Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ

Taxi စီးနေရင်းနဲ့ ကားမောင်းတဲ့ အဘဆီကို ဖုန်းတွေ တစ်ခုပြီးတစ်ခုဝင်လာလို့ စမ်စုမိလိုက်တဲ့အခါ အလုပ်သွားဖို့ taxi တစ်စီးတားလိုက်မိသောအခါ taxi မောင်းတဲ့အဘရဲ့အဖြစ်က ရင်ထဲမကောင်းဖြစ်မိပါတယ်။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) အလုပ်သွားဖို့အိမ်ကအထွက် taxi တစ်စီးတားလိုက်မိတယ်… အသက်အရွယ်ကလဲ ကြီးနေတာကြောင့် ဈေးမဆစ်တော့ဘဲ အဘပြောတဲ့ဈေးနဲ့ဘဲ စီးလိုက်တယ်။ Taxi စီးနေရင်းနဲ့ အဘဆီကို ဖုန်းတခုဝင်လာတယ် ဆေးရုံတင်ထားရတဲ့ သူ့မိန်းမကို ဆေးသွင်းပေးဖို့ ငွေလာသွင်းပေးဖို့ အကြောင်းကြားတဲ့ဖုန်းလေး ကြားကြားချင်း တကယ်ကို စိတ်ထဲမကောင်းသွားတာပါ ခနနေတော့ နောက်ထပ်ဖုန်းတခုထပ်ဝင်လာတယ်။ အိမ်ရှင်က အိမ်ဖယ်ပေးဖို့ပြောတဲ့ဖုန်း တကယ်စိတ်ထဲကိုဆို့သွားတာ အာ့တာနဲ့မနေနိုင်မထိုင်နိုင် အဘအကြောင်းလေးမေးကျိတော့ ဒီနေ့မနက်ဘဲ အဘဇနီးက ကျနော်လဲဒီ့ထက်ပိုစပ်စုချင်တာနဲ့ အဘတို့မှာ ကျောထောက်နောက်ခံ သားသမီးတေမရှိဘူးလားလို့မေးလိုက်တော့ အဘမှာမျက်ရည်လေးဝဲပီး သားရယ် … Read more

ဆီးချိုသမားတို့ အနာ မကျက်၊မပျောက်နိုင်ဖြစ်နေလျှင်

ဆီးချိုအနာများ ပျောက်စေရန်အတွက် ဆေးနည်း ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေကြရပါသည်။ ထိခိုက်ပွန်းပဲ့ဒဏ်ရာသည် ဆီးချိုရောဂါမှ သကြားဓာတ်အချို့ ကြောင့် အနာခြောက်သွေ့ပျောက်ကင်းမှုမရှိဘဲ မလိုလားသော ပိုးမွှားများ ဝင်ရောက်၍ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်တတ်သောကြောင့် ဖြစ်ပါသည်။ ဆီးချိုအနာ ပျောက်ကင်းစေရန် နည်းလမ်းနှစ်သွယ်မှာ (၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကို ခူးယူ၊ ရေစင်အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာသားကျအောင် ညက်စွာကြိတ်၍ အနာပေါ်အုံပေး ကပ်ပေးကြရသည်။ တစ်နေ့နှစ်ကြိမ် လဲကပ်ပေးပါ။ အနာကျက်ပြီး ပျောက်ကင်းစေပါသည်။ (၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံး ရိုးရိုးဆား အနည်းငယ် ထည့်ကြိတ်၍ သတ္တုရည် ညှစ်ယူပါ။ ထိုသတ္တုရည်နှင့် ဆီးချိုရှိသူ၏ အနာမှန်သမျှ တစ်နေ့သုံးခါ လိမ်းပေးပါ။ အနာအမြန်ဆုံး ပျောက်ကင်းသွားပါလိမ့်မည်။ သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊ … Read more

အိမ်မှာရှိတဲ့စတီးဇွန်းတစ်ချောင်းထဲနဲ့ တစ်မိနစ်အတွင်း ကျန်းမာရေး စစ်ဆေးနည်းများ

အိမ်မှာရှိတဲ့စတီးဇွန်းတစ်ချောင်းထဲနဲ့ တစ်မိနစ်အတွင်း ကျန်းမာရေးကောင်းမကောင်းစစ်ဆေးနည်း ပိုက်ဆံလည်း မကုန် အချိန်လေး၁မိနစ်လောက်ပေးယုံနှင့် အဖြေရတဲ့ နည်းမို့ လူတိုင်းသိထားသင့်ပါတယ်။ သာမာန်ဇွန်းတစ်ချောင်းကိုယူလိုက်ပါ။ပြီးရင် ပုံမှာပြထားတဲ့အတိုင်း လျှာတစ်ချောင်းလုံးကို ပွတ်လိုက်ပါ။ဇွန်းတစ်ချောင်းလုံး သွားရည်တွေစိုစွတ်နေပါစေ။ အဲ့ဒီနောက် အိတ်အကြည်တစ်လုံးကိုယူပြီးတော့ စတီးဇွန်းကို အိတ်ထဲထည့်လို့ ၎င်းအိတ်ကို အလင်းရောင်ရှိတဲ့နေရာမှာထားလိုက်ပါ။( နေရောင် သို့ မီးချောင်း၊မီးလုံး) တစ်မိနစ်စောင့်လိုက်ပါ။ ပြီးရင်တော့ အဲ့ဒီဇွန်းကိုပြန်ကြည့်လိုက်ပါ။ ဇွန်းတစ်ချောင်းလုံးက သန့်စင်နေပြီးတော့ ဘာအနံ့အသက် မှမထွက်ဘူးဆိုရင်တော့ သင့်ရဲ့ကိုယ်တွင်းအဂါင်္တွေအကုန်လုံးကောင်းမွန်တယ်ဆိုတဲ့ အဓိပ္ပာယ်ဘဲဖြစ်ပါတယ်။ တကယ်လို့များ အနံ့က အပုတ်နံ့ ထွက်နေမယ်ဆိုရင်တော့ သင့်ရဲ့ အဆုတ်နှင့် အစာအိမ်မှာ ပြသနာရှိနေပါပြီ။ အနံ့မွှေးနေတယ်ဆိုရင်တော့ ဆီးချိုရောဂါဖြစ်နေပါပြီ။ ချဉ်နံ့ထွက်နေတယ်ဆိုရင်တော့ ကျောက်ကပ်မှာပြသနာရှိနေပါတယ်။ တကယ်လို့များ အရောင်အဆင်းဟာ အဝါရောင် ဖြစ်နေမယ်ဆိုရင် ကြီးထွားခြင်းကို အားပေးသည့် သွေးကျိတ်ဖြစ်သော အကျိတ်ရောဂါမျိုးရှိနေနိုင်ပါတယ်။ ခရမ်းရောင်ဖြစ်နေမယ်ဆိုရင်တော့ လည်ချောင်းနာခြင်း၊ သွေးအားနည်းခြင်းနှင့် … Read more

အရေပြားအထူးကု ဆရာဝန်များ လုံးဝ မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းများ

အရေပြားအထူးကုဆရာဝန်များ မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းများ အလှကုန်ပစ္စည်းတိုင်းက အသားအရေအလှအပကို ကူညီထောက်ပံ့ပေးဖို့ ထုတ်လုပ်ထားတယ်ဆိုပေမယ့်လည်း အလှကုန်ပစ္စည်းတိုင်းက မိမိအသားအရေနဲ့ မတည့်တာကြောင့် သေချာရွေးချယ်အသုံးပြုသင့်ပါတယ်။ အဲ့ဒီများပြားလှတဲ့ အလှကုန်တွေထဲကမှ အရေပြားဆရာဝန်တွေက မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းတွေရှိပါတယ်။ ဘော်ဒီလိုးရှင်းနဲ့ လက်အတွက်လိုးရှင်းများ လိုးရှင်းတွေမှာ ရေဓာတ်ပါဝင်မှုများစွားပါဝင်ပြီးတော့ အသားအရေမခြောက်ဖို့အတွက် သင့်တော်ပါတယ်။ ဒါပေမဲ့ လိုးရှင်းထက်စာရင် ခရင်မ်တွေက အသားထဲပိုစိမ့်ဝင်နိုင်တာကြောင့် ခရင်မ်များကိုသာ အသုံးပြုသင့်ပါတယ်။ Sunscreen စပရေးများ စပရေးများကိုဖြန်းတဲ့အခါ အရေပြားပေါ်မရောက်ဘဲ သူ့ရဲ့အာနိသင်ကပြယ်သွားတဲ့အပြင် အသားထဲထိစိမ့်မဝင်နိုင်ပါဘူး။ ပြီးတော့ နေရာင်ကာခရင်မ်လိုမျိုး ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မကာကွယ်ပေးနိုင်ပါဘူး။ ခြေထောက်ပေါင်းတင်ဆေးများ အရေပြားအထူးကုဆရာဝန်များက ခြေထောက်ပေါင်းတင်ဆေးများသုံးစွဲဖို့ကိုလည်း အားမပေးပါဘူး။ ခြေထောက်ပေါင်းတင်ဆေးများအစား ခရင်မ်များကိုသာ အသုံးပြုပေးခြင်းအားဖြင့် ခြေဖနောင့်အသားမာတက်ခြင်းမှ ကင်းဝေးပြီး ခြေဖဝါးလေးများကို နူးညံ့စေပါတယ်။ အမဲရောင် မျက်နှာပေါင်းတင်ဆေး အမဲရောင်မျက်နှာပေါင်းတင်ဆေးများက အသားအရေကို ထိခိုက်ပျက်စီးစေပြီး အရေပြားတည်ဆောက်မှုကို … Read more

လက်သည်း မှိုဝင် ၊ ပိုးဝင်ပြီး မလှမပ ဖြစ်နေသူများအတွက်

လက်သည်းခြေသည်းမှိုစွဲခြင်းရောဂါ လက်သည်းခြေသည်း မှိုစွဲခြင်းရောဂါဟာ မှို ရောဂါကူးစက်ခြင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အဖြစ်များတဲ့ရောဂါမျိုးဖြစ်ပါတယ်။ ဒီရောဂါခံစားရပြီဆိုရင် လက်သည်းတွေက အရောင်ပြောင်းလာခြင်း. ထူထဲလာခြင်း ပွယောင်းလာခြင်း ပုံပျက်ပန်းပျက် ဖြစ်လာခြင်း … အချို့သောလူများတွင် အနံ့ဆိုးအနည်းငယ်ထွက်ခြင်း နာကျင်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားလာရမှာဖြစ်ပါတယ် အလွန်ပဲ ကူးစက်ပျံ့နှံ့ရန်လွယ်ကူပြီး ခြေချောင်းတစ်ခုရဲ့လက်သည်းမှာ မှိုစွဲပြီးချက်ခြင်း မကုသရင် အချိန်အနည်းငယ်အတွင်း အခြားခြေချောင်းတွေသာမကလက်သည်းတွေကို ပြန့်နှံ့သွားနိုင်ပါသည်။ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့နောက်ဆက်တွဲပြဿနာ အများကြီးမရှိပေမယ့် လက်သည်းဆိုတာလူမြင်သူမြင်နေရာမို့အမြင်ဆိုးစေပါတယ်။ လက်သည်းခြေသည်းမှိုစွဲခြင်းရောဂါကို တနည်းအားဖြင့် Onychomycosis လို့ခေါ်ပြီး ရေနဲ့အမြဲထိတွေ့နေရသူများ… ဥပမာ- အဝတ်လျှော်သူများ ရေငုတ်သမားများ တံငါသည်များ.သက်ကြီးရွယ်အိုများ.ဆီးချိုရောဂါရှိသူများ ခြေဆီလက်ဆီလက်ဆီထွက်လွန်းသူစတဲ့သူတွေမှာအဖြစ်များပါတယ် အချိန်မီကုသမူမခံယူပဲထားရင်တော့ ခြေသည်းလက်သည်းလုံးဝပျက်စီးသွားခြင်း ဆီးချိုရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါရှိသူများတွင် ရောဂါပိုးဝင်ပြီးပြည်တည်နာဖြစ်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာလေးတွေ ခံစားရနိုင်ပါတယ်။ လက်သည်းမှိုစွဲသူများအနေဖြင့်ပျောက်ကင်းအောင်ကုသရန် ၁ – မှိုသတ်ဆေးများသောက်သုံးခြင်း ဥပမာ – … Read more

“ညားကာစ လင်မယားကို စကားတစ်ခွန်းထဲနဲ့ ကွဲအောင်လုပ်ခဲ့တဲ့ ဘကြီး”

“ညားကာစ လင်မယားကို စကားတစ်ခွန်းထဲနဲ့ ကွဲအောင်လုပ်ခဲ့တဲ့ ဘကြီး” လက်ထပ်ပြီးတာမကြာသေးသောလင်မယား၂ ယောက် အိမ်ရှေ့မှာ အေးအေးလူလုထိုင်စကားပြောနေတုန်း ခြံရှေ့မှာအဘိုးကြီးတယောက် လာရပ်ကာ သမီး ဘကြီးဆီခဏလောက်ကွယ် မိန်းမဖြစ်သူက ဘကြီးအိမ်လိပ်စာမေးချင်လို့ ထင်ပါရဲ့ဟု ထိုင်ရာကထသွားတော့ အဘိုးကြီးကဒီလိုပါသမီးရယ် “ဘကြီးပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့ ” အဘိုးကြီးက ထိုမျှသာပြောကာ သူတို့အိမ်ရှေ့က ဆက်လက်ထွက်ခွာသွားလေရာ … မိန်းမဖြစ်သူမှာ ဘာကိုနားလည်ရမှန်းမသိဘဲ သူ့ယောက်ျားဘေး ပြန်လာထိုင်လေသည် “မိန်းမ ဟိုဘကြီးက ဘာပြောသွားတာလဲ” “အော် သူပြောတာ ဘယ်သူ့မှပြန်မပြောပါနဲ့တဲ့” “အေးလေ ဒါတော့ဒါပေါ့ ဒါပေမဲ့ မင်းနဲ့ငါက ချစ်လို့ယူထားတဲ့လင်မယားဘဲ ငါ့တော့ပြောပြ သင့်ပါတယ်” ” အင်းပါမောင်ရဲ့… ဘကြီးကသူပြောတာ ဘယ်သူ့မှမပြောပါနဲ့တဲ့” “မဟုတ်သေးဘူးလေကွာ တခြားသူတော့မပြောနဲ့ပေါ့ငါ့ကမင်းလင်လေ ငါ့ကိုတော့ မင်းမပြောဘဲနေလို့ရမလားဘာလဲ.. ဒီအဘိုးကြီးက မင်းနဲ့မကင်းမရှင်းဖြစ်ဘူး လို့လား…” “ရှင်နော် … Read more

(၇)ရက်သားသမီးများ အတွက် တစ်ပတ်စာ ဟောစာတမ်း

28.1.2021 မှ 03.2.2021 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ယခုကာလများအတွင်း ခရီးသွားအလုပ်၊ကုန်သည်အလုပ်များ အထူးအကျိုးရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြား များ နှင့် ပတ်သက်၍ အကျိုးပေးမည်။ လက်လွန်ထားသောငွေကြေးများ ပြန်လည်တောင်းခံရရှိမည်။ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ပြည်ပခရီးများ ရှိနေမည်။ လုပ်ငန်းခွင်နှင့် ဆက်စပ်သော ခရီးများ သွား လာရတတ်သည်။ ခက်ခဲသော ပြဿနာများအား ဖြေရှင်းနိုင်လိမ့်မည်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ကိုင်ရတတ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီကောင်းတွေ ရရှိနိုင်ပါတယ်။ ဆွေမျိုး၊ မိတ်ဆွေရင်း တွေရဲ့ ရာထူးတတ်တဲ့သတင်း၊ ထီဆုကြီးပေါက်တဲ့သတင်း စသည်ဖြင့် ဝမ်းသာစရာများ ကြုံရ ကြားရတတ်ပါတယ်။ မိတ်ဆွေ၊ အပေါင်းအသင်း၊ သားချင်း၊ မောင်နှမတို့ထံမှ ကောင်းသော သတင်းစကားများ ကြားသိရမည်။ လူမျိုးကွဲ၊ လူမျိုးခြား၊ … Read more