သင့်ရဲ့ ပတ်ဝန်ကျင်းမှာ အိပ်တဲ့အခါ ဟောက်တတ်တဲ့သူ တစ်ဦးရှိနေပြီဆိုရင်…ဒါလေးဖတ်ကြည့်ပါ

သင့်ရဲ့ ပတ်ဝန်ကျင်းမှာ အိပ်တဲ့အခါ ဟောက်တတ်တဲ့သူ တစ်ဦးရှိနေပြီဆိုရင်…ဒါလေးဖတ်ကြည့်ပါ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူ ၄၅ ရာခိုင်နှုန်းခန့်ဟာ အိပ်ရင် ဟောက်ကြပါတယ်။ မတူညီတဲ့ လူနေမှုပုံစံပေါ် မူတည်ပြီး ဟောက်သံ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ တချို့က ကျန်းမာရေး မကောင်းတာ ၊ တချို့က အိပ်နေရင်း အသက်ရှုကျပ်တာတွေကြောင့် ဟောက်သံ ထွက်ပေါ်လာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခြားသူတွေနဲ့ တူတူအိပ်ရတဲ့အခါ သင့်ရဲ့ ဟောက်သံက စိတ်အနှောင့်အယှက် ဖြစ်တတ်ပါတယ်။ ဒီဟောက်သံကို လျော့နည်းအောင် ဘယ်လိုလုပ်ရမလဲ   ပက်လက်အိပ်ခြင်းက သင့်ရဲ့ လျှာကို အာခေါင်ဘက်သို့ နောက်ပြန်ကျစေပြီး လေလမ်းကြောင်းကို ပိတ်စေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဘေးစောင်းပြီး အိပ်ပေးပါ။ တကယ်လို့ ပက်လက်ပဲ အိပ်ဖြစ်နေတယ်ဆိုရင် ခေါင်းအုံးသုံး၊ လေးခု ခံပြီး အိပ်ပါ။ … Read more