ကောင်မလေးက ဘာပြောလိုက်လဲဆိုတော့…“ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့
အရမ်းသဘောကျလို့ ကူးယူလာတာပါ။ တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်။ ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့် သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်လေ စကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့ ရိုရိုသေသေဆက်ဆံရတာပေါ့လေ ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲ သဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်. တခါတလေ ကိုယ်ကတောင် ကြားထဲကနေ ဝင်အားနာရတယ်.. ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်.. ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား…? ဒီလိုနဲ့ တစ်နေ့ သူငယ်ချင်းက ဒေါကန်နေပါတယ် ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့ ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်.. တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့ … Read more
ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများဖတ်ရန် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ…
ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများ ဖတ်ရန်တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ fbသုံးနေတဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ရေးပါသည်။တစ်နေ့ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေညီမလေး အစ်ကိုစကားနည်းနည်း ပြောချင်လို့ ရလား “ဆိုပြီးစာဝင်လာတယ်။အကူအညီတစ်ခုတောင်းချင်လို့ပါတဲ့ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။ရုပ်ဖြောင့်သလောက် အပြောကောင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာဖုန်းကို ပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်။”အပျိုလား” ဆိုတဲ့သူ့စကားကကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။ခနလောက်ငိုင်နေပြီးမှ ကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ်။“ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကို ကြည်နူးသွားစေပါတယ်ဘေးနားမှာ အိပ်ပျော်နေရှာတဲ့သားလေးကိုမလုံမလဲ ကြည့်လိုက်မိတယ် ။ကျမယောကျာ်း လူရိုးကြီးကတော့ယာတောကပြန်မလာသေးပါဘူး။ကျမ ထင်လိုက်တာကတစ်ခါတည်းနားအေးအောင်ဆိုပြီး အမှန်ကိုချပြလိုက်တာမှ ပိုဆိုးသွားပါတယ် တိုတိုနဲ့လိုရင်းကိုပြောရရင်ကျမ တို့နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ပါတယ်။သူ့ဖုန်းမလာရင်ကျမကစခေါ်တတ်နေပါပြီကျမယောက်ျား လူရိုးကြီးကတောဘာမှမသိရှာပါဘူး။ သူ့ကတော့ ကျမကိုသိပ်ပြီးဂရုမစိုက်နိုင်ပါဘူးယာတော နဲ့အိမ် ကူးနေတာနဲ့သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။ထင်ထားတဲ့အတိုင်းမျှော်လင့်ထားတဲ့အတိုင်းသူက ကျမကို သိပ်ချစ်ကြောင်းတွေပြောလာပါတော့တယ်။ ကျမအဖြေကိုတော့မပြောတော့ပါဘူးသူကတစ်ဆင့်တက်လာပါတယ် ကန်တော့ပါရှင်လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ် တစ်ခွခွပြောလာပါတယ်။အစကနားမထောင်ရဲပေမဲ့နောက်တော့စွဲလမ်းလာပါတော့တယ်။ … Read more
၃ ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်စေမယ့် လျှို့ဝှက်နည်းတစ်ခု…
၃ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်စမယ့် လျှို့ဝှက်နည်းတစ်ခု မျက်နှာတစ်ခုလုံး အနာအဆာမရှိပဲ ကြည်လင်ဝင်းပချင်တာက အမျိုးသမီးတိုင်းရဲ့ အိပ်မက်ပါ။ တစ်ခါတစ်လေ မျက်နှာပေါ်မှာ အမဲစက်ကြီးတွေမြင်နေရရင်ကို လူက စိတ်မကြည်မသာဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတောင် ကြက်ပျောက်ငှက်ပျောက်ပျောက်သွားတတ်ပါတယ်။ အဲ့ဒီ့အတွက် စာရေးသူဆေးတစ်ခုရှာတွေ့ထားတယ်။ ခက်တယ်မထင်လိုက်နဲ့။ မီးဖိုချောင်မှာ မွှေနှောက်ရှာလိုက်ရုံနဲ့ ပါဝင်ပစ္စည်းတွေ ရသွားမှာပါ။ အဲ့ဒါကတော့ အာလူးသံပုယို ရေခဲတုံးပါ။ သံပုယိုသီးမှာ အရည်ပြားကို လင်းပြီးဖြူလာစေပါတယ်။ အာလူးကတော့ အမည်းစက်တွေကို တိုက်ဖျက်ပေးပါတယ်။ အဲ့ဒီ့ပါဝင်ပစ္စည်းအားလုံးရောထားတဲ့ စူပါရေခဲတုံးကတော့ အသားအရေကို ပြန်လည်နုပျိုစေတဲ့အပြင် အမည်းစက်တွေကို သိသိသာသာ သက်သာစေမယ့် အာနိသင်ပါဝင်ပါတယ်။ ပါဝင်ပစ္စည်းများ အာလူး -၁လုံး တလဲသီး- ပန်းကန်လုံး တစ်ဝက် သံပုယိုသီး- တစ်ခြမ်း ရေခံပုံစံခွက် -တစ်ခု ပြုလုပ်နည်း အာလူးတစ်လုံးကို သေချာအခွံနွှာဆေးပြီး … Read more
အိမ်တောင်လူမိုက်_ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်မှန်
အိမ်တောင်လူမိုက် ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ် သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏။ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင် …. အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား…? လူလိမ္မာ မှ စိုက်ရမည်လား …? စသဖြင့်.. အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့သည် ။ ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်သည် ။ ဆောင်းအခါတော့ ကိုင်းဘူးပေါ့ ။ မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည် ။ ဘူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည် ။ ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို … Read more
နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့် သူနှင့်အတူ မိန်းကလေးတစ်ယောက် သေဆုံးသွားသည်
“ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါ”ဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ပြောဆိုမှုကြောင့် ဦးဇင်းလေးတစ်ပါးရဲ့ စိတ်မကောင်းဖွယ်ရာ…
မိန်းမတစ်ယောက်ရဲ့ ပြောဆိုမှုကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။ ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါဆိုတဲ့ အဖြစ်အပျက် ဘုန်းကြီးတွေကို သူတောင်းစားလို့ပြောတဲ့ မိန်းမတစ်ယောက်ကြောင့် ဦးဇင်းလေးတစ်ပါးက ပြန်ရေးထားတာလေးပါ။ဟုတ်ပါတယ်… ဘုန်းကြီးဆိုတာ သူတောင်းစားတွေပါ.. မိုးမလင်းသေးဘူး သူများအိမ်ရှေ့ တံစက်မြိတ်အောက်မှာ ခွက်အမည်းကြီး ပိုက်ပြီး တန်းစီးပြီး တောင်းစားနေတာ ကျုပ်တို့တွေပါ။ ဒီသာသနာထဲ ဝင်လာရင် ဒီလို ကဲ့ရဲ ပြစ်တင် ဝေဖန်မယ်ဆိုတာ သိနေပါလျက် ဇွတ်ထိုးပြီး ကတုံးတုံး သင်္ကန်းဝတ်ခဲ့ကြတာ ဒီ သူတောင်းစားတွေပေါ့။ကိုယ်ပိုင် စီးပွားရေးက မရှိ၊ တစ်လတစ်ခါ လစာရတဲ့ ဝန်ထမ်းတွေလည်း မဟုတ်လို့ တောင်းစားမိတာ ခွင့်လွတ်ပါဗျာ။ဘုရားရှင်ရဲ့ သားတော်တွေမို့ ရှေ့ရှေ့ဘုရားရှင်တို့် ပညတ်ထားတော်မူသည့် ဝိနည်းစည်းကမ်းတွေ ထဲတောင်းစားရမယ်လို့ပညတ်ထားတော့ကျုပ်တို့လည်း တောင်းစားရတာပေါ့။အများထင်သလို သာသနာ့ဘောင်ကအနေလည်းမချောင်၊ အစားလည်းမချောင်ပါဘူး။ဒါကို ကိုယ်တိုင်းဝတ်ဖူးမှ စာနာ နားလည်ပါလိမ့်မယ်။ဦးဇင်းတို့လည်း ဘယ်တောင်းစားချင်ပါ့မလဲ၊ အထင်သေးတဲ့ … Read more
အသုဘရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး သေဆုံးသူရဲ့အိမ်သို့ပို့လိုက်သောအခါ
အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား။အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်… အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ရှေ့မှာပဲအလောင်းပြင်ပေးပါနော်တဲ့” အမဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေးလိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ဘာတော်လဲ လို့မေးလိုက်တော့ “… ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့. အော်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲအလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ ဟုတ်လားအမ… ဟုတ်ကဲ့ … Read more
သမီး ဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေ နဲ့ အမေရယ် တဲ့
” လူထွက်တော့မယ် အဖေရယ် အမေရယ်… ကလင်.……… ကလင် ဖုန်းခေါ်သံလေးကြားပြီးကိုင်လိုက်တော့ ဟဲလို…သမီးလား ဟုတ်တယ်အမေ သမီးဒီနှစ်ပြန်လာရင် လူထွက်တော့မယ် အဖေအမေ ဘာဖြစ်လို့လဲဆရာလေးရယ် အေးပါကွယ် အမေ့ဆီသီလရှင်ဝတ်ရဲ့လေးတော့ပြန်ခဲ့ပါကွယ်…။ဒေါ်တင်မေ တစ်ယောက်အတွေးများစွာနှင့်နေပြီးစဉ်းစားနေတော့တယ်။မွေးထားတဲ့သားသမီး ၃ ယောက်ထဲမှာ “သမီးသီလရှင်လေးကအကြီးဆုံး သားလေးနှစ်ယောက်နှင့်အတူတကွနေတာပေါ့သမီးလေးကို ၁၀ နှစ်အရွယ်တည်းကသီလရှင်ဝတ်ပေးခဲ့ပြီး စစ်ကိုင်းမှာဘုရားစာပါဠိတွေကိုသင်ယူစေခဲ့တယ်။ သမီးလေးအဖေကငယ်ငယ်ရွယ်ရွယ်နှင့်အလုပ်သွားလုပ်ပီး မိခင်တစ်ယောက်တည်းရုန်းကန်နေရတာကိုသနားလို့ထင်ပါတယ် သမီးကဒီနှစ်မှလူထွက်မယ် စကားကိုပြောတော့ ဒေါ်တင်မေခင်များမှာ ငိုရမလို ဖြစ်နေခဲ့တယ်။သမီးလေးကိုတော့ချော့ပြောလိုက်တာဘဲရွာကိုအရောက်တော့ပြန်ခဲ့အုံးလို့ မှာလိုက်တာဘဲ ဘုရား ဘုရားသမီးလေး သီလရှင်ဝတ်ရဲ့လေးနှင့်ဘဲပြန်ခဲ့ပါစေဘုရား ဆိုပြီး ဘုရားရှေ့မှာဆုတောင်းနေပြီးလေ….။ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေချိန်မှာ ဒေါ်တင်မေထံ သမီးလေးသီလရှင်ပြန်လာမယ့်သတင်း ကြားတော့ ရွာလယ်ပိုင်းကသူဋ္ဌေးတစ်ဦးဆီမှာ ပိုက်ဆံ ၂ သိန်းလောက်သွားချေးပြီး သမီးလေးအတွက် SAMSUNG ဖုန်းလေးတစ်လုံးဝယ်ထားလိုက်တယ်။သူ့စိတ်ကူးကတော့သမီးလေးကို ဒီဖုန်းလေးနှင့်ချော့ပြီးလူမထွက်အောင်တားမယ်ပေါ့…။ ဟော…… သမီးလေးကရောက်လာပြီးအမေ……အမေ ရေလို့အော်ခေါ်ပြေးဖက်ထားပြီးသားမိနှစ်ယောက်အပြိုင်ငိုနေကြပြီး။ဒေါ်တင်မေက သမီးလေးမျက်နှာမှမျက်ရည်တွေကိုလက်လေးနှင့် သုတ်ပေးပြီး ငါ့သမီးလေးအရမ်းပိန်သွားပါလားကွယ် သမီးရယ် … Read more
ပူအိုက်တဲ့ရာသီမှာ အဲကွန်းလိုအေးစေမယ့် အဲကွန်း ပန်ကာ အလွယ်တကူ ပြုလုပ်နည်း
ပူအိုက်တဲ့ ရာသီမှာ အဲကွန်းလို အေးစေမယ့် အဲကွန်း ပန်ကာ လုပ်နည်း အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ပြုလုပ်လို့ရမယ့် အဲကွန်း ပန်ကာ လုပ်နည်း (ဗဟုသုတအနေဖြင့် သိထားရန်) ရာသီဥတု ပူနွေးလာတဲ့အခါ အဲကွန်းလေးတစ်ခုလောက်တောင့်တမိတာတော့အမှန်ပါ ။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် အဲ ကွန်းမတပ်နိုင်တဲ့အခါ အခုလို အဲကွန်းပန်ကာလေးတစ်ခုပြုလုပ်ပြီး ပူအိုက်တဲ့ပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ဒီလိုပန်ကာလေးလုပ်ဖို့အတွက်ဘာတွေလိုအပ်မလဲ ။ ပလတ်စတစ်ဘူး နှစ်ဘူး ၊ ရေခဲတုံးအနည်းငယ်နဲ့ ပန်ကာတစ်ခုပဲလိုအပ်ပါတယ်ရေဘူးတွေကို အပေါ်ပိုင်းဖြတ်ထုတ်ပြီးတော့- အလယ်ပိုင်းမှာ အပေါက်သေးသေးလေးတွေအများကြီးဖောက်ထားပါ ။ ထို့နောက် ဒီရေဘူးတွေကို ပန်ကာအနောက်ဘက်မှာ ကြေးနန်းကြိုးတစ်ခုနဲ့ ချည်ထားလိုက်ပါ ။ ရေဘူးအောက်ခြေဘက်မှာ ရေခဲတုံးတွေကိုထည့်ပြီး ပန်ကာဖွင့်လိုက်ရင်တော့ အဲကွန်းကထွက်လာ တဲ့ လေမျိုးအေးမြနေတဲ့လေအေးကိုခံစားရပါလိမ့်မယ်ထို့အပြင် ညအိပ်တဲ့အခါမှာလည်း အခန်း ထဲမှာ ဒီအဲကွန်းပန်ကာ ကိုဖွင့်ထားလိုက်မယ်ဆိုရင် – အခန်းထဲမှာရှိတဲ့လေက … Read more
Living Together ဆိုတဲ့ ပန်းရိုင်းလေးများနှင့် အခမဲ့ ပြည့်တန်ဆာများ
တရားဝင် လက်မထပ်ရသေးပဲနဲ့LIVING TOGETHER နေတဲ့ မိန်းခလေးတွေဟာတကယ်တော့ … တရားဝင် လက်မထပ်ရသေးပဲနဲ့Living together နေတဲ့ မိန်းခလေးတွေဟာတကယ်တော့ အခမဲ့ ပြည့်တန်ဆာတွေပါ။ သူတို့တွေဟာပိုက်ဆံပေးစရာမလို ပဲအခမဲ့ အလကား ရတဲ့အမျိုးပေါ့။သူတို့အတွက်လိုတာကဟန်ဆောင်မှုတွေပါတဲ့ချစ်တယ်ဆိုတဲ့ စကားလေးတခွန်းပါပဲ။ ဒီဘက်ခေတ်မြန်မာနိုင်ငံမှာ အပျိုစင်ဘဝကိုတန်ဖိုးမထားတဲ့ မိန်းခလေးတွေတနေ့တခြား တိုးပွားလာတာကဝမ်းနည်းစရာပါ။ ချစ်တယ်ဆို တဲ့စကားလေးတခွန်း နဲ့ကိုယ့်ရဲ့တန်ဖိုးကြီးလွန်းတဲ့ အပျိုစင်ဘဝကိုကိုယ့်အိမ်ထောင်ဖက် မဟုတ်သေးတဲ့ သူစိမ်း ယောကျာ်းတယောက်ကိုအလဟတ်သတ် လွယ်လွယ်နဲ့အလကား ပေးလိုက်ရတာတွေးတတ်ရင် တကယ်တော့ရင်နာစရာပါ။ ကိုယ်က ကိုယ့်ချစ်သူကောင်လေးနဲ့Living together နေလိုက်လို့သူ့က ကိုယ့်ကိုယူမှာ သေခြာရဲ့လား?သူနဲ့ ကိုယ်နဲ့ကရော မပြတ်ကြတော့ဘူးလား? သူ နဲ့ ကိုယ်ဖူးစာအကြောင်းမပါလို့လမ်းခွဲရရင် နစ်နာရမဲ့သူကမိန်းခလေးပဲလေ။နောက်ပြီးကိုယ့်ရဲ့ မသန့်ရှင်းတော့တဲ့ခန္ဓာကိုယ် ကြီးကို နောက်တယောက်နဲ့ဘယ်လိုစခန်းသွားကြမလဲ?နောက်တယောက်ကိုကိုယ့် ရဲ့အပျိုစင်မဟုတ်တော့တဲ့ ဘဝအကြောင်း ကိုဘယ်လိုပြောပြမလဲ? ဒီလို ကိစ္စ မျိုးဆိုတာကလည်းဒီခေတ်ကြီးမှာလိမ်ထားလို့ရတဲ့အရာမဟုတ်တော့ပိုဆိုးတာပေါ့။ ကိုယ်နဲ့တကယ် လက်ထပ်ရတဲ့ကိုယ့်ခင်ပွန်းက … Read more