ဦးဖိုးအေးတို့ မိသားစု သချႋုင်းထဲမှာပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ
ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ သင်္ချိုင်း ဆိုသည်မှာ* လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိလဲ။သင်္ချိုင်းဆိုတာလဲ မြေကြီးပါပဲကွာ လူတွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ဉာဏ်ရည်ဆိုတာလည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်းချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။ … Read more
အားလုံးက သူတောင်းစားလို့ ထင်ထားတဲ့ အဖိုးအိုရဲ့သေဆုံးပြီးမှ အံ့သြစရာ သိလာခဲ့ရတဲ့အဖြစ်
“ အားလုံးက သူတောင်းစားလို့ ထင်ထားတဲ့ အဖိုးအို ဆုံးသွားပြီး မှ သိန်းပေါင်းမြောက်များစွာ လှူခဲ့သူအဖြစ် အံ့သြစရာသိလာရတဲ့အဖြစ် ” ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့က အဖိုးအို တစ်ဦးဟာ မြို့ပေါ်မှာ အ လှူလိုက်ခံပြီး အလှူခံရရှိငွေနဲ့ RC ကွန်ကရစ် ဘုန်းကြီးကျောင်းဆောင်သစ်အပြင် အခြား ဘာသာရေး ဆိုင်ရာ လှူဒါန်းမှူ တွေပြုလုပ်ခဲ့ပြီး သေဆုံးသွားပြီးနောက်မှာတော့ အွန်လိုင်းပေါ်မှာ သူ့ရဲ့ သိန်းပေါင်းများစွာ လှူဒါန်းထားတဲ့ သဒ္ဒါ တရားတွေကြောင့် အံ့အားသင့် စရာတွေဖြစ်နေကြရပါတယ်။ ပန်းတနော် မြို့ပေါ်က လူတွေ မြင်တွေ့ခဲ့ဖူးတာက ဒီလူကြီးဟာ တောင်းရမ်းစားသောက်သူကြီးတစ်ဦး အနေနဲ့သာဖြစ်တယ်လို့ ဆိုပါတယ်။ အများအမြင်တောင်းရမ်းစားသောက်နေသူလို့ ထင်မြင် ယူဆနေတဲ့ အဖိုးအိုဟာပန်းတနော်မြို့နယ်ရွှေမြင်တင် စေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်ကျွန်းကြီးရွာဇာတိဖြစ်ပြီး ဖခင်ဦးဖိုးနှစ် အမိဒေါ်မေရင်မိဘနှစ်ပါမှမွေးဖွားခဲ့သူဖြစ်ပါတယ်။ မွေးချင်းခုနစ်ဦးရှိပြီး ဒုတိယမြောက်သားဖြစ်ကာ … Read more
ကောက်ရိုးမှိုကို ခြင်းထောင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးနည်း
ကောက်ရိုးမှိုကို ခြင်းထောင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးနည်း လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဝါးဖြင့် ပြုလုပ်ထားသောခြင်းအကျယ် ၁‘ ၊ အမြင့် ၂’ ကောက်ရိုး၁ အိတ်(တစ်တင်းခွဲအိတ်(သို့မဟုတ်)၂တင်းဝင်အိတ်၊ ၂-၃နာရီကြာရေစိမ်) ဗေဒါ၂-၃ ပြည် (နုတ်နုတ်စင်းပြီးသား) ၊ နွားချေးမှုန့်၂ ပြည် ၊ မျိုးထုပ်၁ ထုပ် ၊ ဖွဲနု၁ ဗူး (နို့ဆီဗူး) နေရာရွေးချယ်ရာတွင် သန့်ရှင်းပြီး ခြ ၊ ပုရွက်ဆိတ်ကင်းသောအခန်း(သို့)ခြံဝန်းအတွင်းနေရာကို ရွေးချယ်ရပါမည်။ ခြံဝန်းအတွင်းဖြစ်ပါက အနည်းဆုံး အရိပ်ကျဲရရှိမည့်(ဥပမာ-ဘူးစင်အောက်၊ သစ်ပင်အောက်)နေရာဖြစ်ပြီး ၎င်းနေရာကို ထုံးဖြူးပေးရပါမည်။ ပထမဦးဆုံး မှိုမျိုးနှင့်ဖွဲ့နုကို ရော နယ်ပါ။ ရေစိမ်ထားသော ကောက်ရိုးကို ၆ပုံ ခွဲပုံပြီး ဗေဒါ၊ နွာချေး၊ မှိုမျိုးနှင့်ဖွဲ့နု(အရော)တို့ကို ၅ပုံစီ ခွဲထားပါ။ ခြင်းအတွင်းသို့ … Read more
မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကိုကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ…
မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ… သား အတွက် အဖေ့ရဲ့အကြံပြုချက်… ငါ့သား အိမ်ထောင်ဖက် ရှာနေတယ် ဆိုရင် မိန်းမတွေရဲ့ရင်သားနဲ့တင်ပါး အရွယ်အစားအတွက် မင်း စိတ်မပူနဲ့။နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ။ သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။ နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့ တင်သားတွေက ပြောင်းလဲသွားလိမ့်မယ် …။ အခု မင်းအမေကိုပဲ ကြည့်လေ ရင်ပြားကြီးနဲ့ တင်ပြားကြီးသာ ကျန်တော့ပေမဲ့ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ ငါ့သား… ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ။ အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် သူတို့ရဲ့ဆံပင်တွေ အဝတ်အစားတွေ ဖိနပ်တွေ ပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်။ … Read more
အငှားမယား (သို့) မြန်မာမိန်းကလေးများအတွက် နောက်ဆုံးပေါ် ထောင်ချောက်…
အသားဖြူဖြူနှင့် ငယ်ရွယ်ပျိုမျစ်သည့် အလှတရားများအား ပိုင်ဆိုင်ထားသူ အသက် ၂၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သူ၏မျက်နှာပေါ်တွင် တန်ဖိုးအသင့်အတင့်ရှိသည့် မိတ်ကပ်ကို လိမ်းခြယ်ထားပြီး ကြက်သွေးရောင်နှုတ်ခမ်းနီကို ခပ်စိုစိုကလေး ဆိုးထားသည်။ ကျောလယ်လောက်အထိရှိသည့် ဆံပင်မှာ ဖြောင့်စင်းလျက်။ သူဆင်ယင်ထားသော အဝတ်အစားမှာ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်နှင့် စည်းလုံချည်လေးဖြစ် သည်။ သို့သော် သူ လက်ရှိ အသက်မွေးဝမ်းကျောင်း ပြုနေရသည်မှာ အမျိုးသားတစ်ဦးနှင့် တရားဝင် လက်ထပ်ထားခြင်းမရှိဘဲ ရက်ရှည်ကြာ ပေါင်းသင်းနေရသည့် အငှားမိန်းမဘဝ ဖြစ်နေသည်ဆိုခြင်းကို မည်သူ ယုံနိုင်ပါ မည်နည်း။ ”ကျွန်မ ဒီအလုပ်ကို လက်ခံတာ နှစ်ကြိမ်ရှိပြီ။ ပထမလက်ခံတဲ့လူက အသက် ၃ဝ ကျော်ပဲရှိတယ်။ သူက သဘောကောင်းတော့ နောက်တစ်ယောက်ကိုပါ ထပ်လက်ခံလိုက်တာ”ဟု မဇာခြည်(အမည်လွှဲ)က ပြော သည်။ သူလက်ခံသည်ဆိုသည့်အလုပ်မှာ … Read more
ဒီခေတ်လူငယ်တွေ ဘာမှန်းမသိတဲ့ “ ဈေး အစ” “ ဇာတ် အလယ် ” “ ဖာ အဆုံးဟူသော စကားပုံအဓိပ္ပါယ်
ဒီခေတ်လူငယ်တွေ ဘာမှန်းမသိတဲ့ “ ဈေး အစ” “ ဇာတ် အလယ် ” “ ဖာ အဆုံး ဒီစကားလေးက မိတ်ဆွေတို့ရဲ့ရင်ကို တခုခု ဖြစ်ပေါ် စေလိမ့်မည်ဟု ထင်မိပါသည် ။ ။ ဖာ ဆိုသော စကားက အဓိပ္ပါယ် နှစ်ခွထွက်နေသော စကားဖြစ်ပါသည် ။ ။ မိတ်ဆွေတို့ ရင်ထဲတွင် ဖာဆိုသော စကားကြားသည်နှင့် ယုတ်ညံ့သော စကားဟု ထင်ကောင်း ထင်ပါလိမ့်မည် ။ ။ ထို အတွေးနှင့် အတူ စကားတစ်ခု ကိုလည်း ရိုင်းပြသည်ဟု ထင်ပါလိမ့်မည် ။ ။ ” ဈေးအစ ဇာတ်အလယ် ဖာအဆုံး ” ဆိုတဲ့ ရှေးလူကြီး သူမတို့၏ … Read more
အစိမ်းရောင်ပြောင်းနေတဲ့ အာလူးဟာ အဆိပ်သင့်စေတယ်ဆိုတာ သင်သိပါသလား
အစိမ်းရောင်ပြောင်းနေတဲ့ အာလူးဟာ အဆိပ်သင့်စေတယ်ဆိုတာ သင်သိပါသလား သင့်အိမ်မှာ ဝယ်ထားတဲ့အာလူးတွေ အစိမ်းရောင်ပြောင်းနေတာကိုတွေ့ရတဲ့အခါ သင်ဘယ်လိုလုပ်ပစ်လေ့ရှိသလဲ။ လွှင့်ပစ်လိုက်သလား ဒါမှမဟုတ် မလွှင့်ပစ်ဘူးလား။ အချို့ကတော့ အစိမ်းရောင်ပြောင်းနေတဲ့ အပိုင်းကိုဖြတ်ထုတ်လိုက်ပြီး ကျန်တဲ့အခြမ်းကိုတော့ ပြန်သုံးတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အစိမ်းရောင်ပြောင်းနေတဲ့အာလူးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ စစ်စစ်တော့ အစိမ်းရောင်ပြောင်းသွားတယ်ဆိုတာ အဆိပ်တွေပါဝင်မှုရှိနေပြီလို့ ပြသနေတာပဲဖြစ်ပါတယ်။ ထိုအစိမ်းရောင်ပြောင်းနေတဲ့အာလူးကို စားမိတဲ့အခါ သင့်ကို နာမကျန်းဖြစ်စေနိုင်ပါတယ်။ အာလူးကဘာကြောင့်အစိမ်းရောင်ပြောင်းသွားတာလဲ။အာလူးအစိမ်းရောင်ပြောင်းခြင်းက သဘာဝဖြစ်စဉ်ပါပဲ။ အာလူးတွေက အလင်းရောင်နဲ့ထိတွေ့တဲ့အခါ ကလိုရိုဖီးလ်တွေကို ထုတ်လုပ်ပါတယ်။ အဲဒါကနေ အာလူးရဲ့အခွံအရောင်ပြောင်းစေပြီး အစိမ်းရောင်အဖြစ်ပြောင်းလာစေပါတယ်။ အာလူးအခွံမှာအမည်းရောင်သန်းလာပြီး အရောင်ပြောင်းသွားတော့တာပါပဲ။ ကလိုရိုဖီးလ်ကနေ နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ အလင်းကနေ အပင်အဖြစ်ရှင်သန်ဖို့စွမ်းအင်ကိုရစေပါတယ်။ ရေနဲ့ နေရောင် ခြည်ထိတွေ့ပြီး အပင်အဖြစ်ရှင်သန်ကာ အောက်ဆီဂျင်ကိုထုတ်လွှတ်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့် အာလူးမှာတော့ အစိမ်းရောင်ပြောင်းသွားတဲ့အခါ အဆိပ်ဓာတ်တစ်မျိုးဖြစ်တဲ့ solanine ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပါတယ်။ Solanine ဆိုတဲ့ဓာတ်က … Read more
(၃) ရက်တည်းနဲ့ ကျယ်နေတဲ့ချွေးပေါက်တွေ အကုန်ကျဉ်းအောင်လုပ်နိုင်မယ့် နည်းလမ်းလေး
နာမည်မှာ“သ” ပါတဲ့သူတွေရဲ့ စိတ်နေသဘောထား
နာမည်မှာသ”ပါတဲ့သူတွေရဲ့ စိတ်နေသဘောထား နာမည်မှာ သ ပါတဲ့သူတွေက စိတ်ကြီးတယ်ဒေါသဖြစ်လာရင် ဘယ်သူကိုမှဘယ်အရာကိုမှ ထည့်မစဉ်းစားဘူး ထည့်လဲ မတွက်တတ်ဘူး ဒါပေမယ့် ပြောပီး လုပ်ပီးသွားလို့သူမှားနေတဲ့ကိစ္စကိုလဲပြန်တောင်းပန်ဖို့ဝန်မလေးတတ်ကြဘူး။ စိတ်နာအောင်တော့ လာမလုပ်နဲ့သေတဲ့အထိ မှတ်ထားတတ်တယ်အငြိုးအတေးလဲ ကြီးတယ် အပေါ်ယံခင်မင်တာ မလိုလားဘူး သူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ်ယောင်လို့တောင်နာမည်မှာ`သပါတဲ့သူကိုအရွဲ့မတိုက်မိစေနဲ့သူများတွေ ရွဲ့တာထက်အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ်။ သနားအောင်ပြောလာရင်အိတ်ထဲရှိတဲ့ ပိုက်ဆံကိုယ် မသုံးရရင် နေပါစေပေးပြစ်တတ်တယ်မပေးချင်ဘူး ကြည့်မရဘူးဆိုရင် အဲ့လူဘာဖြစ်နေပါစေလှည့်ကို မကြည့်တော့ဘူး လိမ်တာ ညာတာ အရမ်းမုန်းတယ်ဒါပေမဲ့ သူငယ်ချင်းများ အပေါ်မှာတော့ ဟာသတွေ ရယ်စရာတွေပြောပြီးစနောက်တတ်ကြတယ်အနေအေးတယ်။တခြားသူတွေကိုဆို ပြုံးပြဖို့ မပြောနဲ့မျက်နှာထားက ခပ်တည်တည်နဲ့တေလာကလုံးသူ့လုပ်စာ စားနေကြတဲ့အတိုင်းပဲ ဘာပဲလုပ်လုပ်အများအတွက်ပဲ ကြည့်တတ်တယ်တစ်ကိုယ်ကောင်း မဆန်တတ်ကြဘူး။ ဒါပေမဲ့ မထင်ရင် မထင်သလိုလည်းပြောတတ်တဲ့ အကျင့်ကလည်း ရှိသေးပြောရမယ်ဆိုနာမည်မှာ`သပါတဲ့သူတွေဟာ မဟုတ်မခံ ပေါင်းရသင်းရခက်ပြီးစိတ်သဘောထားကောင်းတဲ့လူ့ဂွစာကြီးတွေပေါ့ဗျာ မှန်နေတယ်ဆိုရင် ရှယ်သွားလိုက်ကြနော်။ #credit … Read more
အဆီအဆိမ့်များတဲ့ ဒံပေါက် ၊ အုန်းနို. ၊ မျှစ်ချဉ် ၊ တညင်းသီးတို့ကို အန္တရာယ်ကင်းအောင် စားသုံးနည်း
အဆီအဆိမ့်များတဲ့ ဒံပေါက် ၊ အုန်းနို. ၊ မျှစ်ချဉ် ၊ တညင်းသီး တို့ကိုအန္တရာယ်ကင်းအောင် စားသုံးနည်း အန္တရာယ်ကင်းအောင် စားသောက်နည်းများ ၁။ အဆီအအိမ့် များလွန်းသော ဒံပေါက် ထမင်း ကြိုက်သူများ ဒံပေါက် မစားမီ ရှေ့တွင် ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ် အတောက် ကင်းပါသည်။ ၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည် များကို အရင်သောက် ချပြီးမှ … Read more