တစ်ကိုယ်လုံး တန်ဖိုးတွေတွက်ပြတာ ခေတ်စားလာတော့ ကြုံဖူးတာလေး ပြောပြချင်တယ်
တစ်ကိုယ်လုံးတန်ဖိုးတွေ တွက်ပြတာ ခေတ်စားလာတော့ ကြုံဖူးတာလေးပြောပြချင်တယ်…. ဟိုးတစ်လောက အန်ကယ်တစ်ယောက် သူ့နာရီချွတ်ပြီး” ဒီနာရီဘယ်လောက်တန်မယ်ထင်လဲ မှန်းကြည့်” ဆိုပြီး ကျွန်တော့်ကိုမေးတယ်….။ (သူကချမ်းသာ အောင်မြင်နေတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦးပါ) မမှန်းတတ်ဘူးခင်ဗျ လို့ပြောလိုက်တော့ သူက ပြန်ပြောတယ်….။ အမေရိကန်ဒေါ်လာ ၆သိန်း တန်တယ်တဲ့………မြန်မာငွေနဲ့ဆို သိန်း ၇၈၀၀ ကျော်တန်တာပေါ့…..။(အမလေးဗျ… အံ့သြလို့မပြီးသေး..) “ဟိုပွဲ ဒီပွဲ အခမ်းအနားတွေမှာ တစ်ခါလာလည်း ဒီနာရီ တစ်ခါလာလည်း ဒီနာရီ ဖြစ်နေမှာစိုးလို့…. ဒေါ်လာ ၆သိန်း ၇သိန်း တန် နာရီချည်း ၅ လုံးလောက် ၀ယ်ထားတယ်” ဆိုတော့…..ဟိုက်……ရှားဘား……ကျွန်တော် ပက်လက်လန်သွားတယ်…..။ (ကိုယ်တွေ တစ်မျိုးလုံး တစ်ဆွေလုံးပိုင်ဆိုင်မှုကိုပေါင်းရင်တောင် သူ့နာရီဖိုးမရှိဘူး….) ဒါပေမဲ့…..အခုတော့ အဲ့ဒီနာရီထဲက တစ်လုံးပြီး တစ်လုံးပြန်ရောင်းနေပြီတဲ့….” စီးပွားရေးအတွက်ငွေလိုလို့လား…..အန်ကယ်..” လို့မေးလိုက်တော့…. ” မဟုတ်ဘူး…..ဆင်းရဲတဲ့ … Read more