွက်လျှင် တရုတ်စံကားပွင့်ကို နားတွင်းပိတ်ဆို့ထားပါ။အပွင့်ကိုပြုတ်ပြီး … Read more

အမျိုးသမီး(မိန်းမ)တိုင်း အလိုချင်ဆုံးအရာက ဘာလဲ ဆိုတာ

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ ဆိုတာ တခါတုန်းက နိုင်ငံငယ်လေးတခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါးနန်းတက်ခဲ့တယ်…… ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးပြီးစစ်လိုလားတဲ့ ဘုရင်ကြီးတပါးရှိတယ်….. ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ်တွေကို သဘောကျလို့ အခွင့်အရေးတခုပေးလိုက်ပါတယ်….. အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတခု မေးလိုက်တာပါ…. ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီးမဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်…. မေးခွန်းကတော့ … “လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “ အဲဒီမေးခွန်းကတော့…ဘုရင်လေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုပ်ထွေးစေ တော့တာပါဘဲ….. တချို့က မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ် ဒါပေမယ့် အချိန်တစ်နှစ်ရဖို့အတွက် အဖြေရှာဖို့လက်ခံလိုက်ရတာပေါ့….. ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ပြည်သူပြည်သားတွေနဲ့ ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ကြိုးစားပါတော့တယ်…ဒါပေမဲ့ … Read more

တောက ရမ်းကု ဒေါက်တာနဲ့ မြို့က ပညာစမ်းတဲ့ မမတွေ့ကြလေသောအခါ

တောက ရမ်းကု ဒေါက်တာနဲ့ မြို့က ပညာစမ်းတဲ့ မမတွေ့ကြလေသောအခါ… နယ်မြို့သေးသေးလေးတွေမှာ… ရမ်းကုတွေခေတ်ကောင်းစဉ်ကပေါ့ ရမ်းကုတယောက်ကတော့ တော်တော်နာမည်ကြီးတယ် ကြီးရတဲ့အကြောင်းရင်းကလည်း ဘာရောဂါပဲဖြစ်ဖြစ် သူပေးတဲ့ဆေးကတော့.. ဘာမီတွန်ပဲအာ့ကြောင့် နာမည်အရင်းတောင်ပျောက်ပြီး အားလုံးသိကြတာကတော့ သူ့နာမည် ဒေါက်တာဘာမီတွန် တနေ့တော့ .. မြို့ကြီးကနေ အလည်ရောက်လာတဲ့ မတ်မတ်တယောက်က ဒေါက်တာဘာမီတွန်ကို ပညာစမ်းချင်လို့ သူ့သမီးလေးကိုခေါ်သွားပြီး” ဆရာ ကျွန်မသမီးလေးဖျားချင်သလိုလိုဖြစ်နေလို့ပါ ” ဆိုတော့… ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ အာ့နဲ့ နောက်ရက်မှာတခါထပ်သွားတယ်” ဆရာ ကျွန်မနူံးညောင်းပြီး ခေါင်းမကြည်သလိုဖြစ်နေလို့ပါ ” ဆိုတော့… ပေးလိုက်တဲ့ဆေးက ဘာမီတွန်ပဲ မတ်မတ်လည်း သိပ်တော့မကျေနပ်သေးဘူး ဒီရမ်းကု ဘာမီတွန်ဆေးပေးလို့မရအောင် ဘာရောဂါလို့ပြောရမလဲ အသည်းသန်စဉ်းစားနေရတာ နှစ်ရက်သုံးရက်လောက်ကြာသွားတယ် အဲ ! စဉ်းစားလို့ရပြီဆိုတဲ့နေ့ကျတော့… ဒေါက်တာဘာမီတွန်ရဲ့ဆေးခန်းထဲကိုရင်ကော့ဝင်သွားတယ် ဒင်း ဒီတခါတော့ဘာဆေးပေးမလဲပေါ့” ဆရာ … Read more

ယမ်းစိမ်းသုံးထားသော အစားအစာများစားမိရင် ကျန်းမာရေးအတွက် အထူးသတိပြုဖွယ်…

ယမ်းစိမ်း ယမ်းစိမ်းဆိုတာ ပိုတက်ဆီယမ်နိုက်ထရိုတ် Potassium nitrate ဖြစ်ပါတယ်။ ပိုတက်ဆီယမ်နိုက်ထရိုတ်ကို ဖေဖော်ဝါရီ ၆ – ရက် ၁၈၆၄ ခုနှစ်မှာ နစ်ကာဂျက်ခ်ဂူ( NickajackCave )မှ စတင် ထုတ်ယူရရှိခဲ့ပြီး အမေရိကန်ပြည်တွင်းစစ်ပွဲပြီးကာလ၌ ယမ်းမူန့်ထုတ်လုပ်မူ အတွက် အရေးပါတဲ့ ဒြပ်စင်တစ်မျိုး ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဟင်းချက်စားတဲ့ အိမ်သုံးဆားဟာ ပင်လယ်ရေမှ ချက်လုပ် ရရှိပြီး ယမ်းစိမ်း ချက်လုပ်တဲ့ ပိုတက်စီယမ် နိုက်ထရိုတ်ဆား potassium nitrate ဟာ သတ္ထုတွင်းထွက်ဆား အမျိုးအစားဖြစ်ပါတယ်။ပိုတက်စီယမ်နိုက်ထရိုတ်ကို ဒုံးပျံ လောင်စာ ယမ်းမူန့် မီးခိုးဗုံး မီးရူး မီးပန်း ဆေးဝါး ဖန်၊ကြွေထည် ဓာတ်မြေဩဇာ သွားတိုက်ဆေးများတွင် ထည့်သွင်း အသုံးပြုသလို… အသား၊ငါး များ ရေရှည်အထားခံအောင်. ပက်ဖြူး … Read more

မိန်းမကိုယုံပြီး တစ်သက်လုံးရှာစုခဲ့သမျှ ငွေအပ်ခဲ့တဲ့ ယောက်ျား ကားဝယ်တော့မယ်ဆိုမှ ရင်ကွဲပက်လက်ဖြစ်ခဲ့ရ

မိန်းမကို ယုံပြီး တစ်သက်လုံးရှာစုခဲ့သမျှငွေအပ်ခဲ့တဲ့ ယောက်ျား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ နိုင်ဝင်ဘာ(၂၁)ရက်နေ့တွင်ဖြစ်ပွားသွားသည့်ဖြစ်စဉ်နှင့်ပက်သက်၍ဖြစ်စဉ်အမှန်မှာတရားလိုအဖြစ်တိုင်တန်းထားသူ ဒေါ်သန်းသန်းဝေ(ခ)မဝေသည် ၎င်း၏ခင်ပွန်းဖြစ်သူသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်ပြီးရရှိလာသည့်လုပ်အားခများမှ (၂၀၁၃)ခုနှစ်မှစ၍ကားတစ်စီးဝယ်ယူနိုင်ရန်စုဆောင်းခဲ့ရာ ငွေ(၇၅)သိန်းခန့်ရှိပြီဖြစ်ကြောင်း ဒေါ်သန်းသန်းဝေသည်(၂၀၁၇)ခုနှစ်မှစ၍ တရားမဝင်နှစ်လုံးထီအားအပတ်ရှင်းစနစ်ဖြင့်သုံခွမြို့နယ်နှစ်လုံးလောင်းကစားဒိုင်သို့ဖုန်းဖြင့်ဆက်သွယ်လောင်းကစားခဲ့ကြောင်း တစ်ပတ်လျှင်(၁)သိန်းကျပ်ခန့်အရှုံးပေါ်ခဲ့ကြောင်းရပ်ကွက်အတွင်းခင်မင်ရင်းနှီးသူထံမှ အတိုးဖြင်ငွေအကြိမ်ကြိမ်ချေးယူခဲ့ရကြောင်း အသေးစားချေးငွေကုမ္ပဏီများမှလည်းငွေများချေးယူထားခဲ့ကြောင်းရွှေထည်ပစ္စည်းများအားသန်လျင်မြို့မဈေးရှိအမိန့်ရအပေါင်ဆိုင်တွင် ပေါင်နှံသုံးစွဲခဲ့ကြောင်းယခုအခါခင်ပွန်းဖြစ်သူမှနိုဝင်ဘာ(၆)ရက်နေ့တွင်ဖောင်ကြီးသို့ဆောက်လုပ်ရေးလုပ်ငန်းဖြင့်သွားရောက်လုပ်ကိုင်ပြီး ပြန်လာပါကလုပ်ငန်းအတွက်အသုံးပြုရန် ကား တစ်စီးဝယ်ယူမည်ဖြစ်ကြောင်းပြောလာသည့်အတွက် ကျွန်မမှခင်ပွန်းဖြစ်သူအပ်ထားသောငွေနှင်ရွှေထည်ပစ္စည်းများခင်ပွန်းဖြစ်သူအားမည်သို့ပြောပြရမည်ကိုစဉ်းစား၍ကြံရာမရဖြစ်ခဲ့ကြောင်း ထို့ကြောင့်ခင်ပွန်းဖြစ်သူပြန်မလာခင်ကျွန်မအားအမည်မသိအမျိုးသားတစ်ဦးနေအိမ်ပေါ်တက်ဓားထောက်ခြိမ်းခြောက်၍ငွေ/နှင့် ရွှေထည်ပစ္စည်းများယူဆောင်သွားပုံစံလိမ်ညာ၍ရဲစခန်းတွင်အမှုဖွင့်ရန်အကြံအစည်ပေါ်လာကြောင်း ခင်ပွန်းဖြစ်သူမှလည်းသံသယကင်းသွားမည်ဟုယူဆကြောင်းအကြံဖြစ်ပေါ်လာသည့်အတွက် နိုဝင်ဘာ(၂၁)ရက်ည(၁)နာရီအချိန်ခန့်တွင် ၄င်းအကြံအစည်ကိုဖေါ်ဆောင်ပြီး သန်လျင်မြို့မရဲစခန်းတွင်တရားလိုအဖြစ်လိမ်ညာ၍အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအကြိမ်ကြိမ်မေးမြန်းစစ်ဆေးခဲ့ကြောင်း နိုဝင်ဘာ(၂၃)ရက်နေ့တွင်ကျွန်မအားခင်ပွန်းဖြစ်သူနှင့်သမီးမှဖြစ်စဉ်အမှန်ပြောရန်ချော့မေးလာသဖြင့် ၎င်းမှတရားလိုလုပ်တိုင်ကြားထားသောအမှုဖြစ်စဉ်သည်လိမ်ညာ၍တိုင်ကြားထားခဲ့ကြောင်းကျွန်မခင်ပွန်းအပ်ထားသောငွေနှင့် ရွှေထည်ပစ္စည်းများသည်လောင်းကစားပြုလုပ်ရာတွင်သုံးစွဲခဲ့ကြောင်းပြောဆို၍ခင်ပွန်းဖြစ်သူဆူမှာစိုး၍ကြောက်လန့်ပြီး သန်လျင်မြို့မရဲစခန်းတွင်လိမ်ညာ၍အမှုဖွင့်လှစ်ခဲ့ကြောင်းဝန်ခံထွက်ဆိုလာသဖြင့်ယခုအခါသန်လျင်မြို့မရဲစခန်းမှနယ်ထိန်းအရာရှိရဲအုပ်ချမ်းမြေ့အောင်မှ အမှုအားလိမ်လည်တိုင်တန်းသူဒေါ်သန်းသန်းဝေ(ခ)မဝေ၊(၄၇)နှစ်၊(ဘ)ဦးသံချောင်း၊အမှတ်(၈)၊သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နယ်နေသူအားဥပဒေအရအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…။ Unicode Version မိန်းမကို ယုံပြီး တစ်သက်လုံးရှာစုခဲ့သမျှငွေအပ်ခဲ့တဲ့ ယောကျ်ား ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ နိုင်ဝင်ဘာ(၂၁)ရက်နေ့တွင်ဖြစ်ပွားသွားသည့်ဖြစ်စဉ်နှင့်ပက်သက်၍ဖြစ်စဉ်အမှန်မှာတရားလိုအဖြစ်တိုင်တန်းထားသူ ဒေါ်သန်းသန်းဝေ(ခ)မဝေသည် ၎င်း၏ခင်ပွန်းဖြစ်သူသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်ပြီးရရှိလာသည့်လုပ်အားခများမှ (၂၀၁၃)ခုနှစ်မှစ၍ကားတစ်စီးဝယ်ယူနိုင်ရန်စုဆောင်းခဲ့ရာ … Read more

(17-1-2021 to 23-1-2021)ထိ တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း

ကျော်ဘိုဘိုဟိန်း၏ တစ်ပတ်စာ ခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (17-1-2021 to 23-1-2021) တနင်္ဂနွေသားသမီး ဘဝအတွက် ကြီးမားသော အပြောင်းအလဲများ ပြုလုပ်ရမည့် အချိန်ကာလပါ …။ကံကြမ္မာကောင်းတွေပြန်လည်ဦးမော့လာပါပြီ… ရပ်တန့်နေသောလုပ်ငန်းများ ပြန်လည်လည်ပတ်လာပါလိမ့်မည် ။မိတ်ကောင်း ဆွေကောင်းများထံမှလည်း အကူအညီကောင်းများ ရရှိပါလိမ့်မည် ။ ခြေထောက် မတော်တဆ ထိခိုက်မိတတ်ပါသည်။အချစ်ရေးတွင်ဇွဲရှိရှိသာဆက်ကြိုးစားပါ အဆင်ပြေဖို့ အလွန်နီးစပ်နေပါပြီ။ ထီ ၂၀ ပါသော ထီထိုးပါ …..။ယတြာ အုန်းသီးတစ်လုံးကိုရေမျှောပြီး လိုရာဆုတောင်းပါ။ တနင်္လာသားသမီး စိတ်ရောကိုယ်ပါ ပင်ပန်းနေရမည့်ကာလပါ …။အလုပ်အကိုင် အလွန်ရှုပ်ထွေးပြီး ဝင်ငွေပိုင်းဆိုင်ရာ ပင်ပန်းသလောက်မရတတ်ပါ ။ သားသမီးအတွက်လည်း စိုးရိမ်ပူပန်နေရတဲ့ကာလပါ ။အာရုံကြောအားနည်း၍ မကြာခဏသတိမေ့နေလိမ့်မည် ။ချစ်သူထံမှ လက်ဆောင်ပစ္စည်း ရရှိပါလိမ့်မည်။ထီ ၇အစ ၅အဆုံး ထိုးပါ …။ယတြာ နေအိမ်ဘုရားတွင် ရွှေရင်အေး … Read more

ရွှေတိဂုံမှ အံ့ဖွယ်ကိုးပါး (သို့မဟုတ်) ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ…

ရွှေတိဂုံမှ အံ့ဖွယ်ကိုးပါး (သို့မဟုတ်)ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင့်နှင့်သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ်စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီနှင့် တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဖဂေါဏ စသော ပုဂ္ဂိုလ်အကျော်အမော်များ တည်ထားကိုးကွယ်ခဲ့သည့် ဘုရားများစွာ ရှိနေပေသည် ။ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ထူးခြားသော အံ့ဖွယ် ၉-ဌာနသို့ လှည့်ပြီး ပူဇော်အားထုတ်လေ့ရှိကြသည် ။ ထိုထူးခြားသောအံ့ဖွယ် ၉-ဌာနကို မန်လည်ဆရာတော် ဘုရားကြီးနှင့်တကွ ထင်ရှားကျော်ကြားသော ဆရာတော်များလည်း လှည့်လည်ရှိခိုးပူဇော်လေ့ရှိတက်ကြလေသည် ။ထိုထူးခြားသော အံ့ဖွယ် ၉ ဌာနမှာ… (၁) တဝဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတဝဂူဘုရားသို့ အမျိုးသားများသာလျှင် … Read more

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေးပါ

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေးပါ ပျက်ဆီးနေတဲ့ဆံသားတွေအတွက် ပြန်လည်အားဖြည့်ပေးမယ် ဆံသားခြောက်တဲ့သူတွေအတွက် အထူးကောင်းတဲ့ နည်းလမ်းလေးပါ ငှက်ပျောသီး တစ်လုံး ၊ ကြက်ဥတစ်လုံး ၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း ‼ သုံးမျိုးကို ရောချေပြီး ဆံသားကို အရင်းမှ အဖျားထိ လိမ်းပေးပါ တစ်နာရီထိထားလို့ရပါတယ် ခြောက်တဲ့အထိထားလဲရပါတယ် ပြီးရင် လျှော်နေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ရုံပါပဲ ပါဝင်ပစ္စည်းသုံးခုလုံးက သဘာဝပစ္စည်းတွေပဲမို့ ဆိုးကျိုးဖြစ်မှာ ပူစရာမလိုပါဘူးနော် ငှက်ပျောသီးက ဆံသားကို အာဟာရဓာတ်တွေဖြည့်ပေးပြီး ဆံပင်တွေ ကို ကျန်းမာသန်စွမ်းစေတယ်… ပျားရည်က ဦးရေပြားက ဆဲလ်သေတွေဖယ်ရှားပြီး ဦးရေပြားကိုအစိုဓာတ်ဖြည့်ပေးတယ် ဆံသားတွေကို အိစက်စေတယ် ကြက်ဥကလဲ ဆံသားတွေကို ကျန်းမာစေတယ် ဆံသားကို အားဖြည့်ပေးတယ်… ဒါကြောင့် ဆံပင်အုံထူချင်တဲ့သူ ဆံပင်အရှည်မြန်ချင်သူတွေလဲ ဒီနည်းလမ်းလေးကို လုပ်ပေးလို့ရပါတယ် တစ်ပတ်ကို … Read more

အမျိုးသမီးတို့ လွဲနေသော ဘုရားမှာလှူတဲ့ ဆံပင်အလှူ

အမျိုးသမီးတို့ လွဲနေသော ဘုရားမှာလှူတဲ့ ဆံပင်အလှူ အရှင်ဘုရား။…….။ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆံပင်အတိုင်း မလှူကောင်း ရောင်း၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား… ( ဖြေ )။……..။ ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား- တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။ အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်းရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်းချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ … Read more

အိမ်မှာမစိုက်ပဲနဲ့တအားပေါက်နေတာ ရှုပ်လို့ဆိုပြီး နှုတ်ပစ်နေတာ အခုလိုအဖိုးတန်မှန်း မသိခဲ့ဘူး

အိမ်မှာမစိုက်ဘဲနဲ့တအားပေါက်နေတာ ရူပ်လို့ဆိုပြီး နူတ်ပစ်နေတာ အခုလိုအဖိုးတန်မှန်း မသိခဲ့ဘူး “ကျောက်သင်ပုန်းရွက်အစွမ်း အံ့မခမ်း” ဒါကတော့(Peperomia pellucida)ကျောက်သင်ပုန်းရွက်(သို့) နတ်သမီး ကွမ်းရွက်လို့ ခေါ်ပါတယ်။ ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။ ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။ ဆေးအဖြစ် အသုံပြုပုံများ- (၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။ (၂) … Read more